စိန်တန်ချိန်ပေါင်း ၇၂၀၀၀ ရှိတဲ့ ဥက္ကာခဲ ချိုင့်ဝှမ်းထဲမှာ တည်ထားတဲ့မြို့လေး

စိန်တန်ချိန်ပေါင်း ၇၂၀၀၀ ရှိတဲ့မြို့

ဂျာမနီနိုင်ငံ ဘာဗေးရီးယားပြည်နယ်ထဲက နော်ဒင်ဂန်မြို့ငယ်လေးမှာ ထူးခြားတဲ့သမိုင်းတွေ ရှိနေတယ်။

ကမ္ဘာမြေပေါ်ကို (ခန့်မှန်းခြေ) တစ်နာရီ ကီလိုမီတာ ၇၀၀၀၀ နှုန်းနဲ့ ကျလာတဲ့ ဥက္ကာခဲကြောင့် ဖြစ်ပေါ်လာတဲ့ ချိုင့်ဝှမ်းထဲမှာ တည်ထားတဲ့မြို့ပါ။

အဲဒီဖြစ်ရပ်ကြောင့် တစ်မြို့လုံးမှာ သေးငယ်တဲ့ စိန်ပွင့်တန်ချိန် ၇၂၀၀၀၀ လောက် ပြန့်ကြဲနေတယ်လို့ခန့်မှန်းကြပါတယ်။

စိန်ဂျော့ဘုရားကျောင်းမှာပဲ စိန်ကာရက် ၅၀၀၀ ရှိတယ်လို့ ဆိုပါတယ်။

သမိုင်းအလယ်ခေတ်ကတည်းက တည်ဆောက်ထားတဲ့ မြို့တံတိုင်းကလည်း ဒီနေ့အချိန်အအထိ အကောင်းအတိုင်း ရှိနေပါသေးတယ်။

၁၆၁၈ ခုနှစ်ကနေ ၁၆၄၈ ခုနှစ်ကြား နှစ် ၃၀ တိုက်ပွဲ ဖြစ်ပွားချိန်အတွင်း ဒီမြို့မှာ တိုက်ပွဲ ၂ ခု ဖြစ်ခဲ့ဖူးပါတယ်။

ကမ္ဘာပေါ်က တခြားနေရာတချို့မှာ ဥက္ကာခဲ ကျပြီး စိန်တွေ ပြန့်ကြဲနေတဲ့ဖြစ်စဉ်မျိုး ရှိခဲ့ဖူးပေမဲ့ နော်ဒင်ဂန်မြိုရဲ့ စိန်ပမာဏကိုတော့ မမီကြပါဘူး။

crd

Zawgyi

စိန္တန္ခ်ိန္ေပါင္း ၇၂၀၀၀ ရွိတဲ့ၿမိဳ႕

ဂ်ာမနီႏိုင္ငံ ဘာေဗးရီးယားျပည္နယ္ထဲက ေနာ္ဒင္ဂန္ၿမိဳ႕ငယ္ေလးမွာ ထူးျခားတဲ့သမိုင္းေတြ ရွိေနတယ္။

ကမာၻေျမေပၚကို (ခန႔္မွန္းေျခ) တစ္နာရီ ကီလိုမီတာ ၇၀၀၀၀ ႏႈန္းနဲ႔ က်လာတဲ့ ဥကၠာခဲေၾကာင့္ ျဖစ္ေပၚလာတဲ့ ခ်ိဳင့္ဝွမ္းထဲမွာ တည္ထားတဲ့ၿမိဳ႕ပါ။

အဲဒီျဖစ္ရပ္ေၾကာင့္ တစ္ၿမိဳ႕လုံးမွာ ေသးငယ္တဲ့ စိန္ပြင့္တန္ခ်ိန္ ၇၂၀၀၀၀ ေလာက္ ျပန႔္ႀကဲေနတယ္လို႔ခန႔္မွန္းၾကပါတယ္။

စိန္ေဂ်ာ့ဘုရားေက်ာင္းမွာပဲ စိန္ကာရက္ ၅၀၀၀ ရွိတယ္လို႔ ဆိုပါတယ္။

သမိုင္းအလယ္ေခတ္ကတည္းက တည္ေဆာက္ထားတဲ့ ၿမိဳ႕တံတိုင္းကလည္း ဒီေန႔အခ်ိန္အအထိ အေကာင္းအတိုင္း ရွိေနပါေသးတယ္။

၁၆၁၈ ခုႏွစ္ကေန ၁၆၄၈ ခုႏွစ္ၾကား ႏွစ္ ၃၀ တိုက္ပြဲ ျဖစ္ပြားခ်ိန္အတြင္း ဒီၿမိဳ႕မွာ တိုက္ပြဲ ၂ ခု ျဖစ္ခဲ့ဖူးပါတယ္။

ကမာၻေပၚက တျခားေနရာတခ်ိဳ႕မွာ ဥကၠာခဲ က်ၿပီး စိန္ေတြ ျပန႔္ႀကဲေနတဲ့ျဖစ္စဥ္မ်ိဳး ရွိခဲ့ဖူးေပမဲ့ ေနာ္ဒင္ဂန္ၿမိဳရဲ႕ စိန္ပမာဏကိုေတာ့ မမီၾကပါဘူး။

crd