ရွှေဆိုင်အားလုံး ရောင်းချရမည့် ဈေးနှုန်းကို ရွှေအသင်း အတည်ပြုထုတ်ပြန်….

ရွှေဆိုင်အားလုံး ရောင်းချရမယ့်ဈေးနှုန်းကို YGEA ထုတ်ပြန် အသိပေးလိုက်ပြီဖြစ်

ဒီနေ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာ ရွေဆိုင်တွေအားလုံး မီးလင်းအခေါက်ရွှေတကျပ်သားကို ငွေကျပ်၂၇ သိန်း ၉ သောင်း ကျပ်နဲ့ ရောင်းချဖို့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း YGEA ကအသိပေးထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

ယနေ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ အတွက် ရွှေဆိုင်တွေရဲ့အခေါက်ရွှေရောင်းချတဲ့ ဈေးကတော့ တကျပ်သားကို ၂၈၅၀၀၀၀ ကနေ ၂၈၇၀၀၀၀ ဝန်းကျင်အထိ ဈေးဖွင့်ထားတယ်လို့သိရပါတယ်။

ဒီနေ့ YGEA ကထုတ်ပြန်တဲ့ အကယ်ဒမီ မီးလင်းရွှေအပိတ်ဈေးကတော့ တကျပ်သားကို ၂၁၆၆၅၀၀ သာရှိပြီး ကမ္ဘာ့ရွှေဈေးက 1 Ounce = 1839 USD$ ဖြင့်ထုတ်ပြန်ထားပါတယ်။

ရွှေဈေးတက်တာ၊ ဈေးကစားနေတာတွေကိုထိန်းချုပ်နိုင်ဖို့အတွက် ဆိုင်တွေရောင်းချရမယ့်ဈေးတန်းကို သတ်မှတ်ပေးတာဖြစ်တယ်လို့ဆိုပါတယ်။

YGEA အသင်းဝင်တဦးက “ကျနော်တို့ကတော့ ရွှေငွေကြေးဈေးကွက်စောင့်ကြည့်ထိန်းသိမ်းကြပ်မတ်ရေးကော်မတီရဲ့လမ်းညွှန်ချက်အရ ဒီဈေးနူန်းနဲ့ရောင်းပေးဖို့မေတ္တာရပ်ခံတာပေါ့။ အတင်းအကြပ်ကြီးအမိန့်ပးတာမျိုးတော့မဟုတ်ပါဘူး”လို့ပြောဆိုထားပါတယ်။

ပြည်တွင်း ရွှေဈေးကွက်ဟာ ဒေါ်လာဈေးအတက်အကျပေါ်မူတည်သလို ကမ္ဘာ့ရွှေဈေးအတက်အကျပေါ်လည်း အဓိကမူတည်တယ်နေပြီး လက်ရှိမှာတော့ ပြည်တွင်းရွှေဈေးကွက်က အရောင်းသာရှိပြီး အဝယ်ဈေးကွက်အေးနေတယ်လို့ ရန်ကုန်ဈေးကွက်အတွင်းမှ သိရပါတယ်။

crd

Zawgyi

ေ႐ႊဆိုင္အားလုံး ေရာင္းခ်ရမယ့္ေစ်းႏႈန္းကို YGEA ထုတ္ျပန္ အသိေပးလိုက္ၿပီျဖစ္

ဒီေန႔ ေဖေဖာ္ဝါရီလ ၂၂ ရက္ေန႔မွာ ေ႐ြဆိုင္ေတြအားလုံး မီးလင္းအေခါက္ေ႐ႊတက်ပ္သားကို ေငြက်ပ္၂၇ သိန္း ၉ ေသာင္း က်ပ္နဲ႔ ေရာင္းခ်ဖို႔ ရန္ကုန္တိုင္း ေ႐ႊလုပ္ငန္းရွင္မ်ားအသင္း YGEA ကအသိေပးထုတ္ျပန္လိုက္တာျဖစ္ပါတယ္။

ယေန႔ ေဖေဖာ္ဝါရီလ ၂၂ ရက္ေန႔ အတြက္ ေ႐ႊဆိုင္ေတြရဲ႕အေခါက္ေ႐ႊေရာင္းခ်တဲ့ ေစ်းကေတာ့ တက်ပ္သားကို ၂၈၅၀၀၀၀ ကေန ၂၈၇၀၀၀၀ ဝန္းက်င္အထိ ေစ်းဖြင့္ထားတယ္လို႔သိရပါတယ္။

ဒီေန႔ YGEA ကထုတ္ျပန္တဲ့ အကယ္ဒမီ မီးလင္းေ႐ႊအပိတ္ေဈးကေတာ့ တက်ပ္သားကို ၂၁၆၆၅၀၀ သာရွိၿပီး ကမာၻ႔ေ႐ႊေဈးက 1 Ounce = 1839 USD$ ျဖင့္ထုတ္ျပန္ထားပါတယ္။

ေ႐ႊေစ်းတက္တာ၊ ေစ်းကစားေနတာေတြကိုထိန္းခ်ဳပ္ႏိုင္ဖို႔အတြက္ ဆိုင္ေတြေရာင္းခ်ရမယ့္ေစ်းတန္းကို သတ္မွတ္ေပးတာျဖစ္တယ္လို႔ဆိုပါတယ္။

 

YGEA အသင္းဝင္တဦးက “က်ေနာ္တို႔ကေတာ့ ေ႐ႊေငြေၾကးေစ်းကြက္ေစာင့္ၾကည့္ထိန္းသိမ္းၾကပ္မတ္ေရးေကာ္မတီရဲ႕လမ္းၫႊန္ခ်က္အရ ဒီေစ်းႏူန္းနဲ႔ေရာင္းေပးဖို႔ေမတၱာရပ္ခံတာေပါ့။ အတင္းအၾကပ္ႀကီးအမိန္႔ပးတာမ်ိဳးေတာ့မဟုတ္ပါဘူး”လို႔ေျပာဆိုထားပါတယ္။

ျပည္တြင္း ေ႐ႊေစ်းကြက္ဟာ ေဒၚလာေစ်းအတက္အက်ေပၚမူတည္သလို ကမာၻ႔ေ႐ႊေစ်းအတက္အက်ေပၚလည္း အဓိကမူတည္တယ္ေနၿပီး လက္ရွိမွာေတာ့ ျပည္တြင္းေ႐ႊေစ်းကြက္က အေရာင္းသာရွိၿပီး အဝယ္ေစ်းကြက္ေအးေနတယ္လို႔ ရန္ကုန္ေစ်းကြက္အတြင္းမွ သိရပါတယ္။

crd