
အမေရိကသမိုင်းတွင် စံချိန်တင် ဆုကြေးငွေအမြင့်ဆုံး ဒေါ်လာ ၂ ဒသမ ၀၄ ဘီလျံတန် ပါဝါဘော ထီဆုကြီးကို နောက်ဆုံးတွင် အက်ဒ်ဝင် ကက်စထရို ဆိုသူက ဆွတ်ခူးရရှိသွားပြီ ဖြစ်ကြောင်း သိရသည်။
၂၀၂၂ နှစ်ကုန်ပိုင်းလောက်မှစ၍ အခါ ၄၀ ဆက်တိုက် ထီပေါက်စဉ် ကိုက်ညီသူ မရှိခဲ့ခြင်းကြောင့် ယခုကဲ့သို့ ဆုကြေးငွေ များပြားလာခြင်းဖြစ်သည်။
ထီပေါက်သူကို ဖေဖော်ဝါရီလ ၁၄ ရက် အင်္ဂါနေ့တွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ၌ ကယ်လီဖိုးနီးယား ထီအရာရှိများက ကြေညာခဲ့ကြောင်း ပါဝါဘော ထီက ၎င်း၏ တွစ်တာပေါ်တွင် ဖော်ပြထားသည်။
အဆိုပါထီပေါက်စဉ်ကြောင့် ကက်စထရိုသည် ၁,၂၉၂ ယောက်မြောက် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာကြောင်း ဖို့စ်ထ်၏ နောက်ဆုံးထုတ် ဘီလျံနာများစာရင်းတွင် ဖော်ပြထားသည်။
ကက်စထရို၏ တောင်းဆိုမှုကြောင့် သူ၏ အသက်၊ အလုပ်အကိုင်နှင့် နေရပ်လိပ်စာကိုမူ ထီအရာရှိများက ဖော်ပြခဲ့ခြင်းမရှိပေ။
ထီပေါက်သူသည် ဆုကြေးငွေကို နှစ် ၃၀ ခွဲကာ အပြည့်ထုတ်ယူခြင်း သို့မဟုတ် တစ်ခါတည်း အချီကြီး ထုတ်ယူနိုင်သည့် နည်းလမ်းနှစ်ခုမှ တစ်ခုကို ရွေးချယ်နိုင်သည်။ ကက်ထရိုသည် ဒုတိယနည်းလမ်းဖြစ်သည့် အချီကြီး ဒေါ်လာ ၉၉၇ သန်းကိုသာ ရွေးချယ်ခဲ့သည်ဟု ထီအရာရှိများက ဆိုသည်။
အဆိုပါ ထီလက်မှတ်ကို ရောင်းချပေးခဲ့သည့် လော့ဆန်းဂျလိစ်ရှိ စတိုးဆိုင်ကိုလည်း ဒေါ်လာ ၁ သန်း ချီးမြှင့်သွားမည်ဟု သိရသည်။
Source:SKY NEWs
crd
Zawgyi
အေမရိကသမိုင္းတြင္ စံခ်ိန္တင္ ဆုေၾကးေငြအျမင့္ဆုံး ေဒၚလာ ၂ ဒသမ ၀၄ ဘီလ်ံတန္ ပါဝါေဘာ ထီဆုႀကီးကို ေနာက္ဆုံးတြင္ အက္ဒ္ဝင္ ကက္စထ႐ို ဆိုသူက ဆြတ္ခူးရရွိသြားၿပီ ျဖစ္ေၾကာင္း သိရသည္။
၂၀၂၂ ႏွစ္ကုန္ပိုင္းေလာက္မွစ၍ အခါ ၄၀ ဆက္တိုက္ ထီေပါက္စဥ္ ကိုက္ညီသူ မရွိခဲ့ျခင္းေၾကာင့္ ယခုကဲ့သို႔ ဆုေၾကးေငြ မ်ားျပားလာျခင္းျဖစ္သည္။
ထီေပါက္သူကို ေဖေဖာ္ဝါရီလ ၁၄ ရက္ အဂၤါေန႔တြင္ ျပဳလုပ္ခဲ့ေသာ သတင္းစာရွင္းလင္းပြဲ၌ ကယ္လီဖိုးနီးယား ထီအရာရွိမ်ားက ေၾကညာခဲ့ေၾကာင္း ပါဝါေဘာ ထီက ၎၏ တြစ္တာေပၚတြင္ ေဖာ္ျပထားသည္။
အဆိုပါထီေပါက္စဥ္ေၾကာင့္ ကက္စထ႐ိုသည္ ၁,၂၉၂ ေယာက္ေျမာက္ ကမာၻ႔အခ်မ္းသာဆုံးပုဂၢိဳလ္ျဖစ္လာေၾကာင္း ဖို႔စ္ထ္၏ ေနာက္ဆုံးထုတ္ ဘီလ်ံနာမ်ားစာရင္းတြင္ ေဖာ္ျပထားသည္။
ကက္စထ႐ို၏ ေတာင္းဆိုမႈေၾကာင့္ သူ၏ အသက္၊ အလုပ္အကိုင္ႏွင့္ ေနရပ္လိပ္စာကိုမူ ထီအရာရွိမ်ားက ေဖာ္ျပခဲ့ျခင္းမရွိေပ။
ထီေပါက္သူသည္ ဆုေၾကးေငြကို ႏွစ္ ၃၀ ခြဲကာ အျပည့္ထုတ္ယူျခင္း သို႔မဟုတ္ တစ္ခါတည္း အခ်ီႀကီး ထုတ္ယူႏိုင္သည့္ နည္းလမ္းႏွစ္ခုမွ တစ္ခုကို ေ႐ြးခ်ယ္ႏိုင္သည္။ ကက္ထ႐ိုသည္ ဒုတိယနည္းလမ္းျဖစ္သည့္ အခ်ီႀကီး ေဒၚလာ ၉၉၇ သန္းကိုသာ ေ႐ြးခ်ယ္ခဲ့သည္ဟု ထီအရာရွိမ်ားက ဆိုသည္။
အဆိုပါ ထီလက္မွတ္ကို ေရာင္းခ်ေပးခဲ့သည့္ ေလာ့ဆန္းဂ်လိစ္ရွိ စတိုးဆိုင္ကိုလည္း ေဒၚလာ ၁ သန္း ခ်ီးျမႇင့္သြားမည္ဟု သိရသည္။
Source:SKY NEWs
crd