အနားယူရမဲ့အချိန်ရောက်လာပြီဆိုပေမဲ့ ရွာထဲရှိ ကလေးများအား ကိုယ့်စရိတ်ကိုယ်စိုက်ပြီး အခမဲ့ စာသင်ကြားပေးနေတဲ့ ၉၁ နှစ်အရွယ် အဘိုးအို

အနားယူရမဲ့အချိန်ရောက်လာပြီဆိုပေမဲ့ ရွာထဲရှိ ကလေးများအား ကိုယ့်စရိတ်ကိုယ်စိုက်ပြီး အခမဲ့ စာသင်ကြားပေးနေတဲ့ ၉၁ နှစ်အရွယ် အဘိုးအို

လူတိုင်းအတွက် အချိန်ဟာ အဖိုးတန်ပါတယ်။ ပေါများပြီး အခမဲ့ဖြစ်နိုင်ပေမဲ့လည်း ၎င်းကသင်မဖြုန်းတီးသင့်တဲ့အရာပါဘဲ။သက်ကြီးရွယ်အိုတွေအတွက်တော့ ဘဝဟာမခက်ခဲတော့ဘဲသက်တောင့်သက်သာနဲ့အပန်းဖြေနေထိုင်နိုင်ပါတယ်။

သက်ကြီးရွယ်အိုတွေရှိပေမယ့်သူတို့နှစ်သက်တဲ့အရာကိုပျော်ပျော်ပါးပါး ဖြတ်သန်းနေကြတဲ့သူတွေလည်း ရှိနေမှာပါဘဲ။ဤသည်မှာ တရုတ်နိုင်ငံ၊ Jiangxi ပြည်နယ်ရှိ အနားယူရမဲ့အချိန်မှာ သူ့ရွာရှိကလေးများအား စာသင်ပေးရင်း ဖြတ်သန်းနေတဲ့ အဘိုးတစ်ဦးရဲ့ဇာတ်လမ်းပါဘဲ။

အဆိုပါ အသက် ၉၁ နှစ်အရွယ် အဘိုး Miao Yanxiang ဟာ သူ့စရိတ်နဲ့သူ သူ့အိမ်မှာ ရွာက ကလေးတွေကို ဆယ်နှစ်ကျော်ကြာ အခမဲ့ စာသင်ပေးလာခဲ့သူပါဘဲ။

ကလေးများကို အခကြေးငွေမယူဘဲ သင်ခန်းစာများစွာ ပေးပြီး လက်ဆောင်တွေတောင်ဝယ်ပေးသလိုအပြန်အလှန်အားဖြင့်ကလေးတွေကလည်းလုံ့လစိုက်ထုတ်ပြီး ကျောင်းစာတွေကို ကောင်းကောင်းလုပ်ကြရပါတယ်။

အဘိုး Miao ကအစကတော့ သူ့အိမ်ကအငြိမ်းစားယူပြီးအနားယူဖို့တွေးထားတာပါ။ဒါပေမယ့် ကလေးတွေဟာ ၎င်းတို့၏မိဘများ အလုပ်သွားချိန် အိမ်မှာကျန်ခဲ့ရပြီးမိဘတွေရဲ့ကြီးကြပ်မှုမရှိဘဲ ကျောင်းတက်ဖို့မတတ်နိုင်တာကို သတိပြုမိသွားခဲ့ပြီးနောက်

အဘိုးက ကလေးအများစုရဲ့ အင်တာနက်ကဖေးဆိုင်သွားခြင်း သို့မဟုတ် လမ်းများပေါ်မှာ အခြားကလေးများနှင့် ဆော့ကစားကြခြင်းမျိုးကအချိန်ဖြုန်းတာဖြစ်ပြီး အရမ်းအန္တရာယ်ရှိကြောင်း တွေးခဲ့ပါတယ်။

ထို့နောက် အဘိုးဟာ သူ့အိမ်ကို ကလေးများ စာသင်ခန်းများ သင်ယူနိုင်သည့် စာသင်ခန်းအဖြစ် ပြောင်းလဲလိုက်ပြီး စားပွဲ ၊ ကုလားထိုင်များမှအစ နံရံပေါ်ရှိ ကျောက်သင်ပုန်းများအထိ အရာအားလုံးကို ဖြည့်ဆည်းပေးခဲ့ပါတယ်။

အဘိုးဟာ ကလေးများအတွက် သင့်လျော်တဲ့ကစားကွင်းမရှိတဲ့အတွက်လမ်းများပေါ်မထွက်စေရန် စာသင်ခန်းမှာ ပျော်စရာကောင်းအောင် လုပ်ပေးခဲ့ပါတယ်။အဘိုးဟာ ကလေးများ၏ကျောင်းစာအတွက်လိုအပ်သောစာကြည့်တိုက်တစ်ခုလည်း ရှိပြီး၎င်းစာအုပ်စင်တစ်ခုတည်းက

အမေရိကန်ဒေါ်လာ ၃၁၇.၀၀ ကျော်ကုန်ကျသလို အချို့စာအုပ်က သူ့ပိုက်ဆံနဲ့သူဝယ်တာဖြစ်ပြီးအချို့ကလည်း စေတနာကောင်းတဲ့သူတွေက လှူဒါန်းခဲ့ကြောင်း ဆိုပါတယ်။ကလေးတွေက ကိုယ့်ဆန္ဒအလျောက်စာအုပ်တွေယူပြီးပြန်ပေးလို့မရပါဘူး။

ငှားရမ်းထားသောစာအုပ်တိုင်းကိုမှတ်တမ်းတင်ထားပြီးပြန်လည်ပေးပို့ရန် ရက်သတ်မှတ်ပေးထားပါသေးတယ်။အဘိုး Miao ဟာ အလွန်ရိုးရှင်းတဲ့ ဘဝဖြင့် နေထိုင်လာခဲ့ပြီး အသား ၊ ငါးမစားတဲ့သတ်သတ်လွတ်သမားလည်းဖြစ်ကြောင်း သားဖြစ်သူက ဆိုထားပါတယ်။

အဘိုးဟာ ကလေးအချို့က ပေးထားသည့်ငွေအားလုံးဖြင့်အတန်းအတွက် လိုအပ်တဲ့ကျောင်းသုံးပစ္စည်းများဖြစ်သည့် မှတ်စုစာအုပ်များနှင့် ဖောင်တိန်များဝယ်ယူခဲ့ပြီး ၊သူသင်ပေးတဲ့ အတန်းတိုင်းအတွက် အိမ်စာကောင်းကောင်းလုပ်တဲ့ ကလေးတွေနဲ့

ကျောင်းစာတွေမှာတိုးတက်အောင်မြင်တဲ့ ကလေးတွေကိုလည်း ဆုချတတ်ပါသေးတယ်။နံရံတွင် ရိုးရိုးကျောက်သင်ပုန်းတစ်ခုကို တပ်ဆင်ထားပြီး ဂီတသင်တန်းများအတွက် TV ကိုအသုံးပြုပါတယ်။

အဘိုး Miao တည်ထောင်ထားတဲ့၎င်းဖြည့်စွက်သင်တန်းများဟာ ဆယ်နှစ်တိုင်တိုင် ဆက်လက်လုပ်ဆောင်နေဆဲပါဘဲ။ဤကာလအတွင်းမှာ ကလေး ၃၀၀၀ ကျော်က သူ့ရဲ့အတန်းများကို တက်ရောက်ခဲ့ပြီးဖြစ်ပြီး အများစုမှာ သူ့ထံမှ များစွာအကူအညီရရှိခဲ့ကြောင်း ယုံကြည်ထားကြပါတယ်။

crd

Zawgyi

အနားယူရမဲ့အခ်ိန္ေရာက္လာၿပီဆိုေပမဲ့ ႐ြာထဲရွိ ကေလးမ်ားအား ကိုယ့္စရိတ္ကိုယ္စိုက္ၿပီး အခမဲ့ စာသင္ၾကားေပးေနတဲ့ ၉၁ ႏွစ္အ႐ြယ္ အဘိုးအို

လူတိုင္းအတြက္ အခ်ိန္ဟာ အဖိုးတန္ပါတယ္။ ေပါမ်ားၿပီး အခမဲ့ျဖစ္ႏိုင္ေပမဲ့လည္း ၎ကသင္မျဖဳန္းတီးသင့္တဲ့အရာပါဘဲ။သက္ႀကီး႐ြယ္အိုေတြအတြက္ေတာ့ ဘဝဟာမခက္ခဲေတာ့ဘဲသက္ေတာင့္သက္သာနဲ႔အပန္းေျဖေနထိုင္ႏိုင္ပါတယ္။

သက္ႀကီး႐ြယ္အိုေတြရွိေပမယ့္သူတို႔ႏွစ္သက္တဲ့အရာကိုေပ်ာ္ေပ်ာ္ပါးပါး ျဖတ္သန္းေနၾကတဲ့သူေတြလည္း ရွိေနမွာပါဘဲ။ဤသည္မွာ တ႐ုတ္ႏိုင္ငံ၊ Jiangxi ျပည္နယ္ရွိ အနားယူရမဲ့အခ်ိန္မွာ သူ႔႐ြာရွိကေလးမ်ားအား စာသင္ေပးရင္း ျဖတ္သန္းေနတဲ့ အဘိုးတစ္ဦးရဲ႕ဇာတ္လမ္းပါဘဲ။

အဆိုပါ အသက္ ၉၁ ႏွစ္အ႐ြယ္ အဘိုး Miao Yanxiang ဟာ သူ႔စရိတ္နဲ႔သူ သူ႔အိမ္မွာ ႐ြာက ကေလးေတြကို ဆယ္ႏွစ္ေက်ာ္ၾကာ အခမဲ့ စာသင္ေပးလာခဲ့သူပါဘဲ။

ကေလးမ်ားကို အခေၾကးေငြမယူဘဲ သင္ခန္းစာမ်ားစြာ ေပးၿပီး လက္ေဆာင္ေတြေတာင္ဝယ္ေပးသလိုအျပန္အလွန္အားျဖင့္ကေလးေတြကလည္းလုံ႔လစိုက္ထုတ္ၿပီး ေက်ာင္းစာေတြကို ေကာင္းေကာင္းလုပ္ၾကရပါတယ္။

အဘိုး Miao ကအစကေတာ့ သူ႔အိမ္ကအၿငိမ္းစားယူၿပီးအနားယူဖို႔ေတြးထားတာပါ။ဒါေပမယ့္ ကေလးေတြဟာ ၎တို႔၏မိဘမ်ား အလုပ္သြားခ်ိန္ အိမ္မွာက်န္ခဲ့ရၿပီးမိဘေတြရဲ႕ႀကီးၾကပ္မႈမရွိဘဲ ေက်ာင္းတက္ဖို႔မတတ္ႏိုင္တာကို သတိျပဳမိသြားခဲ့ၿပီးေနာက္

အဘိုးက ကေလးအမ်ားစုရဲ႕ အင္တာနက္ကေဖးဆိုင္သြားျခင္း သို႔မဟုတ္ လမ္းမ်ားေပၚမွာ အျခားကေလးမ်ားႏွင့္ ေဆာ့ကစားၾကျခင္းမ်ိဳးကအခ်ိန္ျဖဳန္းတာျဖစ္ၿပီး အရမ္းအႏၲရာယ္ရွိေၾကာင္း ေတြးခဲ့ပါတယ္။

ထို႔ေနာက္ အဘိုးဟာ သူ႔အိမ္ကို ကေလးမ်ား စာသင္ခန္းမ်ား သင္ယူႏိုင္သည့္ စာသင္ခန္းအျဖစ္ ေျပာင္းလဲလိုက္ၿပီး စားပြဲ ၊ ကုလားထိုင္မ်ားမွအစ နံရံေပၚရွိ ေက်ာက္သင္ပုန္းမ်ားအထိ အရာအားလုံးကို ျဖည့္ဆည္းေပးခဲ့ပါတယ္။

အဘိုးဟာ ကေလးမ်ားအတြက္ သင့္ေလ်ာ္တဲ့ကစားကြင္းမရွိတဲ့အတြက္လမ္းမ်ားေပၚမထြက္ေစရန္ စာသင္ခန္းမွာ ေပ်ာ္စရာေကာင္းေအာင္ လုပ္ေပးခဲ့ပါတယ္။အဘိုးဟာ ကေလးမ်ား၏ေက်ာင္းစာအတြက္လိုအပ္ေသာစာၾကည့္တိုက္တစ္ခုလည္း ရွိၿပီး၎စာအုပ္စင္တစ္ခုတည္းက

အေမရိကန္ေဒၚလာ ၃၁၇.၀၀ ေက်ာ္ကုန္က်သလို အခ်ိဳ႕စာအုပ္က သူ႔ပိုက္ဆံနဲ႔သူဝယ္တာျဖစ္ၿပီးအခ်ိဳ႕ကလည္း ေစတနာေကာင္းတဲ့သူေတြက လႉဒါန္းခဲ့ေၾကာင္း ဆိုပါတယ္။ကေလးေတြက ကိုယ့္ဆႏၵအေလ်ာက္စာအုပ္ေတြယူၿပီးျပန္ေပးလို႔မရပါဘူး။

ငွားရမ္းထားေသာစာအုပ္တိုင္းကိုမွတ္တမ္းတင္ထားၿပီးျပန္လည္ေပးပို႔ရန္ ရက္သတ္မွတ္ေပးထားပါေသးတယ္။အဘိုး Miao ဟာ အလြန္႐ိုးရွင္းတဲ့ ဘဝျဖင့္ ေနထိုင္လာခဲ့ၿပီး အသား ၊ ငါးမစားတဲ့သတ္သတ္လြတ္သမားလည္းျဖစ္ေၾကာင္း သားျဖစ္သူက ဆိုထားပါတယ္။

အဘိုးဟာ ကေလးအခ်ိဳ႕က ေပးထားသည့္ေငြအားလုံးျဖင့္အတန္းအတြက္ လိုအပ္တဲ့ေက်ာင္းသုံးပစၥည္းမ်ားျဖစ္သည့္ မွတ္စုစာအုပ္မ်ားႏွင့္ ေဖာင္တိန္မ်ားဝယ္ယူခဲ့ၿပီး ၊သူသင္ေပးတဲ့ အတန္းတိုင္းအတြက္ အိမ္စာေကာင္းေကာင္းလုပ္တဲ့ ကေလးေတြနဲ႔

ေက်ာင္းစာေတြမွာတိုးတက္ေအာင္ျမင္တဲ့ ကေလးေတြကိုလည္း ဆုခ်တတ္ပါေသးတယ္။နံရံတြင္ ႐ိုး႐ိုးေက်ာက္သင္ပုန္းတစ္ခုကို တပ္ဆင္ထားၿပီး ဂီတသင္တန္းမ်ားအတြက္ TV ကိုအသုံးျပဳပါတယ္။

အဘိုး Miao တည္ေထာင္ထားတဲ့၎ျဖည့္စြက္သင္တန္းမ်ားဟာ ဆယ္ႏွစ္တိုင္တိုင္ ဆက္လက္လုပ္ေဆာင္ေနဆဲပါဘဲ။ဤကာလအတြင္းမွာ ကေလး ၃၀၀၀ ေက်ာ္က သူ႔ရဲ႕အတန္းမ်ားကို တက္ေရာက္ခဲ့ၿပီးျဖစ္ၿပီး အမ်ားစုမွာ သူ႔ထံမွ မ်ားစြာအကူအညီရရွိခဲ့ေၾကာင္း ယုံၾကည္ထားၾကပါတယ္။

crd

Be the first to comment

Leave a Reply

Your email address will not be published.


*