မိန်းကလေးအယောက်၂၀ ကျော်ကို ဖွန်ကြောင်ပြီး ယွမ်သန်း၄၀ ကျော်ကို လိမ်လည်ရယူကာ….

မိန်းကလေးအယောက်၂၀ ကျော်ကို ဖွန်ကြောင်ပြီး ယွမ်သန်း၄၀ ကျော်ကို လိမ်လည်ရယူကာ သူဋ္ဌေးကြီးတစ်ဦးလို ဇိမ်ခံနေထိုင်ခဲ့သည့်လူငယ်လေး အဖမ်းခံခဲ့ရ

လူငယ်တစ်ဦး၏ ငွေကြေးလိမ်လည်မှုဖြင့် အဖမ်းခံခဲ့ရသော အကြောင်းသည် တရုတ်နိုင်ငံအွန်လိုင်းတစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့ရပါတယ်။Henanပြည်နယ် Zhengzhouမြို့တွင် လူငယ်လေးတစ်ဦးဟာ မိန်းကလေးအယောက်၂၀ ကျော်ထံမှ စုစုပေါင်းယွမ်သန်းလေးဆယ်ကျော်ကို လိမ်ယူရှောင်တိမ်းနေခဲ့ပါတယ်။

Zhang Nanဆိုသည့်လူငယ်ဟာ ကောင်မလေးများကို အွန်လိုင်းမှတစ်ဆင့်မိတ်ဖွဲ့စကားပြောပြီး ခင်မင်ရင်းနှီးလာသည်နှင့် ငွေကြေးတွေကို လိမ်လည်ရယူရပါတယ်။ထို့နောက် ငွေကြေးတွေဖြင့် ပြိုင်ကားများဝယ်ယူကာ သူဋ္ဌေးကြီးတစ်ဦးလို ဇိမ်ခံနေထိုင်ပါတော့တယ်။

အဖမ်းခံရသည့်အချိန်မှာတော့ ပိုက်ဆံတွေကို လောင်းကစားနှင့် ပါတီများတွင် သုံးဖြုန်းခဲ့ပြီး ဇိမ်ခံကားတွေဝယ်ယူခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။

Zawgyi



