
ယနေ့ညရဲ့ ထူးခြားဖြစ်စဉ်လို့ ပြောလို့ရတဲ့ ကောင်း ကင်က “လကိုကြယ်ထမ်းခြင်း”
“လမင်းနဲ့ ဂြိုဟ်တန်းနိမိတ်”၊ ဂြိုဟ်တွေတန်းနေတဲ့ ဖြစ် စဉ်ကို အားလုံးတွေ့ရမြင်ကြရမှာဖြစ်ပါတယ်။ ဒီဖြစ် စဉ်နဲ့ပတ်သက်ပြီး အစက လမင်းရယ်၊ ကြာသပတေးကသစ်ဂြိုဟ်ရယ်၊ သောကြာဉုပ်ဂြိုဟ်ရယ်၊ မိန်ရာသီကြယ်စုမှာ ပူးယှဉ်နေကြတယ်ပေါ့။ဒီနေ့မြင်လိုက်ရတဲ့ မြင်ကွင်းက ဂြိုဟ်တွေ အတည့်တန်း နေကြတာ၊ အကွာဝေးခြင်းတူနေကြတာ၊ ဒါပေမယ့် အရောင်ချင်းကွဲနေကြတာ၊ ဒီဂြိုဟ်တွေဟာ မြန်မာနိုင်ငံကိန်းခန်း တွေမှာ အရေးပါတဲ့ဂြိုဟ်တွေဖြစ် နေတာရယ် တွေ့ရတော့ ယခင်အတွေးထက် ပိုမိုထူးခြားနေတာကို သတိပြုမိပါတယ်။
ရှေးလူကြီးတွေပြောစကား အရ “လကိုကြယ်ထမ်း” နေတဲ့ဖြစ်စဉ်လို့ ပြောကြပါတယ်။ မြန်မာနိုင်ငံတော်ဇာတာ ဗြိစ္ဆာ လဂ်၁၂ တန့် ၇ တန့်သခင် သော ကြာဉုပ်ရယ်၊ ၅ တန့် ၂တန့် ကြာသပတေး ကသစ်ရယ် နိူင်ငံကံတရားနဲ့ဆိုင်တဲ့ သု ဘ (၉) တန့် သခင်စန်း(ဝါ) လ ဂြိုဟ် ရယ်၊ တနင်္လာ (လမင်း) ပြအန္တရ ဒသာကာလရောက်နေချိန် ရယ်၊ ၅ တန့် ဘာဝ မှာ တည်ရှိ နေမှု့ တွေရော ပေါင်းစပ် ကြည့်တော့ဒီနိမိတ်က ဘာကိုရည်ညွှန်း နေသလဲဆိုတော့ လမင်းဟာ (ဒီမိုကရေစီ) စံနစ် နဲ့ အေးချမ်းသာယာ ဝပြောတဲ့ခေတ်ကိုရည်ညွှန်း ပြီး လမင်းအောက်က ကြယ်နှစ်လုံး (အရပ်ခေါ်) ၊ ဂြိုဟ်နှစ်လုံးက အင်အားကောင်းစွာ သင့်မြတ်နေကြ တာမဟုတ်ပါဘူး။
စစ်ထိုးနေကြတာပါ (ပါဠိ)လို ပြောရင် ဂြဟယုဒ္ဓ ဖြစ်နေကြတာလို့ ပြောရပါမယ်။ဒီတော့ တိုင်းပြည်အနာဂါတ်မှာ အင်အားကြီးသူခြင်း ယှဉ်ပြိုင် တိုက်ခိုက်ကြလေ့မယ်။ ထိုသို့သောအင်အားပြိုင်ဆိုင်မှုများ ပြီးဆုံးသည့် နောက် တိုင် ပြည်သည် မထင်ထားလောက် သည့်အံ့ဖွယ်အရှိန်ဟုန်များ ဖြင့် တိုးတက်လာမယ့်နိမိတ် ပါပဲ။
ဒီမိုကရေစီစံနစ်ဖြင့် အနာဂါတ် တိုင်းပြည်ကို တည် ဆောက်ကြ လိမ့်မယ်။ ကြီးမားသောအင်အားပြိုင်ဆိုင်မှုများ ဖြစ်ပေါ်ပြီးနောက် အာရှတွင် မြန်မာပြည်သည် မထင်ထားလောက်သည့် တိုးတက်ဖွံ့ဖြိုးမှု့များကြုံမယ်။
အင်အားပြိုင်ဆိုင်မှု့ကာလများ ဆက်လက်ရှိလာစေနိူင်ခြင်း(ဝါ) ပြည်တွင်း တိုက်ပွဲများအရှိန်မြင့် မားလာဖွယ်နဲ့ ဘာသာရေးပြဿနာများ၊ လူမျိုးရေးပြဿနာများ နဲ့ သဘာဝအန္တရာယ်စတာတွေ မြေဈေးတက်တာတွေရှေးဦးစွာ ကြုံတွေ့ပြီးနောက် “တိုင်းပြည်ဇာတာပွင့်လန်း တိုးတက်လာမည့် နိမိတ်ပါပဲ လေ”ဟုရေးသားထားပါသည်။
Zawgyi
ယေန႕ညရဲ႕ ထူးျခားျဖစ္စဥ္လို႔ ေျပာလို႔ရတဲ့ ေကာင္း ကင္က “လကိုၾကယ္ထမ္းျခင္း”
“လမင္းနဲ႕ ၿဂိဳဟ္တန္းနိမိတ္”၊ ၿဂိဳဟ္ေတြတန္းေနတဲ့ ျဖစ္ စဥ္ကို အားလုံးေတြ႕ရျမင္ၾကရမွာျဖစ္ပါတယ္။ ဒီျဖစ္ စဥ္နဲ႕ပတ္သက္ၿပီး အစက လမင္းရယ္၊ ၾကာသပေတးကသစ္ၿဂိဳဟ္ရယ္၊ ေသာၾကာၪုပ္ၿဂိဳဟ္ရယ္၊ မိန္ရာသီၾကယ္စုမွာ ပူးယွဥ္ေနၾကတယ္ေပါ့။ဒီေန႕ျမင္လိုက္ရတဲ့ ျမင္ကြင္းက ၿဂိဳဟ္ေတြ အတည့္တန္း ေနၾကတာ၊ အကြာေဝးျခင္းတူေနၾကတာ၊ ဒါေပမယ့္ အေရာင္ခ်င္းကြဲေနၾကတာ၊ ဒီၿဂိဳဟ္ေတြဟာ ျမန္မာနိုင္ငံကိန္းခန္း ေတြမွာ အေရးပါတဲ့ၿဂိဳဟ္ေတြျဖစ္ ေနတာရယ္ ေတြ႕ရေတာ့ ယခင္အေတြးထက္ ပိုမိုထူးျခားေနတာကို သတိျပဳမိပါတယ္။
ေရွးလူႀကီးေတြေျပာစကား အရ “လကိုၾကယ္ထမ္း” ေနတဲ့ျဖစ္စဥ္လို႔ ေျပာၾကပါတယ္။ ျမန္မာနိုင္ငံေတာ္ဇာတာ ၿဗိစာၦ လဂ္၁၂ တန႔္ ၇ တန႔္သခင္ ေသာ ၾကာၪုပ္ရယ္၊ ၅ တန႔္ ၂တန႔္ ၾကာသပေတး ကသစ္ရယ္ နိူင္ငံကံတရားနဲ႕ဆိုင္တဲ့ သု ဘ (၉) တန႔္ သခင္စန္း(ဝါ) လ ၿဂိဳဟ္ ရယ္၊ တနလၤာ (လမင္း) ျပအႏၲရ ဒသာကာလေရာက္ေနခ်ိန္ ရယ္၊ ၅ တန႔္ ဘာဝ မွာ တည္ရွိ ေနမႈ႕ ေတြေရာ ေပါင္းစပ္ ၾကည့္ေတာ့ဒီနိမိတ္က ဘာကိုရည္ၫႊန္း ေနသလဲဆိုေတာ့ လမင္းဟာ (ဒီမိုကေရစီ) စံနစ္ နဲ႕ ေအးခ်မ္းသာယာ ဝေျပာတဲ့ေခတ္ကိုရည္ၫႊန္း ၿပီး လမင္းေအာက္က ၾကယ္ႏွစ္လုံး (အရပ္ေခၚ) ၊ ၿဂိဳဟ္ႏွစ္လုံးက အင္အားေကာင္းစြာ သင့္ျမတ္ေနၾက တာမဟုတ္ပါဘူး။
စစ္ထိုးေနၾကတာပါ (ပါဠိ)လို ေျပာရင္ ျဂဟယုဒၶ ျဖစ္ေနၾကတာလို႔ ေျပာရပါမယ္။ဒီေတာ့ တိုင္းျပည္အနာဂါတ္မွာ အင္အားႀကီးသူျခင္း ယွဥ္ၿပိဳင္ တိုက္ခိုက္ၾကေလ့မယ္။ ထိုသို႔ေသာအင္အားၿပိဳင္ဆိုင္မႈမ်ား ၿပီးဆုံးသည့္ ေနာက္ တိုင္ ျပည္သည္ မထင္ထားေလာက္ သည့္အံ့ဖြယ္အရွိန္ဟုန္မ်ား ျဖင့္ တိုးတက္လာမယ့္နိမိတ္ ပါပဲ။
ဒီမိုကေရစီစံနစ္ျဖင့္ အနာဂါတ္ တိုင္းျပည္ကို တည္ ေဆာက္ၾက လိမ့္မယ္။ ႀကီးမားေသာအင္အားၿပိဳင္ဆိုင္မႈမ်ား ျဖစ္ေပၚၿပီးေနာက္ အာရွတြင္ ျမန္မာျပည္သည္ မထင္ထားေလာက္သည့္ တိုးတက္ဖြံ႕ၿဖိဳးမႈ႕မ်ားႀကဳံမယ္။
အင္အားၿပိဳင္ဆိုင္မႈ႕ကာလမ်ား ဆက္လက္ရွိလာေစနိူင္ျခင္း(ဝါ) ျပည္တြင္း တိုက္ပြဲမ်ားအရွိန္ျမင့္ မားလာဖြယ္နဲ႕ ဘာသာေရးျပႆနာမ်ား၊ လူမ်ိဳးေရးျပႆနာမ်ား နဲ႕ သဘာဝအႏၲရာယ္စတာေတြ ေျမေဈးတက္တာေတြေရွးဦးစြာ ႀကဳံေတြ႕ၿပီးေနာက္ “တိုင္းျပည္ဇာတာပြင့္လန္း တိုးတက္လာမည့္ နိမိတ္ပါပဲ ေလ”ဟုေရးသားထားပါသည္။