ချဉ်ဖတ်စိမ်ရင် အရသာ နှစ်ဆ ပိုကောင်းစေတဲ့ လျှို့ဝှက်နည်းလမ်း (ဓာတုဆေးဝါး လုံးဝမပါဘူးနော်)

ချဉ်ဖတ်စိမ်ရင် အရသာ နှစ်ဆ ပိုကောင်းစေတဲ့ လျှို့ဝှက်နည်းလမ်း (ဓာတုဆေးဝါး လုံးဝမပါဘူးနော်)

ချဉ်ဖတ်စိမ်ရင် စဉ့်အိုးလေးနဲ့ထည့်ပြီး စိမ်ကြည့်နော် အရသာမှာသိသိသာသာကွာပါတယ်နော် တစ်ချို့က ဆန်ဆေးရည်နဲ့စိမ်ကြတယ် ဆန်ဆေးရည်ကအစိမ်းဆိုတော့ပုပ်လွယ်တယ် ထမင်းရည်နဲ့စိမ်ပါနော်

ထမင်းရည်ကချက်ထားတာဆိုတော့ ချဉ်ဖတ်အိုးကပိုပြီးခံတယ် ပိုပြီးစားကောင်းပါတယ် ထမင်းရည်ကိုအအေးခံထားပါ ချဉ်ဖတ်ထည့်မယ်အိုးထဲကို ထမင်းရည်အအေးခံထားတာ ထည့်ပေးပါ၊ ဆားထည့်ပါ ပြီးရင်အဖုံးပိတ်ပြီး တစ်ရက်လောက်ထားပေးပါ။

နောက်ရက်မှ ကိုယ်ကြိုက်တဲ့ အသီးအရွက်ထည့်ပါ အဖုံးပိတ်ထားပေးပါ ထမင်းနဲ့စိမ်မယ်ဆိုရင် ထမင်းကို နေခြောက်လှန်းလိုက်ပါ။ ရေနွေးတည်ပြီး အအေးခံထားပါ။ ကိုယ်ထည့်မယ့် အိုးထဲကို ထမင်းခြောက်ထည့်ပါ။

အအေးခံထားတဲ့ ရေနွေးထည့်ပါ၊ ဆားထည့်ပါ ပြီးရင် အဖုံးပိတ်ပြီး တစ်ညသိပ်ထားလိုက်ပါ။နောက်ရက်မှ အသီးအရွက်ထည့်ပါဗျ။ ထမင်းနဲ့စိမ်ရင် ချဉ်အိုးက ပိုပြီးခံပါတယ်။ ကတက်ချဉ်ဆို တစ်လလောက်ထိကို ခံပါတယ်ဗျ။

၂ ရက် ၃ ရက်လောက်နေရင် စားလို့ရပါပြီ။စဉ့်အိုးနဲ့တည်ရင် အဖုံးအုပ်ပြီး နေရောင်အောက်မှာ ထားပေးရင် မြန်မြန်ချဉ်ပြီး စားကောင်းပါတယ် ချဉ်ဖတ်မထည့်တတ်တဲ့သူတွေအတွက် ချဉ်ဖတ်ထည့်နည်းလေးမျှဝေပေးလိုက်ပါတယ် ကိုယ်တိုင်ဓါတုဆေးဝါးမပါပဲလုပ်စားကြည့်ကြပါ
PMK

မူရင်းပို့စ်ပိုင်ရှင်ကိုလေးစားစွာ Creditပေးပါတယ်ရှင့်…

Zawgyi

ခ်ဥ္ဖတ္စိမ္ရင္ အရသာ ႏွစ္ဆ ပိုေကာင္းေစတဲ့ လွ်ိဳ႕ဝွက္နည္းလမ္း (ဓာတုေဆးဝါး လုံးဝမပါဘူးေနာ္)

ခ်ဥ္ဖတ္စိမ္ရင္ စဥ့္အိုးေလးနဲ႔ထည့္ၿပီး စိမ္ၾကည့္ေနာ္ အရသာမွာသိသိသာသာကြာပါတယ္ေနာ္ တစ္ခ်ိဳ႕က ဆန္ေဆးရည္နဲ႔စိမ္ၾကတယ္ ဆန္ေဆးရည္ကအစိမ္းဆိုေတာ့ပုပ္လြယ္တယ္ ထမင္းရည္နဲ႔စိမ္ပါေနာ္

ထမင္းရည္ကခ်က္ထားတာဆိုေတာ့ ခ်ဥ္ဖတ္အိုးကပိုၿပီးခံတယ္ ပိုၿပီးစားေကာင္းပါတယ္ ထမင္းရည္ကိုအေအးခံထားပါ ခ်ဥ္ဖတ္ထည့္မယ္အိုးထဲကို ထမင္းရည္အေအးခံထားတာ ထည့္ေပးပါ၊ ဆားထည့္ပါ ၿပီးရင္အဖုံးပိတ္ၿပီး တစ္ရက္ေလာက္ထားေပးပါ။

ေနာက္ရက္မွ ကိုယ္ႀကိဳက္တဲ့ အသီးအ႐ြက္ထည့္ပါ အဖုံးပိတ္ထားေပးပါ ထမင္းနဲ႔စိမ္မယ္ဆိုရင္ ထမင္းကို ေနေျခာက္လွန္းလိုက္ပါ။ ေရေႏြးတည္ၿပီး အေအးခံထားပါ။ ကိုယ္ထည့္မယ့္ အိုးထဲကို ထမင္းေျခာက္ထည့္ပါ။

အေအးခံထားတဲ့ ေရေႏြးထည့္ပါ၊ ဆားထည့္ပါ ၿပီးရင္ အဖုံးပိတ္ၿပီး တစ္ညသိပ္ထားလိုက္ပါ။ေနာက္ရက္မွ အသီးအ႐ြက္ထည့္ပါဗ်။ ထမင္းနဲ႔စိမ္ရင္ ခ်ဥ္အိုးက ပိုၿပီးခံပါတယ္။ ကတက္ခ်ဥ္ဆို တစ္လေလာက္ထိကို ခံပါတယ္ဗ်။

၂ ရက္ ၃ ရက္ေလာက္ေနရင္ စားလို႔ရပါၿပီ။စဥ့္အိုးနဲ႔တည္ရင္ အဖုံးအုပ္ၿပီး ေနေရာင္ေအာက္မွာ ထားေပးရင္ ျမန္ျမန္ခ်ဥ္ၿပီး စားေကာင္းပါတယ္ ခ်ဥ္ဖတ္မထည့္တတ္တဲ့သူေတြအတြက္ ခ်ဥ္ဖတ္ထည့္နည္းေလးမွ်ေဝေပးလိုက္ပါတယ္ ကိုယ္တိုင္ဓါတုေဆးဝါးမပါပဲလုပ္စားၾကည့္ၾကပါ
PMK

မူရင္းပို႔စ္ပိုင္ရွင္ကိုေလးစားစြာ Creditေပးပါတယ္ရွင့္…