
၃၅ နှစ်ကြာ နေ့တိုင်းသစ်ပင်စိုက်ပြီး ကျေးငှက်တိရစ္ဆာန်များပျော်စံရာ သစ်တောကြီးကို ဖန်တီးခဲ့သူ
သူ့ကို အိန္ဒိယရဲ့ သစ်တောလူသားလို့ လူသိများတယ်။ သူက တစ်ကိုယ်ရေတစ်ကာယသမားဖြစ်ပြီး ၁၉ နှစ်သားအရွယ်မှာ ပူပြင်းလွန်းလို့
လွင်တီးခေါင် သောင်ပြင်မှာ မြွေတွေ အများကြီး သေနေတာ သူ တွေ့ခဲ့တယ်။ ဒါကို တွေ့ပြီး သူ သောင်ခုံပေါ်မှာ ဝါးပင်တွေ စိုက်တယ်။
အဲဒီအချိန်ကစပြီး သူက သားရဲတိရစ္ဆာန်တွေကို ကယ်တင်ပေးဖို့ သစ်ပင်တွေ စိုက်တော့တာပဲ။ ၃၅ နှစ်တိုင်တိုင်
နေ့စဉ်နေ့တိုင်း သစ်ပင်စိုက်လိုက်တာ ဧက ၁၃၆၀ ကျယ်ဝန်းတဲ့ သစ်တောကြီး ဖြစ်လာတော့တယ်။
အခု အဲဒီသစ်တောထဲမှာ ကျား၊ ကြံ့၊ သမင်နဲ့ ယုန် အကောင် ရာချီ ကျက်စားတယ်။ ဒါတင်ပဲလားဆိုတော့ မဟုတ်။
ဆင်တွေရော၊ ကျေးငှက်တွေရော ပျော်စံရာသစ်တောလေး ဖြစ်နေပါပြီ။
ဒါကြောင့်ပဲ သူ့ကို အိန္ဒိယနိုင်ငံရဲ့ အရပ်ဘက်ဆိုင်ရာမှာ စတုတ္ထအမြင့်ဆုံး ဂုဏ်ပြုဆုချီးမြှင့်တယ်။
သူကတော့ အာသံပြည်နယ်မှာ မွေးတဲ့ဂျာဒါဝမိုလိုင်းပါပဲ။ ဒါပေမဲ့ သူ့ကို လူတွေကတော့ သစ်တောလူသားလို့ပဲ ခေါ်ကြပါတယ်။
crd
Zawgyi
၃၅ ႏွစ္ၾကာ ေန႔တိုင္းသစ္ပင္စိုက္ၿပီး ေက်းငွက္တိရစာၦန္မ်ားေပ်ာ္စံရာ သစ္ေတာႀကီးကို ဖန္တီးခဲ့သူ
သူ႔ကို အိႏၵိယရဲ႕ သစ္ေတာလူသားလို႔ လူသိမ်ားတယ္။ သူက တစ္ကိုယ္ေရတစ္ကာယသမားျဖစ္ၿပီး ၁၉ ႏွစ္သားအ႐ြယ္မွာ ပူျပင္းလြန္းလို႔
လြင္တီးေခါင္ ေသာင္ျပင္မွာ ေႁမြေတြ အမ်ားႀကီး ေသေနတာ သူ ေတြ႕ခဲ့တယ္။ ဒါကို ေတြ႕ၿပီး သူ ေသာင္ခုံေပၚမွာ ဝါးပင္ေတြ စိုက္တယ္။
အဲဒီအခ်ိန္ကစၿပီး သူက သားရဲတိရစာၦန္ေတြကို ကယ္တင္ေပးဖို႔ သစ္ပင္ေတြ စိုက္ေတာ့တာပဲ။ ၃၅ ႏွစ္တိုင္တိုင္
ေန႔စဥ္ေန႔တိုင္း သစ္ပင္စိုက္လိုက္တာ ဧက ၁၃၆၀ က်ယ္ဝန္းတဲ့ သစ္ေတာႀကီး ျဖစ္လာေတာ့တယ္။
အခု အဲဒီသစ္ေတာထဲမွာ က်ား၊ ႀကံ့၊ သမင္နဲ႔ ယုန္ အေကာင္ ရာခ်ီ က်က္စားတယ္။ ဒါတင္ပဲလားဆိုေတာ့ မဟုတ္။
ဆင္ေတြေရာ၊ ေက်းငွက္ေတြေရာ ေပ်ာ္စံရာသစ္ေတာေလး ျဖစ္ေနပါၿပီ။
ဒါေၾကာင့္ပဲ သူ႔ကို အိႏၵိယႏိုင္ငံရဲ႕ အရပ္ဘက္ဆိုင္ရာမွာ စတုတၳအျမင့္ဆုံး ဂုဏ္ျပဳဆုခ်ီးျမႇင့္တယ္။
သူကေတာ့ အာသံျပည္နယ္မွာ ေမြးတဲ့ဂ်ာဒါဝမိုလိုင္းပါပဲ။ ဒါေပမဲ့ သူ႔ကို လူေတြကေတာ့ သစ္ေတာလူသားလို႔ပဲ ေခၚၾကပါတယ္။
crd