
သရဏဂုံအကျိုးကြောင့် (၇)နှစ်သားအရွယ်ဖြင့် ရဟန္တာဖြစ်ခဲ့ရသူ အကြောင်း
ဘုရားရှင်လက်ထက်တော်ကသရဏဂုံကို အကြောင်းခံပြီးရဟန္တာဖြစ်သွားရတဲ့ ပုဂ္ဂိုလ်တွေလဲရှိခဲ့ဖူးတယ် ။ ‘သရဏဂုံမထေရ်’ လို့ပဲအမည်တွင်ခဲ့ကြတယ်။
မြတ်စွာဘုရားလက်ထက်တော်ကသာဝတ္ထိပြည်မှာ ၇-နှစ်သားအရွယ်သူငယ်ကလေး တစ်ယောက် ရှိခဲ့ဖူးတယ်။ကလေးတို့ဘာဝ ကစားဖော် ကလေးများနှင့်
ဘုန်းကြီးကျောင်းတိုက် တစ်ခုထဲရောက်သွားကြတယ်။ ကျောင်းတိုက်ထဲမှာသီတင်းသုံးတဲ့ ရဟန္တာအရှင်မြတ်တစ်ပါးကပျူ ပျူ ငှာငှာ ကလေးများကို နှုတ်ဆက်မေးစမ်းပြီး
သရဏဂုံသုံးပါးကို ရွတ်ဆိုသင်ပြပေးလိုက်တယ်။သူကြွယ်သားကလေးဟာ ‘ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ’လို့ဆိုလိုက်တာနဲ့ ချက်ချင်း ရိုးတွင်းချဉ်ဆီခိုက်အောင်ပီတိတွေဖြစ်သွားတယ်။
အိပ်ပျော်နေရာကဖြုန်းကနဲနိုးလာပြီးတစ်စုံတစ်ခု သတိရလိုက်သလိုမီးခဲပြာဖုံးဖြစ်နေတဲ့ အသိတွေ ဘွားခနဲပွင့်သွားတယ်။
သရဏဂုံကို အကြောင်းပြု ပြီးဝိပဿ နာဉာဏ် ဝင်စားလိုက်တာ အဲဒီနေရာမှာပဲခုနစ်နှစ်သားကလေး ရဟန္တာဖြစ်တော်မူသွားသတဲ့။
သတ္တဝါတို့မည်သည် နောက်ကြောင်းကိုယ်စီရှိကြတယ်။ ဘဝနောက်ခံ ကိုယ်စီပါကြသည်လို့မှတ်ရမယ်။အသိဉာဏ်ရှိတဲ့ ဘဝတစ်ခုခုက
ထိထိခိုက်ခိုက်နှလုံးသွင်း လေ့ကျင့်ထားတဲ့ အလုပ်တစ်ခုဟာတစ်သံသရာလုံး အကျိုးဖြစ်စေတယ်။နှယ်နှယ်ရရ မမှတ်ကြနှင့်။
ဒီ ( ၇ )နှစ်သား သူကြွယ်သားကလေးဟာဟိုး —လွန်ခဲ့တဲ့ ၇-ဆူမြောက် ဝိပဿီမြတ်စွာ ဘုရားလက်ထက်တော်အခါတုန်းက ဗန္ဓု မတီပြည်ကမျက်မမြင် ဒုက္ခိတ မိဘနှစ်ပါးကိုပြု စုလုပ်ကျွေးခဲ့တဲ့သူဖြစ်တယ်။
ရဟန်းတော်တွေရဲ့ဘဝကို ဖူးမြင်ရတိုင်းသူ့မှာ အားကျတဲ့စိတ် ဖြစ်ရှာတယ်။သို့ပါသော်လည်းပဲ. . .‘သြော်. . .ငါ့မှာ မျက်မမြင်မိဘ နှစ်ပါးကိုလုပ်ကျွေးပြု စုရမယ့် တာဝန်ရှိနေတယ်။
သူများလို လွတ်လွတ်လပ်လပ်သာဆိုရင်ရဟန်းပြုရသော် ကောင်းလေစွ’လို့မကြာခဏ စိတ်ကူးမိတယ်။နောက်ဆုံးတော့………‘မရနိုင်တာ’ တောင့်တနေလို့ အကျိုးမရှိဘူး။
သရဏဂုံသုံးပါးနှင့်နေပြီးသရဏဂုံသုံးပါးနှင့် သေရင်လဲဒီဘဝ ဒုက္ခတွေကလွတ်မြောက်မှာပါပဲ’ဆိုပြီးနိသဘခေါ်တဲ့ အဂ္ဂသာဝကမထေရ် တစ်ပါးထံမှာသရဏဂုံ ဆောက်တည်ပြီး စွဲမြဲစွာ နေသွားတယ်။
အဲ. . .ဒီဘဝက သေတဲ့နောက်တာဝတိ ံသာမှာ ဖြစ်တယ်။သရဏဂုံ စွဲမြဲထုံသောကြောင့်အပါယ်လေးဘုံဆိုလျှင် ကြားပင်မကြားရဘဲ
ဝိပဿီ သိခီ ဝေဿ ဘူ ကကုသန် ကောဏဂုံကဿ ပ ဂေါတမ. . . ဘုရား ၇-ဆူကာလတစ်လျှောက်လုံး ကမ္ဘာပေါင်းများစွာလူ့ပြည် နတ်ပြည်မှာပဲ လှည့်လည်ပြီးအဆင့်တန်းမြင့်မြင့်ချ ည်း ကျင်လည်ခဲ့ရတယ်။
ငါတို့ဂေါတမဘုရားရှင် လက်ထက်မှာခုနက ပြောခဲ့တဲ့အတိုင်း ဒီခေတ်မှာ ပြောနေကြတဲ့ မီလျံနာ-ဘီလျံနာလောက်မက ချမ်းသာကြွယ်ဝတဲ့မဟာသာလ သူဌေးမျိုးမှာဖြစ်လာကြတယ်။
ဘဝနောက်ခံပါခဲ့သည့်အားလျော်စွာ‘ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ’လို့နှုတ်ကရွတ်ဆိုလိုက်တာနဲ့ဇာတိဿ ရ ဉာဏ်တွေရ ဘွားခနဲအတိတ်ဘဝက အလုပ်တွေပေါ်လာပြီးဝိပဿ နာဉာဏ် ဝင်စားလိုက်တာ
ချက်ချင်းရဟန္တာ ဖြစ်တော်မူသွားတယ်။အားကျ ဖွယ်ကောင်းလိုက်တာလေ။ဒါကြောင့် အနည်းဆုံး သရဏဂုံနှင့်နေ သရဏဂုံနှင့်သေကြရင် အရိယာဘဝသို့ မရ-မရောက်ကြရသေးစေကာမူ
အပါယ်ဘေးကြီးက စိတ်ချရပြီ။နတ်ပြည် ၆-ထပ် မြင့်မြတ်တဲ့ဘဝတွေကိုအသာကလေး ရနိုင်တယ်လို့မမှိတ်မသုန်ယုံကြည်ကြရမယ်။သည့်ထက်ကောင်းတဲ့ ဂါထာမရှိဘူးဟူ၍ မှတ်။
ဘယ်လို အန္တရာယ်ကင်းတယ် စီးပွားတက်မယ်ဆိုပြီး သူပြော လူပြော ဘုရားဟော မဟုတ်တဲ့ဂါထာအသစ်အဆန်းတွေ မလိုက်ကြနဲ့။
‘ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ’ ဆိုတဲ့ သဗ္ဗမင်္ဂလာဂါထာတော်ကြီးနှင့် အရဟံ စသောဂုဏ်တော်မူရင်းတွေထက် ကောင်းတဲ့ဂါထာဘယ်မှာရှိလိမ့်မတုန်း။ဗုဒ္ဓံ သရဏံ ဂစ္ဆာမိဓမ္မံ သရဏံ ဂစ္ဆာမိ သံဃံ သရဏံ ဂစ္ဆာမိ
(နယ်ခြားတောင်တန်းသာသနာပြု ဆရာတော်ကြီး အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဦးဥတ္တမသာရ)
လုံးစုံများစွာ၊ သတ္တဝါချမ်းသာကိုယ်စိတ် မြဲပါစေ။ဥပဒ်ရန်ဘေး၊ကင်းစင်ဝေးငြိမ်းအေးကြပါစေ။အပ္ပမာဒေနသမ္မာဒေထ #credit
Zawgyi
သရဏဂုံအက်ိဳးေၾကာင့္ (၇)ႏွစ္သားအ႐ြယ္ျဖင့္ ရဟႏၲာျဖစ္ခဲ့ရသူ အေၾကာင္း
ဘုရားရွင္လက္ထက္ေတာ္ကသရဏဂုံကို အေၾကာင္းခံၿပီးရဟႏၲာျဖစ္သြားရတဲ့ ပုဂၢိဳလ္ေတြလဲရွိခဲ့ဖူးတယ္ ။ ‘သရဏဂုံမေထရ္’ လို႔ပဲအမည္တြင္ခဲ့ၾကတယ္။
ျမတ္စြာဘုရားလက္ထက္ေတာ္ကသာဝတၳိျပည္မွာ ၇-ႏွစ္သားအ႐ြယ္သူငယ္ကေလး တစ္ေယာက္ ရွိခဲ့ဖူးတယ္။ကေလးတို႔ဘာဝ ကစားေဖာ္ ကေလးမ်ားႏွင့္
ဘုန္းႀကီးေက်ာင္းတိုက္ တစ္ခုထဲေရာက္သြားၾကတယ္။ ေက်ာင္းတိုက္ထဲမွာသီတင္းသုံးတဲ့ ရဟႏၲာအရွင္ျမတ္တစ္ပါးကပ်ဴ ပ်ဴ ငွာငွာ ကေလးမ်ားကို ႏႈတ္ဆက္ေမးစမ္းၿပီး
သရဏဂုံသုံးပါးကို ႐ြတ္ဆိုသင္ျပေပးလိုက္တယ္။သူႂကြယ္သားကေလးဟာ ‘ဗုဒၶံ သရဏံ ဂစာၦမိ’လို႔ဆိုလိုက္တာနဲ႔ ခ်က္ခ်င္း ႐ိုးတြင္းခ်ဥ္ဆီခိုက္ေအာင္ပီတိေတြျဖစ္သြားတယ္။
အိပ္ေပ်ာ္ေနရာကျဖဳန္းကနဲႏိုးလာၿပီးတစ္စုံတစ္ခု သတိရလိုက္သလိုမီးခဲျပာဖုံးျဖစ္ေနတဲ့ အသိေတြ ဘြားခနဲပြင့္သြားတယ္။
သရဏဂုံကို အေၾကာင္းျပဳ ၿပီးဝိပႆ နာဥာဏ္ ဝင္စားလိုက္တာ အဲဒီေနရာမွာပဲခုနစ္ႏွစ္သားကေလး ရဟႏၲာျဖစ္ေတာ္မူသြားသတဲ့။
သတၱဝါတို႔မည္သည္ ေနာက္ေၾကာင္းကိုယ္စီရွိၾကတယ္။ ဘဝေနာက္ခံ ကိုယ္စီပါၾကသည္လို႔မွတ္ရမယ္။အသိဥာဏ္ရွိတဲ့ ဘဝတစ္ခုခုက
ထိထိခိုက္ခိုက္ႏွလုံးသြင္း ေလ့က်င့္ထားတဲ့ အလုပ္တစ္ခုဟာတစ္သံသရာလုံး အက်ိဳးျဖစ္ေစတယ္။ႏွယ္ႏွယ္ရရ မမွတ္ၾကႏွင့္။
ဒီ ( ၇ )ႏွစ္သား သူႂကြယ္သားကေလးဟာဟိုး —လြန္ခဲ့တဲ့ ၇-ဆူေျမာက္ ဝိပႆီျမတ္စြာ ဘုရားလက္ထက္ေတာ္အခါတုန္းက ဗႏၶဳ မတီျပည္ကမ်က္မျမင္ ဒုကၡိတ မိဘႏွစ္ပါးကိုျပဳ စုလုပ္ေကြၽးခဲ့တဲ့သူျဖစ္တယ္။
ရဟန္းေတာ္ေတြရဲ႕ဘဝကို ဖူးျမင္ရတိုင္းသူ႔မွာ အားက်တဲ့စိတ္ ျဖစ္ရွာတယ္။သို႔ပါေသာ္လည္းပဲ. . .‘ေၾသာ္. . .ငါ့မွာ မ်က္မျမင္မိဘ ႏွစ္ပါးကိုလုပ္ေကြၽးျပဳ စုရမယ့္ တာဝန္ရွိေနတယ္။
သူမ်ားလို လြတ္လြတ္လပ္လပ္သာဆိုရင္ရဟန္းျပဳရေသာ္ ေကာင္းေလစြ’လို႔မၾကာခဏ စိတ္ကူးမိတယ္။ေနာက္ဆုံးေတာ့………‘မရႏိုင္တာ’ ေတာင့္တေနလို႔ အက်ိဳးမရွိဘူး။
သရဏဂုံသုံးပါးႏွင့္ေနၿပီးသရဏဂုံသုံးပါးႏွင့္ ေသရင္လဲဒီဘဝ ဒုကၡေတြကလြတ္ေျမာက္မွာပါပဲ’ဆိုၿပီးနိသဘေခၚတဲ့ အဂၢသာဝကမေထရ္ တစ္ပါးထံမွာသရဏဂုံ ေဆာက္တည္ၿပီး စြဲၿမဲစြာ ေနသြားတယ္။
အဲ. . .ဒီဘဝက ေသတဲ့ေနာက္တာဝတိ ံသာမွာ ျဖစ္တယ္။သရဏဂုံ စြဲၿမဲထုံေသာေၾကာင့္အပါယ္ေလးဘုံဆိုလွ်င္ ၾကားပင္မၾကားရဘဲ
ဝိပႆီ သိခီ ေဝႆ ဘူ ကကုသန္ ေကာဏဂုံကႆ ပ ေဂါတမ. . . ဘုရား ၇-ဆူကာလတစ္ေလွ်ာက္လုံး ကမာၻေပါင္းမ်ားစြာလူ႔ျပည္ နတ္ျပည္မွာပဲ လွည့္လည္ၿပီးအဆင့္တန္းျမင့္ျမင့္ခ် ည္း က်င္လည္ခဲ့ရတယ္။
ငါတို႔ေဂါတမဘုရားရွင္ လက္ထက္မွာခုနက ေျပာခဲ့တဲ့အတိုင္း ဒီေခတ္မွာ ေျပာေနၾကတဲ့ မီလ်ံနာ-ဘီလ်ံနာေလာက္မက ခ်မ္းသာႂကြယ္ဝတဲ့မဟာသာလ သူေဌးမ်ိဳးမွာျဖစ္လာၾကတယ္။
ဘဝေနာက္ခံပါခဲ့သည့္အားေလ်ာ္စြာ‘ဗုဒၶံ သရဏံ ဂစာၦမိ’လို႔ႏႈတ္က႐ြတ္ဆိုလိုက္တာနဲ႔ဇာတိႆ ရ ဥာဏ္ေတြရ ဘြားခနဲအတိတ္ဘဝက အလုပ္ေတြေပၚလာၿပီးဝိပႆ နာဥာဏ္ ဝင္စားလိုက္တာ
ခ်က္ခ်င္းရဟႏၲာ ျဖစ္ေတာ္မူသြားတယ္။အားက် ဖြယ္ေကာင္းလိုက္တာေလ။ဒါေၾကာင့္ အနည္းဆုံး သရဏဂုံႏွင့္ေန သရဏဂုံႏွင့္ေသၾကရင္ အရိယာဘဝသို႔ မရ-မေရာက္ၾကရေသးေစကာမူ
အပါယ္ေဘးႀကီးက စိတ္ခ်ရၿပီ။နတ္ျပည္ ၆-ထပ္ ျမင့္ျမတ္တဲ့ဘဝေတြကိုအသာကေလး ရႏိုင္တယ္လို႔မမွိတ္မသုန္ယုံၾကည္ၾကရမယ္။သည့္ထက္ေကာင္းတဲ့ ဂါထာမရွိဘူးဟူ၍ မွတ္။
ဘယ္လို အႏၲရာယ္ကင္းတယ္ စီးပြားတက္မယ္ဆိုၿပီး သူေျပာ လူေျပာ ဘုရားေဟာ မဟုတ္တဲ့ဂါထာအသစ္အဆန္းေတြ မလိုက္ၾကနဲ႔။
‘ဗုဒၶံ သရဏံ ဂစာၦမိ’ ဆိုတဲ့ သဗၺမဂၤလာဂါထာေတာ္ႀကီးႏွင့္ အရဟံ စေသာဂုဏ္ေတာ္မူရင္းေတြထက္ ေကာင္းတဲ့ဂါထာဘယ္မွာရွိလိမ့္မတုန္း။ဗုဒၶံ သရဏံ ဂစာၦမိဓမၼံ သရဏံ ဂစာၦမိ သံဃံ သရဏံ ဂစာၦမိ
(နယ္ျခားေတာင္တန္းသာသနာျပဳ ဆရာေတာ္ႀကီး အဘိဓဇ အဂၢမဟာသဒၶမၼ ေဇာတိက ဦးဥတၱမသာရ)
လုံးစုံမ်ားစြာ၊ သတၱဝါခ်မ္းသာကိုယ္စိတ္ ၿမဲပါေစ။ဥပဒ္ရန္ေဘး၊ကင္းစင္ေဝးၿငိမ္းေအးၾကပါေစ။အပၸမာေဒနသမၼာေဒထ #credit