
အန္တရာယ်များလှသော ပင်လယ်ရေအောက်တွင် အသက်စွန့်ကာ မင်္ဂလာဆောင်ဓာတ်ပုံရိုက်ခဲ့ကြသည့် ဇနီးမောင်နှံ
လူသားတိုင်းအတွက် တစ်သက်တွင် တစ်မင်္ဂလာသာ ရှိသည့်အတွက် သူတို့ချစ်တဲ့သူများနှင့်အတူမင်္ဂလာဆောင်သည့်နေ့တွင် မေ့ရက်စရာမရှိလေအောင်အမှတ်တရလေးတွေ ဖန်တီးတတ်ကြသည်။
မင်္ဂလာပွဲကျင်းပရာတွင် တည်နေရာ အစားအသောက် မင်္ဂလာဝတ်စုံနှင့် ဓာတ်ပုံဆရာတို့ကို သေချာဂရုတစိုက်နှင့် ပြင်ဆင်ကြရပြန်သည်။
သို့ဖြစ်၍ ဒဲရက်တို့ဇနီးမောင်နှံနှစ်ဦးသည် ထူးခြားစွာဖြင့် အသက်စွန့်ကာ အန္တရာယ်များလှသော Tawin ပင်လယ်သမုဒ္ဒရာအောက်တွင် ရေငုပ်ပြီး မင်္ဂလာဓာတ်ပုံရိုက်ခဲ့ကြသည်။
သူတို့ဇနီးမောင်နှံသည် စွန့်စားရခြင်းကို သဘောကျနှစ်သက်ပြီး ပင်လယ်အောက်တွင် မင်္ဂလာဓာတ်ပုံလှလှလေးရိုက်ရန် စိတ်ကူးရှိခဲ့ပြီး ပရော်ဖက်ရှင်နယ် ဓာတ်ပုံဆရာကို ငှားရမ်းကာ စိတ်ကူးအိပ်မက်တွေကို အကောင်အထည် ဖော်စေခဲ့သည်။
သူတို့ဇနီးမောင်နှံနှစ်ဦးသည် ပင်လယ်ရေအောက်တွင် နေရာယူထားပြီး ဓာတ်ပုံလှလှလေးထွက်စေဖို့ အောက်စီဂျင်ပိုက်များကိုဖြုတ်ခဲ့ပြီး သတို့သမီးမှ အဖြူရောင်ဂါဝန်ကြီးနှင့်အတူ ပိုစ့်အမျိုးမျိုးပေးကာ ရိုက်ခဲ့ကြသည်။
ထိုပုံများသည် လူမှုကွန်ယက်တွင် ချက်ချင်းဆိုသလို ပျံ့နှံ့သွားပြီးနောက် အများမှ ကိုယ့်အသက်ကို တန်ဖိုးမထားပဲ ဖြစ်ချင်တာကို ဦးစားပေးလုပ်ဆောင်ခဲ့ခြင်းဖြင့် ကဲ့ရဲ့ပြောဆိုခဲ့ကြသည်။
crd
Zawgyi
အႏၲရာယ္မ်ားလွေသာ ပင္လယ္ေရေအာက္တြင္ အသက္စြန႔္ကာ မဂၤလာေဆာင္ဓာတ္ပုံ႐ိုက္ခဲ့ၾကသည့္ ဇနီးေမာင္ႏွံ
လူသားတိုင္းအတြက္ တစ္သက္တြင္ တစ္မဂၤလာသာ ရွိသည့္အတြက္ သူတို႔ခ်စ္တဲ့သူမ်ားႏွင့္အတူမဂၤလာေဆာင္သည့္ေန႔တြင္ ေမ့ရက္စရာမရွိေလေအာင္အမွတ္တရေလးေတြ ဖန္တီးတတ္ၾကသည္။
မဂၤလာပြဲက်င္းပရာတြင္ တည္ေနရာ အစားအေသာက္ မဂၤလာဝတ္စုံႏွင့္ ဓာတ္ပုံဆရာတို႔ကို ေသခ်ာဂ႐ုတစိုက္ႏွင့္ ျပင္ဆင္ၾကရျပန္သည္။
သို႔ျဖစ္၍ ဒဲရက္တို႔ဇနီးေမာင္ႏွံႏွစ္ဦးသည္ ထူးျခားစြာျဖင့္ အသက္စြန႔္ကာ အႏၲရာယ္မ်ားလွေသာ Tawin ပင္လယ္သမုဒၵရာေအာက္တြင္ ေရငုပ္ၿပီး မဂၤလာဓာတ္ပုံ႐ိုက္ခဲ့ၾကသည္။
သူတို႔ဇနီးေမာင္ႏွံသည္ စြန႔္စားရျခင္းကို သေဘာက်ႏွစ္သက္ၿပီး ပင္လယ္ေအာက္တြင္ မဂၤလာဓာတ္ပုံလွလွေလး႐ိုက္ရန္ စိတ္ကူးရွိခဲ့ၿပီး ပေရာ္ဖက္ရွင္နယ္ ဓာတ္ပုံဆရာကို ငွားရမ္းကာ စိတ္ကူးအိပ္မက္ေတြကို အေကာင္အထည္ ေဖာ္ေစခဲ့သည္။
သူတို႔ဇနီးေမာင္ႏွံႏွစ္ဦးသည္ ပင္လယ္ေရေအာက္တြင္ ေနရာယူထားၿပီး ဓာတ္ပုံလွလွေလးထြက္ေစဖို႔ ေအာက္စီဂ်င္ပိုက္မ်ားကိုျဖဳတ္ခဲ့ၿပီး သတို႔သမီးမွ အျဖဴေရာင္ဂါဝန္ႀကီးႏွင့္အတူ ပိုစ့္အမ်ိဳးမ်ိဳးေပးကာ ႐ိုက္ခဲ့ၾကသည္။
ထိုပုံမ်ားသည္ လူမႈကြန္ယက္တြင္ ခ်က္ခ်င္းဆိုသလို ပ်ံ႕ႏွံ႔သြားၿပီးေနာက္ အမ်ားမွ ကိုယ့္အသက္ကို တန္ဖိုးမထားပဲ ျဖစ္ခ်င္တာကို ဦးစားေပးလုပ္ေဆာင္ခဲ့ျခင္းျဖင့္ ကဲ့ရဲ႕ေျပာဆိုခဲ့ၾကသည္။
crd