
နှစ်စဉ် ဝင်ငွေကောင်းကောင်း ရရှိနိုင်သော မြန်မာပြည်က ကွမ်းသီးပင် စိုက်ပျိုးရေး လုပ်ငန်း
ကွမ်းသီးပင် အင်္ဂလိပ်ဘာသာဖြင့် (Betel Nut) သို့မဟုတ် (Areca catechu) ဟုခေါ်သည်။ မြန်မာနိုင်ငံတွင် ကွမ်းသီးပင်စိုက်ပျိုး၍ ဖြစ်ထွန်းသော ဒေသများမှာ တောင်ငူ၊ ကျိုက္ခမီ၊ သထုံ၊ ထားဝယ်၊ မြိတ်၊ ဖျာပုံ၊ မန္တလေးနှင့် စစ်တွေခရိုင်များ ဖြစ်ကြသည်။
ကွမ်းသီးပင်သည် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၃၀၀၀ အောက်ရှိသော အရပ်ဒေသတို့တွင် ရေဖောဖောသီသီ ရရှိ၍ ရေမဝပ်လျှင် အထူးဖြစ်ထွန်းသည်။ နုံးမြေသည် ကွမ်းသီးပင်စိုက်ပျိုးရန် အထူးသင့်လျော်၏။
ထို့ကြောင့် အရပ်ရပ်ရှိ ကွမ်းသီးပင် စိုက်ခင်းများကို မြစ်ချောင်းကမ်းပါးတလျှောက်နှင့်၊ တောင်ချိုင့်ဝှမ်းများ၊ ကိုင်းကျွန်းများ၌ တွေ့ရသည်။ကွမ်းသီးပင် စိုက်ပျိုးရာတွင် အရေးကြီးသော အချက်မှာ မိုးအခါ၌ ရေမဝပ်စေရန်နှင့် နွေအခါတွင် ရေလုံလုံလောက်လောက် ပေးနိုင်ရန်တို့ ဖြစ်သည်။
ပျိုးထောင်ရန် ပျိုးခင်းများကို နွေရာသီကပင် စတင်၍ ပြုပြင်ပေးရသည်။ အောက်ပါနည်းမှာ ခြံသမား ဥယျာဉ်သမားများလုပ်လေ့ရှိသော အလေ့အထပင်ဖြစ်သည်။မြေတွင် ၁ ပေခန့်နက်သော ကျင်းများ တူးဖော်ပြီးနောက် ကျင်းထဲတွင် ကောင်ရိုးဖြစ်စေ၊ မြေဆွေးဖြစ်စေ ခံထားရသည်။
ထို့နောက် ရင့်မှည့်၍ မျိုးကောင်း အလုံးကောင်းဖြစ်သော ကွမ်းသီးများကို ကျင်းထဲ၌ တစ်ပေခွဲ နှစ်ပေစီခွာလျှက် ချစိုက်၏။ ထိုမျိုးကွမ်းသီးများကို ကောက်ရိုး သို့မဟုတ် မြေဆွေးတို့ဖြင့် တဖန်ဖုံးပြီးသော် အပေါ်ယံ၌ မြေကြီးထပ်၍ အုပ်ထားရသည်။
ထိုသို့စိုက်ပျိုးပြီးနောက် မျိုးကွမ်းသီးများ အစို့ပေါက်စေရန် မိုးဖြိုင်ဖြိုင်ကျသည့် အချိန်ကာလအထိ ရေလောင်းပေးရသည်။၁ လမှ ၃ လ ကြာသည့်အချိန်၌ အစို့ကလေးများ ထွက်လာကြပြီးလျှင် တစ်နှစ်ခန့်ကြာသော် ပြောင်းရွေ့စိုက်ရန် အရွယ်တော်ဖြစ်လာသည်။
ပျိုးခင်းတွင် ပျိုးပင်ကလေးများ ကြီးပြင်းနေစဉ်အတောအတွင်း၌ စိုက်ခင်းများကို ပြုပြင်ကြရသည်။ တောချုံတို့ကို စိုက်ခင်းမြေပင်ပေါ်မှ ရှင်းလင်းလျက် ရေသွင်းမြောင်းများကို တူးဖော်သွယ်တန်းပေးရသည်။
မိုးဦးကျစအချိန်သည် ပြောင်းရွှေ့ စိုက်ပျိုးရန် အကောင်းဆုံး အချိန်ဖြစ်သဖြင့် မိုးမကျမှီ တလခန့်က ကြိုတင်ပြင်ဆင်လျက် ကျင်းများကို တူးဖော် ပြင်ဆင်ထားရသည်။ကျင်းများသည် တစ်ပေခွဲခန့် နက်၍ ၁ ပေခန့် ကျယ်ရသည်။ ကွမ်းသီးပင်ချည်း စိုက်ပျိုးထားပါက ကျင်းများသည်
တစ်ခုနှင့် တစ်ခု ၆ ပေ ထက်မနည်း ကွာဝေးစေရသည်။ အကောင်းဆုံး အကွာအဝေးမှာ ၈ ပေဖြစ်သည်။ အခြားအသီးစားပင်များကို ရောစိုက်လျှင် သင့်လျော်သလို ကြည့်၍ အကွာအဝေးကို ပြုပြင်ရသည်။
ကွမ်းသီးပင်များသည် အများအားဖြင့် အသက် ၇ နှစ်မှ ၁၀ နှစ်သို့ ကျရောက်မှ အသီးသီးကြ၏။ သို့ရာတွင် မြေဩဇာ ကောင်းသည့် ကျွန်းများ ဥယျဉ်များ၌ ၅ နှစ် ၆ နှစ်ကြာလျှင် ကောင်းစွာ သီးကြလျက် အခြားအပင်များနှင့် ရောစိုက်သော ဥယျဉ်နှင့် ကုန်းမြင့် ခြံများ၌မူ ၁၅ နှစ်လောက်ကြာမှပင် သီးတတ်ကြ၏။
ကွမ်းသီးပင်များသည် တပို့တွဲ၊ တပေါင်းလများတွင် စပွင့်ကြပြီးလျှင် သီတင်းကျွတ်၊ တန်ဆောင်မုန်း၊ နတ်တော်လများ၌ အသီးများ ရင့်မှည့်၍ ဆွတ်သိမ်းရန် အချိန်ကျရောက်ကြ၏။ ကွမ်းသီးပင်များကို ၃ ကြိမ် ၃ ခါ ဆွတ်ခူးရသည့်အနက် ပထမအကြိမ်မှာ အများဆုံးရလေသည်။
အသီးများသည် အမှည့်လွန်က
အခွံခွာရန် မလွယ်ကူသဖြင့် မမှည့်တမှည့် အနေလောက်တွင် ဆွတ်သိမ်းရန် အကောင်းဆုံးဖြစ်သည်။ ယခုအခါ အနုများလည်း ဝယ်လက်ရှိသည်။ ကွမ်း စသီးစအပင်များသည် တပင်လျှင် အသီး ၃၀ ခန့်သာ သီးလျှက် အပင်ကြီးများသည် တပင်လျှင်အသီး
၂၅၀ အထိသီးတတ်ကြ၏။ ကွမ်းသီးပင်သည် အသက်၂၀၊ ၂၅ နှစ်အကြာတွင် အများဆုံးသီးလျက် နောက်ပိုင်းတွင် အသီးဆုတ်သွားပြီးလျှင် အနှစ် ၄၀၊ ၅၀ နှစ် လောက်တွင် သေတတ်ကြသည်။ကွမ်းသီးမှာ ပုတ်သိုး တတ်သော ကုန်စိမ်း မဟုတ်သောကြောင့် တောင်သူများ အတွက်
တွက်ခြေကိုက်သည်။ ပြည်တွင်း စားသုံးမှုအပြင်၊ တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ ဘင်္ဂလားဒေ့ချ် နိုင်ငံများသို့လည်း တင်ပို့ ရောင်းချနိုင်သည်။ ကွမ်းသီးပင်များကြားတွင် သီးညှပ် အဖြစ် ဝဥ နှင့် ငြုပ်ကောင်းပင်များ စိုက်ပျိုးနိုင်သည်။
ကွမ်းသီးပင်ကို တစ်ပင်နှင့်တစ်ပင် ၈ ပေခြား စိုက်ပျိုးပါက တစ်ဧကလျှင် ၆၈၀ ပင်အထိ ဝင်ဆန့်နိုင်ပြီး တစ်ဧကလျှင် ကွမ်းသီးအစို ( အခွံမပါ ) ပိသာ ၁၈၀၀ မှ ၃၆၀၀ ထွက်ရှိပါသည်။ ကွမ်းသီးအခြာက် ပိသာ ၅၄၀ မှ ၁၁၀၀ ခန့်ထွက်ရှိပါသည်။
ကွမ်းသီးပင် တစ်ပင်လျှင် အကြီးအသေး အသီး ၅၀၀ ကျော် ထွက်ရှိရာ တစ်ပင်လျှင် ကျပ်တစ်သောင်းခန့် အနည်းဆုံး ရရှိနိုင်ပါသည်။ ထို့ကြောင့် တစ်ဧက အပင် ၄၀၀ ရှိလျှင် ဝင်ငွေ အဖြစ် (အနည်းဆုံး) သိန်း ၄၀ အထက် ဝင်ငွေ မျှော်လင့်နိုင်သော ထွက်ကုန် ဖြစ်သည်။ ထို့ကြောင့် အချို့ လုပ်ငန်းရှင်များက ဧက ရာချီ စိုက်ပျိုးကြသည်။
“ကွမ်းသီးအရည်သောက်”
မြန်မာတွေ၊ အိန္ဒိယတွေက ကွမ်းသီးဆိုရင် အရင့်၊ အမာတွေ စားကြပေမယ့် တရုတ်တွေကတော့ ကွမ်းသီးအနု အကင်းလေးတွေကိုပဲ ဝယ်ကြတာ ရှိနေပါတယ်။ ဈေးကွက်ထဲမှာတော့ ကွမ်းသီးအရည်သောက် လို့ ခေါ်ကြပါတယ်။
“တရုတ်နယ်စပ်က အဝယ်ဒိုင်ကတော့ ကွမ်းသီးအကင်းလေးတွေကိုပေါင်းပြီး တရုတ်နိုင်ငံက ဆေးဝါး တစ်မျိုးနဲ့ရောပြီး ကွမ်းယာထဲ ထည့်တဲ့ ယောက်ျား အားတိုးဆေးဖော်ဖို့” လို့ ကုန်သည် တစ်ဦးက TimeAyar Media သို့ ပြောကြောင်းလည်း သိရပါတယ်။
ကွမ်းသီးအရည်သောက် ဝယ်ယူတဲ့ ဒိုင်တွေလည်း ပြည်တွင်းမှာ အတော်များများ ရှိနေပါတယ်။
Crd
Zawgyi
ႏွစ္စဥ္ ဝင္ေငြေကာင္းေကာင္း ရရွိႏိုင္ေသာ ျမန္မာျပည္က ကြမ္းသီးပင္ စိုက္ပ်ိဳးေရး လုပ္ငန္း
ကြမ္းသီးပင္ အဂၤလိပ္ဘာသာျဖင့္ (Betel Nut) သို႔မဟုတ္ (Areca catechu) ဟုေခၚသည္။ ျမန္မာႏိုင္ငံတြင္ ကြမ္းသီးပင္စိုက္ပ်ိဳး၍ ျဖစ္ထြန္းေသာ ေဒသမ်ားမွာ ေတာင္ငူ၊ က်ိဳကၡမီ၊ သထုံ၊ ထားဝယ္၊ ၿမိတ္၊ ဖ်ာပုံ၊ မႏၲေလးႏွင့္ စစ္ေတြခ႐ိုင္မ်ား ျဖစ္ၾကသည္။
ကြမ္းသီးပင္သည္ ပင္လယ္ေရမ်က္ႏွာျပင္အထက္ အျမင့္ေပ ၃၀၀၀ ေအာက္ရွိေသာ အရပ္ေဒသတို႔တြင္ ေရေဖာေဖာသီသီ ရရွိ၍ ေရမဝပ္လွ်င္ အထူးျဖစ္ထြန္းသည္။ ႏုံးေျမသည္ ကြမ္းသီးပင္စိုက္ပ်ိဳးရန္ အထူးသင့္ေလ်ာ္၏။
ထို႔ေၾကာင့္ အရပ္ရပ္ရွိ ကြမ္းသီးပင္ စိုက္ခင္းမ်ားကို ျမစ္ေခ်ာင္းကမ္းပါးတေလွ်ာက္ႏွင့္၊ ေတာင္ခ်ိဳင့္ဝွမ္းမ်ား၊ ကိုင္းကြၽန္းမ်ား၌ ေတြ႕ရသည္။ကြမ္းသီးပင္ စိုက္ပ်ိဳးရာတြင္ အေရးႀကီးေသာ အခ်က္မွာ မိုးအခါ၌ ေရမဝပ္ေစရန္ႏွင့္ ေႏြအခါတြင္ ေရလုံလုံေလာက္ေလာက္ ေပးႏိုင္ရန္တို႔ ျဖစ္သည္။
ပ်ိဳးေထာင္ရန္ ပ်ိဳးခင္းမ်ားကို ေႏြရာသီကပင္ စတင္၍ ျပဳျပင္ေပးရသည္။ ေအာက္ပါနည္းမွာ ၿခံသမား ဥယ်ာဥ္သမားမ်ားလုပ္ေလ့ရွိေသာ အေလ့အထပင္ျဖစ္သည္။ေျမတြင္ ၁ ေပခန႔္နက္ေသာ က်င္းမ်ား တူးေဖာ္ၿပီးေနာက္ က်င္းထဲတြင္ ေကာင္႐ိုးျဖစ္ေစ၊ ေျမေဆြးျဖစ္ေစ ခံထားရသည္။
ထို႔ေနာက္ ရင့္မွည့္၍ မ်ိဳးေကာင္း အလုံးေကာင္းျဖစ္ေသာ ကြမ္းသီးမ်ားကို က်င္းထဲ၌ တစ္ေပခြဲ ႏွစ္ေပစီခြာလွ်က္ ခ်စိုက္၏။ ထိုမ်ိဳးကြမ္းသီးမ်ားကို ေကာက္႐ိုး သို႔မဟုတ္ ေျမေဆြးတို႔ျဖင့္ တဖန္ဖုံးၿပီးေသာ္ အေပၚယံ၌ ေျမႀကီးထပ္၍ အုပ္ထားရသည္။
ထိုသို႔စိုက္ပ်ိဳးၿပီးေနာက္ မ်ိဳးကြမ္းသီးမ်ား အစို႔ေပါက္ေစရန္ မိုးၿဖိဳင္ၿဖိဳင္က်သည့္ အခ်ိန္ကာလအထိ ေရေလာင္းေပးရသည္။၁ လမွ ၃ လ ၾကာသည့္အခ်ိန္၌ အစို႔ကေလးမ်ား ထြက္လာၾကၿပီးလွ်င္ တစ္ႏွစ္ခန႔္ၾကာေသာ္ ေျပာင္းေ႐ြ႕စိုက္ရန္ အ႐ြယ္ေတာ္ျဖစ္လာသည္။
ပ်ိဳးခင္းတြင္ ပ်ိဳးပင္ကေလးမ်ား ႀကီးျပင္းေနစဥ္အေတာအတြင္း၌ စိုက္ခင္းမ်ားကို ျပဳျပင္ၾကရသည္။ ေတာခ်ဳံတို႔ကို စိုက္ခင္းေျမပင္ေပၚမွ ရွင္းလင္းလ်က္ ေရသြင္းေျမာင္းမ်ားကို တူးေဖာ္သြယ္တန္းေပးရသည္။
မိုးဦးက်စအခ်ိန္သည္ ေျပာင္းေ႐ႊ႕ စိုက္ပ်ိဳးရန္ အေကာင္းဆုံး အခ်ိန္ျဖစ္သျဖင့္ မိုးမက်မွီ တလခန႔္က ႀကိဳတင္ျပင္ဆင္လ်က္ က်င္းမ်ားကို တူးေဖာ္ ျပင္ဆင္ထားရသည္။က်င္းမ်ားသည္ တစ္ေပခြဲခန႔္ နက္၍ ၁ ေပခန႔္ က်ယ္ရသည္။ ကြမ္းသီးပင္ခ်ည္း စိုက္ပ်ိဳးထားပါက က်င္းမ်ားသည္
တစ္ခုႏွင့္ တစ္ခု ၆ ေပ ထက္မနည္း ကြာေဝးေစရသည္။ အေကာင္းဆုံး အကြာအေဝးမွာ ၈ ေပျဖစ္သည္။ အျခားအသီးစားပင္မ်ားကို ေရာစိုက္လွ်င္ သင့္ေလ်ာ္သလို ၾကည့္၍ အကြာအေဝးကို ျပဳျပင္ရသည္။
ကြမ္းသီးပင္မ်ားသည္ အမ်ားအားျဖင့္ အသက္ ၇ ႏွစ္မွ ၁၀ ႏွစ္သို႔ က်ေရာက္မွ အသီးသီးၾက၏။ သို႔ရာတြင္ ေျမဩဇာ ေကာင္းသည့္ ကြၽန္းမ်ား ဥယ်ဥ္မ်ား၌ ၅ ႏွစ္ ၆ ႏွစ္ၾကာလွ်င္ ေကာင္းစြာ သီးၾကလ်က္ အျခားအပင္မ်ားႏွင့္ ေရာစိုက္ေသာ ဥယ်ဥ္ႏွင့္ ကုန္းျမင့္ ၿခံမ်ား၌မူ ၁၅ ႏွစ္ေလာက္ၾကာမွပင္ သီးတတ္ၾက၏။
ကြမ္းသီးပင္မ်ားသည္ တပို႔တြဲ၊ တေပါင္းလမ်ားတြင္ စပြင့္ၾကၿပီးလွ်င္ သီတင္းကြၽတ္၊ တန္ေဆာင္မုန္း၊ နတ္ေတာ္လမ်ား၌ အသီးမ်ား ရင့္မွည့္၍ ဆြတ္သိမ္းရန္ အခ်ိန္က်ေရာက္ၾက၏။ ကြမ္းသီးပင္မ်ားကို ၃ ႀကိမ္ ၃ ခါ ဆြတ္ခူးရသည့္အနက္ ပထမအႀကိမ္မွာ အမ်ားဆုံးရေလသည္။
အသီးမ်ားသည္ အမွည့္လြန္က
အခြံခြာရန္ မလြယ္ကူသျဖင့္ မမွည့္တမွည့္ အေနေလာက္တြင္ ဆြတ္သိမ္းရန္ အေကာင္းဆုံးျဖစ္သည္။ ယခုအခါ အႏုမ်ားလည္း ဝယ္လက္ရွိသည္။ ကြမ္း စသီးစအပင္မ်ားသည္ တပင္လွ်င္ အသီး ၃၀ ခန႔္သာ သီးလွ်က္ အပင္ႀကီးမ်ားသည္ တပင္လွ်င္အသီး
၂၅၀ အထိသီးတတ္ၾက၏။ ကြမ္းသီးပင္သည္ အသက္၂၀၊ ၂၅ ႏွစ္အၾကာတြင္ အမ်ားဆုံးသီးလ်က္ ေနာက္ပိုင္းတြင္ အသီးဆုတ္သြားၿပီးလွ်င္ အႏွစ္ ၄၀၊ ၅၀ ႏွစ္ ေလာက္တြင္ ေသတတ္ၾကသည္။ကြမ္းသီးမွာ ပုတ္သိုး တတ္ေသာ ကုန္စိမ္း မဟုတ္ေသာေၾကာင့္ ေတာင္သူမ်ား အတြက္
တြက္ေျခကိုက္သည္။ ျပည္တြင္း စားသုံးမႈအျပင္၊ တ႐ုတ္၊ အိႏၵိယ၊ ထိုင္း၊ ဘဂၤလားေဒ့ခ်္ ႏိုင္ငံမ်ားသို႔လည္း တင္ပို႔ ေရာင္းခ်ႏိုင္သည္။ ကြမ္းသီးပင္မ်ားၾကားတြင္ သီးညႇပ္ အျဖစ္ ဝဥ ႏွင့္ ျငဳပ္ေကာင္းပင္မ်ား စိုက္ပ်ိဳးႏိုင္သည္။
ကြမ္းသီးပင္ကို တစ္ပင္ႏွင့္တစ္ပင္ ၈ ေပျခား စိုက္ပ်ိဳးပါက တစ္ဧကလွ်င္ ၆၈၀ ပင္အထိ ဝင္ဆန႔္ႏိုင္ၿပီး တစ္ဧကလွ်င္ ကြမ္းသီးအစို ( အခြံမပါ ) ပိသာ ၁၈၀၀ မွ ၃၆၀၀ ထြက္ရွိပါသည္။ ကြမ္းသီးအျခာက္ ပိသာ ၅၄၀ မွ ၁၁၀၀ ခန႔္ထြက္ရွိပါသည္။
ကြမ္းသီးပင္ တစ္ပင္လွ်င္ အႀကီးအေသး အသီး ၅၀၀ ေက်ာ္ ထြက္ရွိရာ တစ္ပင္လွ်င္ က်ပ္တစ္ေသာင္းခန႔္ အနည္းဆုံး ရရွိႏိုင္ပါသည္။ ထို႔ေၾကာင့္ တစ္ဧက အပင္ ၄၀၀ ရွိလွ်င္ ဝင္ေငြ အျဖစ္ (အနည္းဆုံး) သိန္း ၄၀ အထက္ ဝင္ေငြ ေမွ်ာ္လင့္ႏိုင္ေသာ ထြက္ကုန္ ျဖစ္သည္။ ထို႔ေၾကာင့္ အခ်ိဳ႕ လုပ္ငန္းရွင္မ်ားက ဧက ရာခ်ီ စိုက္ပ်ိဳးၾကသည္။
“ကြမ္းသီးအရည္ေသာက္”
ျမန္မာေတြ၊ အိႏၵိယေတြက ကြမ္းသီးဆိုရင္ အရင့္၊ အမာေတြ စားၾကေပမယ့္ တ႐ုတ္ေတြကေတာ့ ကြမ္းသီးအႏု အကင္းေလးေတြကိုပဲ ဝယ္ၾကတာ ရွိေနပါတယ္။ ေဈးကြက္ထဲမွာေတာ့ ကြမ္းသီးအရည္ေသာက္ လို႔ ေခၚၾကပါတယ္။
“တ႐ုတ္နယ္စပ္က အဝယ္ဒိုင္ကေတာ့ ကြမ္းသီးအကင္းေလးေတြကိုေပါင္းၿပီး တ႐ုတ္ႏိုင္ငံက ေဆးဝါး တစ္မ်ိဳးနဲ႔ေရာၿပီး ကြမ္းယာထဲ ထည့္တဲ့ ေယာက္်ား အားတိုးေဆးေဖာ္ဖို႔” လို႔ ကုန္သည္ တစ္ဦးက TimeAyar Media သို႔ ေျပာေၾကာင္းလည္း သိရပါတယ္။
ကြမ္းသီးအရည္ေသာက္ ဝယ္ယူတဲ့ ဒိုင္ေတြလည္း ျပည္တြင္းမွာ အေတာ္မ်ားမ်ား ရွိေနပါတယ္။
Crd