မြတ်စွာဘုရားဟာ ရဟန်းတော်များလို ဦးပြည်းကတုံး မဖြစ်ရတဲ့ အကြောင်းရင်း

ဒီနေ့ တိုက်တိုက်ဆိုင် လူနှစ်ဦးက တန်ဘိုးရှိသော မေးခွန်းတစ်မျိုးတည်းကို တစ်ပြိုင်တည်းမေးကြတယ်။ ထိုမေးခွန်းလေး တွေက

၁။ မြတ်စွာဘုရားရှင်ဟာ ရဟန်းတော်တွေလို ခေါင်းတော်မှာ ဆံပင်မရှိဘူး မို့လားဘုရား၊ ၂။ ပုံတော်တွေမှာ ဆံထုံးနဲ့ ဖူးတွေ့ရပါတယ်။ ၃။ ကိုးကွယ်ဆည်းကပ်ဖို့ရန် ဆံတော်စွန့်တယ်ဆိုတာက တန်ခိုးတော်နဲ့ စွန့်တာလား ဘယ်လိုလည်း ဘုရား။ သိလိုတဲ့ အတွက် ဖြေပေးပါ ဘုရား။ မသိသေးသူများအတွက်တော့ မေးသင့်မေးထိုက်ပြီး သိထားသင့်တဲ့ အဖြေလေးတွေပါပဲ။

၁။ မြတ်စွာဘုရားရှင်က ခုခေတ်ရဟန်းတော်တွေလို ခေါင်းတော်ပေါ်မှာ ဆံပင်က ပြောင်မနေပါဘူး၊ လက်နှစ်သစ်ခန့် ရှည်သော ဆံတော်တွေက လက်ယာရစ်ခွေလျှက် တည်ရှိပါတယ်။ ထိုဆံတော်၏ သမိုင်းစဉ်မှာ ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသား တော်ထွက်တော်မူလို့ အနော်မာသောင်သို့ ရောက်သော အခါမှာ ခေါင်းပေါ်က ဆံထုံးကို ကျစ်နေအောင် ထုံးလို့ သံလျှက်တော်ဖြင့် ဆံထုံးရဲ့ အောက်ခြေကနေ ကပ်လျှက် ဖြတ်တော်မူပြီး

“ဘုရားစင်စစ် ဧကန်ဖြစ်မည်မှန်ပါက ဤဆံထုံးသည် မြေပြင်သို့ မသက်၊ ကောင်းကင်ထက်မှာ တည်ပါစေသတည်း” ဟု အဓိဌာန်ပြု၍ မြှောက်တင်တော်မူပါတယ်။

ထိုဆံထုံးဟာ ကောင်ကင်အထက် တစ်ယူဇနာခန့်လောက်သော အမြင့်မှာ ပန်းဆိုင်းစွဲသကဲ့သို့ အောက်သို့မကျပဲ တည်နေတော်မူပါတယ်။ ထိုဆံထုံးကို သိကြားမင်းက ရတနာပန်းတောင်းဖြင့် ပင့်ဆောင်၍ တာဝတိံသာနတ်ပြည်မှာ “စူဠာမဏိ” ဟူသော အမည်ဖြင့် စေတီတော် တစ်ဆူ တည်ထားကိုးကွယ်ပါတယ်။

မြတ်စွာဘုရားရဲ့ ခေါင်းတော်အထက်မှာတော့ လက်နှစ်သစ်ခန့်သော ဆံတော်တို့ဟာ လက်ယာရစ် ခွေလက်ကျန်ရစ် ပါတယ်၊ ထိုဆံတော်တို့ဟာ ပရိနိဗ္ဗာန်စံဝင်တော်မူတဲ့ နေ့အထိ ရှည်လည်း မလာတော့သလို ထပ်မံ ရိတ်ဖြတ်ခြင်းလည်း မပြုရတော့ပါဘူး။ သို့အတွက်ကြောင့် မေးခွန်း အမှတ်စဉ် တစ်နဲ့ ပတ်သက်ပြီး။ မြတ်စွာဘုရားဟာ ယနေ့ခေတ် လူအများဖူးမြင်နေရသော ရဟန်းတော်တွေကဲ့သို့ ခေါင်းတုံးပြောင်ပြောင် မဟုတ်ပါဘူး ဆိုတဲ့ အချက်ကို မှတ်သားနိုင်ပါတယ်။

၂။ ဆံထုံးတော်ကို အရင်းကနေ ဖြတ်ယူလိုက်တာ ဖြစ်တဲ့အတွက် ယခုခေတ်ဖူးမြှော်နေရသော ပုံတော်များမှာလို မြတ်စွာ ဘုရားရှင်က ဆံထုံးနဲ့တော့ မဟုတ်ပါ၊ ပုံတော်များမှာတော့ ကြည့်ကောင်းအောင် ရေးကြ ထုကြပုံပေါ်ပါတယ်။

၃။ နောင်လာနောင်သားများ ကိုးကွယ် ဆည်းကပ်နိုင်ကြရန် ဆံတော်ကို စွန့်တော်မူခြင်းမှာ တန်ခိုးဖြင့် ဖန်ဆင်းပေးခြင်း မဟုတ်ပါ၊ လက်တော်ဖြင့် ဦးခေါင်းတော်ကို သုံးသပ်တော်မူ၍ အဓိဌာန်တော်မူသည့် အတိုင်း ပါလာသည့် ဆံတော် အစစ် များကို စွန့်ပေးတော်မူခြင်းပဲ ဖြစ်ပါတယ်။

ဗုဒ္ဓံ ပူဇေမိ ပါ ဘုရား၊ ရွှေဘုန်း။ အရှင်တေဇာနန္ဒ “စေတနာပန်းခင်း ဆရာတော် တွေးမိတွေးရာ အဖြာဖြာ” မှ ကူးယူသည်။ (မူရင်းရေးသားသူအား လေးစားမှုဖြင့် – bkr)

Crd

Zawgyi

ဒီေန႔ တိုက္တိုက္ဆိုင္ လူႏွစ္ဦးက တန္ဘိုးရွိေသာ ေမးခြန္းတစ္မ်ိဳးတည္းကို တစ္ၿပိဳင္တည္းေမးၾကတယ္။ ထိုေမးခြန္းေလး ေတြက

၁။ ျမတ္စြာဘုရားရွင္ဟာ ရဟန္းေတာ္ေတြလို ေခါင္းေတာ္မွာ ဆံပင္မရွိဘူး မို႔လားဘုရား၊ ၂။ ပုံေတာ္ေတြမွာ ဆံထုံးနဲ႔ ဖူးေတြ႕ရပါတယ္။ ၃။ ကိုးကြယ္ဆည္းကပ္ဖို႔ရန္ ဆံေတာ္စြန႔္တယ္ဆိုတာက တန္ခိုးေတာ္နဲ႔ စြန႔္တာလား ဘယ္လိုလည္း ဘုရား။ သိလိုတဲ့ အတြက္ ေျဖေပးပါ ဘုရား။ မသိေသးသူမ်ားအတြက္ေတာ့ ေမးသင့္ေမးထိုက္ၿပီး သိထားသင့္တဲ့ အေျဖေလးေတြပါပဲ။

၁။ ျမတ္စြာဘုရားရွင္က ခုေခတ္ရဟန္းေတာ္ေတြလို ေခါင္းေတာ္ေပၚမွာ ဆံပင္က ေျပာင္မေနပါဘူး၊ လက္ႏွစ္သစ္ခန႔္ ရွည္ေသာ ဆံေတာ္ေတြက လက္ယာရစ္ေခြလွ်က္ တည္ရွိပါတယ္။ ထိုဆံေတာ္၏ သမိုင္းစဥ္မွာ ဘုရားအေလာင္းေတာ္ သိဒၶတၳမင္းသား ေတာ္ထြက္ေတာ္မူလို႔ အေနာ္မာေသာင္သို႔ ေရာက္ေသာ အခါမွာ ေခါင္းေပၚက ဆံထုံးကို က်စ္ေနေအာင္ ထုံးလို႔ သံလွ်က္ေတာ္ျဖင့္ ဆံထုံးရဲ႕ ေအာက္ေျခကေန ကပ္လွ်က္ ျဖတ္ေတာ္မူၿပီး

“ဘုရားစင္စစ္ ဧကန္ျဖစ္မည္မွန္ပါက ဤဆံထုံးသည္ ေျမျပင္သို႔ မသက္၊ ေကာင္းကင္ထက္မွာ တည္ပါေစသတည္း” ဟု အဓိဌာန္ျပဳ၍ ေျမႇာက္တင္ေတာ္မူပါတယ္။

ထိုဆံထုံးဟာ ေကာင္ကင္အထက္ တစ္ယူဇနာခန႔္ေလာက္ေသာ အျမင့္မွာ ပန္းဆိုင္းစြဲသကဲ့သို႔ ေအာက္သို႔မက်ပဲ တည္ေနေတာ္မူပါတယ္။ ထိုဆံထုံးကို သိၾကားမင္းက ရတနာပန္းေတာင္းျဖင့္ ပင့္ေဆာင္၍ တာဝတႎသာနတ္ျပည္မွာ “စူဠာမဏိ” ဟူေသာ အမည္ျဖင့္ ေစတီေတာ္ တစ္ဆူ တည္ထားကိုးကြယ္ပါတယ္။

ျမတ္စြာဘုရားရဲ႕ ေခါင္းေတာ္အထက္မွာေတာ့ လက္ႏွစ္သစ္ခန႔္ေသာ ဆံေတာ္တို႔ဟာ လက္ယာရစ္ ေခြလက္က်န္ရစ္ ပါတယ္၊ ထိုဆံေတာ္တို႔ဟာ ပရိနိဗၺာန္စံဝင္ေတာ္မူတဲ့ ေန႔အထိ ရွည္လည္း မလာေတာ့သလို ထပ္မံ ရိတ္ျဖတ္ျခင္းလည္း မျပဳရေတာ့ပါဘူး။ သို႔အတြက္ေၾကာင့္ ေမးခြန္း အမွတ္စဥ္ တစ္နဲ႔ ပတ္သက္ၿပီး။ ျမတ္စြာဘုရားဟာ ယေန႔ေခတ္ လူအမ်ားဖူးျမင္ေနရေသာ ရဟန္းေတာ္ေတြကဲ့သို႔ ေခါင္းတုံးေျပာင္ေျပာင္ မဟုတ္ပါဘူး ဆိုတဲ့ အခ်က္ကို မွတ္သားႏိုင္ပါတယ္။

၂။ ဆံထုံးေတာ္ကို အရင္းကေန ျဖတ္ယူလိုက္တာ ျဖစ္တဲ့အတြက္ ယခုေခတ္ဖူးေျမႇာ္ေနရေသာ ပုံေတာ္မ်ားမွာလို ျမတ္စြာ ဘုရားရွင္က ဆံထုံးနဲ႔ေတာ့ မဟုတ္ပါ၊ ပုံေတာ္မ်ားမွာေတာ့ ၾကည့္ေကာင္းေအာင္ ေရးၾက ထုၾကပုံေပၚပါတယ္။

၃။ ေနာင္လာေနာင္သားမ်ား ကိုးကြယ္ ဆည္းကပ္ႏိုင္ၾကရန္ ဆံေတာ္ကို စြန႔္ေတာ္မူျခင္းမွာ တန္ခိုးျဖင့္ ဖန္ဆင္းေပးျခင္း မဟုတ္ပါ၊ လက္ေတာ္ျဖင့္ ဦးေခါင္းေတာ္ကို သုံးသပ္ေတာ္မူ၍ အဓိဌာန္ေတာ္မူသည့္ အတိုင္း ပါလာသည့္ ဆံေတာ္ အစစ္ မ်ားကို စြန႔္ေပးေတာ္မူျခင္းပဲ ျဖစ္ပါတယ္။

ဗုဒၶံ ပူေဇမိ ပါ ဘုရား၊ ေ႐ႊဘုန္း။ အရွင္ေတဇာနႏၵ “ေစတနာပန္းခင္း ဆရာေတာ္ ေတြးမိေတြးရာ အျဖာျဖာ” မွ ကူးယူသည္။ (မူရင္းေရးသားသူအား ေလးစားမႈျဖင့္ – bkr)

Crd

Be the first to comment

Leave a Reply

Your email address will not be published.


*