အသက်အရွယ်ရလာပြီး ကျန်းမာရေးချို့တဲ့လာလို့ ခွေးကလေးကို ဂရုမစိုက်နိုင်သောကြောင့် စောင့်ရှောက်ရေးစင်တာသို့ ငိုယိုပြီး ပေးပို့ခဲ့သည့် အဖွားအို

အသက်အရွယ်ရလာပြီး ကျန်းမာရေးချို့တဲ့လာသောအခါ ခွေးကလေးကို ဂရုမစိုက်နိုင်သောကြောင့် ဘဝလေးပိုမိုပြည့်စုံစေမည့် စောင့်ရှောက်ရေးစင်တာသို့ ငိုယိုပြီး ပေးပို့ခဲ့သည့် အဖွားအို

ခွဲခွာရသော အချိန်မျိုးတွင် ခံစားရသော နာကြင်မှုသည် အခြားသော ဒဏ်ရာများထက် ပို၍ နာကြင်ခံစားကြရသည် ။

လူသားတို့အတွက် အိမ်မွေးတိရိစ္ဆာန်လေး များသည်လည်း သားသမီးများကဲ့သို့ပင်ဖြစ်ပေသည်။ ယခုတွင်လည်း အဖွားအိုတစ်ဦး၏

အချစ်ဆုံးသော ခွေးကလေးနှင့် ခွဲခွာရသော ဝမ်းနည်းမှုသည် လူတိုင်း၏ရင်ကို ရိုက်ခတ်စေခဲ့သည်။အဖွားသည် သူမ၏ခွေးကလေးကို အလွန်ပင်ချစ်မြတ်နိုးခဲ့သည်။

သို့သော်လည်း အသက်အရွယ်ကြီးလာသောအခါ ကျန်းမာရေးဟာလည်း အနည်းငယ်ခံစားလာရသဖြင့် ခွေးကလေးကို စောက့်ရှောက်နိုင်ခြင်းမရှိတော့ပေ။

ထို့ကြောင့် ခွေးကလေးကို ပိုမိုကောင်မွန်သော ဘဝလေးကို ရရှိစေရန်အတွက် ခက်ခဲသော ဆုံးဖြတ်ချက်ကို ဝမ်းနည်းစွာဖြင့်ချမှတ်လိုက်ပါတယ်။

ခွေးကလေးကို စောင့်ရှောက်ရေးစင်တာသို့ ပို့ဆောင်ပေးရန်အတွက် စင်တာကို ဖုန်းဆက်ခဲ့ပါတယ်။

စင်တာမှခွေးကလေးကို လာရောက်ခေါ်ဆောင်သောအခါ အဖွားအိုဟာ ဝမ်းနည်းစွာ ငိုယိုပြီး ခွေးကလေးကို ထည့်ပေးလိုက်ပါတယ်။

crd

Zawgyi









crd