တစ်ကိုယ်ကောင်းဆန်တဲ့ခင်ပွန်းကို တရားဝင်ကွာရှင်းနိုင်ခဲ့တဲ့အထိမ်းအမှတ်အနေနဲ့ ပါတီပွဲကျင်းပခဲ့တဲ့ အမျိုးသမီး

တစ်ကိုယ်ကောင်းဆန်တဲ့ခင်ပွန်းကို တရားဝင်ကွာရှင်းနိုင်ခဲ့တဲ့အထိမ်းအမှတ်အနေနဲ့ ပါတီပွဲကျင်းပခဲ့တဲ့ အမျိုးသမီး

မကြာသေးမီက အမျိုးသမီးတစ်ဦးဟာ ခင်ပွန်းအား ကွာရှင်းပြတ်စဲနိုင်ခဲ့ပြီးနောက် လွတ်လပ်သွားတဲ့ဘဝကိုဂုဏ်ပြုဖို့အခမ်းအနားတစ်ခုကိုပြုလုပ်ခဲ့တဲ့ဓာတ်ပုံများကို လူမှုကွန်ယက်ပေါ်တွင်ပြသခဲ့ပါတယ်။

Aira ဟုလည်းလူသိများတဲ့ Twitter အသုံးပြုသူ @airawr_ က “ကွာရှင်းခြင်းကိုမကောင်းတဲ့အရာလို့အမြဲမြင်တယ်။

ဒါမဲ့ နောက်ဆုံးမင်းကမတရားပြုကျင့်မှုကနေလွတ်မြောက်သွားတဲ့အချိန်မှာတော့ အဲ့တာက မကောင်းတဲ့အရာလို့မမြင်ရတော့ဘူး ၊

ဒါကြောင့် ငါ့ရဲ့လွတ်လပ်မှုကို ငါကိုယ်တိုင်ဂုဏ်ပြုတယ် ၊

ကောင်မလေးတွေ၊ နင်တို့နဲ့အတူပေါဖို့ ငါဒီမှာရောက်နေပြီ ” ဟု ရေးသားဖော်ပြခဲ့ပါတယ်။

ထို့ပြင် Aira ဟာ သူမရဲ့မိန်းကလေးသူငယ်ချင်းများနှင့်ပြုလုပ်ခဲ့တဲ့ပွဲအသေးစားလေးတစ်ခုရဲ့ဓာတ်ပုံများစွာကိုလည်းမျှဝေခဲ့ပြီး ၎င်းဟာအလွန်ပင်ပျော်စရာကောင်းခဲ့ပုံရပါတယ်။

အပန်းကိုမှကွဲပြားတဲ့ပန်းရောင်ဝတ်စုံမျိုးစုံအားဝတ်ဆင်ထားတဲ့သူမတို့အဖွဲ့ဟာ အဆင်မြင့်လက်ဖက်ရည်နှင့် မုန့်မျိုးစုံဖြင့်တည်ခင်းနေကြတာကိုတွေ့မြင်နိုင်ပါတယ်။

ထို့ပြင် ၎င်းတို့မှာ “Fabulous Mrs to Ms” ဟုဆိုတဲ့ထူးခြားတဲ့ပူဖောင်းတစ်လုံးလည်းရှိနေပါတယ်။

Netizen များက သူမအား ကြင်နာတဲ့ဆုတောင်းစကားများနှင့် သူမတွေ့ရှိလိုက်တဲ့အသစ်သောလွတ်လပ်မှုအတွက် သူမကိုချီးကျူးဂုဏ်ပြုခဲ့ကြပါတယ်။

“ ရိုးသားစွာ Congrats !!!! ပါ ၊မင်းရဲ့လက်တွဲဖော်ကိုကွာရှင်းပြတ်စဲခြင်းကအထူးသဖြင့်အမျိုးသမီးတွေအတွက်ရှက်စရာတစ်ခုလို့ social media ကသာပြောကြတာ ၊

အမှန်တော့ ဒါဟာမင်းအတွက် လွတ်လပ်ခွင့်ပါဘဲ ၊ မင်း ဒီထပ်ပိုကောင်းမွန်တဲ့ဘဝကိုပိုင်ဆိုင်ရပါစေ ” ၊

“ဒါကသေချာပေါက် အသစ်အဆန်းတစ်ခုပဲ၊ ဒါမဲ့ ဘဝကပျော်ဖို့တိုတောင်းလွန်းတယ်၊ မင်းအနိုင်ရမှုတိုင်းကိုဂုဏ်ယူလိုက်ပါ ၊

မှန်ကန်တဲ့ရွေးချယ်မှုအတွက်ဂုဏ်ယူပါတယ် ” ဟူတဲ့အပြုသဘောဆောင်မှန်ချက်များစွာဖြင့် တုံ့ပြန်ပေးခဲ့ကြပါတယ်။

crd

Zawgyi















crd