ဆယ်တန်းစာမေးပွဲကာလအတွင်း မီးမပြတ်အောင် လုပ်ပေးမည်ဟုဆို

မကြာမီ ပြုလုပ်တော့မယ့် စကစ ကျင်းပတဲ့ ဆယ်တန်းစာမေးပွဲကာလအတွင်း မီးမပြတ်အောင် ဆောင်ရွက်ပေးမယ်လို့ စကစ လက်အောက်ခံ လျှပ်စစ်ဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။ ကြေညာချက် အပြည့်အစုံကို အောက်မှ ဖော်ပြပေးလိုက်ပါတယ်။

အများပြည်သူအုပ်စုအတွင်း ဓာတ်အားသုံးစွဲနေသော စီးပွားရေးနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များသို့ အသိပေးပန်ကြားချက်၊ ၁။ (၂၀၂၂-၂၀၂၃) ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲများကို မတ်လ၊ (၈)ရက်နေ့မှ (၁၈)ရက်နေ့အထိ ကျင်းပပြုလုပ် သွားမည်ဖြစ်ပါသည်။

မတ်လ (၁) ရက်နေ့မှ ၂၀ ရက်နေ့အတွင်း တက္ကသိုလ်ဝင်စာမေးပွဲကာလတွင် စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ ညပိုင်းစာကြည့်နိုင်ရေးအတွက် ဓာတ်အားတိုးတက် ဖြန့်ဖြူးနိုင်ရန် ဓာတ်အားထုတ်လုပ်မှုတိုးမြှင့်ရေးကို လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ စီမံ ဆောင်ရွက်လျှက်ရှိပါသည်။

၂။ တက္ကသိုလ်ဝင်စာမေးပွဲကာလတွင် စာမေးပွဲဖြေဆိုမည့် ကျောင်းသားကျောင်းသူများ ညပိုင်းစာကြည့်ချိန် အတွင်း ဓာတ်အားထုတ်လုပ်နိုင်မှုနှင့် သုံးစွဲမှု မမျှတပါက ဓာတ်အားပြတ်တောက်မှုများ ဖြစ်ပေါ်လာနိုင်ပါသည်။

သို့ဖြစ်ပါ၍ အများပြည်သူအုပ်စုအတိုင်းဓာတ်အားသုံးစွဲနေသော ရပ်ကွက်/ကျေးရွာအတွင်းရှိ စီးပွားရေးနှင့် စက်မှုလက်မှုလုပ်ငန်းများအား (၁.၃.၂၀၂၃) မှ (၂၀.၃.၂၀၂၃)နေ့အထိ ညနေ(၅)နာရီမှ (၁၀)နာရီအထိ ကန့်သတ်ချိန်အတွင်း ဌာနမှဖြန့်ဖြူးသည့်လျှပ်စစ်ဓာတ်အားဖြင့် လုပ်ငန်းဆောင်ရွက်ခြင်းမပြုကြပါရန် အသိပေးပန်ကြား အပ်ပါသည်။

၃။ ကန့်သတ်ချိန်အတွင်း ဌာနမှ ဖြန့်ဖြူးသည့် လျှပ်စစ်ဓာတ်အားဖြင့် လုပ်ငန်းဆောင်ရွက်ကြောင်း စစ်ဆေးတွေ့ရှိရပါက အုပ်ချုပ်မှုနည်းလမ်းအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။ (ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း)

လက်ရှိအချိန်မှာတောင် ပြတ်ချိန်နဲ့ လာချိန် နပ်မမှန်တာကို ဆယ်တန်းစာမေးပွဲကာလမှာ မီးမှန်အောင် ပေးမယ်ဆိုတာ ကမ္ဘာ့အရယ်ရဆုံး ပြက်လုံး တခုဖြစ်ကြောင်း ပြည်သူတွေက ဝေဖန်နေကြပါတယ်။ မြန်မာပြည်အနှံ့က ဆယ်တန်းကျောင်းသားတွေ ရှိတဲ့ နေရာတွေကို မီးမှန်ဖို့ဆိုတာ ပုံပြင်တပုဒ်တဖွယ် ဖြစ်ကြောင်းလည်း ပြောဆိုနေကြပါတယ်။

Zawgyi

မၾကာမီ ျပဳလုပ္ေတာ့မယ့္ စကစ က်င္းပတဲ့ ဆယ္တန္းစာေမးပြဲကာလအတြင္း မီးမျပတ္ေအာင္ ေဆာင္႐ြက္ေပးမယ္လို႔ စကစ လက္ေအာက္ခံ လွ်ပ္စစ္ဝန္ႀကီးဌာနက ေၾကညာခ်က္ထုတ္ျပန္လိုက္ပါတယ္။ ေၾကညာခ်က္ အျပည့္အစုံကို ေအာက္မွ ေဖာ္ျပေပးလိုက္ပါတယ္။

အမ်ားျပည္သူအုပ္စုအတြင္း ဓာတ္အားသုံးစြဲေနေသာ စီးပြားေရးႏွင့္ စက္မႈလက္မႈလုပ္ငန္းရွင္မ်ားသို႔ အသိေပးပန္ၾကားခ်က္၊ ၁။ (၂၀၂၂-၂၀၂၃) ပညာသင္ႏွစ္ တကၠသိုလ္ဝင္တန္းစာေမးပြဲမ်ားကို မတ္လ၊ (၈)ရက္ေန႕မွ (၁၈)ရက္ေန႕အထိ က်င္းပျပဳလုပ္ သြားမည္ျဖစ္ပါသည္။

မတ္လ (၁) ရက္ေန႕မွ ၂၀ ရက္ေန႕အတြင္း တကၠသိုလ္ဝင္စာေမးပြဲကာလတြင္ စာေမးပြဲေျဖဆိုမည့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ား ညပိုင္းစာၾကည့္နိုင္ေရးအတြက္ ဓာတ္အားတိုးတက္ ျဖန႔္ျဖဴးနိုင္ရန္ ဓာတ္အားထုတ္လုပ္မႈတိုးျမႇင့္ေရးကို လွ်ပ္စစ္စြမ္းအား ဝန္ႀကီးဌာနမွ စီမံ ေဆာင္႐ြက္လွ်က္ရွိပါသည္။

၂။ တကၠသိုလ္ဝင္စာေမးပြဲကာလတြင္ စာေမးပြဲေျဖဆိုမည့္ ေက်ာင္းသားေက်ာင္းသူမ်ား ညပိုင္းစာၾကည့္ခ်ိန္ အတြင္း ဓာတ္အားထုတ္လုပ္နိုင္မႈႏွင့္ သုံးစြဲမႈ မမွ်တပါက ဓာတ္အားျပတ္ေတာက္မႈမ်ား ျဖစ္ေပၚလာနိုင္ပါသည္။

သို႔ျဖစ္ပါ၍ အမ်ားျပည္သူအုပ္စုအတိုင္းဓာတ္အားသုံးစြဲေနေသာ ရပ္ကြက္/ေက်း႐ြာအတြင္းရွိ စီးပြားေရးႏွင့္ စက္မႈလက္မႈလုပ္ငန္းမ်ားအား (၁.၃.၂၀၂၃) မွ (၂၀.၃.၂၀၂၃)ေန႕အထိ ညေန(၅)နာရီမွ (၁၀)နာရီအထိ ကန႔္သတ္ခ်ိန္အတြင္း ဌာနမွျဖန့္ျဖဴးသည့္လွ်ပ္စစ္ဓာတ္အားျဖင့္ လုပ္ငန္းေဆာင္႐ြက္ျခင္းမျပဳၾကပါရန္ အသိေပးပန္ၾကား အပ္ပါသည္။

၃။ ကန႔္သတ္ခ်ိန္အတြင္း ဌာနမွ ျဖန့္ျဖဴးသည့္ လွ်ပ္စစ္ဓာတ္အားျဖင့္ လုပ္ငန္းေဆာင္႐ြက္ေၾကာင္း စစ္ေဆးေတြ႕ရွိရပါက အုပ္ခ်ဳပ္မႈနည္းလမ္းအရ အေရးယူေဆာင္႐ြက္သြားမည္ျဖစ္ပါေၾကာင္း အသိေပးေၾကညာအပ္ပါသည္။ (ရန္ကုန္လွ်ပ္စစ္ဓာတ္အားေပးေရးေကာ္ပိုေရးရွင္း)

လက္ရွိအခ်ိန္မွာေတာင္ ျပတ္ခ်ိန္နဲ႕ လာခ်ိန္ နပ္မမွန္တာကို ဆယ္တန္းစာေမးပြဲကာလမွာ မီးမွန္ေအာင္ ေပးမယ္ဆိုတာ ကမာၻ႔အရယ္ရဆုံး ျပက္လုံး တခုျဖစ္ေၾကာင္း ျပည္သူေတြက ေဝဖန္ေနၾကပါတယ္။ ျမန္မာျပည္အႏွံ႕က ဆယ္တန္းေက်ာင္းသားေတြ ရွိတဲ့ ေနရာေတြကို မီးမွန္ဖို႔ဆိုတာ ပုံျပင္တပုဒ္တဖြယ္ ျဖစ္ေၾကာင္းလည္း ေျပာဆိုေနၾကပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*