သိန်း ၅၀၀၀ ချေးပြီး ပြန်မဆပ်တဲ့ အကယ်ဒမီ မို့မို့မြင့်အောင်နဲ့ အမျိုးသားဖြစ်သူကို လိမ်လည်မှုနဲ့ အမှုဖွင့်

ရုပ်ရှင်သရုပ်ဆောင်အကယ်ဒမီ မို့မို့မြင့်အောင်ကို ငွေကျပ် သိန်း ၅၀၀၀ လိမ်လည်ချေးယူမှုနဲ့ အင်းတကော်ရဲစခန်းမှာ အမှုဖွင့်ခံထားရတယ်လို့ သိရပါတယ်။ ချေးငွေ သိန်း ၅၀၀၀ ကို မို့မို့မြင့်အောင်နဲ့ အမျိုးသားဖြစ်သူ ဦးမောင်မောင်ကျော်အနေနဲ့ ငွေပြန်လည်ပေးဆပ်ဖို့ အကြိမ်ကြိမ်တောင်းခံခဲ့ပေမယ့် ရှောင်တိမ်းကာ ထွက်ပြေးနေတာကြောင့် ငွေထုတ်ပေးသူ ဦးစိုးလိူင်က အခုလိုအမှုဖွင့်တိုင်ကြားလိုက်တာဖြစ်တယ်လို့သိရပါတယ်။

“သူတို့နဲ့တွေ့ပြီး ညှိနိူင်းတယ်၊ သိန်း ၅၀၀၀ ကို ပြီးခဲ့တဲ့ နှစ် ဒီဇင်ဘာလမှာ သိန်း ၃၀၀၀ အရင်ပေးရမယ်၊နောက်ကျန်တဲ့၂၀၀၀ ကို အခုနှစ် ဒီဇင်ဘာလကုန်မှာ ပြန်ပေးရမယ်ဆိုပြီး သက်သေတွေနဲ့အုပ်ချုပ်ရေးရုံးမှာ ခံဝန်ကတိထိုးထားတာ၊ဒါကို ပထမအကြိမ် ၃၀၀၀ လည်းမဆပ်ဘူး၊ လူတွေကလည်း ရှောင်နေလို့ ဦးစိုးလိူင်က အမှုဖွင့်လိုက်တာလို့ သိရတယ်”လို့ ဦးစိုးလှိုင်မိသားစုနဲ့နီးစပ်သူတဦးကပြောပါတယ်။

အကယ်ဒမီ မို့မို့မြင့်အောင်တို့နှစ်ယောက်ဟာ ထားဝယ်ဆိပ်ကမ်းလုပ်ငန်းအတွက် အရေးတကြီးငွေလိုအပ်လို့ဆိုပြီး ဦးစိုးလိူင်ဆီက သိန်း၅ထောင် လာရောက်ချေးယူခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ငွေထုတ်ချေးသူ ပဲခူးမြိုနယ်၊ အင်းတကော်မြို့၊ ထန်းပင်ချောင်ကျေးရွာနေ ဦးစိုးလှိုင်နဲ့ မိုမို့မြင့်အောင်တို့ဟာ ရင်းနှီးတဲ့မိတ်ဆွေတွေဖြစ်တာကြောင့် ယုံကြည်မှုနဲ့ သက်သေတွေရှေ့မှာ ငွေချေးလိုက်တာဖြစ်တယ်လို့သိရပါတယ်။ ဒါ့ကြောင့် ငွေထုတ်ပေးခဲ့တဲ့ ဦးစိုးလှိုင်က မို့မို့မြင့်အောင်တို့လင်မယားကို အင်းတကော်နယ်မြေရဲစခန်းမှာ ရာဇသတ်ကြီးပုဒ်မ ၄၂၀ လိမ်လည်မှုနဲ့အမှုဖွင့်အရေးယူဖို့တိုင်ကြားထားတာဖြစ်တယ်လို့ သိရပါတယ်။

အကယ်ဒမီ မို့မို့မြင့်အောင်ဟာ နိုဝင်ဘာလတုန်းကလည်း ခင်ပွန်းဖြစ်သူနဲ့ ကွာရှင်းပြတ်စဲကြောင်း သတင်းစာကနေ ကြော်ငြာခဲ့တာလည်း ဖြစ်ပါတယ်။ ယခုလို ငွေကြေးအမှုကိစ္စကြောင့် ကွာရှင်းတာ ဖြစ်နိုင်တယ်လို့ ပရိသတ်တွေက သုံးသပ်နေကြပါတယ်။ ယခုအချိန်မှာ မို့မို့မြင့်အောင်နဲ့ ခင်ပွန်းဖြစ်သူဟာ ရှောင်တိမ်းနေတယ်လို့ သိရပါတယ်။

Zawgyi

႐ုပ္ရွင္သ႐ုပ္ေဆာင္အကယ္ဒမီ မို႔မို႔ျမင့္ေအာင္ကို ေငြက်ပ္ သိန္း ၅၀၀၀ လိမ္လည္ေခ်းယူမႈနဲ႔ အင္းတေကာ္ရဲစခန္းမွာ အမႈဖြင့္ခံထားရတယ္လို႔ သိရပါတယ္။ ေခ်းေငြ သိန္း ၅၀၀၀ ကို မို႔မို႔ျမင့္ေအာင္နဲ႔ အမ်ိဳးသားျဖစ္သူ ဦးေမာင္ေမာင္ေက်ာ္အေနနဲ႔ ေငြျပန္လည္ေပးဆပ္ဖို႔ အႀကိမ္ႀကိမ္ေတာင္းခံခဲ့ေပမယ့္ ေရွာင္တိမ္းကာ ထြက္ေျပးေနတာေၾကာင့္ ေငြထုတ္ေပးသူ ဦးစိုးလိူင္က အခုလိုအမႈဖြင့္တိုင္ၾကားလိုက္တာျဖစ္တယ္လို႔သိရပါတယ္။

“သူတို႔နဲ႔ေတြ႕ၿပီး ညႇိႏိူင္းတယ္၊ သိန္း ၅၀၀၀ ကို ၿပီးခဲ့တဲ့ ႏွစ္ ဒီဇင္ဘာလမွာ သိန္း ၃၀၀၀ အရင္ေပးရမယ္၊ေနာက္က်န္တဲ့၂၀၀၀ ကို အခုႏွစ္ ဒီဇင္ဘာလကုန္မွာ ျပန္ေပးရမယ္ဆိုၿပီး သက္ေသေတြနဲ႔အုပ္ခ်ဳပ္ေရး႐ုံးမွာ ခံဝန္ကတိထိုးထားတာ၊ဒါကို ပထမအႀကိမ္ ၃၀၀၀ လည္းမဆပ္ဘူး၊ လူေတြကလည္း ေရွာင္ေနလို႔ ဦးစိုးလိူင္က အမႈဖြင့္လိုက္တာလို႔ သိရတယ္”လို႔ ဦးစိုးလႈိင္မိသားစုနဲ႔နီးစပ္သူတဦးကေျပာပါတယ္။

အကယ္ဒမီ မို႔မို႔ျမင့္ေအာင္တို႔ႏွစ္ေယာက္ဟာ ထားဝယ္ဆိပ္ကမ္းလုပ္ငန္းအတြက္ အေရးတႀကီးေငြလိုအပ္လို႔ဆိုၿပီး ဦးစိုးလိူင္ဆီက သိန္း၅ေထာင္ လာေရာက္ေခ်းယူခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

ေငြထုတ္ေခ်းသူ ပဲခူးၿမိဳနယ္၊ အင္းတေကာ္ၿမိဳ႕၊ ထန္းပင္ေခ်ာင္ေက်း႐ြာေန ဦးစိုးလႈိင္နဲ႔ မိုမို႔ျမင့္ေအာင္တို႔ဟာ ရင္းႏွီးတဲ့မိတ္ေဆြေတြျဖစ္တာေၾကာင့္ ယုံၾကည္မႈနဲ႔ သက္ေသေတြေရွ႕မွာ ေငြေခ်းလိုက္တာျဖစ္တယ္လို႔သိရပါတယ္။ ဒါ့ေၾကာင့္ ေငြထုတ္ေပးခဲ့တဲ့ ဦးစိုးလႈိင္က မို႔မို႔ျမင့္ေအာင္တို႔လင္မယားကို အင္းတေကာ္နယ္ေျမရဲစခန္းမွာ ရာဇသတ္ႀကီးပုဒ္မ ၄၂၀ လိမ္လည္မႈနဲ႔အမႈဖြင့္အေရးယူဖို႔တိုင္ၾကားထားတာျဖစ္တယ္လို႔ သိရပါတယ္။

အကယ္ဒမီ မို႔မို႔ျမင့္ေအာင္ဟာ ႏိုဝင္ဘာလတုန္းကလည္း ခင္ပြန္းျဖစ္သူနဲ႔ ကြာရွင္းျပတ္စဲေၾကာင္း သတင္းစာကေန ေၾကာ္ျငာခဲ့တာလည္း ျဖစ္ပါတယ္။ ယခုလို ေငြေၾကးအမႈကိစၥေၾကာင့္ ကြာရွင္းတာ ျဖစ္ႏိုင္တယ္လို႔ ပရိသတ္ေတြက သုံးသပ္ေနၾကပါတယ္။ ယခုအခ်ိန္မွာ မို႔မို႔ျမင့္ေအာင္နဲ႔ ခင္ပြန္းျဖစ္သူဟာ ေရွာင္တိမ္းေနတယ္လို႔ သိရပါတယ္။