မွေးဖွားပြီးသည်နှင့် တပြိုင်နက် ချက်ကြိုးဖြတ်ပြီး ရေထဲသို့ ၂ စက္ကန့်ခန့် မြုပ်လိုက်၊ နှစ်လိုက်ဖြင့် ၃ ကြိမ် ပြုလုပ်ကာ ကြီးပြင်းလာကြသည့် မြန်မာပြည်ထဲက ဆလုံ တိုင်းရင်းသားများအကြောင်း

ဆလုံ (သို့) ပင်လယ်ပျော် ဂျစ်ပစီများဟု ခေါ်သည့် မော်ကင်း(Mawken)များ

“ဆလုံလူမျိုးအကြောင်း”

မွေးဖွားပြီးသည်နှင့် တပြိုင်နက် ချက်ကြိုးဖြတ်ပြီး ရေထဲသို့ ၂ စက္ကန့်ခန့် မြုပ်လိုက်၊ နှစ်လိုက်ဖြင့် ၃ ကြိမ် ပြုလုပ်ကာ ကြီးပြင်းလာကြသည့် မြန်မာပြည်ထဲက ဆလုံ တိုင်းရင်းသားများအကြောင်း

ခရစ်နှစ်ဦးပိုင်းတွင် ဩစတြိုနီးရှန်း (Austronesian) အနွယ်ဝင်များသည် ဩစတြိုအေးရှန်းတစ်(Austroasiatic) များဖြစ်သည့် မွန်များနှင့် နယ်ပယ် ရရှိရေးအတွက် စစ်ပွဲများ ဆင်နွဲရာ ရှုံးနှိမ့်သွားသဖြင့် တောင်ပိုင်း ပင်လယ်ဒေသများသို့ပြန်လည် ဆုတ်ခွာကြရာ ကျွန်းစုများတွင် ကျန်ရစ်သည့် လူမျိုးဖြစ်သည်ဟု မနုဿဗေဒ ပညာရှင်များက သတ်မှတ်ကြသည်။

ဆလုံ လူမျိုးသည် မြိတ်ကျွန်းစု၏ အဖိုး မဖြတ်နိုင်သော ပြယုဒ်တစ်ခု ဖြစ်ည်။ သူတို့၏ ဓလေ့စရိုက်၊ ရိုးသား ဖြောင့်မတ်မှုကို တုနှိုင်းရန် အရာ မရှိပါ။ ထို့ကြောင့် ၎င်းလူမျိုးတို့မှာ လူသိများ ထင်ရှားနေခြင်း ဖြစ်သည်။

ဆလုံ လူမျိုးတို့သည် ပင်လယ်ပြင်တစ်ခွင် ဝမ်းစာအတွက် လှည့်လည် ကျက်စားကြသည်။ ရေကူး၊ ရေငုပ်ရာတွင် ကျွမ်းကျင်သည်။ ထို့ကြောင့် Sea Gypsy orMen of the Sea အဖြစ် အမည်တွင်ခြင်း ဖြစ်သည်။

ဆလုံ တိုင်းရင်းသား တို့ကို “မော်ကင်း” Mawken “ မိုကန်း” Moken (ထိုင်း အခေါ်) ဟုလည်း ခေါ်ကြ ပါသည်။ ပင်လယ်ထဲမှာ ပေါ့ပေါ့ပါးပါး သစ်၊ ဝါး၊ ရင်ကမ်းသားတို့နှင့် ဖွဲ့စည်း တည်ဆောက်ထားသည့် ရိုးရာလှေကို အိမ်လို သဘောထား ပြီး မိသားစုကြီးတစ်ခုလုံး နေကြ၊ ထိုင်ကြ၊ ချက်ပြုတ် စားသောက်ကြရုံ သာမက သူတို့ဘဝ၏ အဖော်မွန်ဟု ခေါ်သော ခွေးများကိုလည်း တစ်ပါတည်း သယ်ဆောင် သွားကြ ပါသည်။

ယနေ့အခါ ဆလုံ လူမျိုးများ ကို မြန်မာနိုင်ငံ တောင်ဘက်စွန်းတနင်္သာရီတိုင်း ဒေသကြီးရှိ မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင် အတွင်းရှိ ကျွန်းများတွင် လူနည်းစုအဖြစ် သီးခြား နေထိုင်ကြသည်။ မြိတ် ခရိုင် နှင့် ကော့သောင်းခရိုင် အတွင်း ဆလုံတိုင်းရင်းသားများ နေထိုင်ကြသော မြို့နယ်နှင့် ကျွန်းများမှာ မြိတ်မြို့နယ် ၊ ကျွန်းစု မြို့နယ် ၊ ပုလော မြို့နယ် ၊တနင်္သာရီ မြို့နယ် ၊ကော့သောင်း မြို့နယ် ၊ ဘုတ်ပြင်း မြို့နယ် ၊ ဒုန်း ကျွန်း ( Done Island ) ၊ ဇာဒက်ကြီး ကျွန်း ၊ လန်းပိကျွန်း ( Lumpi Island ) ၊ မကြုံ ကလက် ကျေးရွာနှင့် ညောင်ဝိကျေးရွာတို့ ဖြစ်ကြ သည်။

အသက်မွေးဝမ်းကြောင်း

ဆလုံ လူမျိုးများသည် စိုက်ပျိုးရေး၊ မွေးမြူရေးတို့ဖြင့် အသက်မမွေး ရေ လုပ်ငန်း၊ ပုလဲ ငုပ်ခြင်း လုပ်ငန်းတို့ဖြင့် အသက်မွေးက သည်။ ပင်လယ် ကမ်းခြေ တစ်လျှောက် လှေလှော် ခတ်ရင်း တစ်ကျွန်းမှ တစ်ကျွန်း ကူးကာ နေထိုင်လေ့ ရှိသည်။ လှေလေး များကို ပေါ့ပါးသော သစ်လုံးများဖြင့် ထွင်းယူကြသည်။

၎င်းလှေများမှာ ပင်လယ်ခရီး အတွက် အဆင်ပြေ အသုံးဝင်လှသည်။ အသုံးအဆောင်များ၊ အစာ ရေစာများ၊ ခွေး၊ ကြောင်၊ ကြက်များ ကိုလည်း တစ်ပါတည်းလှေနှင့် အတူ တင်ယူလာလေ့ ရှိကြသည်။ ဆောင်း၊ နွေရာသီများတွင် ငါးဖမ်းခြင်း၊ ရေထွက်ပစ္စည်း ရောင်းဝယ်ခြင်းတို့ဖြင့် အသက်မွေးကြပြီး မိုးရာသီရာသီဥတု ဆိုးဝါးသည့်အခါ နီးစပ်ရာ ကျွန်းပေါ်တွင် ဝါးခြေတိုင် ရှည်တဲ များဖြင့် လည်းကောင်း၊ ဂူများရှာ ၍ လည်းကောင်း နေထိုင်လေ့ ရှိသည်။

Sea Gypsy ဟူသော အမည်နှင့် လိုက်လျောညီထွေစွာပင် သဘာ၀ ပင်လယ် ဘေးအန္တရာယ်ကိုလည်းရှောင်တိမ်း တတ်ကြ သည်။ရာသီဥတု ဆိုးဝါးစဉ်တောင်မှ မိမိနေ ထိုင်ရာ ကျွန်းဆီ အမြန်ဆုံးပြန်ရောက်အောင် သွားနိုင် ကြသည်။ ဆလုံ လူမျိုးတို့၏ ရေငုပ်ပညာ ကျွမ်းကျင်မှုမှာ အံ့မခန်း ဖြစ်သည်။
ပင်လယ်ကြမ်းပြင် အထိ ရေငုပ် နိုင်ပြီး ရေအောက်တွင် အောက်ဆီဂျင် အကူအညီ မပါပဲ အချိန် အတော်ကြာ အနည်းဆုံး တစ်နာရီခန့် နေနိုင် သည်။ တစ်ရက်တည်း ထိုကဲ့သို့ ရေငုပ်ခြင်းမျိုး အကြိမ်အရေ အတွက် များများ လုပ်နိုင် သည်။

ပင်လယ် ခရု၊ ကမာ (မုတ်) ကောင်များ၊ ငါးကြီး အံဖတ်၊ ပင်လယ် ရေမှော်ပင်၊ ပုလဲ၊ ငှက်သိုက်၊ ပျားရည်၊ပရဆေးပင် များကို ရှာဖွေ စုဆောင်း ပြီး ရောင်းချလေ့ ရှိသည်။

ကိုးကွယ်ယုံကြည်မှုနှင့် ဓလေ့စရိုက်

ဆလုံ လူမျိုးများသည် အခြား လူမျိုး များနှင့် ရောရောနှောနှော နေထိုင်လေ့ မရှိချေ။ ၎င်းတို့၏ လူနေထိုင်မှု စနစ်မှာ မြို့ပြနေထိုင်မှု စနစ်နှင့် ကွာခြား လွန်း လှသည်။သို့သော်လည်း သူ တို့၏ လူနေမှုစနစ်ကို ယုံကြည်စွာ တန်ဖိုးထား ထိန်းသိမ်း ကြသည်။ ဘာသာတရားနှင့် ပတ်သက်၍လည်း ၎င်းတို့၏ ကိုယ်ပိုင် ယုံကြည်မှုကို လက်ကိုင် ထားကြ သည်။

နတ်ကောင်း နှင့် နတ်ဆိုး ဟူ၍ နတ် ဘုရားကိုးကွယ်မှု နှစ်ခုရှိသည်။ နတ်ဆရာသည် ၎င်းတို့၏ အခရာ ဖြစ်သည်။ ပျော်ပွဲရွှင်ပွဲများ ကိုသာမက ဖျားနာသည့်အခါ၊ တစ်ဦးတစ်ယောက် သေဆုံးသည့်အခါတွင် နတ်ဆရာ၏ ပြောဆိုမှုအတိုင်း စပါး၊ ပြောင်း၊ အရက်၊ ပျားရည်၊ ကွမ်း၊ ဘဲသွေးစိမ်း၊ ကြက်၊ လင်းပိုင်၊ ပင်လယ် လိပ် တို့ကို ယဇ်ပူဇော်လေ့ ရှိသည်။

ပျော်ပွဲရွှင်ပွဲများတွင် တေးသီချင်းများ သီဆို တီးမှုတ်ပြီး မီးပုံဖိုကာ ဝိုင်းဖွဲ့ ကခုန်ကြသည်။ သူတို့၏ ဗုံတစ်မျိုးမှာ ပုတ်သင်ညိုသားရေဖြင့် ပြုလုပ်ထားသည်။ ဆလုံလူမျိုး တို့၏ ဂီတ ပင်ကိုယ်စွမ်းရည် မှာ ထက်မြက် ဆန်းကြယ်လှသည်။

ဘာသာစကား

ဆလုံ တိုင်းရင်းသားများ ပြောဆို သော စကားမှာ ( 4 ) မျိုးရှိပြီး လောတ ( Lawta ) ၊ လဘီ ( Lbi ) ၊ ဂျအိ ( Jait ) ၊ ဒန်း ( Dung ) ဘာသာစကား တို့ ဖြစ်ကြပြီး ထိုလေးမျိုးတွင် ဒန်း ဘာသာစကားသည် စံဘာသာစကား (သို့) မူရင်း ဘာသာစကား ဖြစ်ကြောင်းကို Walter Grainge Whtie ဆိုသူက The Sea Gypsies of Malaya စာအုပ်တွင် ဖော်ပြထားပေ သည်။

ဆလုံ ဘာသာစကားနဲ့ ပါတ်သက်ပြီး ပညာရှင်တွေရဲ့ အယူအဆက ( 2 ) မျိုးကွဲလျက် ရှိပေသည်။ တစ်မျိုးမှာ ဆလုံတို့သည် မလေးလူမျိုး အဆက် အနွယ် ဖြစ်သည်ဟူသော အဆို ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဆလုံ တိုင်းရင်းသားတို့ ပြောဆိုသော စကားတွင် မလေး အခေါ် ဝေါ် များ ပါဝင်နေ သောကြောင့် ဖြစ်ပေသည်။

နောက် တစ်မျိုးမှာ မွန် – ခမာ အနွယ် ဖြစ်သည်ဟူသော ယူဆချက် ဖြစ်သည်။ မြန်မာပြည် တောင်ပိုင်း၊ အင်ဒိုချိုင်းနား ကျွန်းဆွယ် ၊ ထိုင်း နိုင်ငံ တို့ဘက်မှ မြန်မာပြည်အတွင်းသို့ ဝင်ရောက်လာသော မွန် – ခမာများထဲတွင် ဆလုံတိုင်းရင်းသား များသည် မွန်များနဲ့အတူ ဝင်ရောက်လာသည် ဟူ၍ လည်းကောင်း၊ မွန် – ခမာ တို့၏ အပြောအဆို အသုံးအနှုန်းတို့သည် ဆလုံ တိုင်းရင်းသားတို့ ပြောဆိုသော အသုံးအနှုန်းနှင့် ဆင်သောကြောင့် မွန် – ခမာ အနွယ်မှ ဆင်းလာသည်ဟု ယူဆကြခြင်း ဖြစ်ပေသည်။

ဆလုံ ဘာသာစကား မျိုးရိုးနှင့် သမိုင်း ကြောင်းကို ပြန်ကြည့်လျှင် မြန်မာပြည်တွင် တိဗက် တရု.တ် မျိုးရိုးနှင့် သြစထရပ် မျိုးရိုးဟူ၍ ဘာသာစကား မျိုးရိုးကြီး နှစ်ခုရှိရာ ဆလုံ ဘာသာစကားသည် သြစထရစ် မျိုးရိုးတွင် ပါဝင်ပေသည်။ သြစထရစ် မျိုးရိုးသည် တိဗက် တရု.တ် မျိုးရိုးထက် ရှေးကျသော ဘာသာ စကားတစ်ခု ဖြစ်ပေသည်။

သြစထရစ် ဘာသာစကားကို ပြောဆိုသော လူမျိုးများထံမှ တရု.တ် တိဗက် ဘာသာစကား ပြောဆိုသော လူမျိုးများက အတတ်ပညာများကို သင်ကြား ခဲ့ရပေသည်။ သို့ဖြစ်၍ မွန် တို့ထံမှ ဗမာတို့က သင်ကြားခဲ့ရ သည်။ ခမာတို့ထံမှ ရှမ်းတို့က သင်ကြား ခဲ့ရလေသည်ဟု ဦးဖေမောင်တင် ရေးသားသော ဘာသာ လောကကျမ်းတွင် တွေ့ရှိရပါ သည်။

သြစထရစ် ဘာသာစကား မျိုးရိုး ကြီးတွင် သြစထရို နီရှန်းခေါ် ပင်လယ်ပိုင်းတွင် ပြောသော စကားနဲ့ သြစထရို အေရှတစ်ဟု ခေါ်သော ကုန်းပိုင်းတွင် ပြောသောစကားဟူ၍ နှစ်မျိုး ရှိပေရာ ဆလုံ တိုင်းရင်းသား ဘာသာစကားသည် သြစထရို နီရှန်း အုပ်စုတွင် ပါဝင်ပေသည်။ သြစထရို နီရှန်း ဘာသာစကားကို ပြောဆိုသော လူမျိုးမှာ တောင်ဘက်စွန်းရှိ ကျွန်းများတွင် နေထိုင်သော မော်ကင်း ခေါ် ဆလုံ တိုင်းရင်းသားများနှင့် ပသျှူး တိုင်းရင်းသားတို့ ဖြစ်ကြသည်။

စာပေ

စာပေအနေဖြင့် လေ့လာကြည့်လျှင် ဆလုံ တိုင်းရင်းများတွင် ကိုယ်ပိုင် စာပေ မရှိချေ။ 1846 ခုနှစ်တွင် ဒေါက်တာ ဘရေတန်က လည်းကောင်း ၊ 1900 ပြည့်နှစ်တွင် ခရစ်ယာန် သာသနာပြု ဆရာမကြီး ဒေါက်တာဒေစီ အဖွဲ့က လည်းကောင်း ၊ 1988 ခုနှစ်တွင် ခရစ်ယာန် သာသနာပြု ဆရာမကြီး နော်ဆေးဘေနှင့် နော်ဖိုးလေတို့ကလည်းကောင်း အင်္ဂလိပ်အက္ခရာ၊ ပိုး ကရင် အက္ခရာတို့ဖြင့် ဆလုံစာပေကို တီထွင် ပေးခဲ့ကြသည်။

(19) ရာစု နှစ်ဦးပိုင်းတွင်လည်း အမေရိကန် နှစ်ချင်းခရစ်ယာန် သာသနာပြု မစ္စတာစတီဗင် (Mr. Stevens) ဆိုသူက ရောမအက္ခရာ များကို အသုံးပြုကာ စာပေ တီထွင် ပေးခဲ့ပြီး ခေါင်းစဉ်မှာ A Primer of the Salone Language ဖြစ်ပေသည်။ ၎င်းစာအုပ်မှာ ဖတ်စာအုပ်ငယ်ဖြစ်ပြီး အတော်အတန်ပင် ပြည့်စုံမှုရှိကြောင်း၊ ယခုအခါ ရှာဖွေ၍ မရတော့ကြောင်း သိရပေသည်။

ဆလုံ တိုင်းရင်းသားတို့သည် စာပေ သင်ကြားခြင်းထက် ပင်လယ် လုပ်ငန်းခွင်သို့သာ ဝင်ရောက် လုပ်ကိုင်လိုစိတ် ပြင်းပြသောကြောင့် ယခု အချိန်အထိ စာပေဟူ၍ တိကျ ခိုင်မာစွာ ပေါ်ထွက်လာခြင်း မရှိသေးချေ။ဆလုံ တိုင်းရင်းသားတို့ ပြောသော ဘာသာစကား လေးမျိုးအနက် မလေးနှင့် အဆက်အသွယ်ရှိသော လူမျိုးများက လောတ ၊ လန်းပိကျွန်းနှင့် ဘုတ်ပြင်းမြို့နယ်တွင် နေထိုင်ကြသော ဆလုံ တိုင်းရင်းသားများက ဂျအိစကားကို ပြောဆိုကြပေသည်။

မြိတ်ခရိုင်အတွင်းမှာ နေထိုင်ကြတဲ့ ဆလုံ တိုင်းရင်းသားတွေက ဒန်း ဘာသာစကားကို ပြောဆိုကြပြီး ကော့သောင်းခရိုင် ကျွန်းစုများ အတွင်းမှာ နေထိုင်ကြသူများ ကတော့ လဘီ ဘာသာစကားကို ပြောဆို နေထိုင်လျက် ရှိကြပေသည်။

ဆလုံတိုင်းရင်းသားတို့ မွေးဖွားခြင်းအစ

(၁၉၆၄) ခုနှစ်က မှတ်သား တွေ့ရှိချက်များအရ ဆလုံတိုင်းရင်းသား တို့သည် စတင်မွေးဖွားသည့် ကလေးငယ်များကို ချက်ကြိုးဖြတ်ပြီးသည်နှင့် ရေထဲသို့ နှစ်စက္ကန့်ခန့် ရေထဲ မြှပ်လိုက်၊ နှစ်လိုက်။ ပေါ်လိုက် သုံးကြိမ် ခန့် ပြုလုပ်ပါသည်။ သူတို့ အယူအဆမှာ မွေးစကလေးငယ် ရေကို ကျွမ်းကျင်စေရန်၊ မကြောက်စေရန် ဖြစ်သည်ဟု ဆို၏။

ထိုသို့ လွဲမှားသော အယူအဆကြောင့် တစ်ချို့ ကလေးငယ်များမှာ မွေးစကပင် Gသဆုံး သွားကြပါသည်။ ဤကား ယခင်က အဖြစ်အပျက်။ ယခုအချိန် တွင်မူ ဆလုံ တိုင်းရင်းသားတို့ ခေတ်မီလာသည်ဟု ဆိုရပါမည်။မွေးစ ကလေးငယ်ကို ရေထဲတွင် မနှစ်ကြတော့။ ကိုယ်ဝန်ဆောင်ကို မွေးဖွားပေးသည့် လက်သည်မှာ သူတို့ ဆလုံအမျိုးသမီး အချင်းချင်းပင် ဖြစ်ပါသည်။ သို့သော်လည်း ယခု အခါ ခက်ခဲသည့် မွေးဖွားမှုများကို သူနာပြုဆရာမနှင့် မွေးလေ့မွေးထ ရှိလာကြပါပြီ။

ဆလုံတို့၏ ကျန်းမာရေး
ဆလုံ တိုင်းရင်သားတို့သည် အစစ အရာရာတွင် နတ်ဆရာကိုသာ အားကိုးကြသည်။ တစ်စုံတစ်ယောက် နေမကောင်း လျှင် သူတို့၏ အယူအဆမှာ နတ်ဖမ်းစားသည်ဟု အများအားဖြင့် ယူဆကြသည်။ နတ်ဆရာနှင့် တိုင်ပင်၍ ပူဇော် ပသ၊ ကိုးကွယ် တင်မြှောက်ခြင်းများ ပြုလုပ်လေ့ ရှိကြပါသည်။

သို့သော်လည်း ယခုချိန်ခါတွင် အချို့ တိုင်းရင်းသား ဆလုံတို့မှာ ခေတ်မီ လာသည်ဟု ဆိုရပါမည်။ နေထိုင်မကောင်း ဖြစ်သော သူများကို ဆရာဝန်နှင့် ဆေးခန်းသို့ ပြသ ကုသလာကြသည်။ တစ်ဖက်ကလည်း သူတို့အစွဲ ဖြစ်နေသည့် နတ်ဆရာနှင့် ပူဇော်ပသခြင်းကိုလည်း လုပ်မြဲ လုပ်ကြပါသည်။ ဆလုံ အများစုတွင် ဖြစ်ပွားတတ်သည့် ရောဂါမှာ ငှက်ဖျားစွဲခြင်းနှင့် အာဟာရ ချို့တဲ့ ခြင်းများပင် ဖြစ်ပါသည်။

ဝတ်စားဆင်ယင်ခြင်း

ဆလုံ တိုင်းရင်းသားတို့သည် မွေးကင်းစ ကလေးအရွယ်မှ ငါးနှစ် ခြောက်နှစ် အရွယ်အထိ ယခင်က အဝတ်အစား ဝတ်လေ့ဝတ်ထ မရှိသော်လည်း ယခုအခါ အဝတ်အစား ဆင်ယင်လာကြပါသည်။

အမျိုးသမီးများမှာ သူတို့ဓလေ့အရ အပေါ် ပိုင်း၊ အောက်ပိုင်း လုံလုံခြုံခြုံ ဝတ်ဆင်သည်ဆိုသော်လည်း၊ အချို့မှာ အိမ်ထောင်ကျသည်နှင့် အပေါ်ပိုင်း ဗလာ ကျင်းနေတတ်ကြပါသည်။ သို့သော်လည်း ယခုအခါတွင်မူ အိုမင်းသော အဘွားအရွယ်များမှ လွဲ၍ အမျိုးသမီး အများစုမှာ အပေါ်ပိုင်း၊ အောက်ပိုင်း လုံလုံခြုံခြုံ ဝတ်ဆင်လာကြပေပြီ။

ဆလုံ အမျိုးသားတို့မှာ များသော အားဖြင့် ယခင်က အောက်ပိုင်းတွင် လုံချည် (သို့မဟုတ်) ဘောင်းဘီတို နှင့် နေပြီး အပေါ်ပိုင်း ဗလာကျင်း နေတတ်သည့် သဘာ၀ ရှိပါသည်။ သူတို့ ဓလေ့အရ တော်ရုံတန်ရုံလည်း ဖျားနာခြင်း မရှိကြပါ။ ခံနိုင်ရည်ရှိသော လူမျိုးပင် ဖြစ်ပါ သည်။
သို့သော်လည်း ယခုအခါ သူတို့ လည်း အပေါ်ပိုင်း အင်္ကျီများ၊ များသောအားဖြင့် ဝတ်ဆင်လာကြပေပြီ။ ဆလုံ တိုင်းရင်းသားတို့သည် ပင်လယ်နှင့် အနီးအနားတွင် နေ၍ လားမသိ၊ သူတို့၏ အသားအရောင်မှာ ညိုရောင်သန်းပါသည်။

ယခုအခါ ဆလုံတိုင်းရင်းသားတို့မှာ ခေတ်မီလာသည့် အလျောက် ယိုးဒယားနိုင်ငံမှ ရောက်လာသော အဝတ်အစား၊ ပါတိတ်၊ တီရှပ်တို့ဖြင့် သစ်သစ်လွင်လွင် တောက်တောက်ပပ ဖြစ်လာလေပြီ။ ယခင်က ဖြစ်သလို နေခဲ့သော်လည်း ယခုအခါ သားသားနားနား ဝတ်ဆင်လာကြပေပြီ။

အစားအသောက်
ဆလုံတို့သည် ပင်လယ်ထဲတွင် အတည်တကျ မနေဘဲ ရေကြည်ရာ မြက်နုရာသို့ သွားလာ လုပ်ကိုင် နေထိုင်ကြသည့် အလျောက် ပင်လယ်ပျော်များ ဖြစ်သည့်အားလျော်စွာ သူတို့ စားသောက်ကြသည်မှာ များသော အားဖြင့် ပင်လယ် အစားအစာများ ဖြစ်ပါသည်။

ပင်လယ်ကျွန်းစု၊ ကျောက်ဆောင် များတွင် တွယ်ကပ်လျက် ရှိသော ဂုံး (ခရု တစ်မျိုး အထဲ တွင် ရှိသည်) ဟု ခေါ်သည့် တငိုကို ခွာ၍ အထဲမှ ခရု သဖွယ် အရာကို ချက်ပြုတ် စားသောက်ကြပါသည်။ ပင်လယ် ကျောက်ဆောင် ဂူထဲတွင် ရှိသော လင်းနို့၊ လင်းဆွဲများကို တုတ်ရှည်ဖြင့် ရိုက်ချကာ ခုတ်ထစ် ဖြတ်တောက်၍လည်း ချက်ပြုတ် သုံးဆောင်ကြပါသည်။

သူတို့သည် စားသုံးဆီ သုံးစွဲမှု နည်းသူများ ဖြစ်သည့်အလျှောက် တစ်လလုံးတွင် မိသားစု (၆)ယောက်အတွက် ဆီ (၂၀)ကျပ်သားခန့်သာ ကုန်ပါသည်။ ထို့ကြောင့် ဆလုံ အများစုတွင် သွေးတိုးရောဂါ မရှိကြပါ။

ဆလုံ တိုင်းရင်းသားတို့သည် ပျားအုံဖွတ်ရာတွင်လည်း အလွန် ကျွမ်းကျင်သူများပင် ဖြစ်သည်။ သစ်ပင် အမြင့်ပေါ်တွင် စွဲကပ်နေသော ပျားအုံကို အုန်းလက် မီးတုတ်ဖြင့် ရိုက်ချကာ ပျားအုံမှ ပျားရည်ကို ခံယူကြပါသည်။ပျားသလက်နှင့် ပျားပေါက်စတို့ကိုလည်း ချက်ချင်းပင် လတ်လတ်ဆတ်ဆတ် စားသုံးကြပါသည်။ ဆလုံတို့၏ သဘာဝမှာ စားသောက်ရာတွင်လည်း သူတို့ ရိုးရာလှေပေါ် တွင် မိသားစုအားလုံး သိုက်သိုက်ဝန်းဝန်း ပျော်ပျော်ရွှင်ရွှင် ချက်ပြုတ် စားသောက်ကြပါသည်။

ဆလုံ တိုင်းရင်းသားတို့ စားသုံးသည့် အရွက်များဖြစ်သော ဆလုံ မုန်လာ၊ ဆလုံ မုန်ညင်း၊ ဆလုံ ကန်စွန်းတို့မှာ အရွက်အသား ထူသည်မှလွဲ၍ မြေပြန့်က မုန်လာ ၊ မုန်ညင်း၊ ကန်စွန်းတို့နှင့် အတော် ဆင်တူပါသည်။ ထိုအရွက် တို့မှာလည်း ဆလုံဒေသ တောတောင်ထဲတွင် အလေ့ကျ ပေါက်နေကြခြင်း ပင်။

ကျွန်တော် တွေ့ဖူးသည့် ဆလုံ ကွမ်း (ကွမ်းယာအတွက် လိုအပ်သောကွမ်း) မှာလည်း အရွက်အသား ပိုထူကာ အလေ့ကျ ပေါက်နေခြင်းပင် ဖြစ်ပါသည်။ ဆလုံ တစ်ချို့လည်း ကွမ်းစားတတ်ကြသည်ကို ကျွန်တော် တွေ့ဖူးပါသည်။

အလုပ်အကိုင်

ဆလုံ တိုင်းရင်းသားတို့ အလုပ် လုပ်ကိုင်ရာတွင် အားလုံး စုပေါင်း ဝိုင်းဝန်း၍ လုပ်ဆောင်လေ့ ရှိကြသည်။ တောထဲတွင် ရှိသော သစ်ပင်ကြီးများကို သူတို့၏ စုပေါင်း စွမ်းအားဖြင့် ခုတ်လှဲပါသည်။ လှေထွင်း ပါသည်။ ထိုကြီးမားသော သစ်ထွင်းလှေကို ပင်လယ်ကမ်းခြေဆီသို့ သယ်ဆောင် ထုတ်ယူသည်မှာလည်း အလွန် စနစ်ကျကာ အားကျဖွယ်ရာ ကောင်းပါသည်။

ပင်လယ်ကမ်းစပ် နေရာများတွင် ပေါက်ရောက်လေ့ရှိသော ရင်ကမ်းပင်မှ ရင်ကမ်း အလက်များကို တစ်စုနှင့် တစ်စု စီစီညီညီ ထပ်ကာ ပြုလုပ်ထားသော ရင်ကမ်းလှေမှာ အလွန်ပင် လက်ရာမြောက်လှပါသည်။ ထိုရင် ကမ်းလှေတွင် သံချက်ဆို၍ တစ်ချက်မျှ မပါ၊ ကြိမ်ဖြင့်သာ ရစ်ပတ် ခြင်း ၊ ကွပ်ခြင်း ပြုလုပ်ထားသည်မှာ ခိုင်ခန့်လှပါသည်။ စိစပ်လှပါသည်။

ရေတစ်စက်မျှ လှေဝန်းထဲသို့ မဝင်ပါ။ သူတို့၏ ကျွမ်းကျင်မှုကြောင့် လှိုင်းလေလာလည်း ကြောက်လန့်မှု မရှိကြပါ။ သို့ သော်လည်း လှိုင်းလေများ အလွန်ပြင်းထန်စွာ တိုက်ခတ်လာသောအခါ သူတို့သည် ကမ်းခြေများ၊ လေကွယ်ရာ ကျွန်းစုများတွင် စုပေါင်း၍ နေထိုင်လေ့ ရှိကြပါသည်။

ဆလုံ တိုင်းရင်းသားတို့၏ အလုပ်အကိုင်ကို ဖော်ပြရလျှင် ငါးဖမ်းခြင်း၊ ပုလဲငုပ်ခြင်း၊ ပင်လယ်မျှော့ ငုပ်ခြင်း၊ ကနု ကမာ၊ ငှက်သိုက် ရှာဖွေခြင်း၊ ပျားဖွတ်ခြင်း၊ ရှာခြင်း၊ ရေနှင့် ပါတ်သက်သော လုပ်ငန်း အ၀၀ကို ကျွမ်းကျင်စွာ လုပ်ကိုင်နိုင်သော တိုင်းရင်းသားများပင် ဖြစ်ပါသည်။

ကျောက်ကြို ကျောက်ကြားထဲသို့ နှစ်ခွစူး၊ မှိန်းတံရှည်နှင့် ငါးထိုးနေသော ကလေးငယ်များကိုလည်း ကျွန်တော် မြင်ဖူးပါသည်။ ယခုအခါ ခေတ်မီလာသော ဆလုံတို့မှာ ရေငုပ်မျက်မှန် အကောင်းစားနှင့် အောက်စီဂျင် အသက်ရှူဘူးတို့ဖြင့် ရေငုပ်ကာ ပုလဲ ရှာနေကြပြီ၊ ပင်လယ်မျှော့ ရှာနေကြပြီ ဖြစ်ပါသည်။

ထိမ်းမြားလက်ထပ်ခြင်း

ဆလုံ တိုင်းရင်းသားတို့သည် ကလေး မီးဖွားလျှင် မွေးဖွားလာလျှင် မွေးဖွားစ ကလေးအတွက် နတ်ဆရာနှင့် နတ် ကိုးကွယ်ကြသည်။ Gသဆုံးသွားလျှင်လည်း Gသဆုံးသူ ကောင်းရာ မွန်ရာရောက်အောင် နတ်ဆရာနှင့် ပူဇော်ပသလေ့ ရှိသည်။ ထိုနည်းတူစွာ သတိုးသားနှင့် သတို့သမီး ထိမ်းမြား လက်ထပ်ပွဲတွင်လည်း နတ် ဆရာနှင့် ရိုးရာနတ်ကို ပူဇော် ပသမှု ပြုမှသာလျှင် လင်မယားအရာ မြောက်သည်ဟု ဆလုံတို့က ယူဆပါသည်။

ဆလုံ တိုင်းရင်းသားတို့သည် ငယ်ရွယ်စဉ်ကပင် အိမ်ထောင်ပြုသူများ ဖြစ်သည့်အားလျော်စွာ အသက် (၁၇)၊ (၁၈) နှစ်ခန့်တွင် အိမ်ထောင်ပြုလေ့ ရှိပါသည်။ အမျိုးသား တစ်ယောက်သည် အမျိုးသမီး တစ်ယောက်ကို သဘောကျ နှစ်သက်သောအခါ အမျိုးသမီး မိဘများထံ သွား၍ တောင်းရမ်းရပါသည်။

ထိုသို့ တောင်းရမ်းစဉ် အမျိုးသားနှင့် အတူ မိဘ (၂)ပါး ပါရသည်။ ဆလုံတို့၏ အကြီးအကဲ ပါရသည်။ အမျိုးသမီးဘက်က လက်ခံသောအခါ မင်္ဂလာပွဲရက်ကို နေ့သတ်မှတ်၍ နတ်ဆရာနှင့် တိုင်ပင်ကာ စားသောက်ဖွယ်ရာများကို စီမံ ပြင်ဆင်ကြ ပါသည်။

သူတို့၏ အစားအသောက်များကား အထူးအဆန်း မဟုတ်ပါ။ ငါးကင်များ၊ ဆီနည်းနည်းဖြင့် ကြော်ထားသော လင်းနို့ကြော်၊ လင်းဆွဲကြော်၊ အူအသည်းများ ထုတ်ထားသော ကြက်ကောင်လုံးပြုတ်၊ ကြက်ကောင်လုံးကင်၊ တစ်ခါတစ်ရံ ရတတ်သော သင်းခွေချပ်ကြော်၊ မျောက်သား ကြော်နှင့် ပျားရည်၊ အရက်တို့ပင် ဖြစ်ပါသည်။ မျောက်ချေးခါးကိုလည်း ဆလုံတို့ စားလေ့စားထ ရှိပါသည်။
မင်္ဂလာ အခမ်းအနား ကျင်းပသည့် နေ့ရက်တွင် တစ်စုတစ်ဝေးတည်း နေကြသည့် ဆလုံတို့မှာ မည်သည့် ကိုယ်ရေးကိုယ်တာ အလုပ်ကိုမျှ မလုပ်ဘဲ မင်္ဂလာပွဲအတွက်သာ အားလုံး ဝိုင်းဝန်း လုပ်ဆောင် ချက်ပြုတ်ကြပါသည်။ နံနက် (၉)နာရီခန့်တွင် ဆလုံ နတ်ဆရာ ရောက်လာပါသည်။ သူ့လက်ထဲတွင် ပလွေကဲ့သို့သော တူရိယာလေး တစ်ခု ပါလာပါသည်။

ဆလုံ မင်္ဂလာပွဲကို များသောအားဖြင့် ပင်လယ်ကမ်းစပ် သဲသောင်ပြင်တွင် ကျင်းပလေ့ ရှိပါသည်။ ဆလုံ နတ်ဆရာတစ်ယောက် မင်္ဂလာပွဲသို့ ရောက်ရှိလာချိန်တွင် နတ်ပူဇော်ပွဲ အတွက် အစားအသောက်များ ပြင်ဆင်ပြီး အဆင်သင့် ဖြစ်နေပါပြီ။ နတ်ဆရာသည် ရှေးဦးစွာ သူတို့၏ ဆလုံရိုးရာနတ်ကို လက်နှစ်ဖက် ခေါင်းပေါ်မြှောက်ကာ အပေါ် အောက် လှုပ်ရှားလျက် ပလွေမှုတ်ကာ ပင့်ဖိတ်ပါသည်။

ပြီးနောက် လက်ထပ်မည့် အမျိုးသား၊ အမျိုးသမီး လက်လေးဖက်ကို ပူးယှက်စေကာ သူတို့ လက်ပေါ်သို့ နတ်ဆရာ၏ လက်ဝါးနှစ်ဖက်ကို အုပ်မိုးလိုက်ပါသည်။ ထို့နောက် သူတို့ ရိုးရာဖြင့် ဤမင်္ဂလာမောင်မယ်ကို ရာသက်ပန် စောင့်ရှောက်စေလိုကြောင်း သူတို့၏ ကျန်းမာရေး အတွက် သူတို့ အလုပ်အကိုင်အတွက် အကူအညီများ ပေးစေလိုကြောင်း တိုင်တည် ပြောဆိုပါသည်။ သတို့သားနှင့် သတို့သမီးကိုလည်း ရာသက်ပန်ရိုးရာ ရိုးမြေကျ ပေါင်းဖေါ်မည့်အကြောင်း ရိုးရာနတ်ထံ လက်လေးဖက် မြှောက်ကာ တိုင်တည်စေပါသည်။

ဆလုံ တိုင်းရင်းသားတို့သည် တစ်လင် တစ်မယား စနစ်ကိုသာ ကျင့်သုံးသောသူများ ဖြစ်ပါသည်။ သူတို့ လောကတွင် အိမ်ထောင် ရေး ဖောက်ပြန်မှုကို လုံး၀ လက်မခံချေ။ အိမ်ထောင်ရေး ဖောက်ပြန်သူများကို သူတို့ အစုအဝေးမှ ရာသက်ပန် နှင်ထုတ်ကာ သူတို့နှင့် လုံး၀ အဆက်အသွယ် မလုပ်တော့ပါ။ သူတို့သည် အစုအဝေးနှင့် နေတတ်သည့် အားလျော်စွာ ထိုကဲ့သို့ အပြစ်ဒဏ်မျိုးကို အလွန်ပင် ကြောက်ရွံ့ကြပါသည်။

သူတို့သည် အိမ်ထောင်ကျသောအခါ သူတို့အတွက် (မင်္ဂလာမောင်မယ် အတွက်) ရိုးရာ လှေတစ်စီး၊ ငါးဖမ်း ပိုက်တစ်စုံနှင့် ငါးဖမ်းကိရိယာ အချို့ကို လက်ဖွဲ့လိုက်ပါသည်။ ဇနီး မောင်နှံနှစ်ယောက် ဒိုးတူပေါင်းဖက် လုပ်ကိုင် စားသောက်ကြတော့ဟု ဆိုလိုသည့် သဘောပင်။ သို့သော် ဇနီး မောင်နှံ နှစ်ယောက်မှာ အဝေးသို့ သွားစရာ မလို၊ သည်အစုအဝေးမှာပင် နေထိုင်စေပါသည်။ ဆလုံတို့၏ မင်္ဂလာပွဲ ကပွဲကား တစ်နာရီခန့် ကြာမြင့်ပါသည်။

ဆလုံရိုးရာနတ်ပွဲများ

ဆလုံ ရိုးရာ နတ်ပွဲများတွင် နတ်ဆရာသည် နတ်ကို တိုင်တည်ပူဇော်ပြီးနောက် နတ်ပူးလာပြီး နတ်ဝင်လာသည်ဟု ဆိုကာ တုန်တက်လာပါသည်။ ပြီးနောက် အရက် သောက်ပါသည်။ ငါးကင်၊ ကြက်ကောင်လုံးကင်၊ အစားအသောက်များ စားပါသည်။

ပြီးနောက် နတ်ဆရာ တုန်တုန် ယင်ယင်ဖြင့် ကပါသည်။ ပရိသတ်ကလည်း လိုက်ကပါသည်။ နတ်ဆရာ နတ်ဝင်သည်မှာ နာရီဝက်ခန့်သာ ကြာပါသည်။ နတ်ဆရာထံမှ နတ်ထွက်သွားသောအခါ တုန်တုန်ယင်ယင် အမူအရာများ ပျောက်ကွယ်သွားပါသည်။

တစ္ဆေကြီးပွဲ

တစ္ဆေကြီးပွဲ ဆိုသည်မှာ အခြား မဟုတ်ပါ။ Gသဆုံးသူများကို ကျွေးမွေးသည့်ပွဲပင် ဖြစ်ပါသည်။ ဆလုံ တိုင်းရင်းသားတို့၏ အယူ အဆမှာ Gသဆုံးသွားသူတို့သည် ကောင်းရာမွန်ရာ ရောက်သူ ရှိသကဲ့သို့ တစ်ချို့မှာ တစ္ဆေ၊ သရဲ ဖြစ်နေသည်ဟု ယုံကြည်ကြသည်။ ထို တစ္ဆေ၊ သရဲများ၊ စားရမဲ့၊ သောက်ရမဲ့ ဖြစ်နေသည်ကို မလိုလားသဖြင့် တစ်နှစ် တစ်ခါ သူတို့ရှိရာ သင်္ချိုင်းသို့သွား၍ သူတို့ကို ပင့်ဖိတ်ကာ ကျွေးမွေးခြင်းပင် ဖြစ်သည်။

ဆလုံ တို့သည် Gသဆုံးသူများကို ကျွန်းတစ်ကျွန်းတွင် မြှပ်နှံ သင်္ဂြိုဟ်လေ့ ရှိပါသည်။ ထိုသင်္ချိုင်းတွင် တစ်နှစ်တစ်ခါ (နှစ်စဉ် ဇန်နဝါရီလ) ကျင်းပသော တစ္ဆေပွဲကြီးတွင် ထုံးစံအတိုင်း မပါမဖြစ်သည်မှာ ရိုးရာ နတ်ဆရာနှင့် နတ်ပွဲပင် ဖြစ်ပါသည်။

နတ်ဆရာက ရိုးရာနတ်ကို ပင့်ဖိတ်ပြီးလျှင် အစားအသောက်များနှင့် ပူဇော် ပသလေသည်။ Gသဆုံးသူများကိုလည်း ပင့်ဖိတ် ကျွေးမွေးလေသည်။ ပြီးနောက် နတ်ဆရာက တုန်တုန်ယင်ယင်နှင့် ကွေးနေအောင် ကပါတော့သည်။ ပရိသတ်များကလည်း ဗုံတီးပြီး ကကြပါသည်။ သူတို့အကမှာ အာဖရိက လူရိုင်းအကများနှင့် အတော်ပင် ဆင်တူပါသည်။ အရက်သောက်ထားပြီး သွေးကြွနေတာလည်း ပါပါလိမ့်မည်။ ကျွန်း ကမ်းခြေ၊ ပင်လယ်သောင်စပ်မှပင် ကနေကြသူ အများသား။ မည်သို့ပင် းဆိုစေ ဆလုံ တိုင်းရင်းသားတို့၏ ဤ ဓလေ့မှာလည်း ချစ်စရာပင် မဟုတ်ပါလော။

ဆလုံရိုးရာလှေကို လွန်းတင်ခြင်း

ဆလုံ တိုင်းရင်းသားတို့သည် သူတို့၏ သစ်ထွင်းလှေနှင့် စက်တပ် လှေများကို တစ်နှစ်တစ်ခါ မှန်မှန် လွန်းတင်လေ့ ရှိပါသည်။ ပင်လယ် သဲသောင်ပြင်ဝယ် လွန်းတင်ရန် ပြင်ဆင်ထားသည့် ရိုးရာလှေမှ ပေါက်ပြဲနေသည့် နေရာများကို မီးတုတ်ဖြင့် ရှို့လိုက်သောအခါ မကောင်းသည့် ပုန်းညက်များ ကွာကျ လာပါသည်။ မီးတုတ်မှာ အုန်းလက် ဖြင့် မီးရှို့ထားခြင်း ဖြစ်ပါသည်။

ပေါက်ပြဲ ယိုစိမ့် ကျနေသည့် ပုန်းညက်အဟောင်းနေရာတွင် ပုန်းညက်အသစ်ဖြင့် ဖာထေး ပါသည်။ သူတို့သည် လှေကို လွန်းတင်ရာတွင် စုပေါင်း လုပ်ဆောင် ကြသဖြင့် မည်မျှပင် ကြီးသည့် လှေ ဖြစ်စေကာမူ အများဆုံး လုပ်ရပါလျှင် ငါးရက်ခန့်သာ ကြာမြင့်ပါသည်။ ရင်ကမ်းလှေကို လွန်းတင်ရာတွင် အခြားလှေနှင့်စာလျှင် သက်သာပါသည်။ လိုအပ်သော နေရာတွင် ပုန်းညက်အသစ်ဖြင့် ဖာထေးခြင်းပင် ဖြစ်ပါသည်။

ဆလုံ တိုင်းရင်းသားတို့မှာ ယောက်ျားလေးရော၊ မိန်းကလေးပါ အသက် (၁၀) နှစ်ခန့်တွင် ရေနှင့် ပါတ်သက်၍ အစစ အရာရာ အလွန် ကျွမ်းကျင်နေကြလေပြီ။ ထိုစဉ်က ကျွန်တော့် မျက်စိရှေ့တွင်ပင် (၁၀) နှစ်သားခန့် ရှိသော ဆလုံ ယောက်ျားလေးမှာ ခက်ရင်း စူးခွ မှိန်းတံရှည်ကို ကိုင်ဆောင်လျက် (၁၅) ပေခန့် နက်သော ပင်လယ်ရေထဲသို့ လှေပေါ်မှ ပလုံ ကနဲ ခုံဆင်း လိုက်သည်မှာ (၁၀) မိနစ်ခန့်ပင် မကြာလိုက်ပါ။

သူပြန်တက်လာသောအခါ လက်ထဲတွင် (၂) ပေခန့်ရှိသော ငါးမန်းဖြူ တစ်ကောင် ပါလာသည်ကို တွေ့ရသဖြင့် ကျွန်တော်မှာ လွန်စွာပင် အံ့သြသွားပါသည်။ မနက်ပိုင်းကလည်း ထိုနည်းတူစွာ ငါးလိပ်ကျောက် (လိပ်ပုံသဏ္ဍန် ငါးပြားကြီး) တစ်ကောင်ကို ရခဲ့ကြောင်း၊ ထိုသူငယ်က လက်ဟန် ခြေဟန်ဖြင့် ကျွန်တော့်ကို ပြောပြပါ သေးသည်။

ဆလုံတို့သည် လူကြီး လူငယ်မရွေး အအားမနေဘဲ အမြဲတစေ အလုပ်လုပ်နေသော လူမျိုးပင် ဖြစ်ပါသည်။ လွတ်လပ်မှုကို မြတ်နိုးကာ တစ်ခုမဟုတ်တစ်ခု အလုပ်လုပ်နေသော တိုင်းရင်းသားများပင်။ များသော အားဖြင့် သူတို့သည် လက်ထဲတွင် ခက်ရင်း စူးခွ မှိန်းတံရှည်ကို ကိုင်ဆောင်ကာ ကမ်းခြေ၊ ကျောက်ဆောင်၊ ကျောက်ကြို ကျောက်ကြားအောက်ရှိ ငါးမျိုးစုံတို့ကို ထိုးယူ ဖမ်းဆီးကြပါသည်။
ဟိုစဉ်က ဆလုံ တိုင်းရင်းသားတို့ ငါးဖမ်းသည် ဆိုသည်မှာ ငါးဖမ်းပိုက်များဖြင့် ဖမ်းလေ့ဖမ်းထ နည်းပါးပါသည်။ သို့သော် ယခုအခါတွင်မူ ငါးဖမ်းပိုက် အမျိုးမျိုးဖြင့် အတော်များများ ဖမ်းဆီးလာကြပါသည်။

သူတို့ ဘဝမှာ ယခင်က ဖမ်းယူရရှိ ငါးများနှင့် ရေငုပ်၍ ရရှိသော ပုလဲ၊ ပင်လယ်မျှော့တို့ကို ရောင်းချရာတွင် ဈေးနှိမ်ခြင်း ခံရသော်လည်း ယခုအခါ ထိုက်ထိုက်တန်တန် ဈေးမှန်၊ အလေးမှန် ရရှိခဲ့ပါပြီ။

ဖဲရိုက်ကာ ကက်ဆက် နားထောင်နေကြသော ဆလုံများ၊ ရွှေဆွဲကြိုး တဝင်းဝင်းနှင့် ဆလုံများ၊ ခြင်းလုံးခတ်ကာ အပန်းဖြေနေကြ သော ဆလုံ ကလေးငယ်များ၊ ဘာပဲပြောပြော ဆလုံ တိုင်းရင်းသားတို့ လူနေမှုဘ၀ တိုးတက် ဖွံ့ဖြိုးလာခဲ့သည်မှာ အမှန်ပင် ဖြစ်ပါသည်။

𝕮𝖗𝖊𝖉𝖎𝖙 𝕿𝖔 𝕺𝖗𝖎𝖌𝖎𝖓𝖆𝖑 𝖀𝖕𝖑𝖔𝖆𝖉𝖊

Zawgyi

ဆလုံ (သို႔) ပင္လယ္ေပ်ာ္ ဂ်စ္ပစီမ်ားဟု ေခၚသည့္ ေမာ္ကင္း(Mawken)မ်ား

“ဆလုံလူမ်ိဳးအေၾကာင္း”

ေမြးဖြားၿပီးသည္ႏွင့္ တၿပိဳင္နက္ ခ်က္ႀကိဳးျဖတ္ၿပီး ေရထဲသို႔ ၂ စကၠန႔္ခန႔္ ျမဳပ္လိုက္၊ ႏွစ္လိုက္ျဖင့္ ၃ ႀကိမ္ ျပဳလုပ္ကာ ႀကီးျပင္းလာၾကသည့္ ျမန္မာျပည္ထဲက ဆလုံ တိုင္းရင္းသားမ်ားအေၾကာင္း

ခရစ္ႏွစ္ဦးပိုင္းတြင္ ဩစႀတိဳနီးရွန္း (Austronesian) အႏြယ္ဝင္မ်ားသည္ ဩစႀတိဳေအးရွန္းတစ္(Austroasiatic) မ်ားျဖစ္သည့္ မြန္မ်ားႏွင့္ နယ္ပယ္ ရရွိေရးအတြက္ စစ္ပြဲမ်ား ဆင္ႏြဲရာ ရႈံးႏွိမ့္သြားသျဖင့္ ေတာင္ပိုင္း ပင္လယ္ေဒသမ်ားသို႔ျပန္လည္ ဆုတ္ခြာၾကရာ ကြၽန္းစုမ်ားတြင္ က်န္ရစ္သည့္ လူမ်ိဳးျဖစ္သည္ဟု မႏုႆေဗဒ ပညာရွင္မ်ားက သတ္မွတ္ၾကသည္။

ဆလုံ လူမ်ိဳးသည္ ၿမိတ္ကြၽန္းစု၏ အဖိုး မျဖတ္ႏိုင္ေသာ ျပယုဒ္တစ္ခု ျဖစ္ည္။ သူတို႔၏ ဓေလ့စ႐ိုက္၊ ႐ိုးသား ေျဖာင့္မတ္မႈကို တုႏႈိင္းရန္ အရာ မရွိပါ။ ထို႔ေၾကာင့္ ၎လူမ်ိဳးတို႔မွာ လူသိမ်ား ထင္ရွားေနျခင္း ျဖစ္သည္။

ဆလုံ လူမ်ိဳးတို႔သည္ ပင္လယ္ျပင္တစ္ခြင္ ၀မ္းစာအတြက္ လွည့္လည္ က်က္စားၾကသည္။ ေရကူး၊ ေရငုပ္ရာတြင္ ကြၽမ္းက်င္သည္။ ထို႔ေၾကာင့္ Sea Gypsy orMen of the Sea အျဖစ္ အမည္တြင္ျခင္း ျဖစ္သည္။

ဆလုံ တိုင္းရင္းသား တို႔ကို “ေမာ္ကင္း” Mawken “ မိုကန္း” Moken (ထိုင္း အေခၚ) ဟုလည္း ေခၚၾက ပါသည္။ ပင္လယ္ထဲမွာ ေပါ့ေပါ့ပါးပါး သစ္၊ ဝါး၊ ရင္ကမ္းသားတို႔ႏွင့္ ဖြဲ႕စည္း တည္ေဆာက္ထားသည့္ ႐ိုးရာေလွကို အိမ္လို သေဘာထား ၿပီး မိသားစုႀကီးတစ္ခုလုံး ေနၾက၊ ထိုင္ၾက၊ ခ်က္ျပဳတ္ စားေသာက္ၾက႐ုံ သာမက သူတို႔ဘ၀၏ အေဖာ္မြန္ဟု ေခၚေသာ ေခြးမ်ားကိုလည္း တစ္ပါတည္း သယ္ေဆာင္ သြားၾက ပါသည္။

ယေန႔အခါ ဆလုံ လူမ်ိဳးမ်ား ကို ျမန္မာႏိုင္ငံ ေတာင္ဘက္စြန္းတနသၤာရီတိုင္း ေဒသႀကီးရွိ ၿမိတ္ခ႐ိုင္ႏွင့္ ေကာ့ေသာင္းခ႐ိုင္ အတြင္းရွိ ကြၽန္းမ်ားတြင္ လူနည္းစုအျဖစ္ သီးျခား ေနထိုင္ၾကသည္။ ၿမိတ္ ခ႐ိုင္ ႏွင့္ ေကာ့ေသာင္းခ႐ိုင္ အတြင္း ဆလုံတိုင္းရင္းသားမ်ား ေနထိုင္ၾကေသာ ၿမိဳ႕နယ္ႏွင့္ ကြၽန္းမ်ားမွာ ၿမိတ္ၿမိဳ႕နယ္ ၊ ကြၽန္းစု ၿမိဳ႕နယ္ ၊ ပုေလာ ၿမိဳ႕နယ္ ၊တနသၤာရီ ၿမိဳ႕နယ္ ၊ေကာ့ေသာင္း ၿမိဳ႕နယ္ ၊ ဘုတ္ျပင္း ၿမိဳ႕နယ္ ၊ ဒုန္း ကြၽန္း ( Done Island ) ၊ ဇာဒက္ႀကီး ကြၽန္း ၊ လန္းပိကြၽန္း ( Lumpi Island ) ၊ မႀကဳံ ကလက္ ေက်း႐ြာႏွင့္ ေညာင္ဝိေက်း႐ြာတို႔ ျဖစ္ၾက သည္။

အသက္ေမြး၀မ္းေၾကာင္း

ဆလုံ လူမ်ိဳးမ်ားသည္ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးတို႔ျဖင့္ အသက္မေမြး ေရ လုပ္ငန္း၊ ပုလဲ ငုပ္ျခင္း လုပ္ငန္းတို႔ျဖင့္ အသက္ေမြးက သည္။ ပင္လယ္ ကမ္းေျခ တစ္ေလွ်ာက္ ေလွေလွာ္ ခတ္ရင္း တစ္ကြၽန္းမွ တစ္ကြၽန္း ကူးကာ ေနထိုင္ေလ့ ရွိသည္။ ေလွေလး မ်ားကို ေပါ့ပါးေသာ သစ္လုံးမ်ားျဖင့္ ထြင္းယူၾကသည္။

၎ေလွမ်ားမွာ ပင္လယ္ခရီး အတြက္ အဆင္ေျပ အသုံး၀င္လွသည္။ အသုံးအေဆာင္မ်ား၊ အစာ ေရစာမ်ား၊ ေခြး၊ ေၾကာင္၊ ၾကက္မ်ား ကိုလည္း တစ္ပါတည္းေလွႏွင့္ အတူ တင္ယူလာေလ့ ရွိၾကသည္။ ေဆာင္း၊ ေႏြရာသီမ်ားတြင္ ငါးဖမ္းျခင္း၊ ေရထြက္ပစၥည္း ေရာင္း၀ယ္ျခင္းတို႔ျဖင့္ အသက္ေမြးၾကၿပီး မိုးရာသီရာသီဥတု ဆိုးဝါးသည့္အခါ နီးစပ္ရာ ကြၽန္းေပၚတြင္ ဝါးေျခတိုင္ ရွည္တဲ မ်ားျဖင့္ လည္းေကာင္း၊ ဂူမ်ားရွာ ၍ လည္းေကာင္း ေနထိုင္ေလ့ ရွိသည္။

Sea Gypsy ဟူေသာ အမည္ႏွင့္ လိုက္ေလ်ာညီေထြစြာပင္ သဘာ၀ ပင္လယ္ ေဘးအႏၲရာယ္ကိုလည္းေရွာင္တိမ္း တတ္ၾက သည္။ရာသီဥတု ဆိုးဝါးစဥ္ေတာင္မွ မိမိေန ထိုင္ရာ ကြၽန္းဆီ အျမန္ဆုံးျပန္ေရာက္ေအာင္ သြားႏိုင္ ၾကသည္။ ဆလုံ လူမ်ိဳးတို႔၏ ေရငုပ္ပညာ ကြၽမ္းက်င္မႈမွာ အံ့မခန္း ျဖစ္သည္။
ပင္လယ္ၾကမ္းျပင္ အထိ ေရငုပ္ ႏိုင္ၿပီး ေရေအာက္တြင္ ေအာက္ဆီဂ်င္ အကူအညီ မပါပဲ အခ်ိန္ အေတာ္ၾကာ အနည္းဆုံး တစ္နာရီခန္႔ ေနႏိုင္ သည္။ တစ္ရက္တည္း ထိုကဲ့သို႔ ေရငုပ္ျခင္းမ်ိဳး အႀကိမ္အေရ အတြက္ မ်ားမ်ား လုပ္ႏိုင္ သည္။

ပင္လယ္ ခ႐ု၊ ကမာ (မုတ္) ေကာင္မ်ား၊ ငါးႀကီး အံဖတ္၊ ပင္လယ္ ေရေမွာ္ပင္၊ ပုလဲ၊ ငွက္သိုက္၊ ပ်ားရည္၊ပရေဆးပင္ မ်ားကို ရွာေဖြ စုေဆာင္း ၿပီး ေရာင္းခ်ေလ့ ရွိသည္။

ကိုးကြယ္ယုံၾကည္မႈႏွင့္ ဓေလ့စ႐ိုက္

ဆလုံ လူမ်ိဳးမ်ားသည္ အျခား လူမ်ိဳး မ်ားႏွင့္ ေရာေရာေႏွာေႏွာ ေနထိုင္ေလ့ မရွိေခ်။ ၎တို႔၏ လူေနထိုင္မႈ စနစ္မွာ ၿမိဳ႕ျပေနထိုင္မႈ စနစ္ႏွင့္ ကြာျခား လြန္း လွသည္။သို႔ေသာ္လည္း သူ တို႔၏ လူေနမႈစနစ္ကို ယုံၾကည္စြာ တန္ဖိုးထား ထိန္းသိမ္း ၾကသည္။ ဘာသာတရားႏွင့္ ပတ္သက္၍လည္း ၎တို႔၏ ကိုယ္ပိုင္ ယုံၾကည္မႈကို လက္ကိုင္ ထားၾက သည္။

နတ္ေကာင္း ႏွင့္ နတ္ဆိုး ဟူ၍ နတ္ ဘုရားကိုးကြယ္မႈ ႏွစ္ခုရွိသည္။ နတ္ဆရာသည္ ၎တို႔၏ အခရာ ျဖစ္သည္။ ေပ်ာ္ပြဲ႐ႊင္ပြဲမ်ား ကိုသာမက ဖ်ားနာသည့္အခါ၊ တစ္ဦးတစ္ေယာက္ ေသဆုံးသည့္အခါတြင္ နတ္ဆရာ၏ ေျပာဆိုမႈအတိုင္း စပါး၊ ေျပာင္း၊ အရက္၊ ပ်ားရည္၊ ကြမ္း၊ ဘဲေသြးစိမ္း၊ ၾကက္၊ လင္းပိုင္၊ ပင္လယ္ လိပ္ တို႔ကို ယဇ္ပူေဇာ္ေလ့ ရွိသည္။

ေပ်ာ္ပြဲ႐ႊင္ပြဲမ်ားတြင္ ေတးသီခ်င္းမ်ား သီဆို တီးမႈတ္ၿပီး မီးပုံဖိုကာ ဝိုင္းဖြဲ႕ ကခုန္ၾကသည္။ သူတို႔၏ ဗုံတစ္မ်ိဳးမွာ ပုတ္သင္ညိဳသားေရျဖင့္ ျပဳလုပ္ထားသည္။ ဆလုံလူမ်ိဳး တို႔၏ ဂီတ ပင္ကိုယ္စြမ္းရည္ မွာ ထက္ျမက္ ဆန္းၾကယ္လွသည္။

ဘာသာစကား

ဆလုံ တိုင္းရင္းသားမ်ား ေျပာဆို ေသာ စကားမွာ ( 4 ) မ်ိဳးရွိၿပီး ေလာတ ( Lawta ) ၊ လဘီ ( Lbi ) ၊ ဂ်အိ ( Jait ) ၊ ဒန္း ( Dung ) ဘာသာစကား တို႔ ျဖစ္ၾကၿပီး ထိုေလးမ်ိဳးတြင္ ဒန္း ဘာသာစကားသည္ စံဘာသာစကား (သို႔) မူရင္း ဘာသာစကား ျဖစ္ေၾကာင္းကို Walter Grainge Whtie ဆိုသူက The Sea Gypsies of Malaya စာအုပ္တြင္ ေဖာ္ျပထားေပ သည္။

ဆလုံ ဘာသာစကားနဲ႔ ပါတ္သက္ၿပီး ပညာရွင္ေတြရဲ႕ အယူအဆက ( 2 ) မ်ိဳးကြဲလ်က္ ရွိေပသည္။ တစ္မ်ိဳးမွာ ဆလုံတို႔သည္ မေလးလူမ်ိဳး အဆက္ အႏြယ္ ျဖစ္သည္ဟူေသာ အဆို ျဖစ္သည္။ အဘယ္ေၾကာင့္ဆိုေသာ္ ဆလုံ တိုင္းရင္းသားတို႔ ေျပာဆိုေသာ စကားတြင္ မေလး အေခၚ ေဝၚ မ်ား ပါ၀င္ေန ေသာေၾကာင့္ ျဖစ္ေပသည္။

ေနာက္ တစ္မ်ိဳးမွာ မြန္ – ခမာ အႏြယ္ ျဖစ္သည္ဟူေသာ ယူဆခ်က္ ျဖစ္သည္။ ျမန္မာျပည္ ေတာင္ပိုင္း၊ အင္ဒိုခ်ိဳင္းနား ကြၽန္းဆြယ္ ၊ ထိုင္း ႏိုင္ငံ တို႔ဘက္မွ ျမန္မာျပည္အတြင္းသို႔ ၀င္ေရာက္လာေသာ မြန္ – ခမာမ်ားထဲတြင္ ဆလုံတိုင္းရင္းသား မ်ားသည္ မြန္မ်ားနဲ႔အတူ ၀င္ေရာက္လာသည္ ဟူ၍ လည္းေကာင္း၊ မြန္ – ခမာ တို႔၏ အေျပာအဆို အသုံးအႏႈန္းတို႔သည္ ဆလုံ တိုင္းရင္းသားတို႔ ေျပာဆိုေသာ အသုံးအႏႈန္းႏွင့္ ဆင္ေသာေၾကာင့္ မြန္ – ခမာ အႏြယ္မွ ဆင္းလာသည္ဟု ယူဆၾကျခင္း ျဖစ္ေပသည္။

ဆလုံ ဘာသာစကား မ်ိဳး႐ိုးႏွင့္ သမိုင္း ေၾကာင္းကို ျပန္ၾကည့္လွ်င္ ျမန္မာျပည္တြင္ တိဗက္ တ႐ု.တ္ မ်ိဳး႐ိုးႏွင့္ ၾသစထရပ္ မ်ိဳး႐ိုးဟူ၍ ဘာသာစကား မ်ိဳး႐ိုးႀကီး ႏွစ္ခုရွိရာ ဆလုံ ဘာသာစကားသည္ ၾသစထရစ္ မ်ိဳး႐ိုးတြင္ ပါ၀င္ေပသည္။ ၾသစထရစ္ မ်ိဳး႐ိုးသည္ တိဗက္ တ႐ု.တ္ မ်ိဳး႐ိုးထက္ ေရွးက်ေသာ ဘာသာ စကားတစ္ခု ျဖစ္ေပသည္။

ၾသစထရစ္ ဘာသာစကားကို ေျပာဆိုေသာ လူမ်ိဳးမ်ားထံမွ တ႐ု.တ္ တိဗက္ ဘာသာစကား ေျပာဆိုေသာ လူမ်ိဳးမ်ားက အတတ္ပညာမ်ားကို သင္ၾကား ခဲ့ရေပသည္။ သို႔ျဖစ္၍ မြန္ တို႔ထံမွ ဗမာတို႔က သင္ၾကားခဲ့ရ သည္။ ခမာတို႔ထံမွ ရွမ္းတို႔က သင္ၾကား ခဲ့ရေလသည္ဟု ဦးေဖေမာင္တင္ ေရးသားေသာ ဘာသာ ေလာကက်မ္းတြင္ ေတြ႕ရွိရပါ သည္။

ၾသစထရစ္ ဘာသာစကား မ်ိဳး႐ိုး ႀကီးတြင္ ၾသစထ႐ို နီရွန္းေခၚ ပင္လယ္ပိုင္းတြင္ ေျပာေသာ စကားနဲ႔ ၾသစထ႐ို ေအရွတစ္ဟု ေခၚေသာ ကုန္းပိုင္းတြင္ ေျပာေသာစကားဟူ၍ ႏွစ္မ်ိဳး ရွိေပရာ ဆလုံ တိုင္းရင္းသား ဘာသာစကားသည္ ၾသစထ႐ို နီရွန္း အုပ္စုတြင္ ပါ၀င္ေပသည္။ ၾသစထ႐ို နီရွန္း ဘာသာစကားကို ေျပာဆိုေသာ လူမ်ိဳးမွာ ေတာင္ဘက္စြန္းရွိ ကြၽန္းမ်ားတြင္ ေနထိုင္ေသာ ေမာ္ကင္း ေခၚ ဆလုံ တိုင္းရင္းသားမ်ားႏွင့္ ပသွ်ဴး တိုင္းရင္းသားတို႔ ျဖစ္ၾကသည္။

စာေပ

စာေပအေနျဖင့္ ေလ့လာၾကည့္လွ်င္ ဆလုံ တိုင္းရင္းမ်ားတြင္ ကိုယ္ပိုင္ စာေပ မရွိေခ်။ 1846 ခုႏွစ္တြင္ ေဒါက္တာ ဘေရတန္က လည္းေကာင္း ၊ 1900 ျပည့္ႏွစ္တြင္ ခရစ္ယာန္ သာသနာျပဳ ဆရာမႀကီး ေဒါက္တာေဒစီ အဖြဲ႕က လည္းေကာင္း ၊ 1988 ခုႏွစ္တြင္ ခရစ္ယာန္ သာသနာျပဳ ဆရာမႀကီး ေနာ္ေဆးေဘႏွင့္ ေနာ္ဖိုးေလတို႔ကလည္းေကာင္း အဂၤလိပ္အကၡရာ၊ ပိုး ကရင္ အကၡရာတို႔ျဖင့္ ဆလုံစာေပကို တီထြင္ ေပးခဲ့ၾကသည္။

(19) ရာစု ႏွစ္ဦးပိုင္းတြင္လည္း အေမရိကန္ ႏွစ္ခ်င္းခရစ္ယာန္ သာသနာျပဳ မစၥတာစတီဗင္ (Mr. Stevens) ဆိုသူက ေရာမအကၡရာ မ်ားကို အသုံးျပဳကာ စာေပ တီထြင္ ေပးခဲ့ၿပီး ေခါင္းစဥ္မွာ A Primer of the Salone Language ျဖစ္ေပသည္။ ၄င္းစာအုပ္မွာ ဖတ္စာအုပ္ငယ္ျဖစ္ၿပီး အေတာ္အတန္ပင္ ျပည့္စုံမႈရွိေၾကာင္း၊ ယခုအခါ ရွာေဖြ၍ မရေတာ့ေၾကာင္း သိရေပသည္။

ဆလုံ တိုင္းရင္းသားတို႔သည္ စာေပ သင္ၾကားျခင္းထက္ ပင္လယ္ လုပ္ငန္းခြင္သို႔သာ ၀င္ေရာက္ လုပ္ကိုင္လိုစိတ္ ျပင္းျပေသာေၾကာင့္ ယခု အခ်ိန္အထိ စာေပဟူ၍ တိက် ခိုင္မာစြာ ေပၚထြက္လာျခင္း မရွိေသးေခ်။ဆလုံ တိုင္းရင္းသားတို႔ ေျပာေသာ ဘာသာစကား ေလးမ်ိဳးအနက္ မေလးႏွင့္ အဆက္အသြယ္ရွိေသာ လူမ်ိဳးမ်ားက ေလာတ ၊ လန္းပိကြၽန္းႏွင့္ ဘုတ္ျပင္းၿမိဳ႕နယ္တြင္ ေနထိုင္ၾကေသာ ဆလုံ တိုင္းရင္းသားမ်ားက ဂ်အိစကားကို ေျပာဆိုၾကေပသည္။

ၿမိတ္ခ႐ိုင္အတြင္းမွာ ေနထိုင္ၾကတဲ့ ဆလုံ တိုင္းရင္းသားေတြက ဒန္း ဘာသာစကားကို ေျပာဆိုၾကၿပီး ေကာ့ေသာင္းခ႐ိုင္ ကြၽန္းစုမ်ား အတြင္းမွာ ေနထိုင္ၾကသူမ်ား ကေတာ့ လဘီ ဘာသာစကားကို ေျပာဆို ေနထိုင္လ်က္ ရွိၾကေပသည္။

ဆလုံတိုင္းရင္းသားတို႔ ေမြးဖြားျခင္းအစ

(၁၉၆၄) ခုႏွစ္က မွတ္သား ေတြ႕ရွိခ်က္မ်ားအရ ဆလုံတိုင္းရင္းသား တို႔သည္ စတင္ေမြးဖြားသည့္ ကေလးငယ္မ်ားကို ခ်က္ႀကိဳးျဖတ္ၿပီးသည္ႏွင့္ ေရထဲသို႔ ႏွစ္စကၠန္႔ခန္႔ ေရထဲ ျမႇပ္လိုက္၊ ႏွစ္လိုက္။ ေပၚလိုက္ သုံးႀကိမ္ ခန္႔ ျပဳလုပ္ပါသည္။ သူတို႔ အယူအဆမွာ ေမြးစကေလးငယ္ ေရကို ကြၽမ္းက်င္ေစရန္၊ မေၾကာက္ေစရန္ ျဖစ္သည္ဟု ဆို၏။

ထိုသို႔ လြဲမွားေသာ အယူအဆေၾကာင့္ တစ္ခ်ိဳ႕ ကေလးငယ္မ်ားမွာ ေမြးစကပင္ Gသဆုံး သြားၾကပါသည္။ ဤကား ယခင္က အျဖစ္အပ်က္။ ယခုအခ်ိန္ တြင္မူ ဆလုံ တိုင္းရင္းသားတို႔ ေခတ္မီလာသည္ဟု ဆိုရပါမည္။ေမြးစ ကေလးငယ္ကို ေရထဲတြင္ မႏွစ္ၾကေတာ့။ ကိုယ္၀န္ေဆာင္ကို ေမြးဖြားေပးသည့္ လက္သည္မွာ သူတို႔ ဆလုံအမ်ိဳးသမီး အခ်င္းခ်င္းပင္ ျဖစ္ပါသည္။ သို႔ေသာ္လည္း ယခု အခါ ခက္ခဲသည့္ ေမြးဖြားမႈမ်ားကို သူနာျပဳဆရာမႏွင့္ ေမြးေလ့ေမြးထ ရွိလာၾကပါၿပီ။

ဆလုံတို႔၏ က်န္းမာေရး
ဆလုံ တိုင္းရင္သားတို႔သည္ အစစ အရာရာတြင္ နတ္ဆရာကိုသာ အားကိုးၾကသည္။ တစ္စုံတစ္ေယာက္ ေနမေကာင္း လွ်င္ သူတို႔၏ အယူအဆမွာ နတ္ဖမ္းစားသည္ဟု အမ်ားအားျဖင့္ ယူဆၾကသည္။ နတ္ဆရာႏွင့္ တိုင္ပင္၍ ပူေဇာ္ ပသ၊ ကိုးကြယ္ တင္ေျမႇာက္ျခင္းမ်ား ျပဳလုပ္ေလ့ ရွိၾကပါသည္။

သို႔ေသာ္လည္း ယခုခ်ိန္ခါတြင္ အခ်ိဳ႕ တိုင္းရင္းသား ဆလုံတို႔မွာ ေခတ္မီ လာသည္ဟု ဆိုရပါမည္။ ေနထိုင္မေကာင္း ျဖစ္ေသာ သူမ်ားကို ဆရာ၀န္ႏွင့္ ေဆးခန္းသို႔ ျပသ ကုသလာၾကသည္။ တစ္ဖက္ကလည္း သူတို႔အစြဲ ျဖစ္ေနသည့္ နတ္ဆရာႏွင့္ ပူေဇာ္ပသျခင္းကိုလည္း လုပ္ၿမဲ လုပ္ၾကပါသည္။ ဆလုံ အမ်ားစုတြင္ ျဖစ္ပြားတတ္သည့္ ေရာဂါမွာ ငွက္ဖ်ားစြဲျခင္းႏွင့္ အာဟာရ ခ်ိဳ႕တဲ့ ျခင္းမ်ားပင္ ျဖစ္ပါသည္။

၀တ္စားဆင္ယင္ျခင္း

ဆလုံ တိုင္းရင္းသားတို႔သည္ ေမြးကင္းစ ကေလးအ႐ြယ္မွ ငါးႏွစ္ ေျခာက္ႏွစ္ အ႐ြယ္အထိ ယခင္က အ၀တ္အစား ၀တ္ေလ့၀တ္ထ မရွိေသာ္လည္း ယခုအခါ အ၀တ္အစား ဆင္ယင္လာၾကပါသည္။

အမ်ိဳးသမီးမ်ားမွာ သူတို႔ဓေလ့အရ အေပၚ ပိုင္း၊ ေအာက္ပိုင္း လုံလုံၿခဳံၿခဳံ ၀တ္ဆင္သည္ဆိုေသာ္လည္း၊ အခ်ိဳ႕မွာ အိမ္ေထာင္က်သည္ႏွင့္ အေပၚပိုင္း ဗလာ က်င္းေနတတ္ၾကပါသည္။ သို႔ေသာ္လည္း ယခုအခါတြင္မူ အိုမင္းေသာ အဘြားအ႐ြယ္မ်ားမွ လြဲ၍ အမ်ိဳးသမီး အမ်ားစုမွာ အေပၚပိုင္း၊ ေအာက္ပိုင္း လုံလုံၿခဳံၿခဳံ ၀တ္ဆင္လာၾကေပၿပီ။

ဆလုံ အမ်ိဳးသားတို႔မွာ မ်ားေသာ အားျဖင့္ ယခင္က ေအာက္ပိုင္းတြင္ လုံခ်ည္ (သို႔မဟုတ္) ေဘာင္းဘီတို ႏွင့္ ေနၿပီး အေပၚပိုင္း ဗလာက်င္း ေနတတ္သည့္ သဘာ၀ ရွိပါသည္။ သူတို႔ ဓေလ့အရ ေတာ္႐ုံတန္႐ုံလည္း ဖ်ားနာျခင္း မရွိၾကပါ။ ခံႏိုင္ရည္ရွိေသာ လူမ်ိဳးပင္ ျဖစ္ပါ သည္။
သို႔ေသာ္လည္း ယခုအခါ သူတို႔ လည္း အေပၚပိုင္း အက်ႌမ်ား၊ မ်ားေသာအားျဖင့္ ၀တ္ဆင္လာၾကေပၿပီ။ ဆလုံ တိုင္းရင္းသားတို႔သည္ ပင္လယ္ႏွင့္ အနီးအနားတြင္ ေန၍ လားမသိ၊ သူတို႔၏ အသားအေရာင္မွာ ညိဳေရာင္သန္းပါသည္။

ယခုအခါ ဆလုံတိုင္းရင္းသားတို႔မွာ ေခတ္မီလာသည့္ အေလ်ာက္ ယိုးဒယားႏိုင္ငံမွ ေရာက္လာေသာ အ၀တ္အစား၊ ပါတိတ္၊ တီရွပ္တို႔ျဖင့္ သစ္သစ္လြင္လြင္ ေတာက္ေတာက္ပပ ျဖစ္လာေလၿပီ။ ယခင္က ျဖစ္သလို ေနခဲ့ေသာ္လည္း ယခုအခါ သားသားနားနား ၀တ္ဆင္လာၾကေပၿပီ။

အစားအေသာက္
ဆလုံတို႔သည္ ပင္လယ္ထဲတြင္ အတည္တက် မေနဘဲ ေရၾကည္ရာ ျမက္ႏုရာသို႔ သြားလာ လုပ္ကိုင္ ေနထိုင္ၾကသည့္ အေလ်ာက္ ပင္လယ္ေပ်ာ္မ်ား ျဖစ္သည့္အားေလ်ာ္စြာ သူတို႔ စားေသာက္ၾကသည္မွာ မ်ားေသာ အားျဖင့္ ပင္လယ္ အစားအစာမ်ား ျဖစ္ပါသည္။

ပင္လယ္ကြၽန္းစု၊ ေက်ာက္ေဆာင္ မ်ားတြင္ တြယ္ကပ္လ်က္ ရွိေသာ ဂုံး (ခ႐ု တစ္မ်ိဳး အထဲ တြင္ ရွိသည္) ဟု ေခၚသည့္ တငိုကို ခြာ၍ အထဲမွ ခ႐ု သဖြယ္ အရာကို ခ်က္ျပဳတ္ စားေသာက္ၾကပါသည္။ ပင္လယ္ ေက်ာက္ေဆာင္ ဂူထဲတြင္ ရွိေသာ လင္းႏို႔၊ လင္းဆြဲမ်ားကို တုတ္ရွည္ျဖင့္ ႐ိုက္ခ်ကာ ခုတ္ထစ္ ျဖတ္ေတာက္၍လည္း ခ်က္ျပဳတ္ သုံးေဆာင္ၾကပါသည္။

သူတို႔သည္ စားသုံးဆီ သုံးစြဲမႈ နည္းသူမ်ား ျဖစ္သည့္အေလွ်ာက္ တစ္လလုံးတြင္ မိသားစု (၆)ေယာက္အတြက္ ဆီ (၂၀)က်ပ္သားခန္႔သာ ကုန္ပါသည္။ ထို႔ေၾကာင့္ ဆလုံ အမ်ားစုတြင္ ေသြးတိုးေရာဂါ မရွိၾကပါ။

ဆလုံ တိုင္းရင္းသားတို႔သည္ ပ်ားအုံဖြတ္ရာတြင္လည္း အလြန္ ကြၽမ္းက်င္သူမ်ားပင္ ျဖစ္သည္။ သစ္ပင္ အျမင့္ေပၚတြင္ စြဲကပ္ေနေသာ ပ်ားအုံကို အုန္းလက္ မီးတုတ္ျဖင့္ ႐ိုက္ခ်ကာ ပ်ားအုံမွ ပ်ားရည္ကို ခံယူၾကပါသည္။ပ်ားသလက္ႏွင့္ ပ်ားေပါက္စတို႔ကိုလည္း ခ်က္ခ်င္းပင္ လတ္လတ္ဆတ္ဆတ္ စားသုံးၾကပါသည္။ ဆလုံတို႔၏ သဘာ၀မွာ စားေသာက္ရာတြင္လည္း သူတို႔ ႐ိုးရာေလွေပၚ တြင္ မိသားစုအားလုံး သိုက္သိုက္၀န္း၀န္း ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ခ်က္ျပဳတ္ စားေသာက္ၾကပါသည္။

ဆလုံ တိုင္းရင္းသားတို႔ စားသုံးသည့္ အ႐ြက္မ်ားျဖစ္ေသာ ဆလုံ မုန္လာ၊ ဆလုံ မုန္ညင္း၊ ဆလုံ ကန္စြန္းတို႔မွာ အ႐ြက္အသား ထူသည္မွလြဲ၍ ေျမျပန္႔က မုန္လာ ၊ မုန္ညင္း၊ ကန္စြန္းတို႔ႏွင့္ အေတာ္ ဆင္တူပါသည္။ ထိုအ႐ြက္ တို႔မွာလည္း ဆလုံေဒသ ေတာေတာင္ထဲတြင္ အေလ့က် ေပါက္ေနၾကျခင္း ပင္။

ကြၽန္ေတာ္ ေတြ႕ဖူးသည့္ ဆလုံ ကြမ္း (ကြမ္းယာအတြက္ လိုအပ္ေသာကြမ္း) မွာလည္း အ႐ြက္အသား ပိုထူကာ အေလ့က် ေပါက္ေနျခင္းပင္ ျဖစ္ပါသည္။ ဆလုံ တစ္ခ်ိဳ႕လည္း ကြမ္းစားတတ္ၾကသည္ကို ကြၽန္ေတာ္ ေတြ႕ဖူးပါသည္။

အလုပ္အကိုင္

ဆလုံ တိုင္းရင္းသားတို႔ အလုပ္ လုပ္ကိုင္ရာတြင္ အားလုံး စုေပါင္း ဝိုင္း၀န္း၍ လုပ္ေဆာင္ေလ့ ရွိၾကသည္။ ေတာထဲတြင္ ရွိေသာ သစ္ပင္ႀကီးမ်ားကို သူတို႔၏ စုေပါင္း စြမ္းအားျဖင့္ ခုတ္လွဲပါသည္။ ေလွထြင္း ပါသည္။ ထိုႀကီးမားေသာ သစ္ထြင္းေလွကို ပင္လယ္ကမ္းေျခဆီသို႔ သယ္ေဆာင္ ထုတ္ယူသည္မွာလည္း အလြန္ စနစ္က်ကာ အားက်ဖြယ္ရာ ေကာင္းပါသည္။

ပင္လယ္ကမ္းစပ္ ေနရာမ်ားတြင္ ေပါက္ေရာက္ေလ့ရွိေသာ ရင္ကမ္းပင္မွ ရင္ကမ္း အလက္မ်ားကို တစ္စုႏွင့္ တစ္စု စီစီညီညီ ထပ္ကာ ျပဳလုပ္ထားေသာ ရင္ကမ္းေလွမွာ အလြန္ပင္ လက္ရာေျမာက္လွပါသည္။ ထိုရင္ ကမ္းေလွတြင္ သံခ်က္ဆို၍ တစ္ခ်က္မွ် မပါ၊ ႀကိမ္ျဖင့္သာ ရစ္ပတ္ ျခင္း ၊ ကြပ္ျခင္း ျပဳလုပ္ထားသည္မွာ ခိုင္ခန္႔လွပါသည္။ စိစပ္လွပါသည္။

ေရတစ္စက္မွ် ေလွ၀န္းထဲသို႔ မ၀င္ပါ။ သူတို႔၏ ကြၽမ္းက်င္မႈေၾကာင့္ လႈိင္းေလလာလည္း ေၾကာက္လန္႔မႈ မရွိၾကပါ။ သို႔ ေသာ္လည္း လႈိင္းေလမ်ား အလြန္ျပင္းထန္စြာ တိုက္ခတ္လာေသာအခါ သူတို႔သည္ ကမ္းေျခမ်ား၊ ေလကြယ္ရာ ကြၽန္းစုမ်ားတြင္ စုေပါင္း၍ ေနထိုင္ေလ့ ရွိၾကပါသည္။

ဆလုံ တိုင္းရင္းသားတို႔၏ အလုပ္အကိုင္ကို ေဖာ္ျပရလွ်င္ ငါးဖမ္းျခင္း၊ ပုလဲငုပ္ျခင္း၊ ပင္လယ္ေမွ်ာ့ ငုပ္ျခင္း၊ ကႏု ကမာ၊ ငွက္သိုက္ ရွာေဖြျခင္း၊ ပ်ားဖြတ္ျခင္း၊ ရွာျခင္း၊ ေရႏွင့္ ပါတ္သက္ေသာ လုပ္ငန္း အ၀၀ကို ကြၽမ္းက်င္စြာ လုပ္ကိုင္ႏိုင္ေသာ တိုင္းရင္းသားမ်ားပင္ ျဖစ္ပါသည္။

ေက်ာက္ႀကိဳ ေက်ာက္ၾကားထဲသို႔ ႏွစ္ခြစူး၊ မွိန္းတံရွည္ႏွင့္ ငါးထိုးေနေသာ ကေလးငယ္မ်ားကိုလည္း ကြၽန္ေတာ္ ျမင္ဖူးပါသည္။ ယခုအခါ ေခတ္မီလာေသာ ဆလုံတို႔မွာ ေရငုပ္မ်က္မွန္ အေကာင္းစားႏွင့္ ေအာက္စီဂ်င္ အသက္ရႉဘူးတို႔ျဖင့္ ေရငုပ္ကာ ပုလဲ ရွာေနၾကၿပီ၊ ပင္လယ္ေမွ်ာ့ ရွာေနၾကၿပီ ျဖစ္ပါသည္။

ထိမ္းျမားလက္ထပ္ျခင္း

ဆလုံ တိုင္းရင္းသားတို႔သည္ ကေလး မီးဖြားလွ်င္ ေမြးဖြားလာလွ်င္ ေမြးဖြားစ ကေလးအတြက္ နတ္ဆရာႏွင့္ နတ္ ကိုးကြယ္ၾကသည္။ Gသဆုံးသြားလွ်င္လည္း Gသဆုံးသူ ေကာင္းရာ မြန္ရာေရာက္ေအာင္ နတ္ဆရာႏွင့္ ပူေဇာ္ပသေလ့ ရွိသည္။ ထိုနည္းတူစြာ သတိုးသားႏွင့္ သတို႔သမီး ထိမ္းျမား လက္ထပ္ပြဲတြင္လည္း နတ္ ဆရာႏွင့္ ႐ိုးရာနတ္ကို ပူေဇာ္ ပသမႈ ျပဳမွသာလွ်င္ လင္မယားအရာ ေျမာက္သည္ဟု ဆလုံတို႔က ယူဆပါသည္။

ဆလုံ တိုင္းရင္းသားတို႔သည္ ငယ္႐ြယ္စဥ္ကပင္ အိမ္ေထာင္ျပဳသူမ်ား ျဖစ္သည့္အားေလ်ာ္စြာ အသက္ (၁၇)၊ (၁၈) ႏွစ္ခန္႔တြင္ အိမ္ေထာင္ျပဳေလ့ ရွိပါသည္။ အမ်ိဳးသား တစ္ေယာက္သည္ အမ်ိဳးသမီး တစ္ေယာက္ကို သေဘာက် ႏွစ္သက္ေသာအခါ အမ်ိဳးသမီး မိဘမ်ားထံ သြား၍ ေတာင္းရမ္းရပါသည္။

ထိုသို႔ ေတာင္းရမ္းစဥ္ အမ်ိဳးသားႏွင့္ အတူ မိဘ (၂)ပါး ပါရသည္။ ဆလုံတို႔၏ အႀကီးအကဲ ပါရသည္။ အမ်ိဳးသမီးဘက္က လက္ခံေသာအခါ မဂၤလာပြဲရက္ကို ေန႔သတ္မွတ္၍ နတ္ဆရာႏွင့္ တိုင္ပင္ကာ စားေသာက္ဖြယ္ရာမ်ားကို စီမံ ျပင္ဆင္ၾက ပါသည္။

သူတို႔၏ အစားအေသာက္မ်ားကား အထူးအဆန္း မဟုတ္ပါ။ ငါးကင္မ်ား၊ ဆီနည္းနည္းျဖင့္ ေၾကာ္ထားေသာ လင္းႏို႔ေၾကာ္၊ လင္းဆြဲေၾကာ္၊ အူအသည္းမ်ား ထုတ္ထားေသာ ၾကက္ေကာင္လုံးျပဳတ္၊ ၾကက္ေကာင္လုံးကင္၊ တစ္ခါတစ္ရံ ရတတ္ေသာ သင္းေခြခ်ပ္ေၾကာ္၊ ေမ်ာက္သား ေၾကာ္ႏွင့္ ပ်ားရည္၊ အရက္တို႔ပင္ ျဖစ္ပါသည္။ ေမ်ာက္ေခ်းခါးကိုလည္း ဆလုံတို႔ စားေလ့စားထ ရွိပါသည္။
မဂၤလာ အခမ္းအနား က်င္းပသည့္ ေန႔ရက္တြင္ တစ္စုတစ္ေဝးတည္း ေနၾကသည့္ ဆလုံတို႔မွာ မည္သည့္ ကိုယ္ေရးကိုယ္တာ အလုပ္ကိုမွ် မလုပ္ဘဲ မဂၤလာပြဲအတြက္သာ အားလုံး ဝိုင္း၀န္း လုပ္ေဆာင္ ခ်က္ျပဳတ္ၾကပါသည္။ နံနက္ (၉)နာရီခန္႔တြင္ ဆလုံ နတ္ဆရာ ေရာက္လာပါသည္။ သူ႔လက္ထဲတြင္ ပေလြကဲ့သို႔ေသာ တူရိယာေလး တစ္ခု ပါလာပါသည္။

ဆလုံ မဂၤလာပြဲကို မ်ားေသာအားျဖင့္ ပင္လယ္ကမ္းစပ္ သဲေသာင္ျပင္တြင္ က်င္းပေလ့ ရွိပါသည္။ ဆလုံ နတ္ဆရာတစ္ေယာက္ မဂၤလာပြဲသို႔ ေရာက္ရွိလာခ်ိန္တြင္ နတ္ပူေဇာ္ပြဲ အတြက္ အစားအေသာက္မ်ား ျပင္ဆင္ၿပီး အဆင္သင့္ ျဖစ္ေနပါၿပီ။ နတ္ဆရာသည္ ေရွးဦးစြာ သူတို႔၏ ဆလုံ႐ိုးရာနတ္ကို လက္ႏွစ္ဖက္ ေခါင္းေပၚေျမႇာက္ကာ အေပၚ ေအာက္ လႈပ္ရွားလ်က္ ပေလြမႈတ္ကာ ပင့္ဖိတ္ပါသည္။

ၿပီးေနာက္ လက္ထပ္မည့္ အမ်ိဳးသား၊ အမ်ိဳးသမီး လက္ေလးဖက္ကို ပူးယွက္ေစကာ သူတို႔ လက္ေပၚသို႔ နတ္ဆရာ၏ လက္ဝါးႏွစ္ဖက္ကို အုပ္မိုးလိုက္ပါသည္။ ထို႔ေနာက္ သူတို႔ ႐ိုးရာျဖင့္ ဤမဂၤလာေမာင္မယ္ကို ရာသက္ပန္ ေစာင့္ေရွာက္ေစလိုေၾကာင္း သူတို႔၏ က်န္းမာေရး အတြက္ သူတို႔ အလုပ္အကိုင္အတြက္ အကူအညီမ်ား ေပးေစလိုေၾကာင္း တိုင္တည္ ေျပာဆိုပါသည္။ သတို႔သားႏွင့္ သတို႔သမီးကိုလည္း ရာသက္ပန္႐ိုးရာ ႐ိုးေျမက် ေပါင္းေဖၚမည့္အေၾကာင္း ႐ိုးရာနတ္ထံ လက္ေလးဖက္ ေျမႇာက္ကာ တိုင္တည္ေစပါသည္။

ဆလုံ တိုင္းရင္းသားတို႔သည္ တစ္လင္ တစ္မယား စနစ္ကိုသာ က်င့္သုံးေသာသူမ်ား ျဖစ္ပါသည္။ သူတို႔ ေလာကတြင္ အိမ္ေထာင္ ေရး ေဖာက္ျပန္မႈကို လုံး၀ လက္မခံေခ်။ အိမ္ေထာင္ေရး ေဖာက္ျပန္သူမ်ားကို သူတို႔ အစုအေဝးမွ ရာသက္ပန္ ႏွင္ထုတ္ကာ သူတို႔ႏွင့္ လုံး၀ အဆက္အသြယ္ မလုပ္ေတာ့ပါ။ သူတို႔သည္ အစုအေဝးႏွင့္ ေနတတ္သည့္ အားေလ်ာ္စြာ ထိုကဲ့သို႔ အျပစ္ဒဏ္မ်ိဳးကို အလြန္ပင္ ေၾကာက္႐ြံ႕ၾကပါသည္။

သူတို႔သည္ အိမ္ေထာင္က်ေသာအခါ သူတို႔အတြက္ (မဂၤလာေမာင္မယ္ အတြက္) ႐ိုးရာ ေလွတစ္စီး၊ ငါးဖမ္း ပိုက္တစ္စုံႏွင့္ ငါးဖမ္းကိရိယာ အခ်ိဳ႕ကို လက္ဖြဲ႕လိုက္ပါသည္။ ဇနီး ေမာင္ႏွံႏွစ္ေယာက္ ဒိုးတူေပါင္းဖက္ လုပ္ကိုင္ စားေသာက္ၾကေတာ့ဟု ဆိုလိုသည့္ သေဘာပင္။ သို႔ေသာ္ ဇနီး ေမာင္ႏွံ ႏွစ္ေယာက္မွာ အေဝးသို႔ သြားစရာ မလို၊ သည္အစုအေဝးမွာပင္ ေနထိုင္ေစပါသည္။ ဆလုံတို႔၏ မဂၤလာပြဲ ကပြဲကား တစ္နာရီခန္႔ ၾကာျမင့္ပါသည္။

ဆလုံ႐ိုးရာနတ္ပြဲမ်ား

ဆလုံ ႐ိုးရာ နတ္ပြဲမ်ားတြင္ နတ္ဆရာသည္ နတ္ကို တိုင္တည္ပူေဇာ္ၿပီးေနာက္ နတ္ပူးလာၿပီး နတ္၀င္လာသည္ဟု ဆိုကာ တုန္တက္လာပါသည္။ ၿပီးေနာက္ အရက္ ေသာက္ပါသည္။ ငါးကင္၊ ၾကက္ေကာင္လုံးကင္၊ အစားအေသာက္မ်ား စားပါသည္။

ၿပီးေနာက္ နတ္ဆရာ တုန္တုန္ ယင္ယင္ျဖင့္ ကပါသည္။ ပရိသတ္ကလည္း လိုက္ကပါသည္။ နတ္ဆရာ နတ္၀င္သည္မွာ နာရီ၀က္ခန္႔သာ ၾကာပါသည္။ နတ္ဆရာထံမွ နတ္ထြက္သြားေသာအခါ တုန္တုန္ယင္ယင္ အမူအရာမ်ား ေပ်ာက္ကြယ္သြားပါသည္။

တေစၦႀကီးပြဲ

တေစၦႀကီးပြဲ ဆိုသည္မွာ အျခား မဟုတ္ပါ။ Gသဆုံးသူမ်ားကို ေကြၽးေမြးသည့္ပြဲပင္ ျဖစ္ပါသည္။ ဆလုံ တိုင္းရင္းသားတို႔၏ အယူ အဆမွာ Gသဆုံးသြားသူတို႔သည္ ေကာင္းရာမြန္ရာ ေရာက္သူ ရွိသကဲ့သို႔ တစ္ခ်ိဳ႕မွာ တေစၦ၊ သရဲ ျဖစ္ေနသည္ဟု ယုံၾကည္ၾကသည္။ ထို တေစၦ၊ သရဲမ်ား၊ စားရမဲ့၊ ေသာက္ရမဲ့ ျဖစ္ေနသည္ကို မလိုလားသျဖင့္ တစ္ႏွစ္ တစ္ခါ သူတို႔ရွိရာ သခ်ႋဳင္းသို႔သြား၍ သူတို႔ကို ပင့္ဖိတ္ကာ ေကြၽးေမြးျခင္းပင္ ျဖစ္သည္။

ဆလုံ တို႔သည္ Gသဆုံးသူမ်ားကို ကြၽန္းတစ္ကြၽန္းတြင္ ျမႇပ္ႏွံ သၿဂႋဳဟ္ေလ့ ရွိပါသည္။ ထိုသခ်ႋဳင္းတြင္ တစ္ႏွစ္တစ္ခါ (ႏွစ္စဥ္ ဇန္နဝါရီလ) က်င္းပေသာ တေစၦပြဲႀကီးတြင္ ထုံးစံအတိုင္း မပါမျဖစ္သည္မွာ ႐ိုးရာ နတ္ဆရာႏွင့္ နတ္ပြဲပင္ ျဖစ္ပါသည္။

နတ္ဆရာက ႐ိုးရာနတ္ကို ပင့္ဖိတ္ၿပီးလွ်င္ အစားအေသာက္မ်ားႏွင့္ ပူေဇာ္ ပသေလသည္။ Gသဆုံးသူမ်ားကိုလည္း ပင့္ဖိတ္ ေကြၽးေမြးေလသည္။ ၿပီးေနာက္ နတ္ဆရာက တုန္တုန္ယင္ယင္ႏွင့္ ေကြးေနေအာင္ ကပါေတာ့သည္။ ပရိသတ္မ်ားကလည္း ဗုံတီးၿပီး ကၾကပါသည္။ သူတို႔အကမွာ အာဖရိက လူ႐ိုင္းအကမ်ားႏွင့္ အေတာ္ပင္ ဆင္တူပါသည္။ အရက္ေသာက္ထားၿပီး ေသြးႂကြေနတာလည္း ပါပါလိမ့္မည္။ ကြၽန္း ကမ္းေျခ၊ ပင္လယ္ေသာင္စပ္မွပင္ ကေနၾကသူ အမ်ားသား။ မည္သို႔ပင္ းဆိုေစ ဆလုံ တိုင္းရင္းသားတို႔၏ ဤ ဓေလ့မွာလည္း ခ်စ္စရာပင္ မဟုတ္ပါေလာ။

ဆလုံ႐ိုးရာေလွကို လြန္းတင္ျခင္း

ဆလုံ တိုင္းရင္းသားတို႔သည္ သူတို႔၏ သစ္ထြင္းေလွႏွင့္ စက္တပ္ ေလွမ်ားကို တစ္ႏွစ္တစ္ခါ မွန္မွန္ လြန္းတင္ေလ့ ရွိပါသည္။ ပင္လယ္ သဲေသာင္ျပင္၀ယ္ လြန္းတင္ရန္ ျပင္ဆင္ထားသည့္ ႐ိုးရာေလွမွ ေပါက္ၿပဲေနသည့္ ေနရာမ်ားကို မီးတုတ္ျဖင့္ ရႈိ႕လိုက္ေသာအခါ မေကာင္းသည့္ ပုန္းညက္မ်ား ကြာက် လာပါသည္။ မီးတုတ္မွာ အုန္းလက္ ျဖင့္ မီးရႈိ႕ထားျခင္း ျဖစ္ပါသည္။

ေပါက္ၿပဲ ယိုစိမ့္ က်ေနသည့္ ပုန္းညက္အေဟာင္းေနရာတြင္ ပုန္းညက္အသစ္ျဖင့္ ဖာေထး ပါသည္။ သူတို႔သည္ ေလွကို လြန္းတင္ရာတြင္ စုေပါင္း လုပ္ေဆာင္ ၾကသျဖင့္ မည္မွ်ပင္ ႀကီးသည့္ ေလွ ျဖစ္ေစကာမူ အမ်ားဆုံး လုပ္ရပါလွ်င္ ငါးရက္ခန္႔သာ ၾကာျမင့္ပါသည္။ ရင္ကမ္းေလွကို လြန္းတင္ရာတြင္ အျခားေလွႏွင့္စာလွ်င္ သက္သာပါသည္။ လိုအပ္ေသာ ေနရာတြင္ ပုန္းညက္အသစ္ျဖင့္ ဖာေထးျခင္းပင္ ျဖစ္ပါသည္။

ဆလုံ တိုင္းရင္းသားတို႔မွာ ေယာက္်ားေလးေရာ၊ မိန္းကေလးပါ အသက္ (၁၀) ႏွစ္ခန္႔တြင္ ေရႏွင့္ ပါတ္သက္၍ အစစ အရာရာ အလြန္ ကြၽမ္းက်င္ေနၾကေလၿပီ။ ထိုစဥ္က ကြၽန္ေတာ့္ မ်က္စိေရွ႕တြင္ပင္ (၁၀) ႏွစ္သားခန္႔ ရွိေသာ ဆလုံ ေယာက္်ားေလးမွာ ခက္ရင္း စူးခြ မွိန္းတံရွည္ကို ကိုင္ေဆာင္လ်က္ (၁၅) ေပခန္႔ နက္ေသာ ပင္လယ္ေရထဲသို႔ ေလွေပၚမွ ပလုံ ကနဲ ခုံဆင္း လိုက္သည္မွာ (၁၀) မိနစ္ခန္႔ပင္ မၾကာလိုက္ပါ။

သူျပန္တက္လာေသာအခါ လက္ထဲတြင္ (၂) ေပခန္႔ရွိေသာ ငါးမန္းျဖဴ တစ္ေကာင္ ပါလာသည္ကို ေတြ႕ရသျဖင့္ ကြၽန္ေတာ္မွာ လြန္စြာပင္ အံ့ၾသသြားပါသည္။ မနက္ပိုင္းကလည္း ထိုနည္းတူစြာ ငါးလိပ္ေက်ာက္ (လိပ္ပုံသ႑န္ ငါးျပားႀကီး) တစ္ေကာင္ကို ရခဲ့ေၾကာင္း၊ ထိုသူငယ္က လက္ဟန္ ေျခဟန္ျဖင့္ ကြၽန္ေတာ့္ကို ေျပာျပပါ ေသးသည္။

ဆလုံတို႔သည္ လူႀကီး လူငယ္မေ႐ြး အအားမေနဘဲ အၿမဲတေစ အလုပ္လုပ္ေနေသာ လူမ်ိဳးပင္ ျဖစ္ပါသည္။ လြတ္လပ္မႈကို ျမတ္ႏိုးကာ တစ္ခုမဟုတ္တစ္ခု အလုပ္လုပ္ေနေသာ တိုင္းရင္းသားမ်ားပင္။ မ်ားေသာ အားျဖင့္ သူတို႔သည္ လက္ထဲတြင္ ခက္ရင္း စူးခြ မွိန္းတံရွည္ကို ကိုင္ေဆာင္ကာ ကမ္းေျခ၊ ေက်ာက္ေဆာင္၊ ေက်ာက္ႀကိဳ ေက်ာက္ၾကားေအာက္ရွိ ငါးမ်ိဳးစုံတို႔ကို ထိုးယူ ဖမ္းဆီးၾကပါသည္။
ဟိုစဥ္က ဆလုံ တိုင္းရင္းသားတို႔ ငါးဖမ္းသည္ ဆိုသည္မွာ ငါးဖမ္းပိုက္မ်ားျဖင့္ ဖမ္းေလ့ဖမ္းထ နည္းပါးပါသည္။ သို႔ေသာ္ ယခုအခါတြင္မူ ငါးဖမ္းပိုက္ အမ်ိဳးမ်ိဳးျဖင့္ အေတာ္မ်ားမ်ား ဖမ္းဆီးလာၾကပါသည္။

သူတို႔ ဘ၀မွာ ယခင္က ဖမ္းယူရရွိ ငါးမ်ားႏွင့္ ေရငုပ္၍ ရရွိေသာ ပုလဲ၊ ပင္လယ္ေမွ်ာ့တို႔ကို ေရာင္းခ်ရာတြင္ ေစ်းႏွိမ္ျခင္း ခံရေသာ္လည္း ယခုအခါ ထိုက္ထိုက္တန္တန္ ေစ်းမွန္၊ အေလးမွန္ ရရွိခဲ့ပါၿပီ။

ဖဲ႐ိုက္ကာ ကက္ဆက္ နားေထာင္ေနၾကေသာ ဆလုံမ်ား၊ ေ႐ႊဆြဲႀကိဳး တ၀င္း၀င္းႏွင့္ ဆလုံမ်ား၊ ျခင္းလုံးခတ္ကာ အပန္းေျဖေနၾက ေသာ ဆလုံ ကေလးငယ္မ်ား၊ ဘာပဲေျပာေျပာ ဆလုံ တိုင္းရင္းသားတို႔ လူေနမႈဘ၀ တိုးတက္ ဖြံ႕ၿဖိဳးလာခဲ့သည္မွာ အမွန္ပင္ ျဖစ္ပါသည္။

𝕮𝖗𝖊𝖉𝖎𝖙 𝕿𝖔 𝕺𝖗𝖎𝖌𝖎𝖓𝖆𝖑 𝖀𝖕𝖑𝖔𝖆𝖉𝖊

Be the first to comment

Leave a Reply

Your email address will not be published.


*