
သြော် ၆ နှစ်တောင်ရှိသွားပြီလား၊ ငါ့သားရော ဘာတွေလုပ်နေလဲ” တဲ့။ အဘကတော့ ကျွန်တော့်ကိုမြင်တာနဲ့ ဖက်လှဲတကင်းလာပြီး နှုတ်ဆက်ရှာတယ်။
လွန်ခဲ့တဲ့ ၆ နှစ်တုန်းက (၂၀၁၇) အင်းဝကို ဧည့်သည်တစုနဲ့လည်တုန်း အဘနဲ့ဆုံတယ်။
အဲ့ဒီတုန်းက သူ့အသက် ၈၆ နှစ်။ အင်းဝမှာ အသက်အကြီးဆုံးမြင်းလှည်းဆရာကြီးဆိုပြီး ကျွန်တော်ပို့စ်လေးတစ်ခုတောင် ရေးတင်ဖူးသေးတယ်။
အဘရာ ဒီအရွယ်ထိအောင် မြင်းလှည်းမောင်းတုန်းပဲလားလို့ မေးတုန်းက သူက အလုပ်မလုပ်ရရင် မနေနိုင်လို့တဲ့။
အသက်သာကြီးတာ မြင်းလှည်းပေါ်တက်တာဆင်းတာများ လွှားခနဲ လွှားခနဲပဲ။ ဒီတစ်ခေါက်လည်း အဲ့ဒီတုန်းကလို ဒေါင်ဒေါင်မြည်။
အခုတော့ သူ့အသက်က ၉၃ နှစ်ရှိပြီ။ “အဘ မြင်းလှည်းမောင်းသေးလား” ဆိုတော့ “လာငှားရင်တော့မောင်းတာပေါ့၊ ဒါပေမယ့် ဧည့်သည်မရပါဘူး ငါ့သားရာ” တဲ့။
ကျွန်တော့်ကိုနှုတ်ဆက်ပြီးတော့ အိမ်ထဲက သူ့အိမ်သူကိုလှမ်းခေါ်တယ်။ “အဖွားကြီး မန္တလေးက ကလေးလာတယ်” တဲ့။ အမေကြီးက ကျွန်တော့်နာမည်ကို ချက်ချင်းမမှတ်မိရှာဘူး။
ဗလာစာအုပ်ထုတ်လာပြီး အဲ့ဒီအထဲမှာရေးထားတဲ့ ကျွန်တော့်နာမည်နဲ့ ဖုန်းနံပါတ်ကို ရွတ်တယ်။ အဲဒီစာအုပ်လေးက လွန်ခဲ့တဲ့ ၆ နှစ်ကတည်းက ရေးမှတ်ထားတဲ့စာအုပ်လေး။
ဒီကြားထဲ ကြိုကြားရောက်ဖြစ်ပေမယ့် နောက်ဆုံးရောက်ခဲ့တာကတော့ ကိုဗစ်ပထမလှိုင်းအပြီး ဆိုပါတော့။
အဘတို့လိုအပ်မယ်ထင်တာလေးတွေ သွားကန်တော့ခဲ့တာပါ။ အဲ့ဒီနောက် မရောက်ဖြစ်တော့ဘူး။
အဘ အင်းဝမှာမြင်းလှည်းမောင်းခဲ့တာ နှစ်ပေါင်း ၃၀ ကျော်ရှိပါပြီ။
အဲ့ဒီလုပ်သက်နဲ့သာဆိုရင် ကျွန်တော်တို့လို ဧည့်လမ်းညွှန်မျိုးဆက်သစ်တွေတင်မကဘူး၊
ဝါရင့်ဧည့်လမ်းညွှန်ကြီးတွေကိုလည်း ဝန်ဆောင်မှုတွေပေးခဲ့ဖူးမှာပါ။
ခေတ်တွေအဆက်ဆက်၊ ခရီးသွားလုပ်ငန်း ပြောင်းလဲမှုတွေလည်း အများကြီးသူမြင်တွေ့ခဲ့ရပြီးမှာပဲ။
ခရီးသွားလုပ်ငန်းတင်မကဘူး သူ့အသက်အရွယ်အရဆိုရင် လွတ်လပ်ရေးကာလတွေ၊ ပြည်တွင်းစစ်ကာလတွေကိုလည်း အရွယ်ကောင်းကောင်းနဲ့ ဖြတ်သန်းခဲ့ဖူးမှာပါပဲ။
၉၃ နှစ်၊ အင်းဝရွှေမြို့တော်မှာ ဧည့်သည်တွေကိုမျှော်နေတဲ့ မျက်ဝန်းတွေ၊ မြင်းလှည်းပေါ်ခုန်တက်၊ ခုန်ဆင်း သွက်လက်စွာ ဝန်ဆောင်မှုပေးနေနိုင်သေးတဲ့ အဘရဲ့အားအင်တွေ. အဘစောင့်မျှော်နေတဲ့ ဧည့်သည်တွေ၊ ရွှေပြည်တော်ကြီးကတော့ မျှော်တိုင်းဝေးနေဆဲပါပဲ။
မြင်းလှည်းဆရာကြီး ဦးသောင်း အင်းဝနန်းမြို့ရိုးအရှေ့ပေါက် အင်းဝမြို့။
Traveller_Jay (မူရင်းရေးသားသူအား လေးစားမှုဖြင့် – bkr)
Zawgyi
ေၾသာ္ ၆ ႏွစ္ေတာင္ရွိသြားၿပီလား၊ ငါ့သားေရာ ဘာေတြလုပ္ေနလဲ” တဲ့။ အဘကေတာ့ ကြၽန္ေတာ့္ကိုျမင္တာနဲ႔ ဖက္လွဲတကင္းလာၿပီး ႏႈတ္ဆက္ရွာတယ္။
လြန္ခဲ့တဲ့ ၆ ႏွစ္တုန္းက (၂၀၁၇) အင္းဝကို ဧည့္သည္တစုနဲ႔လည္တုန္း အဘနဲ႔ဆုံတယ္။
အဲ့ဒီတုန္းက သူ႔အသက္ ၈၆ ႏွစ္။ အင္းဝမွာ အသက္အႀကီးဆုံးျမင္းလွည္းဆရာႀကီးဆိုၿပီး ကြၽန္ေတာ္ပို႔စ္ေလးတစ္ခုေတာင္ ေရးတင္ဖူးေသးတယ္။
အဘရာ ဒီအ႐ြယ္ထိေအာင္ ျမင္းလွည္းေမာင္းတုန္းပဲလားလို႔ ေမးတုန္းက သူက အလုပ္မလုပ္ရရင္ မေနႏိုင္လို႔တဲ့။
အသက္သာႀကီးတာ ျမင္းလွည္းေပၚတက္တာဆင္းတာမ်ား လႊားခနဲ လႊားခနဲပဲ။ ဒီတစ္ေခါက္လည္း အဲ့ဒီတုန္းကလို ေဒါင္ေဒါင္ျမည္။
အခုေတာ့ သူ႔အသက္က ၉၃ ႏွစ္ရွိၿပီ။ “အဘ ျမင္းလွည္းေမာင္းေသးလား” ဆိုေတာ့ “လာငွားရင္ေတာ့ေမာင္းတာေပါ့၊ ဒါေပမယ့္ ဧည့္သည္မရပါဘူး ငါ့သားရာ” တဲ့။
ကြၽန္ေတာ့္ကိုႏႈတ္ဆက္ၿပီးေတာ့ အိမ္ထဲက သူ႔အိမ္သူကိုလွမ္းေခၚတယ္။ “အဖြားႀကီး မႏၲေလးက ကေလးလာတယ္” တဲ့။ အေမႀကီးက ကြၽန္ေတာ့္နာမည္ကို ခ်က္ခ်င္းမမွတ္မိရွာဘူး။
ဗလာစာအုပ္ထုတ္လာၿပီး အဲ့ဒီအထဲမွာေရးထားတဲ့ ကြၽန္ေတာ့္နာမည္နဲ႔ ဖုန္းနံပါတ္ကို ႐ြတ္တယ္။ အဲဒီစာအုပ္ေလးက လြန္ခဲ့တဲ့ ၆ ႏွစ္ကတည္းက ေရးမွတ္ထားတဲ့စာအုပ္ေလး။
ဒီၾကားထဲ ႀကိဳၾကားေရာက္ျဖစ္ေပမယ့္ ေနာက္ဆုံးေရာက္ခဲ့တာကေတာ့ ကိုဗစ္ပထမလႈိင္းအၿပီး ဆိုပါေတာ့။
အဘတို႔လိုအပ္မယ္ထင္တာေလးေတြ သြားကန္ေတာ့ခဲ့တာပါ။ အဲ့ဒီေနာက္ မေရာက္ျဖစ္ေတာ့ဘူး။
အဘ အင္းဝမွာျမင္းလွည္းေမာင္းခဲ့တာ ႏွစ္ေပါင္း ၃၀ ေက်ာ္ရွိပါၿပီ။
အဲ့ဒီလုပ္သက္နဲ႔သာဆိုရင္ ကြၽန္ေတာ္တို႔လို ဧည့္လမ္းၫႊန္မ်ိဳးဆက္သစ္ေတြတင္မကဘူး၊
ဝါရင့္ဧည့္လမ္းၫႊန္ႀကီးေတြကိုလည္း ဝန္ေဆာင္မႈေတြေပးခဲ့ဖူးမွာပါ။
ေခတ္ေတြအဆက္ဆက္၊ ခရီးသြားလုပ္ငန္း ေျပာင္းလဲမႈေတြလည္း အမ်ားႀကီးသူျမင္ေတြ႕ခဲ့ရၿပီးမွာပဲ။
ခရီးသြားလုပ္ငန္းတင္မကဘူး သူ႔အသက္အ႐ြယ္အရဆိုရင္ လြတ္လပ္ေရးကာလေတြ၊ ျပည္တြင္းစစ္ကာလေတြကိုလည္း အ႐ြယ္ေကာင္းေကာင္းနဲ႔ ျဖတ္သန္းခဲ့ဖူးမွာပါပဲ။
၉၃ ႏွစ္၊ အင္းဝေ႐ႊၿမိဳ႕ေတာ္မွာ ဧည့္သည္ေတြကိုေမွ်ာ္ေနတဲ့ မ်က္ဝန္းေတြ၊ ျမင္းလွည္းေပၚခုန္တက္၊ ခုန္ဆင္း သြက္လက္စြာ ဝန္ေဆာင္မႈေပးေနႏိုင္ေသးတဲ့ အဘရဲ႕အားအင္ေတြ. အဘေစာင့္ေမွ်ာ္ေနတဲ့ ဧည့္သည္ေတြ၊ ေ႐ႊျပည္ေတာ္ႀကီးကေတာ့ ေမွ်ာ္တိုင္းေဝးေနဆဲပါပဲ။
ျမင္းလွည္းဆရာႀကီး ဦးေသာင္း အင္းဝနန္းၿမိဳ႕႐ိုးအေရွ႕ေပါက္ အင္းဝၿမိဳ႕။
Traveller_Jay (မူရင္းေရးသားသူအား ေလးစားမႈျဖင့္ – bkr)
Leave a Reply