အနုပညာနယ်ပယ်ကနေ ပျောက်ကွယ်သွားစေပြီး အနု ပညာ လုပ်သက် ၅နှစ်ပိတ်ခံလိုက်ရတဲ့ ခိုင်ခင်ဦး video

လက်တလော အွန်လိုင်းမှာ ပျံ့နှံ့နေတဲ့ ဗီဒီယိုဖိုင်တခုကတော့ ၁၉၉၀ ဝန်းကျင်က အဆိုတော် မင်းသမီး ခိုင်ခင်ဦးရဲ့ ဖျော်ဖြေမှု ပြုလုပ်တဲ့ ဗီဒီယိုဖိုင်တခုပဲ ဖြစ်ပါတယ်။ အဆိုပါ ဗီဒီယိုဖိုင်ထဲမှာ ခိုင်ခင်ဦးက “ဒါလေးများ” သီချင်းနဲ့ ဖျော်ဖြေနေတာကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။အဆိုပါ ဗီဒီယိုဖိုင်ထဲမှာ ခိုင်ခင်ဦးဟာ လျှပ်ပေါ်လော်လီတဲ့ အဝတ်အစားတွေ ဝင်ဆင်ခဲ့တယ်လို့ ဆင်ဆာအဖွဲ့က သတ်မှတ်ခဲ့ပါတယ်။

အဲဒီဗီဒီယိုမှာ အင်္ကျီလက်တစ်ဖက် ပုခုံးကပြုတ်ကျနေတာကို ဗီဒီယိုရိုက်ကူးသူက ရည်ရွယ်ချက်ရှိရှိ အနီး ကပ်ဆွဲယူရိုက်ကူးတာတွေ တွေ့ရပါတယ်။ယခုခေတ် စံနှုန်းတွေနဲ့ နှိုင်းယှဉ်ရင်တော့ ခိုင်ခင်ဦးရဲ့ ဝတ်စားဆင်ယင်မှုဟာ မူကြိုအဆင့်ပဲ ရှိတယ်လို့ သတ်မှတ်ရပေမယ့် အဲဒီခေတ်တုန်းကတော့ ယခုလောက် မီဒီယာ ပျံ့နှံ့မှု အားမကောင်းခဲ့တာကြောင့် ဟိုးလေးတကျော် ဖြစ်ခဲ့ရပါတယ်။

အဲဒီအချိန်က ဗီဒီယိုကြည့်စက်တွေ အိမ်တိုင်းမှာ မရှိသေးဘဲ ဗီဒီယိုကြည့်ချင်ရင် စက်ငှားတဲ့ အိမ်ကနေ ငှားရမ်းပြီး မိသားစုတွေ စုပြီး ကြည့်ရတဲ့ အချိန်ဖြစ်ပါတယ်။ ထိုအချိန်ကတည်းက ခိုင်ခင်ဦး သီချင်းဆိုတဲ့ အဆိုပါ ဗီဒီယိုဟာ နာမည်ကြီးခဲ့တာ ဖြစ်ပါတယ်။အဲဒီဂယက်ကြောင့် နဝတစစ်အစိုးရက သ‌ရုပ်ဆောင် ခိုင်ခင်ဦးကို မြန်မာ့ယဉ်ကျေးမှုနှင့် ဆန့်ကျင်သော ဝတ်စားဆင်ယင်မှုများနှင့် စတိတ်ရှိုးဖျော်ဖြေပွဲများတွင် အ များပြည်သူ ကြည့်ရှု၍ မသင့်အောင် ရိုက်ကူးပြသတယ်ဆိုပြီးတော့ အနုပညာပညာလုပ်ငန်းများ မပြု လုပ်ရန်တားမြစ်ခဲ့ပါတယ်။

အတည်မပြုနိုင်တဲ့ သတင်းများအရ မင်းသမီး ခိုင်ခင်ဦးဟာ အစိုးရဝါဒဖြန့်ချိရေး ဇာတ်လမ်းတွေမှာ ပါဝင် သရုပ်ဆောင် မပေးတဲ့အတွက်ကြောင့်လည်း ပိတ်ပင်ခံခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။ ၂၀၂၀ ခုနှစ်က အင်တာဗျူးတစ်ခုမှာတော့ အနုပညာလုပ်ခွင့် (၅) နှစ် ပိတ်ပင်ခဲ့ပေမယ့်၊ (၂) လ ထဲနဲ့ အဆင်ပြေပြေ ကျေ အေးပေးခဲ့တယ်လို့ သရုပ်ဆောင် ခိုင်ခင်ဦး က ဖြေ ကြားခဲ့ပါတယ်။

ဒါပေမယ့် အဆိုပါ ကိစ္စ ဖြစ်ပျက်ခဲ့ပြီးနောက် မင်းသမီး ခိုင်ခင်ဦးကို အနုပညာလောကထဲမှာ လှုပ်ရှားမှု သိပ်မတွေ့ရတော့ပါဘူး။ ခိုင်ခင်ဦး ဟာ ၁၉၈၂ ခုနှစ်က “မေ တ္တာအသင်္ချေ” ဇာတ်ကားနဲ့ အကယ်ဒမီဆု (ဇာတ်ပို့) ရရှိခဲ့ပါတယ်။ ယခုလို အဝတ်အစား ဝတ်ဆင်တိုင်းသာ အနုပညာလှုပ်ရှားခွင့် ပိတ်ပင်ရမယ်ဆိုရင် ယနေ့ခေတ်မှာဆို ဘယ်သူမှ မကျန်တော့ဘူးလို့ ပရိသတ်တွေက ဝေဖန်နေကြပါတယ်။

Zawgyi

လက္တေလာ အြန္လိုင္းမွာ ပ်ံ႕ႏွံ႔ေနတဲ့ ဗီဒီယိုဖိုင္တခုကေတာ့ ၁၉၉၀ ဝန္းက်င္က အဆိုေတာ္ မင္းသမီး ခိုင္ခင္ဦးရဲ႕ ေဖ်ာ္ေျဖမႈ ျပဳလုပ္တဲ့ ဗီဒီယိုဖိုင္တခုပဲ ျဖစ္ပါတယ္။ အဆိုပါ ဗီဒီယိုဖိုင္ထဲမွာ ခိုင္ခင္ဦးက “ဒါေလးမ်ား” သီခ်င္းနဲ႔ ေဖ်ာ္ေျဖေနတာကို ႐ိုက္ကူးထားတာ ျဖစ္ပါတယ္။အဆိုပါ ဗီဒီယိုဖိုင္ထဲမွာ ခိုင္ခင္ဦးဟာ လွ်ပ္ေပၚေလာ္လီတဲ့ အဝတ္အစားေတြ ဝင္ဆင္ခဲ့တယ္လို႔ ဆင္ဆာအဖြဲ႕က သတ္မွတ္ခဲ့ပါတယ္။

အဲဒီဗီဒီယိုမွာ အက်ႌလက္တစ္ဖက္ ပုခုံးကျပဳတ္က်ေနတာကို ဗီဒီယို႐ိုက္ကူးသူက ရည္႐ြယ္ခ်က္ရွိရွိ အနီး ကပ္ဆြဲယူ႐ိုက္ကူးတာေတြ ေတြ႕ရပါတယ္။ယခုေခတ္ စံႏႈန္းေတြနဲ႔ ႏႈိင္းယွဥ္ရင္ေတာ့ ခိုင္ခင္ဦးရဲ႕ ဝတ္စားဆင္ယင္မႈဟာ မူႀကိဳအဆင့္ပဲ ရွိတယ္လို႔ သတ္မွတ္ရေပမယ့္ အဲဒီေခတ္တုန္းကေတာ့ ယခုေလာက္ မီဒီယာ ပ်ံ႕ႏွံ႔မႈ အားမေကာင္းခဲ့တာေၾကာင့္ ဟိုးေလးတေက်ာ္ ျဖစ္ခဲ့ရပါတယ္။

အဲဒီအခ်ိန္က ဗီဒီယိုၾကည့္စက္ေတြ အိမ္တိုင္းမွာ မရွိေသးဘဲ ဗီဒီယိုၾကည့္ခ်င္ရင္ စက္ငွားတဲ့ အိမ္ကေန ငွားရမ္းၿပီး မိသားစုေတြ စုၿပီး ၾကည့္ရတဲ့ အခ်ိန္ျဖစ္ပါတယ္။ ထိုအခ်ိန္ကတည္းက ခိုင္ခင္ဦး သီခ်င္းဆိုတဲ့ အဆိုပါ ဗီဒီယိုဟာ နာမည္ႀကီးခဲ့တာ ျဖစ္ပါတယ္။အဲဒီဂယက္ေၾကာင့္ နဝတစစ္အစိုးရက သ‌႐ုပ္ေဆာင္ ခိုင္ခင္ဦးကို ျမန္မာ့ယဥ္ေက်းမႈႏွင့္ ဆန႔္က်င္ေသာ ဝတ္စားဆင္ယင္မႈမ်ားႏွင့္ စတိတ္ရႈိးေဖ်ာ္ေျဖပြဲမ်ားတြင္ အ မ်ားျပည္သူ ၾကည့္ရႈ၍ မသင့္ေအာင္ ႐ိုက္ကူးျပသတယ္ဆိုၿပီးေတာ့ အႏုပညာပညာလုပ္ငန္းမ်ား မျပဳ လုပ္ရန္တားျမစ္ခဲ့ပါတယ္။

အတည္မျပဳႏိုင္တဲ့ သတင္းမ်ားအရ မင္းသမီး ခိုင္ခင္ဦးဟာ အစိုးရဝါဒျဖန႔္ခ်ိေရး ဇာတ္လမ္းေတြမွာ ပါဝင္ သ႐ုပ္ေဆာင္ မေပးတဲ့အတြက္ေၾကာင့္လည္း ပိတ္ပင္ခံခဲ့ရတာ ျဖစ္တယ္လို႔ သိရပါတယ္။ ၂၀၂၀ ခုႏွစ္က အင္တာဗ်ဴးတစ္ခုမွာေတာ့ အႏုပညာလုပ္ခြင့္ (၅) ႏွစ္ ပိတ္ပင္ခဲ့ေပမယ့္၊ (၂) လ ထဲနဲ႔ အဆင္ေျပေျပ ေက် ေအးေပးခဲ့တယ္လို႔ သ႐ုပ္ေဆာင္ ခိုင္ခင္ဦး က ေျဖ ၾကားခဲ့ပါတယ္။

ဒါေပမယ့္ အဆိုပါ ကိစၥ ျဖစ္ပ်က္ခဲ့ၿပီးေနာက္ မင္းသမီး ခိုင္ခင္ဦးကို အႏုပညာေလာကထဲမွာ လႈပ္ရွားမႈ သိပ္မေတြ႕ရေတာ့ပါဘူး။ ခိုင္ခင္ဦး ဟာ ၁၉၈၂ ခုႏွစ္က “ေမ တၱာအသေခ်ၤ” ဇာတ္ကားနဲ႔ အကယ္ဒမီဆု (ဇာတ္ပို႔) ရရွိခဲ့ပါတယ္။ ယခုလို အဝတ္အစား ဝတ္ဆင္တိုင္းသာ အႏုပညာလႈပ္ရွားခြင့္ ပိတ္ပင္ရမယ္ဆိုရင္ ယေန႔ေခတ္မွာဆို ဘယ္သူမွ မက်န္ေတာ့ဘူးလို႔ ပရိသတ္ေတြက ေဝဖန္ေနၾကပါတယ္။