
စာပေ ဂီတ ရုပ်ရှင် သဘင် ပန်းချီ ပန်းပု စသော မြန်မာ့အနုပညာ နယ်ပယ်အသီးသီးတွင်ဟင်္သာတသားတို့ ထိုက်သင့်သလောက် ထွန်းတောက်ကြသည် ဆိုသော်ငြား
ဂီတ စင်မြင့်ထက်တွင်မူအခြားနယ်ပယ် များထက် လင်းလက်သည့် ကြယ်ပွင့်များ ထွန်းလင်း တောက်ပခဲ့ဘူးပါသည်။
စစ်ကြိုခေတ် ဒေါ်စိန်ပါတီမှ အစပြု၍ စစ်ပြီးခေတ် ဓါတ်ပြားခေတ်၊ ရေဒီယိုခေတ်၊ ကက်ဆက်တိတ်ခွေခေတ်၊ စီဒီဓါတ်ပြား ခေတ်တိုင်အောင် အနုပညာ မိုးကောင်းကင်တွင် ဟင်္သာတ ဂီတ ကြယ်ပွင့်တို့ တစ်ပွင့် ပြီး တစ်ပွင့် တလက်လက် တောက်ပခဲ့ပါသည်။
စန္ဒယားချစ်ဆွေ ၊ ဟင်္သာတ စိန်လင်း ၊ မြင့်မြင့်စိန် ၊ မောင်မောင်ညွန့် ၊ ဟင်္သာတ အောင်တင်ဝင်း ၊ ဟသာင်္တထွန်းရင်မှသည် အကော်ဒီယံ အုန်းကျော် ၊
မြစ်ဝကျွန်းပေါ် ဒင်္ဂါး ၊ စိမ်းမို့မို့ ၊ တက္ကသိုလ် ဇော်မင်းမင်း ၊ ကိုဝင်းသိန်း ၊ မောင်ဂဠုန် ၊ နိူင်ဦး အထိ ဟင်္သာမြေမှဂီတ ကြယ်ပွင့်များ လင်းလက် တောက်ပ ခဲ့ပါသည်။
စတီရီယို သီချင်းများ စတင် ခေတ်စားလာသော ၁၉၇၀ ကျော် ခုနှစ်များတွင် ရှေးရိုးစွဲ ဝါဒီများက သရုပ်ပျက်တေးဂီတ ဟူ၍ အမြင် မကြည်မလင် ဖြစ်နေသော အချိန်တွင် စတီရီယို တေးသံစဉ်များကို မြန်မာ့ဟန် မြန်မာ့မူ မပျက် တီထွင် တင်ဆက် ခဲ့သော တေးသံရှင် တစ်ဦး ဟင်္သာတမြေ မှပေါ်ထွက်လာခဲ့ပါသည်။
♪♫♫♪ ရဝေ…ရဝေ.. ♪♫♫♪ ..အော်…မြိုင်စောင်း..မှာလ♪♫♫♪ ♪♫♫♪ ..ဥဒေါင်းတွေ…တွန်သံ..တွန်သံကြားရင်….♪♫♫♪
တေးသံရှင် မင်းအောင်ကို အဘ ဦးသန်းညွန့် + အမိ ဒေါ်ခင်ခင်ဆွေ တို့မှ ၁၉၅၆ အောက်တိုဘာလ ၄ ရက်တွင် ဟင်္သာတမြို့၌ မွေးဖွားခဲ့သည်။ မွေးချင်း မောင်နှမ သုံးယောက်တွင် အစ်ကို အကြီးဆုံးဖြစ်ပြီး ညီမနှစ်ယောက် ရှိသည်။
မူလတန်းပညာကို ဟင်္သာတမြို့ လက်သမားရပ် မူလတန်းကျောင်းတွင် သင်ကြားပြီး အထက်တန်းပညာကို ဟင်္သာတမြို့ အမှတ် ၄ အစိုးရ အထက်တန်းကျောင်းတွင် သင်ကြားခဲ့သည်။ အောင်ကိုလတ်၏ဇနီး တင်မိုးခိုင်နှင့် မောင်နှမ တစ်ဝမ်းကွဲ တော်စပ်သည်။
အနုပညာ ဝါသနာအရ ဟင်္သာတမြို့ရှိ ခေတ်ပေါ်တေးဂီတဝိုင်းများတွင် တေးသီချင်းများ စတင် သီဆိုပြီး ပထမဆုံး တေးစီးရီးဖြစ်သော မင်းသားလေးလို လွမ်းပြမယ် တေးစီးရီးကို ၁၉၇၆ ခုနှစ် ဇန်နဝါရီ လ ၁၂ ရက် နေ့တွင် အောင်ကိုလတ် နှင့် ညီအစ်ကိုများ တေးဂီတအဖွဲ့ (The Brother’s)နှင့် ဦးဘသိန်း စတူဒီယိုတွင် အသံသွင်းယူခဲ့သည်။
ဒုတိယ တေးစီးရီးဖြစ်သော အသည်းနွမ်းခေါ်သံ ( ရဝေ-ရဝေ )ကို ၁၉၇၈ ခုနှစ်တွင် သွင်းယူခဲ့သည်။
ဒုတိယစီးရီးမှစပြီး ဟင်္သာတမြို့ တေးသံသာ တေးသံသွင်း ဦးလှသွင် ၏ အဆက်အသွယ်ဖြင့် ရန်ကုန် တေးပုလဲ ဦးဘမြင့် နှင့် တေးစီးရီး ဆယ်ခု စာချုပ် ချုပ်ဆို ထွက်ရှိခဲ့သည်။
၁၉၇၉ ခုနှစ် ပလေးဘွိုင်းအဖွဲ့ နှင့် ဦးဘသိန်း စတူဒီယိုတွင် အသံသွင်းခဲ့သော လွမ်းစိတ်နဲ့ မျှော်နေမယ် စီးရီးမှာ အကြောင်း အမျိုးမျိုးကြောင့် မထုတ်ဖြစ်ခဲ့ပေ။
ပလေးဘွိုင် အဖွဲ့ မှ ကိုသိန်းတန် ခွဲထွက်လာပြီး နောက် ပထမဆုံး အနေနှင့် နှစ်ပါးသွားလေး ကချင်ပြီ စီးရီး ကို Love,Peace & Joy ( L.P.J ) တေးဂီတအဖွဲ့နှင့် တီးခတ်အသံသွင်းယူခဲ့သည်။
အချစ်ရှေ့နေ တေးစီးရီးကို ( L.P.J ) တေးဂီတအဖွဲ့နှင့် တီးခတ် အသံသွင်းနေစဉ် ရက်ကောဒင်း ဒိတ် အခက်အခဲကြောင့် Super Star တေးဂီတ အဖွဲ့ နှင့်ပါ နှစ်ဖွဲ့ တီးခတ် အသံသွင်းယူခဲ့သည်။
၁၉၇၉ နိုဝင်ဘာလ တွင် မခင်ငြိမ်းစိုး နှင့် လက်ထပ်ခဲ့သည်။ ၁၉၈၁ တွင် တေးပုလဲ ဦးဘမြင့်နှင့် စာချုပ်ပြည့် ပြီးနောက် ရန်ကုန်မြို့ ဘားလမ်းတွင် မင်းသားလေး တေးသံသွင်း ဆိုင်ဖွင့်လှစ်ပြီး ပထမဆုံး မြမျက်ရည်မိုး တေးစီးရီးကို ဂီတမှူး ဒေါက်တာ အင်ဒရှုးကောင်း တေးဂီတအဖွဲ့နှင့် တီးခတ် ထုတ်လုပ်ခဲ့သည်။
တေးသံရှင် မင်းအောင် သီဆိုခဲ့သော မြန်မာသံစဉ်စတီရီယို တေးသီချင်းများမှာ ရဝေရဝေ (သို့) အသည်းနွမ်းခေါ်သံ၊ ဟေဝန်နန်း၊ ဂုဏ်မြင့်သူလှည့်စားရက်တယ်၊
နိုင်တော်မူ(၁)၊(၂)၊ ရုပ်ဆိုးသူငိုပွဲ၊ မိငယ် ခေါ် မိလွယ်၊ မုန်းသင့်မှမုန်း၊ ရွှေအိမ်စံအယူခံတေး၊ အသက်မရှိတောင် ဆက်လို့သီချင်းဆိုမယ်၊ သူများနဲ့ညားတဲ့ ငါ့ရည်းစားသို့၊
ချစ်ရသူနဲ့ ညားကြပါစေ၊ မင်းသားလေးလို လွမ်းပြမယ်၊ အကယ်ဒမီဂုဏ်မြင့်သူ၊ လက်ဝဲသုန္ဒရတို့ခေတ်၊ လွမ်းစိတ်နဲ့ မျှော်နေမယ်၊ စိမ်းနိုင်ပါစေ ငယ်ကျမ်းဆွေ၊ လွမ်းကမ္ဘာ၊ ချစ်ဧည့်သည်၊
အမေနေတဲ့ ရွာကလေး၊ အချစ်တွင်မျက်စိမရှိ၊ အညာသူသို့၊ နေမင်းကိုကို၊ လမင်းကိုကို၊ သဲအိမ်လေး၊ မင်းပြုသမျှ၊ ချစ်သင့်မှချစ်၊ သနားတယ်၊ ဆယ်ခါပြန်ကွဲပလေ့စေ၊
မနက်ရှစ်နာရီ ညရှစ်နာရီ၊ တက္ကသိုလ်က ချစ်အကြောင်း၊ မလွမ်းပိုမငိုနဲ့၊ မောင်ပြန်လာပြီ မလွမ်းပို၊ လွမ်းတယ် နန်း၊ မောင်မကြာမကြာ လာခဲ့မယ်၊
ဆရာမ၊ လွယ်လွယ်လွမ်း လွယ်လွမ်းလို့လား၊ လမင်းလား ယက္ခလား နေခြည်၊ စသည့် သီချင်းများ ဖြစ်ကြပြီး သီချင်း အပုဒ်ရေပေါင်း (၄၀၀)ကျော် ကို သီဆိုခဲ့သည်။
သူ၏နောက်ဆုံးတေးစီးရီးမှာ ငါနှင့်ညားတဲ့သူများရည်းစား ဖြစ်သည်။
၂၀၀၁ ခုနှစ်၊ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ရန်ကုန်မြို့၌ ရုတ်တရက် ကွယ်လွန်သည်။
Sai Min Thant ထံမှ ပြန်လည်မျှဝေပါသည်။ လေးစားစွာဖြင့် ခရက်ဒစ်
Zawgyi
စာေပ ဂီတ ႐ုပ္ရွင္ သဘင္ ပန္းခ်ီ ပန္းပု စေသာ ျမန္မာ့အႏုပညာ နယ္ပယ္အသီးသီးတြင္ဟသၤာတသားတို႔ ထိုက္သင့္သေလာက္ ထြန္းေတာက္ၾကသည္ ဆိုေသာ္ျငား
ဂီတ စင္ျမင့္ထက္တြင္မူအျခားနယ္ပယ္ မ်ားထက္ လင္းလက္သည့္ ၾကယ္ပြင့္မ်ား ထြန္းလင္း ေတာက္ပခဲ့ဘူးပါသည္။
စစ္ႀကိဳေခတ္ ေဒၚစိန္ပါတီမွ အစျပဳ၍ စစ္ၿပီးေခတ္ ဓါတ္ျပားေခတ္၊ ေရဒီယိုေခတ္၊ ကက္ဆက္တိတ္ေခြေခတ္၊ စီဒီဓါတ္ျပား ေခတ္တိုင္ေအာင္ အႏုပညာ မိုးေကာင္းကင္တြင္ ဟသၤာတ ဂီတ ၾကယ္ပြင့္တို႔ တစ္ပြင့္ ၿပီး တစ္ပြင့္ တလက္လက္ ေတာက္ပခဲ့ပါသည္။
စႏၵယားခ်စ္ေဆြ ၊ ဟသၤာတ စိန္လင္း ၊ ျမင့္ျမင့္စိန္ ၊ ေမာင္ေမာင္ၫြန္႔ ၊ ဟသၤာတ ေအာင္တင္၀င္း ၊ ဟသာတၤထြန္းရင္မွသည္ အေကာ္ဒီယံ အုန္းေက်ာ္ ၊
ျမစ္၀ကြၽန္းေပၚ ဒဂၤါး ၊ စိမ္းမို႔မို႔ ၊ တကၠသိုလ္ ေဇာ္မင္းမင္း ၊ ကို၀င္းသိန္း ၊ ေမာင္ဂဠဳန္ ၊ ႏိူင္ဦး အထိ ဟသၤာေျမမွဂီတ ၾကယ္ပြင့္မ်ား လင္းလက္ ေတာက္ပ ခဲ့ပါသည္။
စတီရီယို သီခ်င္းမ်ား စတင္ ေခတ္စားလာေသာ ၁၉၇၀ ေက်ာ္ ခုႏွစ္မ်ားတြင္ ေရွး႐ိုးစြဲ ဝါဒီမ်ားက သ႐ုပ္ပ်က္ေတးဂီတ ဟူ၍ အျမင္ မၾကည္မလင္ ျဖစ္ေနေသာ အခ်ိန္တြင္ စတီရီယို ေတးသံစဥ္မ်ားကို ျမန္မာ့ဟန္ ျမန္မာ့မူ မပ်က္ တီထြင္ တင္ဆက္ ခဲ့ေသာ ေတးသံရွင္ တစ္ဦး ဟသၤာတေျမ မွေပၚထြက္လာခဲ့ပါသည္။
♪♫♫♪ ရေဝ…ရေဝ.. ♪♫♫♪ ..ေအာ္…ၿမိဳင္ေစာင္း..မွာလ♪♫♫♪ ♪♫♫♪ ..ဥေဒါင္းေတြ…တြန္သံ..တြန္သံၾကားရင္….♪♫♫♪
ေတးသံရွင္ မင္းေအာင္ကို အဘ ဦးသန္းၫြန႔္ + အမိ ေဒၚခင္ခင္ေဆြ တို႔မွ ၁၉၅၆ ေအာက္တိုဘာလ ၄ ရက္တြင္ ဟသၤာတၿမိဳ႕၌ ေမြးဖြားခဲ့သည္။ ေမြးခ်င္း ေမာင္ႏွမ သုံးေယာက္တြင္ အစ္ကို အႀကီးဆုံးျဖစ္ၿပီး ညီမႏွစ္ေယာက္ ရွိသည္။
မူလတန္းပညာကို ဟသၤာတၿမိဳ႕ လက္သမားရပ္ မူလတန္းေက်ာင္းတြင္ သင္ၾကားၿပီး အထက္တန္းပညာကို ဟသၤာတၿမိဳ႕ အမွတ္ ၄ အစိုးရ အထက္တန္းေက်ာင္းတြင္ သင္ၾကားခဲ့သည္။ ေအာင္ကိုလတ္၏ဇနီး တင္မိုးခိုင္ႏွင့္ ေမာင္ႏွမ တစ္ဝမ္းကြဲ ေတာ္စပ္သည္။
အႏုပညာ ဝါသနာအရ ဟသၤာတၿမိဳ႕ရွိ ေခတ္ေပၚေတးဂီတဝိုင္းမ်ားတြင္ ေတးသီခ်င္းမ်ား စတင္ သီဆိုၿပီး ပထမဆုံး ေတးစီးရီးျဖစ္ေသာ မင္းသားေလးလို လြမ္းျပမယ္ ေတးစီးရီးကို ၁၉၇၆ ခုႏွစ္ ဇန္နဝါရီ လ ၁၂ ရက္ ေန႔တြင္ ေအာင္ကိုလတ္ ႏွင့္ ညီအစ္ကိုမ်ား ေတးဂီတအဖြဲ႕ (The Brother’s)ႏွင့္ ဦးဘသိန္း စတူဒီယိုတြင္ အသံသြင္းယူခဲ့သည္။
ဒုတိယ ေတးစီးရီးျဖစ္ေသာ အသည္းႏြမ္းေခၚသံ ( ရေဝ-ရေဝ )ကို ၁၉၇၈ ခုႏွစ္တြင္ သြင္းယူခဲ့သည္။
ဒုတိယစီးရီးမွစၿပီး ဟသၤာတၿမိဳ႕ ေတးသံသာ ေတးသံသြင္း ဦးလွသြင္ ၏ အဆက္အသြယ္ျဖင့္ ရန္ကုန္ ေတးပုလဲ ဦးဘျမင့္ ႏွင့္ ေတးစီးရီး ဆယ္ခု စာခ်ဳပ္ ခ်ဳပ္ဆို ထြက္ရွိခဲ့သည္။
၁၉၇၉ ခုႏွစ္ ပေလးဘြိဳင္းအဖြဲ႕ ႏွင့္ ဦးဘသိန္း စတူဒီယိုတြင္ အသံသြင္းခဲ့ေသာ လြမ္းစိတ္နဲ႔ ေမွ်ာ္ေနမယ္ စီးရီးမွာ အေၾကာင္း အမ်ိဳးမ်ိဳးေၾကာင့္ မထုတ္ျဖစ္ခဲ့ေပ။
ပေလးဘြိဳင္ အဖြဲ႕ မွ ကိုသိန္းတန္ ခြဲထြက္လာၿပီး ေနာက္ ပထမဆုံး အေနႏွင့္ ႏွစ္ပါးသြားေလး ကခ်င္ၿပီ စီးရီး ကို Love,Peace & Joy ( L.P.J ) ေတးဂီတအဖြဲ႕ႏွင့္ တီးခတ္အသံသြင္းယူခဲ့သည္။
အခ်စ္ေရွ႕ေန ေတးစီးရီးကို ( L.P.J ) ေတးဂီတအဖြဲ႕ႏွင့္ တီးခတ္ အသံသြင္းေနစဥ္ ရက္ေကာဒင္း ဒိတ္ အခက္အခဲေၾကာင့္ Super Star ေတးဂီတ အဖြဲ႕ ႏွင့္ပါ ႏွစ္ဖြဲ႕ တီးခတ္ အသံသြင္းယူခဲ့သည္။
၁၉၇၉ ႏိုဝင္ဘာလ တြင္ မခင္ၿငိမ္းစိုး ႏွင့္ လက္ထပ္ခဲ့သည္။ ၁၉၈၁ တြင္ ေတးပုလဲ ဦးဘျမင့္ႏွင့္ စာခ်ဳပ္ျပည့္ ၿပီးေနာက္ ရန္ကုန္ၿမိဳ႕ ဘားလမ္းတြင္ မင္းသားေလး ေတးသံသြင္း ဆိုင္ဖြင့္လွစ္ၿပီး ပထမဆုံး ျမမ်က္ရည္မိုး ေတးစီးရီးကို ဂီတမႉး ေဒါက္တာ အင္ဒရႈးေကာင္း ေတးဂီတအဖြဲ႕ႏွင့္ တီးခတ္ ထုတ္လုပ္ခဲ့သည္။
ေတးသံရွင္ မင္းေအာင္ သီဆိုခဲ့ေသာ ျမန္မာသံစဥ္စတီရီယို ေတးသီခ်င္းမ်ားမွာ ရေဝရေဝ (သို႔) အသည္းႏြမ္းေခၚသံ၊ ေဟဝန္နန္း၊ ဂုဏ္ျမင့္သူလွည့္စားရက္တယ္၊
ႏိုင္ေတာ္မူ(၁)၊(၂)၊ ႐ုပ္ဆိုးသူငိုပြဲ၊ မိငယ္ ေခၚ မိလြယ္၊ မုန္းသင့္မွမုန္း၊ ေ႐ႊအိမ္စံအယူခံေတး၊ အသက္မရွိေတာင္ ဆက္လို႔သီခ်င္းဆိုမယ္၊ သူမ်ားနဲ႔ညားတဲ့ ငါ့ရည္းစားသို႔၊
ခ်စ္ရသူနဲ႔ ညားၾကပါေစ၊ မင္းသားေလးလို လြမ္းျပမယ္၊ အကယ္ဒမီဂုဏ္ျမင့္သူ၊ လက္ဝဲသုႏၵရတို႔ေခတ္၊ လြမ္းစိတ္နဲ႔ ေမွ်ာ္ေနမယ္၊ စိမ္းႏိုင္ပါေစ ငယ္က်မ္းေဆြ၊ လြမ္းကမာၻ၊ ခ်စ္ဧည့္သည္၊
အေမေနတဲ့ ႐ြာကေလး၊ အခ်စ္တြင္မ်က္စိမရွိ၊ အညာသူသို႔၊ ေနမင္းကိုကို၊ လမင္းကိုကို၊ သဲအိမ္ေလး၊ မင္းျပဳသမွ်၊ ခ်စ္သင့္မွခ်စ္၊ သနားတယ္၊ ဆယ္ခါျပန္ကြဲပေလ့ေစ၊
မနက္ရွစ္နာရီ ညရွစ္နာရီ၊ တကၠသိုလ္က ခ်စ္အေၾကာင္း၊ မလြမ္းပိုမငိုနဲ႔၊ ေမာင္ျပန္လာၿပီ မလြမ္းပို၊ လြမ္းတယ္ နန္း၊ ေမာင္မၾကာမၾကာ လာခဲ့မယ္၊
ဆရာမ၊ လြယ္လြယ္လြမ္း လြယ္လြမ္းလို႔လား၊ လမင္းလား ယကၡလား ေနျခည္၊ စသည့္ သီခ်င္းမ်ား ျဖစ္ၾကၿပီး သီခ်င္း အပုဒ္ေရေပါင္း (၄၀၀)ေက်ာ္ ကို သီဆိုခဲ့သည္။
သူ၏ေနာက္ဆုံးေတးစီးရီးမွာ ငါႏွင့္ညားတဲ့သူမ်ားရည္းစား ျဖစ္သည္။
၂၀၀၁ ခုႏွစ္၊ေဖေဖာ္ဝါရီလ ၂၂ ရက္ေန႔ ရန္ကုန္ၿမိဳ႕၌ ႐ုတ္တရက္ ကြယ္လြန္သည္။
Sai Min Thant ထံမွ ျပန္လည္မွ်ေဝပါသည္။ ေလးစားစြာျဖင့္ ခရက္ဒစ္