ကချင်ပြည်နယ်က မြေရှားသတ္ထု တူးဖော်ရေးနဲ့ မြန်မာတစ်နိုင်ငံလုံး ကင်ဆာဖြစ်သေမည့် အန္တရာယ်

မြေရှား Rare Earth တူးတယ်ဆိုတာ(၁) တတောင်လုံးကို အပေါက်ဖေါက် ပြီးရင်အက်ဆစ် လောင်းထည့်။(၂) တောင်အောက်ဆုံးမှာ လိုင်ခေါင်းဖေါက်ပြီး အက်ဆစ် လောင်း ကျလာတဲ့ အရည်ကိုခံယူရတာပါ။ ဒါကြောင့် တောင် မရှိတဲ့နေရာလုပ်ရင် ကုန်ကျစရိတ်မ ကာမိဘူး။ မြေကိုတူးပြီး သီးသန့်ခွဲထုတ်ရလို့ ကုန် ကျစရိတ်များတယ်။ ခုလို တောင် ထူထပ်တဲ့နေရာမှာလုပ်ရင် အေးဆေးပဲ။

(၃) Rare Earth ဆိုတာ တကယ့်မြေရှား သတ္တု မဟုတ်။ မြေ ရှိတဲ့နေရာတိုင်းက စစ်ယူလို့ရတယ်။ ပြဿနာက အဲ့လို တောင်တခုလုံး ဖျက်ဆီးလိုက်ဖို့ နေရာ ရှားသွားတဲ့ အချက် ပါ။(၄) တောင်လုံးကြီးဖျက်လို့မရရင် မြေကြီးကိုတူးယူပြီး သီးသန့်စက်ရုံထောင် ခွဲထုတ်ယူတဲ့နည်းဟာ အင်မတန် အဖိုးအခများတယ်။ မကိုက်ဘူး။

(၅) ကချင်ပြည်နယ်က တောင်တွေဟာ တခုပြီးတခု အဆိပ်သင့်တဲ့ ရေတွေနဲ့ ကျန်ခဲ့မှာပါ။(၆) ကုန်းနေ၊ရေနေသတ္တဝါအကုန်မျိုးတုန်းသွားနိုင်။

(၇) အဆိုးဆုံးကတော့ အဲ့လို အက်ဆစ်ရည် လောင်းထည့်မဲ့ နေရာဟာ မြန်မာတပြည်လုံးစီးဆင်းနေတဲ့ ဧ ရာဝတီ မြစ်ဖျားခံရာ မေခ နဲ့ မလိခ မြစ်ဖျားမှာ တည်ရှိတဲ့အချက်ပဲ။ တနိုင်ငံလုံး ကင်ဆာရောဂါ နဲ့ အစတုံးသွားနိုင်တယ်။

အောက်ကပုံတွေကတော့ ကချင်ပြည်နယ်၊ပန်ဝါမြို့ရှိ ဘိန်းဘုရင်ပြည်သူ့စစ် ဇခုန်တိန့်ယိန်းရဲ့ မေရှားသတ္တုလုပ်ငန်းခွင်ဖြစ်ပါတယ်။Crd

Zawgyi

ေျမရွား Rare Earth တူးတယ္ဆိုတာ(၁) တေတာင္လုံးကို အေပါက္ေဖါက္ ၿပီးရင္အက္ဆစ္ ေလာင္းထည့္။(၂) ေတာင္ေအာက္ဆုံးမွာ လိုင္ေခါင္းေဖါက္ၿပီး အက္ဆစ္ ေလာင္း က်လာတဲ့ အရည္ကိုခံယူရတာပါ။ ဒါေၾကာင့္ ေတာင္ မရွိတဲ့ေနရာလုပ္ရင္ ကုန္က်စရိတ္မ ကာမိဘူး။ ေျမကိုတူးၿပီး သီးသန႔္ခြဲထုတ္ရလို႔ ကုန္ က်စရိတ္မ်ားတယ္။ ခုလို ေတာင္ ထူထပ္တဲ့ေနရာမွာလုပ္ရင္ ေအးေဆးပဲ။

(၃) Rare Earth ဆိုတာ တကယ့္ေျမရွား သတၱဳ မဟုတ္။ ေျမ ရွိတဲ့ေနရာတိုင္းက စစ္ယူလို႔ရတယ္။ ျပႆနာက အဲ့လို ေတာင္တခုလုံး ဖ်က္ဆီးလိုက္ဖို႔ ေနရာ ရွားသြားတဲ့ အခ်က္ ပါ။(၄) ေတာင္လုံးႀကီးဖ်က္လို႔မရရင္ ေျမႀကီးကိုတူးယူၿပီး သီးသန႔္စက္႐ုံေထာင္ ခြဲထုတ္ယူတဲ့နည္းဟာ အင္မတန္ အဖိုးအခမ်ားတယ္။ မကိုက္ဘူး။

(၅) ကခ်င္ျပည္နယ္က ေတာင္ေတြဟာ တခုၿပီးတခု အဆိပ္သင့္တဲ့ ေရေတြနဲ႔ က်န္ခဲ့မွာပါ။(၆) ကုန္းေန၊ေရေနသတၱဝါအကုန္မ်ိဳးတုန္းသြားႏိုင္။

(၇) အဆိုးဆုံးကေတာ့ အဲ့လို အက္ဆစ္ရည္ ေလာင္းထည့္မဲ့ ေနရာဟာ ျမန္မာတျပည္လုံးစီးဆင္းေနတဲ့ ဧ ရာဝတီ ျမစ္ဖ်ားခံရာ ေမခ နဲ႔ မလိခ ျမစ္ဖ်ားမွာ တည္ရွိတဲ့အခ်က္ပဲ။ တႏိုင္ငံလုံး ကင္ဆာေရာဂါ နဲ႔ အစတုံးသြားႏိုင္တယ္။

ေအာက္ကပုံေတြကေတာ့ ကခ်င္ျပည္နယ္၊ပန္ဝါၿမိဳ႕ရွိ ဘိန္းဘုရင္ျပည္သူ႔စစ္ ဇခုန္တိန႔္ယိန္းရဲ႕ ေမရွားသတၱဳလုပ္ငန္းခြင္ျဖစ္ပါတယ္။Crd