
“မြင့်မြတ်သောဘုံဘဝမှာ အနုပညာနဲ့ ငြိမ်းချမ်းပါစေ လို့ရေမွန်အတွက် ဆုတောင်းပေးတဲ့ ထားထက်ထက်”
ဒီကနေ့ကွယ်လွန်သွားခဲ့တဲ့ ရေမွန်အတွက် ထားထက်ထက်က သူ့ရဲ့လူမူကွန်ယက်ဖေ့ဘွတ်စ်မှာ အခုလိုရေးသားထားပါတယ်။
“တော်လှန်ရေး ရဲဘော်ရဲဘက် အကို ရေမွန် သို့
မမြင်နိုင် မကြားနိုင်တော့ပေမယ့် လေးစားဂုဏ်ပြုပါရစေ…….
အကို့အမေဆီမှာ သီချင်းဆိုသင်တန်းတက်ရင်း အကို့ကိုသိခဲ့ပါတယ်။ အကို့သီချင်းတွေ နားထောင်ဖြစ်ပါတယ်။အကို့ အနုပညာ ကို ကြိုက်ခဲ့ပါတယ်။
နောက်ပိုင်း We Love Yangon မှာ ပရဟိတ လုပ်ရင်းထပ်ဆုံကြတဲ့ အခါ အရင်လိုပဲ ဖော်ရွေဖြူစင်တဲ့ အပြုံးနဲ့ အကို့ကောင်မလေး ကေကေနဲ့အတူတူ အကို့အနုပညာနဲ့ ပရဟိတလုပ်နေသူတွေကို အားပေးရင်း သီချင်းတွေနဲ့ ဖျော်ဖြေပေးတဲ့ အကို….
တော်လှန်ရေးအတွက် အကို လွတ်မြောက်နယ်မြေကို ရောက်နေတာသိခဲ့ရပြန်တော့လဲ လေးစားရပါတယ်။အခုလို ဆုံးရှုံးလိုက်ရတာကိုလဲ တော်တော်စိတ်မကောင်းဖြစ်ရပါတယ် အကို…..
အစားအသောက် ၊ အနေအထိုင်ဆင်းရဲပြီး ငှက်ဖျားပိုးကြောင့်ဖြစ်ဖြစ် ၊ အစာအိမ်သွေးကြောပေါက်တာကြောင့်ဖြစ်ဖြစ် အသက်ဆုံးရှုံးရလို့ ဝမ်းနည်းရပါတယ်..…
ပိုပြီးဝမ်းနည်းရတာက တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ပြီး ပြင်ဆင်နေတဲ့ ရဲဘော်တစ်ယောက်ဟာ အသက်ဆုံးရှုံးနိုင်တယ်ဆိုတာ သိသိကြီးနဲ့ ဒီအထိရောက်လာ ၊ တိုက်ခိုက်ရေး ပညာတွေသင်ပြီးမှ အဆင်သင့်မဖြစ်ခင် ၊ မတရားမှုအတွက် စကစသူပုန်တွေကိုပြန်ပြီး မတိုက်ရခင်မှာ ဆုံးရှုံးသွားရတာကို ပိုနှမြောတသဖြစ်ရတယ်…..
ကိုရေမွန်လဲ ဒီအတိုင်းပဲ စိတ်ထဲရှိနေမယ်လို့ ကျွန်မ ထင်တယ်….
ကျဆုံးခဲ့ပြီးသော ရဲဘော်ကို ကျွန်မ ကတိပေးပါတယ်။
ကျွန်မတို့ အခုထက်ပိုပြီး ကြိုးစားပါမယ်။
အခုထက် ပိုပြီး အားစိုက်ပါမယ်။
အခုထက် ပိုပြီး တန်ဖိုးရှိတဲ့ အသက်တွေ မဆုံးရှုံးရအောင် ၊ ရဲဘော်တွေအားလုံး တိုက်ပွဲ အတွက်
ချပ်ဝတ်တန်ဆာ အဆင်သင့် ဖြစ်အောင် ၊ ကိုယ်တတ်နိုင်တဲ့ အခန်းကဏ္ဌကနေပါဝင်ပါ့မယ်။
မြင့်မြတ်သောဘုံဘဝမှာ အနုပညာနဲ့ ငြိမ်းချမ်းပါစေ ”
ထားထက်ထက်
23 June 2021
36Myanmar
————–
“ျမင့္ျမတ္ေသာဘုံဘဝမွာ အႏုပညာနဲ႔ ၿငိမ္းခ်မ္းပါေစ လို႔ေရမြန္အတြက္ ဆုေတာင္းေပးတဲ့ ထားထက္ထက္”
ဒီကေန႔ကြယ္လြန္သြားခဲ့တဲ့ ေရမြန္အတြက္ ထားထက္ထက္က သူ႔ရဲ႕လူမူကြန္ယက္ေဖ့ဘြတ္စ္မွာ အခုလိုေရးသားထားပါတယ္။
“ေတာ္လွန္ေရး ရဲေဘာ္ရဲဘက္ အကို ေရမြန္ သို႔
မျမင္ႏိုင္ မၾကားႏိုင္ေတာ့ေပမယ့္ ေလးစားဂုဏ္ျပဳပါရေစ…….
အကို႔အေမဆီမွာ သီခ်င္းဆိုသင္တန္းတက္ရင္း အကို႔ကိုသိခဲ့ပါတယ္။ အကို႔သီခ်င္းေတြ နားေထာင္ျဖစ္ပါတယ္။အကို႔ အႏုပညာ ကို ႀကိဳက္ခဲ့ပါတယ္။
ေနာက္ပိုင္း We Love Yangon မွာ ပရဟိတ လုပ္ရင္းထပ္ဆုံၾကတဲ့ အခါ အရင္လိုပဲ ေဖာ္ေ႐ြျဖဴစင္တဲ့ အၿပဳံးနဲ႔ အကို႔ေကာင္မေလး ေကေကနဲ႔အတူတူ အကို႔အႏုပညာနဲ႔ ပရဟိတလုပ္ေနသူေတြကို အားေပးရင္း သီခ်င္းေတြနဲ႔ ေဖ်ာ္ေျဖေပးတဲ့ အကို….
ေတာ္လွန္ေရးအတြက္ အကို လြတ္ေျမာက္နယ္ေျမကို ေရာက္ေနတာသိခဲ့ရျပန္ေတာ့လဲ ေလးစားရပါတယ္။အခုလို ဆုံးရႈံးလိုက္ရတာကိုလဲ ေတာ္ေတာ္စိတ္မေကာင္းျဖစ္ရပါတယ္ အကို…..
အစားအေသာက္ ၊ အေနအထိုင္ဆင္းရဲၿပီး ငွက္ဖ်ားပိုးေၾကာင့္ျဖစ္ျဖစ္ ၊ အစာအိမ္ေသြးေၾကာေပါက္တာေၾကာင့္ျဖစ္ျဖစ္ အသက္ဆုံးရႈံးရလို႔ ဝမ္းနည္းရပါတယ္..…
ပိုၿပီးဝမ္းနည္းရတာက တိုက္ပြဲဝင္ဖို႔ ဆုံးျဖတ္ၿပီး ျပင္ဆင္ေနတဲ့ ရဲေဘာ္တစ္ေယာက္ဟာ အသက္ဆုံးရႈံးႏိုင္တယ္ဆိုတာ သိသိႀကီးနဲ႔ ဒီအထိေရာက္လာ ၊ တိုက္ခိုက္ေရး ပညာေတြသင္ၿပီးမွ အဆင္သင့္မျဖစ္ခင္ ၊ မတရားမႈအတြက္ စကစသူပုန္ေတြကိုျပန္ၿပီး မတိုက္ရခင္မွာ ဆုံးရႈံးသြားရတာကို ပိုႏွေျမာတသျဖစ္ရတယ္…..
ကိုေရမြန္လဲ ဒီအတိုင္းပဲ စိတ္ထဲရွိေနမယ္လို႔ ကြၽန္မ ထင္တယ္….
က်ဆုံးခဲ့ၿပီးေသာ ရဲေဘာ္ကို ကြၽန္မ ကတိေပးပါတယ္။
ကြၽန္မတို႔ အခုထက္ပိုၿပီး ႀကိဳးစားပါမယ္။
အခုထက္ ပိုၿပီး အားစိုက္ပါမယ္။
အခုထက္ ပိုၿပီး တန္ဖိုးရွိတဲ့ အသက္ေတြ မဆုံးရႈံးရေအာင္ ၊ ရဲေဘာ္ေတြအားလုံး တိုက္ပြဲ အတြက္
ခ်ပ္ဝတ္တန္ဆာ အဆင္သင့္ ျဖစ္ေအာင္ ၊ ကိုယ္တတ္ႏိုင္တဲ့ အခန္းကဏၭကေနပါဝင္ပါ့မယ္။
ျမင့္ျမတ္ေသာဘုံဘဝမွာ အႏုပညာနဲ႔ ၿငိမ္းခ်မ္းပါေစ ”
ထားထက္ထက္
23 June 2021
#36Myanmar