FDA MYANMAR မှစားသုံးရန်မသင့်သည့် အစားအသောက် ၃၇ မျိုးစာရင်းအား အသိပေးထုတ်ပြန်

FDA Myanmar မှစားသုံးရန်မသင့်သည့် အစားအသောက် ၃၇ မျိုးစာရင်းအား အသိပေးထုတ်ပြန်

ကျန်းမာရေးဝန်ကြီးဌာန၊အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA Myanmar)မှ စားသုံးရန်မသင့်သည့် အစားအသောက် ၃၇ မျိုးစာရင်းအား ဖေဖော်ဝါရီ ၁၈ ရက်က အသိပေးထုတ်ပြန်ခဲ့သည်။

FDA Myanmar မှထုတ်ပြန်ခဲ့သည့် စားသုံးရန်မသင့်သည့် အစားအသောက် ၃၇ မျိုးတွင် Benzoic acid ၊ Sodium Cyclamate ၊ Residual So2 ၊ Sodium Benzoate ၊ Potassium Sorbate ၊ Potassium Sorbate တို့အားသတ်မှတ်ပမာဏထက်ပိုမိုသုံးစွဲထားခြင်း၊

ခွင့်မပြုဆိုးဆေး Rhodamine B ၊ Orange ll ၊ Auramine O များပါဝင်ခြင်း၊အဏုဇီဝသတ်မှတ်ချက်ဖြင့် ကိုက်ညီမှုမရှိခြင်းတို့ကိုတွေ့ရှိခဲ့ရကြောင်း သိရသည်။

ယင်း အစားအသောက်များအား ရေရှည်စားသုံးမိပါက အစာအိမ်၊အသည်း၊ကျောက်ကပ်များပျက်စီးနိုင်ခြင်းနှင့်ကင်ဆာရောဂါများဖြစ်ပွားစေနိုင်၍ အသိပေးထုတ်ပြန်ခဲ့သည့်

စားသုံးရန်မသင့်သော အစားအသောက် ၃၇ မျိုးအား နောက်ထပ်ကြေညာချက်ထုတ်ပြန်သည်အထိ စားသုံးခြင်းမပြုရန် အသိပေးခဲ့သည်။

ရွှေအုပ်တံဆိပ် မက်မန်းယို၊ ကောင်းဟိန်း တံဆိပ်ဇီးယို၊ ဘုရင်မ တံဆိပ်မက်မန်းသီး(အနီ)၊ ရုပ်ပုံပါ မန်ကျည်းဖလိတ်ပြား၊ 123 တံဆိပ်သရက်ယို၊ Hong Yuan တံဆိပ်ဇီးသီးယို၊

MK တံဆိပ်မက် မန်းသီး(အနီ)၊ ASA(Kisses You)တံဆိပ် Heart Jelly ၊ LANTERN တံဆိပ်(ပုလင်း)Bubble Gum ၊ Fruity တံဆိပ်(ပလတ်စတစ်ခွက်)အချိုရည် တို့ဖြစ်သည်။

ထို့ပြင် ဇမ္ဗူကျော် တံဆိပ်ရှောက်သီးတော်ဖီအစပ်၊ မမော် တံဆိပ်ဇယန်းလက်ဖက်အစို၊ အေးအေးအောင် တံဆိပ်သစ်သီးယိုစုံ၊ New Choice တံဆိပ်မက်မွန်သီးအနီ၊ ABC(rainbow) တံဆိပ်(ပလတ်စတစ်ပုလင်း)စတော်ဘယ်ရီအရသာအချိုရည်၊

ခြင်္သေ့မင်း တံဆိပ်ငရုတ်ဆီ၊ Lucky Tiger တံဆိပ်ငရုတ်ဆီ၊ Sun Light တံဆိပ်(ပလတ်စတစ်ပုလင်း)ကိုလာအရသာအချိုရည်၊ ဇယန်းရွှေတောင် တံဆိပ်

ပဲကြီးလှော်၊ အက်ရှင် တံဆိပ်စံဂျူး၊ ကံသာရွှေဇီးလုံးကြီး တံဆိပ်ဇီးသီးပေါင်း၊ ဝါလေး တံဆိပ်မက်မန်းသီးအနီ၊ ဂွန်းဂွန်း တံဆိပ်ပုန်းရည်ကြီး၊ ရုပ်ပုံပါ ခေါက်မုန့်အနီ တို့လည်းပါဝင်သည်ဟု ထုတ်ပြန်ခဲ့သည်။

အရီးလေး တံဆိပ်အောင်လံပုန်းရည်ကြီး၊ မေပုလဲ တံဆိပ်မက်မန်းသီးအနီ၊ မေပုလဲ တံဆိပ်သစ်သီးယို၊ ရွှေဒင်္ဂါး တံဆိပ်သာကူချောင်း၊ ထူးရှယ် တံ ဆိပ်ငါးပိ၊

Thailand စာသားပါ(ပလတ်စတစ်ပုလင်း)ယိုးဒယားငါးပိရည်၊ Thailand စာသားပါ (ပလတ်စတစ်အိတ်)ကြက်ကြောလုံး၊ TP Food တံဆိပ်ကြက်ကြောလုံး၊ City Food Squid တံဆိပ် ရေဘဝဲချောင်း၊

Thailand စာသားပါ(ပလတ်စ တစ်အိတ်)ပုဇွန်လုံး၊ Shenglong တံဆိပ်ပုဇွန်လုံး၊တရုတ်စာသားပါ(ပလတ်စတစ်အိတ်)ပုဇွန်လုံးနှင့် Thailandစာသားပါ(ပလတ်စတစ်အိတ်)တို့ဟူးတို့ကိုလည်း စားသုံးရန်မသင့်ကြောင်း FDA Myanmar ကအသိပေးထုတ်ပြန်ခဲ့သည်။

အစားအသောက်ထုတ်လုပ်၊ဖြန့်ဖြူး၊ရောင်းချသူများသည် အစားအသောက်တွင် သုံးစွဲရန်ခွင့်မပြုသော ဆိုးဆေးများ၊ခွင့်မပြုတာရှည်ခံ ဓာတုပစ္စည်းများကို လုံးဝအသုံးမပြုရန်၊

ခွင့်ပြုအစားအသောက်ထပ်ဖြည့်ဓာတုပစ္စည်းများကို သတ်မှတ်ပမာဏအတွင်းသာ အသုံးပြုရန်တို့အား လိုက်နာခြင်းမရှိပါက အမျိုးသားအစားအသောက်ဥပဒေပုဒ်မ ၂၈(က)အရ အရေးယူခံရမည်ဟု အသိပေးထားသည်။

credit

Zawgyi

FDA Myanmar မွစားသုံးရန္မသင့္သည့္ အစားအေသာက္ ၃၇ မ်ိဳးစာရင္းအား အသိေပးထုတ္ျပန္

က်န္းမာေရးဝန္ႀကီးဌာန၊အစားအေသာက္ႏွင့္ေဆးဝါးကြပ္ကဲေရးဦးစီးဌာန(FDA Myanmar)မွ စားသုံးရန္မသင့္သည့္ အစားအေသာက္ ၃၇ မ်ိဳးစာရင္းအား ေဖေဖာ္ဝါရီ ၁၈ ရက္က အသိေပးထုတ္ျပန္ခဲ့သည္။

FDA Myanmar မွထုတ္ျပန္ခဲ့သည့္ စားသုံးရန္မသင့္သည့္ အစားအေသာက္ ၃၇ မ်ိဳးတြင္ Benzoic acid ၊ Sodium Cyclamate ၊ Residual So2 ၊ Sodium Benzoate ၊ Potassium Sorbate ၊ Potassium Sorbate တို႔အားသတ္မွတ္ပမာဏထက္ပိုမိုသုံးစြဲထားျခင္း၊

ခြင့္မျပဳဆိုးေဆး Rhodamine B ၊ Orange ll ၊ Auramine O မ်ားပါဝင္ျခင္း၊အဏုဇီဝသတ္မွတ္ခ်က္ျဖင့္ ကိုက္ညီမႈမရွိျခင္းတို႔ကိုေတြ႕ရွိခဲ့ရေၾကာင္း သိရသည္။

ယင္း အစားအေသာက္မ်ားအား ေရရွည္စားသုံးမိပါက အစာအိမ္၊အသည္း၊ေက်ာက္ကပ္မ်ားပ်က္စီးႏိုင္ျခင္းႏွင့္ကင္ဆာေရာဂါမ်ားျဖစ္ပြားေစႏိုင္၍ အသိေပးထုတ္ျပန္ခဲ့သည့္

စားသုံးရန္မသင့္ေသာ အစားအေသာက္ ၃၇ မ်ိဳးအား ေနာက္ထပ္ေၾကညာခ်က္ထုတ္ျပန္သည္အထိ စားသုံးျခင္းမျပဳရန္ အသိေပးခဲ့သည္။

ေ႐ႊအုပ္တံဆိပ္ မက္မန္းယို၊ ေကာင္းဟိန္း တံဆိပ္ဇီးယို၊ ဘုရင္မ တံဆိပ္မက္မန္းသီး(အနီ)၊ ႐ုပ္ပုံပါ မန္က်ည္းဖလိတ္ျပား၊ 123 တံဆိပ္သရက္ယို၊ Hong Yuan တံဆိပ္ဇီးသီးယို၊

MK တံဆိပ္မက္ မန္းသီး(အနီ)၊ ASA(Kisses You)တံဆိပ္ Heart Jelly ၊ LANTERN တံဆိပ္(ပုလင္း)Bubble Gum ၊ Fruity တံဆိပ္(ပလတ္စတစ္ခြက္)အခ်ိဳရည္ တို႔ျဖစ္သည္။

ထို႔ျပင္ ဇမၺဴေက်ာ္ တံဆိပ္ေရွာက္သီးေတာ္ဖီအစပ္၊ မေမာ္ တံဆိပ္ဇယန္းလက္ဖက္အစို၊ ေအးေအးေအာင္ တံဆိပ္သစ္သီးယိုစုံ၊ New Choice တံဆိပ္မက္မြန္သီးအနီ၊ ABC(rainbow) တံဆိပ္(ပလတ္စတစ္ပုလင္း)စေတာ္ဘယ္ရီအရသာအခ်ိဳရည္၊

ျခေသၤ့မင္း တံဆိပ္င႐ုတ္ဆီ၊ Lucky Tiger တံဆိပ္င႐ုတ္ဆီ၊ Sun Light တံဆိပ္(ပလတ္စတစ္ပုလင္း)ကိုလာအရသာအခ်ိဳရည္၊ ဇယန္းေ႐ႊေတာင္ တံဆိပ္

ပဲႀကီးေလွာ္၊ အက္ရွင္ တံဆိပ္စံဂ်ဴး၊ ကံသာေ႐ႊဇီးလုံးႀကီး တံဆိပ္ဇီးသီးေပါင္း၊ ဝါေလး တံဆိပ္မက္မန္းသီးအနီ၊ ဂြန္းဂြန္း တံဆိပ္ပုန္းရည္ႀကီး၊ ႐ုပ္ပုံပါ ေခါက္မုန႔္အနီ တို႔လည္းပါဝင္သည္ဟု ထုတ္ျပန္ခဲ့သည္။

အရီးေလး တံဆိပ္ေအာင္လံပုန္းရည္ႀကီး၊ ေမပုလဲ တံဆိပ္မက္မန္းသီးအနီ၊ ေမပုလဲ တံဆိပ္သစ္သီးယို၊ ေ႐ႊဒဂၤါး တံဆိပ္သာကူေခ်ာင္း၊ ထူးရွယ္ တံ ဆိပ္ငါးပိ၊

Thailand စာသားပါ(ပလတ္စတစ္ပုလင္း)ယိုးဒယားငါးပိရည္၊ Thailand စာသားပါ (ပလတ္စတစ္အိတ္)ၾကက္ေၾကာလုံး၊ TP Food တံဆိပ္ၾကက္ေၾကာလုံး၊ City Food Squid တံဆိပ္ ေရဘဝဲေခ်ာင္း၊

Thailand စာသားပါ(ပလတ္စ တစ္အိတ္)ပုဇြန္လုံး၊ Shenglong တံဆိပ္ပုဇြန္လုံး၊တ႐ုတ္စာသားပါ(ပလတ္စတစ္အိတ္)ပုဇြန္လုံးႏွင့္ Thailandစာသားပါ(ပလတ္စတစ္အိတ္)တို႔ဟူးတို႔ကိုလည္း စားသုံးရန္မသင့္ေၾကာင္း FDA Myanmar ကအသိေပးထုတ္ျပန္ခဲ့သည္။

အစားအေသာက္ထုတ္လုပ္၊ျဖန႔္ျဖဴး၊ေရာင္းခ်သူမ်ားသည္ အစားအေသာက္တြင္ သုံးစြဲရန္ခြင့္မျပဳေသာ ဆိုးေဆးမ်ား၊ခြင့္မျပဳတာရွည္ခံ ဓာတုပစၥည္းမ်ားကို လုံးဝအသုံးမျပဳရန္၊

ခြင့္ျပဳအစားအေသာက္ထပ္ျဖည့္ဓာတုပစၥည္းမ်ားကို သတ္မွတ္ပမာဏအတြင္းသာ အသုံးျပဳရန္တို႔အား လိုက္နာျခင္းမရွိပါက အမ်ိဳးသားအစားအေသာက္ဥပေဒပုဒ္မ ၂၈(က)အရ အေရးယူခံရမည္ဟု အသိေပးထားသည္။

credit