ဘယ်သူက အပျိုစစ်ပါသလဲ

ဘယ်သူက အပျိုစစ်ပါသလဲ

ကျွန်မနဲ့သူက ချစ်သူတွေပါ။ လက်ဖက်ရည်ကြိုက် တတ်တဲ့ ကျွန်မဟာ ဆိုင်မှာပူ ပူလေးထိုင်သောက် ရတာကို နှစ်သက် ပါတယ်။

အဲဒီအခါသူပြောလေ့ ရှိတာကတော့”မင်းကွာ…အပျိုလေးတန်မဲ့ ဆိုင်ထိုင် ရသလား” တဲ့ ။ ကျွန်မ အခုထိ မသဲကွဲဘူး ဖြစ်နေတယ်ရှင် ။မိန်းကလေးကရော ဆိုင်မထိုင်ရတော့ဘူးတဲ့လား။

အ အို မှ ဆိုင်ထိုင်ရမယ်။ အပျိုမှ ဆိုင်ထိုင်ရမယ်ပစ်ညှပ်ထားသလားရှင်။ ကျွန်မ အော်ရယ်ပစ်လိုက်တယ်..လူတွေအများကြီးရှေ့မှာပါပဲ…ဆိုင်ထိုင်ဖို့ရာကို သင့်တော်တယ်ဆိုတဲ့ဆိုင်မှာ

ရိုးသားတဲ့ အရည်ကို ရိုးသားစွာသောက်နေ တာပါရှင့် ၊ ဒါပေမဲ့ မဖြေရှင်းတော့ပါဘူး(ကိုယ်မှန်တယ် ထင်ရင် မဖြေရှင်းပဲ ရွေးတဲ့လမ်းကို ဖြောင့်အောင်လျှောက် တတ်တာ ကျွန်မအကျင့်ကိုး ၊)

ဟော…ထပ်ပြောပြန်ပြီ..”မင်းကွာ…အပျိုလေးဖြစ်ပြီး ရယ်တာကြီးကိုက ” တဲ့ ၊ထုံးစံအတိုင်း ကျွန်မမဖြေရှင်းပါဘူး ။စာရင်းကိုင်တယောက်ဖြစ်တဲ့ ကျွန်မဟာတခါတရံအလုပ်များပါတယ်၊အဲဒီအခါ

အိမ်ပြန်နောက်ကျတတ်တဲ့ ကျွန်မကို“မင်းကွာ…အပျိုဆိုတာ အိမ်ပြန်သိပ်မိုးမချုပ်သင့်ဘူး” တဲ့ဒီလို…ဒီလိုနဲ့ပဲ ချစ်သူဘဝကိုဖြတ်သန်းခဲ့ပြီးတော့ သူလဲနိုင်ငံခြားကို အလုပ်လုပ်ဖို့ထွက်သွားပြီပေါ့ ။

သူနိုင်ငံခြားသွားလို့သိပ်မကြာခင်မှာပဲကျွန်မတပည့်တယောက်ရခဲ့တယ်၊နာမည်ကချောချောတဲ့..။ကောင်မလေးရဲ့ မျက်နှာမှာအထင်ရှားဆုံးကတော့ ပါးနှစ်ဘက်လုံးမှာပါတဲ့ ပါးချိုင့်ပါပဲ။

LCCI(3)ကို ချောချောအိမ်မှာ Guide လုပ်ပေးဖို့ပေါ့ ၊ စာမေးပွဲဖြေဖို့နီးကပ်လာတဲ့တစ်နေ့မှာ မအောင်မှာစိုးတဲ့ကျွန်မ စာပြဖို့စောစောအရောက် ချောချောဆေးရုံတင်ထားရတယ်လို့ ဆီးပြောတာနဲ့

ဆေးရုံကိုလိုက်သွားမိတယ်။ ကိုယ်ဝန်(၂)လရှိတာသိလို့ စိတ်ညစ်ပြီး ပိုးသတ်ဆေးသောက်တာတဲ့ ၊လူဦးလို့ပေါ့ ၊ မသေကောင်းမပျောက်ကောင်းရှင် ၊ ကျွန်မလဲအားပေးစကားပြောပြီးအိမ်ပြန်လာခဲ့တယ်။

ကျွန်မစိတ်ထဲ မရှင်းဘူးရှင် ၊ကျွန်မသိသလောက်တော့ ချောချောဟာ အိမ်သားတွေမပါဘဲ အပြင်မထွက်တတ်ဘူးရှင့်..၊ရော်…ဘာတွေလဲကွယ်…။အဲဒီနေ့ကတည်းက စကားပြောရင် ဖြေးညှင်းစွာ

၊ရယ်ရင်လည်း တိုးတိုးလေးရယ်တတ်တဲ့ ပါးချိုင့်နှစ်ဘက်နဲ့ချောချောကို နောက်ထပ်မတွေ့ရတော့ပါဘူး။ အချိန်တွေကြာလာခဲ့ပြီး တနေ့မှာတော့ ဖိတ်စာတစ်စောင်နဲ့စာအိတ်တစ်လုံးကို ကျွန်မရခဲ့တယ်။

ဖိတ်စာကတော့ ကျွန်မရဲ့တစ်ယောက်ထဲရှိခဲ့သောချစ်သူရဲ့မင်္ဂလာဆောင်ဖိတ်စာပေါ့ ၊ဆက်ဆက်လာပါတဲ့ ။သွေးကြောင်ရင် ဘေးချောင်မှာရပ်နေမှာပေါ့ ၊ကျွန်မဆက်ဆက်သွားမှာပါ ။စာအိတ်ကလည်း

သူရေးထားတဲ့စာပါပဲ ၊ဆက်ဖတ်ဖို့မလိုအပ်တော့ဘူးလို့ထင်တာနဲ့ ဒီတိုင်းပဲပစ်ထားလိုက်တယ် ။မင်္ဂလာဆောင်ရက်မှာ အသဲမကွဲဘူးဟေ့လို့ ပြချင်တဲ့ကျွန်မ အလှဆုံးကိုပြင်ပစ်လိုက်တယ် ။

(အချစ်ဦးနဲ့လွဲရပေမဲ့ အချစ်ဆုံးနဲ့ဆုံနိုင်ခွင့် ရှိပါသေးတယ်ရှင် ၊)အချစ်မပါဘဲ ဘဝကိုအောင်မြင်အောင်တည်ဆောက်ခဲ့တဲ့ သူတွေမှအများကြီးပါ ။ဟော..လာနေပြီ..မင်္ဂလာမောင်နှံ ၊

သူရွေးတဲ့သတိုးသမီးကို သေသေချာချာကြည့်မှ..ပါးချိုင့်..သတိုးသမီးမျက်နှာပေါ်က ထင်ရှားလှတဲ့ ပါးချိုင့် ..ချောချော..သြော် သတိုးသမီးက ချောချော ကိုး ။အိမ်ပြန်ရောက်တာနဲ့ ဖွင့်ဖောက်ဖတ်ဖို့

မလိုအပ်တော့ဘူးလို့ထင်ပြီး ပစ်ထားတဲ့သူ့ရဲ့စာကို ချက်ချင်းဖွင့်ကြည့်မိတယ် ၊စာထဲပါတာကတော့..” ငါပြန်လာတာ နင့်ကိုအသိမပေးတာက အိမ်ထောင်ပြုတော့မှာမို့ပဲ ၊အိမ်ကရှာပေးတာ ၊

ငါလဲနှစ်သက်တယ် ၊သူ့မှာ ငါကြိုက်တဲ့ အပျိုစင်အချက်တွေရှိတယ် ”ပါသတဲ့ရှင်…ကျွန်မ ဒီစာကို မှန်ဘောင်သွင်းပြီး ရွှေကွပ်ထားလိုက်ချင်မိတယ်ကျွန်မကို တသက်လုံးရယ်နေအောင်လုပ်ပေးမဲ့

ဟာသစစ်စစ်တစ်ပုဒ်အနေနဲ့ပေါ့ ။ကျွန်မလေ ဝတ်တုမရေးတတျလို့ပါ ၊ ရေးများရေးတတ်ရင်ဖြင့် ဝတ်တုခေါငျးစဉျကို ” ဘယ်သူ အပျိုစစ်ပါသလဲ ” လို့ ပေးမိမှာပါ ပဲ။

Credit

Zawgyi

ဘယ္သူက အပ်ိဳစစ္ပါသလဲ

ကြၽန္မနဲ႕သူက ခ်စ္သူေတြပါ။ လက္ဖက္ရည္ႀကိဳက္ တတ္တဲ့ ကြၽန္မဟာ ဆိုင္မွာပူ ပူေလးထိုင္ေသာက္ ရတာကို ႏွစ္သက္ ပါတယ္။

အဲဒီအခါသူေျပာေလ့ ရွိတာကေတာ့”မင္းကြာ…အပ်ိဳေလးတန္မဲ့ ဆိုင္ထိုင္ ရသလား” တဲ့ ။ ကြၽန္မ အခုထိ မသဲကြဲဘူး ျဖစ္ေနတယ္ရွင္ ။မိန္းကေလးကေရာ ဆိုင္မထိုင္ရေတာ့ဘူးတဲ့လား။

အ အို မွ ဆိုင္ထိုင္ရမယ္။ အပ်ိဳမွ ဆိုင္ထိုင္ရမယ္ပစ္ညွပ္ထားသလားရွင္။ ကြၽန္မ ေအာ္ရယ္ပစ္လိုက္တယ္..လူေတြအမ်ားႀကီးေရွ႕မွာပါပဲ…ဆိုင္ထိုင္ဖို႔ရာကို သင့္ေတာ္တယ္ဆိုတဲ့ဆိုင္မွာ

ရိုးသားတဲ့ အရည္ကို ရိုးသားစြာေသာက္ေန တာပါရွင့္ ၊ ဒါေပမဲ့ မေျဖရွင္းေတာ့ပါဘူး(ကိုယ္မွန္တယ္ ထင္ရင္ မေျဖရွင္းပဲ ေ႐ြးတဲ့လမ္းကို ေျဖာင့္ေအာင္ေလွ်ာက္ တတ္တာ ကြၽန္မအက်င့္ကိုး ၊)

ေဟာ…ထပ္ေျပာျပန္ၿပီ..”မင္းကြာ…အပ်ိဳေလးျဖစ္ၿပီး ရယ္တာႀကီးကိုက ” တဲ့ ၊ထုံးစံအတိုင္း ကြၽန္မမေျဖရွင္းပါဘူး ။စာရင္းကိုင္တေယာက္ျဖစ္တဲ့ ကြၽန္မဟာတခါတရံအလုပ္မ်ားပါတယ္၊အဲဒီအခါ

အိမ္ျပန္ေနာက္က်တတ္တဲ့ ကြၽန္မကို“မင္းကြာ…အပ်ိဳဆိုတာ အိမ္ျပန္သိပ္မိုးမခ်ဳပ္သင့္ဘူး” တဲ့ဒီလို…ဒီလိုနဲ႕ပဲ ခ်စ္သူဘ၀ကိုျဖတ္သန္းခဲ့ၿပီးေတာ့ သူလဲနိုင္ငံျခားကို အလုပ္လုပ္ဖို႔ထြက္သြားၿပီေပါ့ ။

သူနိုင္ငံျခားသြားလို႔သိပ္မၾကာခင္မွာပဲကြၽန္မတပည့္တေယာက္ရခဲ့တယ္၊နာမည္ကေခ်ာေခ်ာတဲ့..။ေကာင္မေလးရဲ႕ မ်က္ႏွာမွာအထင္ရွားဆုံးကေတာ့ ပါးႏွစ္ဘက္လုံးမွာပါတဲ့ ပါးခ်ိဳင့္ပါပဲ။

LCCI(3)ကို ေခ်ာေခ်ာအိမ္မွာ Guide လုပ္ေပးဖို႔ေပါ့ ၊ စာေမးပြဲေျဖဖို႔နီးကပ္လာတဲ့တစ္ေန႕မွာ မေအာင္မွာစိုးတဲ့ကြၽန္မ စာျပဖို႔ေစာေစာအေရာက္ ေခ်ာေခ်ာေဆး႐ုံတင္ထားရတယ္လို႔ ဆီးေျပာတာနဲ႕

ေဆး႐ုံကိုလိုက္သြားမိတယ္။ ကိုယ္၀န္(၂)လရွိတာသိလို႔ စိတ္ညစ္ၿပီး ပိုးသတ္ေဆးေသာက္တာတဲ့ ၊လူဦးလို႔ေပါ့ ၊ မေသေကာင္းမေပ်ာက္ေကာင္းရွင္ ၊ ကြၽန္မလဲအားေပးစကားေျပာၿပီးအိမ္ျပန္လာခဲ့တယ္။

ကြၽန္မစိတ္ထဲ မရွင္းဘူးရွင္ ၊ကြၽန္မသိသေလာက္ေတာ့ ေခ်ာေခ်ာဟာ အိမ္သားေတြမပါဘဲ အျပင္မထြက္တတ္ဘူးရွင့္..၊ေရာ္…ဘာေတြလဲကြယ္…။အဲဒီေန႕ကတည္းက စကားေျပာရင္ ေျဖးညွင္းစြာ

၊ရယ္ရင္လည္း တိုးတိုးေလးရယ္တတ္တဲ့ ပါးခ်ိဳင့္ႏွစ္ဘက္နဲ႕ေခ်ာေခ်ာကို ေနာက္ထပ္မေတြ႕ရေတာ့ပါဘူး။ အခ်ိန္ေတြၾကာလာခဲ့ၿပီး တေန႕မွာေတာ့ ဖိတ္စာတစ္ေစာင္နဲ႕စာအိတ္တစ္လုံးကို ကြၽန္မရခဲ့တယ္။

ဖိတ္စာကေတာ့ ကြၽန္မရဲ႕တစ္ေယာက္ထဲရွိခဲ့ေသာခ်စ္သူရဲ႕မဂၤလာေဆာင္ဖိတ္စာေပါ့ ၊ဆက္ဆက္လာပါတဲ့ ။ေသြးေၾကာင္ရင္ ေဘးေခ်ာင္မွာရပ္ေနမွာေပါ့ ၊ကြၽန္မဆက္ဆက္သြားမွာပါ ။စာအိတ္ကလည္း

သူေရးထားတဲ့စာပါပဲ ၊ဆက္ဖတ္ဖို႔မလိုအပ္ေတာ့ဘူးလို႔ထင္တာနဲ႕ ဒီတိုင္းပဲပစ္ထားလိုက္တယ္ ။မဂၤလာေဆာင္ရက္မွာ အသဲမကြဲဘူးေဟ့လို႔ ျပခ်င္တဲ့ကြၽန္မ အလွဆုံးကိုျပင္ပစ္လိုက္တယ္ ။

(အခ်စ္ဦးနဲ႕လြဲရေပမဲ့ အခ်စ္ဆုံးနဲ႕ဆုံနိုင္ခြင့္ ရွိပါေသးတယ္ရွင္ ၊)အခ်စ္မပါဘဲ ဘ၀ကိုေအာင္ျမင္ေအာင္တည္ေဆာက္ခဲ့တဲ့ သူေတြမွအမ်ားႀကီးပါ ။ေဟာ..လာေနၿပီ..မဂၤလာေမာင္ႏွံ ၊

သူေ႐ြးတဲ့သတိုးသမီးကို ေသေသခ်ာခ်ာၾကည့္မွ..ပါးခ်ိဳင့္..သတိုးသမီးမ်က္ႏွာေပၚက ထင္ရွားလွတဲ့ ပါးခ်ိဳင့္ ..ေခ်ာေခ်ာ..ေၾသာ္ သတိုးသမီးက ေခ်ာေခ်ာ ကိုး ။အိမ္ျပန္ေရာက္တာနဲ႕ ဖြင့္ေဖာက္ဖတ္ဖို႔

မလိုအပ္ေတာ့ဘူးလို႔ထင္ၿပီး ပစ္ထားတဲ့သူ႕ရဲ႕စာကို ခ်က္ခ်င္းဖြင့္ၾကည့္မိတယ္ ၊စာထဲပါတာကေတာ့..” ငါျပန္လာတာ နင့္ကိုအသိမေပးတာက အိမ္ေထာင္ျပဳေတာ့မွာမို႔ပဲ ၊အိမ္ကရွာေပးတာ ၊

ငါလဲႏွစ္သက္တယ္ ၊သူ႕မွာ ငါႀကိဳက္တဲ့ အပ်ိဳစင္အခ်က္ေတြရွိတယ္ ”ပါသတဲ့ရွင္…ကြၽန္မ ဒီစာကို မွန္ေဘာင္သြင္းၿပီး ေ႐ႊကြပ္ထားလိုက္ခ်င္မိတယ္ကြၽန္မကို တသက္လုံးရယ္ေနေအာင္လုပ္ေပးမဲ့

ဟာသစစ္စစ္တစ္ပုဒ္အေနနဲ႕ေပါ့ ။ကြၽန္မေလ ၀တ္တုမရေးတတ်လို့ပါ ၊ ေရးမ်ားေရးတတ္ရင္ျဖင့္ ၀တ္တုခေါင်းစဉ်ကို ” ဘယ္သူ အပ်ိဳစစ္ပါသလဲ ” လို႔ ေပးမိမွာပါ ပဲ။

Credit