
ဒီငါးရဲ့အမည်က (Golden Snapper Fish) လို့ခေါ်ပါတယ်။ မြန်မာပြည်မှာ ခေါ်ဆိုကြတာက ကတ်သမျှင်ငါး ဟု ခေါ်ဆိုပါတယ်။ ကတ်သမျှင်ငါး ဟုတ် မဟုတ်ဆိုတာတော့ ကျွန်တော်အတည်ပြု မပြောဆိုပါဘူး..။ ကျွန်တော် အခုပြောပြချင်တာက ဒီငါးရဲ့ Air Bladder လို့လည်းခေါ်သလို Fish Maw လို့လည်းခေါ်တဲ့ ငါးအဆီဖောင်း အကြောင်းဖြစ်ပါတယ်။
ဒီငါးတွေဟာ အရွယ်အစားမတူညီသလို အရောင်အ ဆင်းလည်း မတူညီကြပါဘူး။ ရွှေရောင်နှင့် ငွေရောင် နှစ်မျိုးနှစ်စားလောက်ရှိပါတယ်။
ဘယ်လောက်ဈေးကြီးသလဲဆိုရင် ငါးရဲ့အလေးချိန် (၁၆၀ ပေါင်)ကို တရုတ် ယွမ်ငွေ ၃ မီလီယံ (မြန်မာငွေသိန်း ၈၀၀ ကျော်) ပေါက်ဈေး ရှိပါတယ်။
သူ့ရဲ့ဝမ်းဗိုက်ထဲက အဆီဖောင်းဟာ အရမ်းအဖိုးတန်ပြီး ၎င်းငါးရဲ့အဆီဖောင်းအခြောက်ကို ပင်လယ်အုန်းရည် (Sea coconut) နှင့် ကြက်နက် (Black Chicken) ကို ရောနှော၍ စွပ်ပြုပ်လုပ်သောက်ပါက အားအင်းဖွံ့ဖြိုးတိုးပွားလာစေသည့်အပြင် သက်ကြီးရွယ်အိုများ သွေးလည်ပတ်မှုကိုမှန်ကန်၍ အရေပြားရောဂါကို ကာကွယ်ပေးပါတယ်။
ဒါကလည်း ပိုက်ဆံအရမ်းချမ်းသာတဲ့လူတွေလောက်သာဝယ်ယူစားသုံးနိုင်ပါကြောင်းရေးသားဖော်ပြလိုက် ပါသည်။ (ဘဝခါးခါး) မြန်မာပြည်မှာ ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ဒုတိယပတ်က မော်လမြိုင်ခရိုင် ချောင်းဆုံမြို့နယ်ရှိ ဝဲကလိအတန်းလိုက်ပိုက်ချက်မှ ကျပ်သိန်း ၅၀၀ ကျော်တန်ဖိုးရှိသည့် တန်ဖိုးမြင့် ကတ်သမျှင်ငါးတစ်ကောင် ဖမ်းဆီးရမိခဲ့ပါတယ်။
ဝဲကလိအတန်းလိုက် တင်ဒါပိုက်ချက်အမှတ် (၁) ကို တင်ဒါဆွဲဝယ်ယူရရှိသူ ဦးမြင့်လွင်၏ ပိုက်ချက် ၁၂ လုံးတန်းအနက် ပိုက်ချက် ၈ လုံးမြောက်တွင် ကတ်သမျှင်ငါးတစ်ကောင်ကို ဖမ်းမိခဲ့ပြီး ကတ်သမျှင်ငါးမှာ အမဖြစ်ကာ အလျား ၆ ပေ၊
အနံ ၁ ဒသမ ၁ ပေနှင့် အလေးချိန် ၃၅ ဒသမ ၅ ပိဿာရှိပြီး ဈေးကွက်အ တွင်း ရောင်းချခဲ့ရာ ဒေသပေါက် ဈေး ကျပ် ၅၆၅ သိန်းရရှိခဲ့ကြောင်း ငါးလုပ်ငန်းဦး စီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။ “ဒီငါးက စီပေါင်းက တန် ဖိုးရှိတာ။
ကတ်သမျှင်ကို မွန်ပြည်နယ်မှာပဲ အများဆုံးတွေ့ရတာ။ အရင်က တစ်နှစ်ကို ၁၀ ကောင်လောက် ဖမ်းမိတယ်။ အခုနောက်ပိုင်း တစ်နှစ်ကို ငါးကောင်လောက်ပဲ မိတော့တယ်” ဟု ငါးလုပ်ငန်းဦးစီးဌာန ဒုတိယညွှန် ကြားရေးမှူးချုပ် ဦးမြင့်ဇင်ထူးက ပြောကြားခဲ့ပါတယ်။
အဆိုပါ ကသမျှင်ငါးများ ဖမ်းဆီးခြင်းကို ငါးလုပ်ငန်းဦးစီးဌာနက ပိတ်ပင်ထားခြင်း မရှိကြောင်း၊ ယင်းငါးကို မွန်ပြည်နယ်တွင်သာ အများဆုံးတွေ့ရှိရပြီး ကသမျှင်ငါးစီပေါင်းကို အမျိုးသားနှင့် အမျိုးသမီးများ ကျန်း မာရေးအတွက် မှီဝဲသောက်သုံးနိုင်ခြင်း၊
တိုင်းရင်းဆေးနှင့် ရေမွှေးအဆီများပြုလုပ်ရာတွင် ထည့်သွင်းအ သုံးပြုနိုင်ပြီး တရုတ်လူမျိုးများ အများဆုံး ဝယ်ယူလေ့ရှိကြောင်း ငါးလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။ “ဒီစီပေါင်းက မီးနေသည်တွေနဲ့ အမျိုးသားတွေအတွက်လည်း သောက်ရင်အားဖြစ်တယ်။
တရုတ်ကျတော့ ရိုးရာအရ ငါးစီပေါင်းနဲ့ တင်တောင်းတာတွေ ရှိတယ်။ တင်တောင်းနိုင်တဲ့လူကို တစ်သက်လုံး အရိုအသေ ပေးရတယ်” ဟု ဦးမြင့်ဇင်ထူးက ပြောပါတယ်။ မွန်ပြည်နယ်မှာ ၂၀၁၄ ခုနှစ် စက်တင်ဘာလက ကျိုက်ခမီမြို့၊ ကမ်းခြေတွင် အလေးချိန် ၁၆ ပိ ဿာရှိ ကတ်သမျှင်ငါးတစ်ကောင်၊
၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလက ကျိုက်ခမီရေလယ်ဘုရား အနောက်၊ အမှတ်(၂) ဘော်ယာအနီးကမ်းခြေတွင် အလေးချိန် ၂၁ ပိဿာရှိ ကတ်သမျှင်ငါးတစ်ကောင်၊ ၂၀၁၆ ခုနှစ် ဇွန်လက ကျိုက်ခမီမြို့ ကမ်းခြေတွင် အလေးချိန် ၃၆ ပိဿာရှိ ကတ်သမျှင်ငါးတစ်ကောင်နှင့် ၂၀၁၈ ခုနှစ် ဇန်နဝါရီလက ကျိုက်ခမီမြို့၊ ကမ်းခြေတွင်ပင် အလေးချိန် ၁၆ ဒသမ ၅၀ ပိဿာရှိ ကတ်သမျှင်ငါးတစ်ကောင် ဖမ်းဆီးရမိခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနထံမှ သိရပါတယ်။credit
Zawgyi
ဒီငါးရဲ႕အမည္က (Golden Snapper Fish) လို႔ေခၚပါတယ္။ ျမန္မာျပည္မွာ ေခၚဆိုၾကတာက ကတ္သမွ်င္ငါး ဟု ေခၚဆိုပါတယ္။ ကတ္သမွ်င္ငါး ဟုတ္ မဟုတ္ဆိုတာေတာ့ ကြၽန္ေတာ္အတည္ျပဳ မေျပာဆိုပါဘူး..။ ကြၽန္ေတာ္ အခုေျပာျပခ်င္တာက ဒီငါးရဲ႕ Air Bladder လို႔လည္းေခၚသလို Fish Maw လို႔လည္းေခၚတဲ့ ငါးအဆီေဖာင္း အေၾကာင္းျဖစ္ပါတယ္။
ဒီငါးေတြဟာ အ႐ြယ္အစားမတူညီသလို အေရာင္အ ဆင္းလည္း မတူညီၾကပါဘူး။ ေ႐ႊေရာင္ႏွင့္ ေငြေရာင္ ႏွစ္မ်ိဳးႏွစ္စားေလာက္ရွိပါတယ္။
ဘယ္ေလာက္ေဈးႀကီးသလဲဆိုရင္ ငါးရဲ႕အေလးခ်ိန္ (၁၆၀ ေပါင္)ကို တ႐ုတ္ ယြမ္ေငြ ၃ မီလီယံ (ျမန္မာေငြသိန္း ၈၀၀ ေက်ာ္) ေပါက္ေဈး ရွိပါတယ္။
သူ႔ရဲ႕ဝမ္းဗိုက္ထဲက အဆီေဖာင္းဟာ အရမ္းအဖိုးတန္ၿပီး ၎ငါးရဲ႕အဆီေဖာင္းအေျခာက္ကို ပင္လယ္အုန္းရည္ (Sea coconut) ႏွင့္ ၾကက္နက္ (Black Chicken) ကို ေရာေႏွာ၍ စြပ္ျပဳပ္လုပ္ေသာက္ပါက အားအင္းဖြံ႕ၿဖိဳးတိုးပြားလာေစသည့္အျပင္ သက္ႀကီး႐ြယ္အိုမ်ား ေသြးလည္ပတ္မႈကိုမွန္ကန္၍ အေရျပားေရာဂါကို ကာကြယ္ေပးပါတယ္။
ဒါကလည္း ပိုက္ဆံအရမ္းခ်မ္းသာတဲ့လူေတြေလာက္သာဝယ္ယူစားသုံးႏိုင္ပါေၾကာင္းေရးသားေဖာ္ျပလိုက္ ပါသည္။ (ဘဝခါးခါး) ျမန္မာျပည္မွာ ၂၀၂၀ ခုႏွစ္ ႏိုဝင္ဘာလ ဒုတိယပတ္က ေမာ္လၿမိဳင္ခ႐ိုင္ ေခ်ာင္းဆုံၿမိဳ႕နယ္ရွိ ဝဲကလိအတန္းလိုက္ပိုက္ခ်က္မွ က်ပ္သိန္း ၅၀၀ ေက်ာ္တန္ဖိုးရွိသည့္ တန္ဖိုးျမင့္ ကတ္သမွ်င္ငါးတစ္ေကာင္ ဖမ္းဆီးရမိခဲ့ပါတယ္။
ဝဲကလိအတန္းလိုက္ တင္ဒါပိုက္ခ်က္အမွတ္ (၁) ကို တင္ဒါဆြဲဝယ္ယူရရွိသူ ဦးျမင့္လြင္၏ ပိုက္ခ်က္ ၁၂ လုံးတန္းအနက္ ပိုက္ခ်က္ ၈ လုံးေျမာက္တြင္ ကတ္သမွ်င္ငါးတစ္ေကာင္ကို ဖမ္းမိခဲ့ၿပီး ကတ္သမွ်င္ငါးမွာ အမျဖစ္ကာ အလ်ား ၆ ေပ၊
အနံ ၁ ဒသမ ၁ ေပႏွင့္ အေလးခ်ိန္ ၃၅ ဒသမ ၅ ပိႆာရွိၿပီး ေဈးကြက္အ တြင္း ေရာင္းခ်ခဲ့ရာ ေဒသေပါက္ ေဈး က်ပ္ ၅၆၅ သိန္းရရွိခဲ့ေၾကာင္း ငါးလုပ္ငန္းဦး စီးဌာနက ထုတ္ျပန္ခဲ့ပါတယ္။ “ဒီငါးက စီေပါင္းက တန္ ဖိုးရွိတာ။
ကတ္သမွ်င္ကို မြန္ျပည္နယ္မွာပဲ အမ်ားဆုံးေတြ႕ရတာ။ အရင္က တစ္ႏွစ္ကို ၁၀ ေကာင္ေလာက္ ဖမ္းမိတယ္။ အခုေနာက္ပိုင္း တစ္ႏွစ္ကို ငါးေကာင္ေလာက္ပဲ မိေတာ့တယ္” ဟု ငါးလုပ္ငန္းဦးစီးဌာန ဒုတိယၫႊန္ ၾကားေရးမႉးခ်ဳပ္ ဦးျမင့္ဇင္ထူးက ေျပာၾကားခဲ့ပါတယ္။
အဆိုပါ ကသမွ်င္ငါးမ်ား ဖမ္းဆီးျခင္းကို ငါးလုပ္ငန္းဦးစီးဌာနက ပိတ္ပင္ထားျခင္း မရွိေၾကာင္း၊ ယင္းငါးကို မြန္ျပည္နယ္တြင္သာ အမ်ားဆုံးေတြ႕ရွိရၿပီး ကသမွ်င္ငါးစီေပါင္းကို အမ်ိဳးသားႏွင့္ အမ်ိဳးသမီးမ်ား က်န္း မာေရးအတြက္ မွီဝဲေသာက္သုံးႏိုင္ျခင္း၊
တိုင္းရင္းေဆးႏွင့္ ေရေမႊးအဆီမ်ားျပဳလုပ္ရာတြင္ ထည့္သြင္းအ သုံးျပဳႏိုင္ၿပီး တ႐ုတ္လူမ်ိဳးမ်ား အမ်ားဆုံး ဝယ္ယူေလ့ရွိေၾကာင္း ငါးလုပ္ငန္းဦးစီးဌာနထံမွ သိရသည္။ “ဒီစီေပါင္းက မီးေနသည္ေတြနဲ႔ အမ်ိဳးသားေတြအတြက္လည္း ေသာက္ရင္အားျဖစ္တယ္။
တ႐ုတ္က်ေတာ့ ႐ိုးရာအရ ငါးစီေပါင္းနဲ႔ တင္ေတာင္းတာေတြ ရွိတယ္။ တင္ေတာင္းႏိုင္တဲ့လူကို တစ္သက္လုံး အ႐ိုအေသ ေပးရတယ္” ဟု ဦးျမင့္ဇင္ထူးက ေျပာပါတယ္။ မြန္ျပည္နယ္မွာ ၂၀၁၄ ခုႏွစ္ စက္တင္ဘာလက က်ိဳက္ခမီၿမိဳ႕၊ ကမ္းေျခတြင္ အေလးခ်ိန္ ၁၆ ပိ ႆာရွိ ကတ္သမွ်င္ငါးတစ္ေကာင္၊
၂၀၁၆ ခုႏွစ္ ေဖေဖာ္ဝါရီလက က်ိဳက္ခမီေရလယ္ဘုရား အေနာက္၊ အမွတ္(၂) ေဘာ္ယာအနီးကမ္းေျခတြင္ အေလးခ်ိန္ ၂၁ ပိႆာရွိ ကတ္သမွ်င္ငါးတစ္ေကာင္၊ ၂၀၁၆ ခုႏွစ္ ဇြန္လက က်ိဳက္ခမီၿမိဳ႕ ကမ္းေျခတြင္ အေလးခ်ိန္ ၃၆ ပိႆာရွိ ကတ္သမွ်င္ငါးတစ္ေကာင္ႏွင့္ ၂၀၁၈ ခုႏွစ္ ဇန္နဝါရီလက က်ိဳက္ခမီၿမိဳ႕၊ ကမ္းေျခတြင္ပင္ အေလးခ်ိန္ ၁၆ ဒသမ ၅၀ ပိႆာရွိ ကတ္သမွ်င္ငါးတစ္ေကာင္ ဖမ္းဆီးရမိခဲ့ေၾကာင္း ငါးလုပ္ငန္းဦးစီးဌာနထံမွ သိရပါတယ္။credit
Leave a Reply