
ပရိသတ်ကြီးရေ သရုပ်ဆောင် မင်းသမီးချောလေး ပတ်ထရစ်ရှာ ကတော့ ဗီဒီယို ဇာတ်ကားတွေက တစ် ဆင့်အနုပညာ လမ်းကြောင်းထက်ကို လျှောက်လှမ်းလာခဲ့တဲ့ သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ပရိသတ် အားပေးမှုနဲ့ အချိန် ခဏလေးအတွင်း အောင် မြင်မှုတွေကို ရရှိခဲ့တဲ့သူမက ရုပ်ရှင် ဇာတ်ကားတွေ အပြင်photo shooting တွေကိုလည်း လက်ခံရိုက်ကူးနေတာကို တွေ့ရပါတယ်။
အခုလို မတည်ငြိမ်သေးတဲ့ အခြေအနေမျိုးမှာတော့ ပစ်ထရစ်ရှာက အနုပညာလှုပ်ရှားမှုတွေကိုခေတ္တ ရပ် နားထားပြီး ပြည်သူတွေနဲ့အတူ တစ်သားတည်း ရပ် တည်နေတာပဲ ဖြစ်ပါတယ်။လမ်းပေါ်ထွက်ကာ ပြည်သူတွေနဲ့ အတူ ရပ်တည်နေတဲ့ သူမကို လူတစ်စုကနာမည်ဖျက်ဖို့ ကြိုးစားနေတာ ဖြစ်ပြီးမကြာသေးတဲ့ နာရီပိုင်း အချိန်လောက်က လူမှုကွန်ယက် ဖေ့ဘွတ်အကောင့်မှာ စာသားလေးအချို့ ရေး သားတင်ပေးလာခဲ့ပါတယ်။
ဒါကတော့ ပတ်ထရစ်ရှာက နေ့လည် ၃ နာရီက ကျွန်မ post တစ်ခုတင်ဖို့အတွက် အလုပ်ရှုပ်နေတုန်းမှာ ရင်းနီးတဲ့ အသိတစ်ယောက်က တစ်ဆင့် ဖုန်းဆက်လာတယ်။နာမည်ကြီး ဗိုလ်ချုပ်ကြီးရဲ့ သားတစ်ယောက်က ကျွန် မကို ကြိုက်လို့ သိန်း ၁၈၀ ပေးမယ်ဆိုပြီးမိတ်ဆက်ခိုင်းတယ်တဲ့ရှင် Hotel နာမည်ပါ ထည့်ပြောလိုက်သေးသတဲ့ အကြံပက်စက်ချက်နော်။
ဘယ်လောက် ယုတ်မာချင်နေလဲ ဆိုတာ တွေးသာ ကြည့်တော့ ကျွန်မတို့ကို စောက်မြင်ကပ် နေတယ်ဆိုတာကောင်းကောင်းကြီး နားလည်သိရှိပြီးသားပါ ဘာအကြံအစည် ရှိတယ်ဘာလိုချင်တယ် ဆိုတာကိုလည်း သိပါတယ်နော်။
ဟုတ်ကဲ့ ကျမတို့က ရှင်တို့လိုတော့ မချမ်းသာပါဘူး ကျွန်မတို့တွေ ဒီကာလမှာ အလုပ်မရှိတော့ ဝင်ငွေလုံးဝ မရှိ ထွက်ငွေသာ ရှိပါတယ်။ဒါပေမယ့်လေ ခြွေခြွေတာတာ လေးနဲ့နေနေတယ် ရှိတာပဲဝတ်မယ် ရှိတာနဲ့စားမယ် မပြောရဲ မဆိုရဲအပေါက်ပိတ်နေမယ့် သူဖြစ်အောင်တော့ ဇာတ်လာမသိမ်းသွင်းနဲ့ sorry ပဲ ဆိုပြီး ရေးသားတင်ပေးလာပဲ ဖြစ်ပါတယ်။
Zawgyi