
၁ နှစ်မှာ ၃ ခါပဲ အားသွင်းဖို့လိုတဲ့ သိန်း ၇၀၀ တန် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ကား
ကယ်လီဖိုးနီးယား ကုမ္ပဏီ Aptera က သူ့ရဲ့ နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ကားဟာ အားလုံးဝမသွင်းဘဲနဲ့ လပေါင်းများစွာ မောင်းနှင်နိုင်တယ်လို့ ပြောပါတယ်။ စတာလင်ပေါင် ၂၇,၀၀၀ သတ်မှတ်ထားပြီး လက်ရှိငွေလဲလှယ်နှုန်းအရ မြန်မာငွေ သိန်း ၇၀၀ လောက်ပဲ ရှိပါတယ်။
ကုမ္ပဏီက Launch Edition ကို ကြေညာထားပြီးပြီ ဖြစ်ပြီး ၁ ခါအားအပြည့်သွင်းထားရင် မိုင် ၁,၀၀၀ မောင်းနှင်နိုင်ကာ လက်ရှိလျှပ်စစ်ကားတွေထဲမှာ အကွာအဝေး အများဆုံးမောင်းနှင်နိုင်တာပါ။ နေရောင်ခြည် စွမ်းအင်နဲ့ ၁ ရက်ကို မိုင် ၄၀ မောင်းနှင်နိုင်ပါတယ်။
ကားမှာ 700 watts Solar နည်းပညာ ထည့်သွင်းထားပြီး နေရောင်ခြည် ကောင်းစွာရတဲ့ နေရာတွေမှာ အားသွင်းစရာ မလိုဘဲ ပျမ်းမျှ ၁ ရက်ကို ၂၉ မိုင်မောင်းနှင်နိုင်တယ်လို့ Aptera က ပြောပါတယ်။ နေရောင်ခြည် အလယ်အလတ်ရတဲ့ နေရာတွေမှာ ၁ နှစ်ကို ၃ ကြိမ်ပဲ အားသွင်းနိုင်ပါတယ်။
Aptera က ကားကို ရောင်းတန်းဝင် အဆင့် ဖြစ်အောင် ဆက်လက် ဖန်တီးနေပြီး အောင်မြင်တာနဲ့ ၁ နှစ်ကို ကား အစီးရေ ၁၀,၀၀၀ ထုတ်လုပ်ဖို့ စီစဉ်ထားပါတယ်။
နောက်ပိုင်းမှာ ၁ နှစ်ကို အစီးရေ ၂၀,၀၀၀ အထိ တိုးမြှင့်ထုတ်လုပ်မှာပါ။
Ref : Cambridge-news
crd
Zawgyi
၁ ႏွစ္မွာ ၃ ခါပဲ အားသြင္းဖို႔လိုတဲ့ သိန္း ၇၀၀ တန္ ေနေရာင္ျခည္စြမ္းအင္သုံး လွ်ပ္စစ္ကား
ကယ္လီဖိုးနီးယား ကုမၸဏီ Aptera က သူ႔ရဲ႕ ေနေရာင္ျခည္ စြမ္းအင္သုံး လွ်ပ္စစ္ကားဟာ အားလုံးဝမသြင္းဘဲနဲ႔ လေပါင္းမ်ားစြာ ေမာင္းႏွင္ႏိုင္တယ္လို႔ ေျပာပါတယ္။ စတာလင္ေပါင္ ၂၇,၀၀၀ သတ္မွတ္ထားၿပီး လက္ရွိေငြလဲလွယ္ႏႈန္းအရ ျမန္မာေငြ သိန္း ၇၀၀ ေလာက္ပဲ ရွိပါတယ္။
ကုမၸဏီက Launch Edition ကို ေၾကညာထားၿပီးၿပီ ျဖစ္ၿပီး ၁ ခါအားအျပည့္သြင္းထားရင္ မိုင္ ၁,၀၀၀ ေမာင္းႏွင္ႏိုင္ကာ လက္ရွိလွ်ပ္စစ္ကားေတြထဲမွာ အကြာအေဝး အမ်ားဆုံးေမာင္းႏွင္ႏိုင္တာပါ။ ေနေရာင္ျခည္ စြမ္းအင္နဲ႔ ၁ ရက္ကို မိုင္ ၄၀ ေမာင္းႏွင္ႏိုင္ပါတယ္။
ကားမွာ 700 watts Solar နည္းပညာ ထည့္သြင္းထားၿပီး ေနေရာင္ျခည္ ေကာင္းစြာရတဲ့ ေနရာေတြမွာ အားသြင္းစရာ မလိုဘဲ ပ်မ္းမွ် ၁ ရက္ကို ၂၉ မိုင္ေမာင္းႏွင္ႏိုင္တယ္လို႔ Aptera က ေျပာပါတယ္။ ေနေရာင္ျခည္ အလယ္အလတ္ရတဲ့ ေနရာေတြမွာ ၁ ႏွစ္ကို ၃ ႀကိမ္ပဲ အားသြင္းႏိုင္ပါတယ္။
Aptera က ကားကို ေရာင္းတန္းဝင္ အဆင့္ ျဖစ္ေအာင္ ဆက္လက္ ဖန္တီးေနၿပီး ေအာင္ျမင္တာနဲ႔ ၁ ႏွစ္ကို ကား အစီးေရ ၁၀,၀၀၀ ထုတ္လုပ္ဖို႔ စီစဥ္ထားပါတယ္။
ေနာက္ပိုင္းမွာ ၁ ႏွစ္ကို အစီးေရ ၂၀,၀၀၀ အထိ တိုးျမႇင့္ထုတ္လုပ္မွာပါ။
Ref : Cambridge-news
crd