
ထိုင်းရောက် ရွေ့ပြောင်းလုပ်သား နေ့စားသမားတစ်ယောက်ရဲ့ ဘဝကို ကျန်ခဲ့တဲ့ မိသားစုတွေ သိဖို့……….😒😒😒
ရွေ့ပြောင်း အလုပ်သမားတစ်ယောက်ရဲ့ နေ့စားခ …320 B မြန်မာငွေဖြင့်… 18800 ကျပ်၊ အိုတီ 1နာရီ60 B မြန်မာငွေ 3500 ကျပ်ပါ
အိုတီက ပုံမှန်မရှိပါဘူး။ ရှိတဲ့ရက်လဲ 3 နာရီB 180 မြန်မာငွေ 1 သောင်းကျပ်၊ တစ်ရက် ကို 28800 ကျပ်ရပါတယ်
1 လချူပ်လိုက်ရင် 15 ရက်တခါ ငွေရှင်း အိုတီခပါပေါင်းရင် ဘတ် 6000 ရဖို့ မနက် 8 နာရီကနေ ည 9 နာရီထိ အလုပ်ကို မနားမနေလုပ်လုပ်ရတယ်
ထမင်းစားချိန် နားချိန် 45 မိနစ်သာ ရတယ်နော်။ ပြောပြတာ စည်းကမ်းစနစ်တွေ လည်ပက်မှုအောက်မှာ လိုင်းခေါင်းဆောင်တွေရဲ့ မျက်စိအောက် cctv တွေရဲ့ အကြည့်အောက်မှာ
ရေသောက် အိပ်သာသွားတာတောင် 15 မိနစ်ထက်ကျော်သွားရင် လိုင်းခေါင်းဆောင်တွေရဲ့ အဆဲအဆိုကိုခံရပါတယ်
၁ လမှာလဲ အလုပ်ဆင်းပျက်ရက် 3 ရက်ထက်ပိုရင် အလုပ်ပြုတ်ပါတယ်နော်။
1လလုံးရဲ့ ဝင်ငွေစုစုပေါင်း ပျမ်းမျှ ဘတ်ငွေ 12000 ရဖို့က ချွေးသွေး ခံစားချက် ခွန်းအားတွေနဲ့ ရင်းထားရပါတယ်
ကြားထဲ 12000 ဘတ်ငွေထဲက အိမ်ခန်းခ 1500 ဘတ် မီးရေခ 500 B နီးပါး၊ စားစရိတ်အထွေထွေသုံးစရိတ် ၁ လ 4000 B မကုန်ရင်မရပါဘူး ဒါတောင် ချွေတာစားရတာနော်
လုပ်အားခထဲ 6000B က ကုန်ပြီ။ အပျော်အပါးမသွား လျော့ပင်းမထွတ် အခန်းအောင်းနေသူအတွတ် ၁ လကို မြန်မာငွေ လုပ်ခထဲက စားစရိတ် အိမ်လခ ရေခမီးခနုတ်ရင် ၁လ မြန်မာငွေ 3 သိန်းကျော် 4 သိန်းစုမိဖို့က အတော်လေ ချွေတာစား စုတတ် သုံးတတ်သူမှ နော်
အဲလိုရူန်းကန်းနေရပြီး စုထားချွေးတာစားပြီး မြန်မာပြည်ပို့နေရတာ.တချို့မိဘတွေကမစုကြမဆောင်းကြပါဘူး..
တချို့လူတွေကပါ မဖြစ်စလောက်ပေးငွေ ပေးကမ်းနေတာ ပြောတဲ့ ပါးစပ်တွေကို အံ့သြမိတယ် တကယ်
ဘယ်လို ကိုယ်ချင်းစာစိတ်နဲ့ ပြောထွတ်တယ်ဆိုတာ ပေးလိုက်တဲ့ အရာတိုင်းလုပ်အားခတိုင်က ချွေးနည်းစာစစ်စစ်တွေနဲ့ အတူ မေတ္တာ တွေ စေတနာ တွေပါ ထည့်ပါပြီးသာနော်.
သူဌေးလိုနေ သူဌေးလိုစား သူဌေးစကားပြောပြီး ချေမိုးပြီး နေလို့မရတဲ့ ပြည်ပရောက်နေတဲ့ လူတွေရဲ့ ရူန်ကန်မူ့ ခံစားချက် အထီးကျန်မှုတွေ လွမ်းဆွေးမှု နာကျင်မှုတွေ ကိုယ်ချင်းစာပေးကြပါလို့
အလွယ်ရ အလွယ်စားရ တောင်းတိုင်းပေးလိုက်တယ်ဆိုတာ အဆင်မပြေမူ့ ရူန်းကန်မှု့တွေကြားက အသုံးစရိတ်ကို ချွေတာချလိုက်ပြီး
ဟိုဖက်က စိတ်ချမ်းသာ ပါစေ အဆင်ပြေပါစေ သုံးပါစေ စားပါစေဆိုပြီးစေတနာ မေတ္တာ စစ်စစ်တွေနဲ့ ပါ …
ပါးစပ်လေလှုပ်လိုက် ပြောလိုက် အလိုမကျတိုင်း ယူဖို့ ရဖို့စိတ်တစ်ခုတည်းနဲ့ တစ်ဖက်ရဲ့ ဒုက္ခ နာကျင်မူ့ ရူန်းကန်မူ့ ချွေးနည်စားစစ်စစ်တွေ အသိမှတ်မပြုရင် မစော်ကားကြပါနဲ့…
ရွေ့ပြောင်း အလုပ်သမား အိမ်ပစ် မိသားစုပစ်ပြီး ပြည်ပ ရုန်းကန်နေရတဲ့.အိမ်ဝေးတို့ရဲ့နာကျင်မူကို မြန်မာပြည်ရှိနေတဲ့ တချို့ တချို့တွေ ကိုယ်ချင်စာတတ်စေချင်လို့ပါ
ပြည်ပ သူတပါးနိုင်ငံ အလုပ်သမားဘဝက မင်းတို့ထင်ထားသလို အပေါ်ယံမြင်ပြီး သာယာနေတယ်လို့ မထင်ကြပါနဲ့။
crd
Zawgyi
crd
Leave a Reply