“ထန်းပင်ပေါင်း ၃ သန်းကျော်ကို တဦးတည်းဦးဆောင် စိုက်ပျိုးခဲ့သူ”

တိုင်းပြည် သာယာအောင် သစ်ပင်တွေစိုက်ကြပါလို့ သူတို့ဘုရင်ကြီးရဲ့ မိန့်ကြားချက်ကို အသိတရားထဲမှာ စွဲမြဲပြီး ထန်းပင်ပေါင်း ၃ သန်းကျော်ကို တဦးတည်း ဦးဆောင်ပြီး ဇွဲရှိရှိ စိုက်ပျိုးခဲ့တဲ့အတွက် ထိုင်းနိုင်ငံသားတဦးလူမှုသူရဲကောင်းဆုကို ရရှိခဲ့ပါတယ်။

ထိုင်းနိုင်ငံ အရှေ့ပိုင်း စီစကက် ခရိုင် Prang Ku ပရမ်ကူ ကားလမ်းဝဲယာတလျှောက်မှာ ထန်းပင်တွေ စိုက်ပျိုးခဲ့သူကတော့ အသက် ၇၀ ကျော်အရွယ် နိုင်ဝိချိုင် ဖြစ်ပြီး သူဟာ ရဲ အရာရှိဟောင်း တဦး ဖြစ်ပါတယ်။

အခုတော့ သူတို့ထန်းပင်က ထွက်ကုန်တွေဟာ ခရိုင်စီးပွားရေးအတွက် အကျိုးဖြစ်လာသလို ထန်းတောလမ်းမဟာ ကမ္ဘာလှည့် ခရီးသွားတွေအတွက် စိတ်ဝင်စားစရာနေရာ ဖြစ်လာတယ်လို့ ထိုင်းအာဏာပိုင်တွေက ဆိုပါတယ်။

အပူပိုင်းဇုံဒေသ ဖြစ်တဲ့ ပူပြင်းတဲ့ ရာသီဥတုရှိတဲ့ သူ့ခရိုင်အတွင်းမှာ ခရီးသွားတွေ အေးချမ်းအောင် ထန်းပင်ပေါက်ကလေးတွေကို သူက နေ့တိုင်း စတင် စိုက်ခဲ့ပါတယ်။

မင်း ကိုးဆက်မြောက် ထိုင်းဘုရင်ကြီး ဘူမိဘောရဲ့ တိုင်းပြည်တွင်း သာယာအောင်သစ်ပင်စိုက်ကြပါ ဆိုတဲ့ မိန့်ကြားချက်အတိုင်း လိုက်နာပြီး သူဟာ အိမ်မှာ ထန်းပင်လေးတွေ ပျိုးပြီး နေစဉ် အလုပ်တခုလို လုပ်ပြီး စိုက်ခဲ့တာလို့ ဆိုပါတယ်။

သူရဲ့ ဇွဲလုံ့လ စေတနာတွေကို သိရပြီးတဲ့နောက် ခရိုင်အတွင်း လူတွေက သူနောက်ကနေ လိုက်လံ စိုက်ပျိုးမှုတွေ ကူညီမှုတွေ လုပ်ခဲ့တာကြောင့် သစ်ပင်ပေါင်း သုံးသန်းကျော် စိုက်ပျိုးနိုင်ခဲ့ပါတယ်။

အခု အချိန်မှာတော့ သစ်ပင်သစ်ရိပ်တွေနဲ့ လှပတဲ့ ခရိုင်လေးကို သူအသက် ရှိစဉ်မှာပဲ မြင်တွေ့ခဲ့ရပါပြီ။ သူဟာ နှစ်ရှည်လများ အပင်လေးတွေကို စိုက်ခဲ့သူပါ။

မြန်မာနိုင်ငံမှာလည်း ထန်းတပင်ကို တရု.တ်တွေက ကျပ်တသောင်းခွဲ ပေးတာနဲ့ ခုတ်ရောင်းတာတွေ မြင်ရတာ စိတ်မသက်သာစရာပါ။

ပြည်တွင်းက တိုင်းပြည် သာယာစေချင်သူတွေက မခုတ်အောင် တားမြစ်ပေးစေချင်ပါတယ်။

ထန်းတောင်သူတွေရဲ့ သူတို့ဘ၀ ရပ်တည်ရေးကို လုပ်ဆောင်ပေးကြပါ။ ဝမ်းစာရေးအတွက် ပြဿနာကို ဖြေရှင်းပေးကြပါ။ နှစ်ရှည် အပင်တွေကို မခုတ်လှဲအောင် မ ရောင်းစားအောင် လုပ်ပေးကြစေလိုပါတယ်။

သူငယ်ချင်း တဦးကတော့ သူက ထန်းပင်တွေရှိတဲ့ နေရာမှာ ထန်းပင်တွေ တပင်ချင်း ပြန်ဝယ်ပြီး မခုတ်ရအောင် လုပ်ဆောင်နေတယ် ဆိုတော့ ဝမ်းသာမိသေးတယ်။

ထန်းတောင်သူတွေ အခက်အခဲ ဖြစ်နေရင် မခုတ်လှဲအောင် တဦးချင်းဆီ တိုင်းပြည်ချစ်တဲ့ အသိ စိတ်ဓါတ်လေးနဲ့ တပင်စီ ပြန်ဝယ်ပေးတဲ့ အစီအစဉ် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ရင် သိပ်ကောင်းမှာပဲလို့ တွေးနေမိတယ်။

သူများ တိုင်းပြည်က အပင်တွေ မြင်တိုင်း ကိုယ့်တိုင်းပြည်နဲ့ ယှဉ်တွဲ တွေးနေမိတာကလည်း အစွဲတခုလို ဖြစ်နေသလားပဲ။

Credit – Aye Aye Mar

Zawgyi

တိုင္းျပည္ သာယာေအာင္ သစ္ပင္ေတြစိုက္ၾကပါလို႔ သူတို႔ဘုရင္ႀကီးရဲ႕ မိန္႔ၾကားခ်က္ကို အသိတရားထဲမွာ စြဲၿမဲၿပီး ထန္းပင္ေပါင္း ၃ သန္းေက်ာ္ကို တဦးတည္း ဦးေဆာင္ၿပီး ဇြဲရွိရွိ စိုက္ပ်ိဳးခဲ့တဲ့အတြက္ ထိုင္းႏိုင္ငံသားတဦးလူမႈသူရဲေကာင္းဆုကို ရရွိခဲ့ပါတယ္။

ထိုင္းႏိုင္ငံ အေရွ႕ပိုင္း စီစကက္ ခ႐ိုင္ Prang Ku ပရမ္ကူ ကားလမ္းဝဲယာတေလွ်ာက္မွာ ထန္းပင္ေတြ စိုက္ပ်ိဳးခဲ့သူကေတာ့ အသက္ ၇၀ ေက်ာ္အ႐ြယ္ ႏိုင္ဝိခ်ိဳင္ ျဖစ္ၿပီး သူဟာ ရဲ အရာရွိေဟာင္း တဦး ျဖစ္ပါတယ္။

အခုေတာ့ သူတို႔ထန္းပင္က ထြက္ကုန္ေတြဟာ ခ႐ိုင္စီးပြားေရးအတြက္ အက်ိဳးျဖစ္လာသလို ထန္းေတာလမ္းမဟာ ကမာၻလွည့္ ခရီးသြားေတြအတြက္ စိတ္၀င္စားစရာေနရာ ျဖစ္လာတယ္လို႔ ထိုင္းအာဏာပိုင္ေတြက ဆိုပါတယ္။

အပူပိုင္းဇုံေဒသ ျဖစ္တဲ့ ပူျပင္းတဲ့ ရာသီဥတုရွိတဲ့ သူ႔ခ႐ိုင္အတြင္းမွာ ခရီးသြားေတြ ေအးခ်မ္းေအာင္ ထန္းပင္ေပါက္ကေလးေတြကို သူက ေန႔တိုင္း စတင္ စိုက္ခဲ့ပါတယ္။

မင္း ကိုးဆက္ေျမာက္ ထိုင္းဘုရင္ႀကီး ဘူမိေဘာရဲ႕ တိုင္းျပည္တြင္း သာယာေအာင္သစ္ပင္စိုက္ၾကပါ ဆိုတဲ့ မိန္႔ၾကားခ်က္အတိုင္း လိုက္နာၿပီး သူဟာ အိမ္မွာ ထန္းပင္ေလးေတြ ပ်ိဳးၿပီး ေနစဥ္ အလုပ္တခုလို လုပ္ၿပီး စိုက္ခဲ့တာလို႔ ဆိုပါတယ္။

သူရဲ႕ ဇြဲလုံ႔လ ေစတနာေတြကို သိရၿပီးတဲ့ေနာက္ ခ႐ိုင္အတြင္း လူေတြက သူေနာက္ကေန လိုက္လံ စိုက္ပ်ိဳးမႈေတြ ကူညီမႈေတြ လုပ္ခဲ့တာေၾကာင့္ သစ္ပင္ေပါင္း သုံးသန္းေက်ာ္ စိုက္ပ်ိဳးႏိုင္ခဲ့ပါတယ္။

အခု အခ်ိန္မွာေတာ့ သစ္ပင္သစ္ရိပ္ေတြနဲ႔ လွပတဲ့ ခ႐ိုင္ေလးကို သူအသက္ ရွိစဥ္မွာပဲ ျမင္ေတြ႕ခဲ့ရပါၿပီ။ သူဟာ ႏွစ္ရွည္လမ်ား အပင္ေလးေတြကို စိုက္ခဲ့သူပါ။

ျမန္မာႏိုင္ငံမွာလည္း ထန္းတပင္ကို တ႐ု.တ္ေတြက က်ပ္တေသာင္းခြဲ ေပးတာနဲ႔ ခုတ္ေရာင္းတာေတြ ျမင္ရတာ စိတ္မသက္သာစရာပါ။

ျပည္တြင္းက တိုင္းျပည္ သာယာေစခ်င္သူေတြက မခုတ္ေအာင္ တားျမစ္ေပးေစခ်င္ပါတယ္။

ထန္းေတာင္သူေတြရဲ႕ သူတို႔ဘ၀ ရပ္တည္ေရးကို လုပ္ေဆာင္ေပးၾကပါ။ ၀မ္းစာေရးအတြက္ ျပႆနာကို ေျဖရွင္းေပးၾကပါ။ ႏွစ္ရွည္ အပင္ေတြကို မခုတ္လွဲေအာင္ မ ေရာင္းစားေအာင္ လုပ္ေပးၾကေစလိုပါတယ္။

သူငယ္ခ်င္း တဦးကေတာ့ သူက ထန္းပင္ေတြရွိတဲ့ ေနရာမွာ ထန္းပင္ေတြ တပင္ခ်င္း ျပန္၀ယ္ၿပီး မခုတ္ရေအာင္ လုပ္ေဆာင္ေနတယ္ ဆိုေတာ့ ၀မ္းသာမိေသးတယ္။

ထန္းေတာင္သူေတြ အခက္အခဲ ျဖစ္ေနရင္ မခုတ္လွဲေအာင္ တဦးခ်င္းဆီ တိုင္းျပည္ခ်စ္တဲ့ အသိ စိတ္ဓါတ္ေလးနဲ႔ တပင္စီ ျပန္၀ယ္ေပးတဲ့ အစီအစဥ္ က်ယ္က်ယ္ျပန္႔ျပန္႔ ျဖစ္ရင္ သိပ္ေကာင္းမွာပဲလို႔ ေတြးေနမိတယ္။

သူမ်ား တိုင္းျပည္က အပင္ေတြ ျမင္တိုင္း ကိုယ့္တိုင္းျပည္နဲ႔ ယွဥ္တြဲ ေတြးေနမိတာကလည္း အစြဲတခုလို ျဖစ္ေနသလားပဲ။

Credit – Aye Aye Mar

Be the first to comment

Leave a Reply

Your email address will not be published.


*