ငွေဆောင်သွားမယ့်သူတွေ ဂျင်း မမိစေဖို့ မဖြစ်မနေ သိထားရမယ့် စားသောက်ဆိုင်လမ်းညွှန်

ငွေဆောင်မှာ အစားအသောက်နဲ့ ပတ်သက်လို့ ကြုံခဲ့တာလေးတွေ ပြန် ရှဲပါရစေ။ ကောင်းတာရော၊ ဆိုးတာရော ပါတာမို့ ကောင်းခြင်း၊ ဆိုးခြင်းတွေသည် ကျွန်တော့် ပါစင်နယ် အမြင်သာ ဖြစ်ကြောင်းကြိုပြောထားပါရစေ။

ငွေဆောင်ကို အရင်အခေါက်တွေရောက်တုန်းက နေ့လည်စာ၊ ညစာကို မြို့ထဲက ဆိုင်တွေမှာပဲ စားဖြစ်တယ်။ အများဆုံးစားဖြစ်တာ ဆီးကင်း ဆိုတဲ့ဆိုင်။ ဒီတခေါက်တော့ အပြောင်းအလဲလေးဖြစ်သွားအောင် ခုခေတ်စားနေတဲ့ ငွေဆောင်စကွဲကို ချီတက်တယ်။ ငွေဆောင်လိုနေရာမျိုးမှာ ဒီလို nightlife မျိုးလေးရှိလာတော့ အတော်ဝမ်းသာမိတယ်။

နေရာလေးက လှလှလေးနဲ့ ဓာတ်ဖမ်းလို့ကောင်းတယ်။ စားစရာဆိုင်တွေလည်းအတော်စုံတာမို့ ဒီမှာပဲ ညစာစားဖို့ ဆုံးဖြတ်လိုက်တယ်။ ပင်လယ်စာရတဲ့ဆိုင်တဆိုင်ဝင်မေးကြည့်တော့ ပုစွန်မီးဖုတ်သုတ်က ၁၅၀၀၀၊ စမ‌ခြောက်သုတ်က ၇၀၀၀ တဲ့။ ဈေးနည်းနည်းများပေမယ့် လိုကေးရှင်းလေးက မိုက်နေတာနဲ့ အဲ့မှာပဲမှာစားဖြစ်တယ်။

ငွေဆောင်မလာခင် ဘာစားစား ဈေးမေးပြီးမှစားဆိုတဲ့ post တွေ ဖတ်ထားဖူးတော့ ဘာစားစားဈေးမေးပြီးမှ စားရဲတယ်။ စားပြီးလို့ ငွေချေတော့ ၂၆၀၀၀ ကျတယ်။ ကိုယ်တွက်ထားတာနဲ့ ဈေးကွာနေလို့ပြန်မေးလိုက်တော့ ပုစွန်မီးဖုတ်သုတ် ၁၅၀၀၀၊ ထမင်း၂ ပွဲ ၂၀၀၀၊ စမ‌ခြောက်သုတ်က ၉၀၀၀ ဖြစ်သွားတယ်။

သေချာပြန်မေးပါအုံး စောစောက ဟိုဦးလေး(ဆိုင်ရှင်ထင်တာပဲ) ကို မေးထားတာ ၇၀၀၀ ဆိုလို့ မှာလိုက်တာဆိုတော့ စားပွဲထိုးမလေးလည်း ပြန်သွားမေးတယ်။ ပြီးတော့ ပြန်လာပြောတယ်။ စားပွဲထိုးက မသိလို့ပြောလိုက်တာ မီနူးထဲမှာ ၉၀၀၀ ရေးထားတယ်တဲ့။ (နောက်မှ ပြန်စဉ်းစားမိတာ ကျွန်တော်တို့လည်း မီနူး ကြည့်မှာတာပဲ။ မီနူးထဲမှာ ဈေးမရေးထားလို့ ဈေးမေးပြီးစားတာ။ ရေးထားတဲ့နောက်တခုရှိနေလားတော့ တောင်းယူမကြည့်မိဘူး။)

ဈေးမေးပြီးစားတာတောင်မှ ခံလိုက်ရတယ်။ နောက်ဆို ဈေးမေးရုံတင်မကပဲ မီနူးက ဈေးနှုန်းပါကြည့်ပြီး ဓာတ်ပုံရိုက်ပြီးမှစားကြပါလို့ အကြံပြုပါတယ်။ ငွေ ၂၀၀၀ ကို နှမြောတာထက် ပြောတာတမျိုး တောင်းတာတမျိုး လုပ်ပြီးဘာမှမတောင်းပန်တာကို ခံပြင်းတာ။ ဆိုင်နာမည်က ခပ်ဆန်းဆန်းမို့မှတ်မိနေတယ်။ မောင်ကျန်တတို့ တဲ့။

နောက်ရက်တွေလည်း ငွေဆောင်စကွဲက ဆိုင်တွေမှာပဲစားဖို့ အစက စိတ်ကူးထားပေမယ့် အရင်ရက်က ခံလိုက်ရလို့ ထပ်မသွားဖြစ်တော့ဘူး။ နောက်ရက် တေဘယ်လ်ဖိုက် မှာသွားစားဖြစ်တယ်။ လက်ရာကောင်းတယ်။ ဈေးကတော့ မြို့ထဲကဆိုင်တွေထက်များတယ်။

နောက်နေ့တွေတော့ ပိုက်ဆံချွေတာမယ်ဆိုပြီး ချက်ပို့ရော၊ ဆိုင်စားရောရတဲ့ ဇာဗီလာ (မဇာ) ကိုရွေးလိုက်တယ်။ ချက်ပို့မမှာခင် ဆိုင်မှာ ညစာကို ပြည်ကြီးငါးချဉ်စပ် နဲ့ စားကြည့်တာ လက်ရာအတော်ကောင်းတယ်။ ဒါနဲ့နောက်နေ့အတွက် ချက်ပို့ ၂ယောက်စာ package ကို မနက်ရော ညရောမှာလိုက်တယ်။

သူ့ package က အတော်တန်တယ်။ ၂ယောက်စာ (ဂဏန်းမဆလာ၊ ပုစွန်ချဉ်စပ်၊ ပြည်ကြီးငါးသုပ်၊ ကိုတံငါဟင်းချို၊ ကွန်စွန်းရွက်ကြော်၊ ငါးပိထောင်းနဲ့တို့စရာအစုံ၊ ထမင်း) ကို ၁၅၀၀၀ ပဲပေးရတယ်။ ညစာအတွက် ပင်လယ်စာဟင်း၃ပွဲကို (ဂဏန်းအသားချက်၊ ပုစွန်အစိမ်းသုတ်၊ ပြည်ကြီးငါးချဉ်စပ်) နဲ့ အပြောင်းအလဲလုပ်ပေးတယ်။

ညပိုင်းဟင်းလာပို့တာ ဂဏန်းအသားချက် အစား ပြည်ကြီးငါးချဉ်စပ်ပဲ ၂ပွဲပါလာလို့ ဂဏန်းအသားချက်တော့ မမြည်းလိုက်ရဘူး။ (ပြန်လာလဲပေးမယ်ပြောပေမယ့် ဗိုက်ဆာနေတာနဲ့ ပါတာပဲစားပစ်လိုက်တယ်။) စားလိုက်ရတဲ့ဟင်းပွဲတွေတော့ လက်ရာအတော်ကောင်းတယ်။ ပေးရတဲ့ဈေးနဲ့တန်တယ်။ ဒီလို အများအတွက်အဆင်ပြေတဲ့ ဈေးနှုန်းနဲ့ အရသာလေးကိုဆက်ထိန်းထားစေချင်တယ်။

အပြန်ရက်နေ့လည်စာကိုတော့ ပုသိမ်က သီတာ စားသောက်ဆိုင်မှာဝင်စားခဲ့တယ်။ အလာတုန်းကလည်းအဲ့ဒီမှာပဲ စားခဲ့တယ်။ အဲ့ဆိုင်လည်း လက်ရာကောင်းတယ်။ ကားရပ်ရလည်းအဆင်ပြေတယ်။ အရင်စားနေကြ ခခကြီးဆိုင်က ကားရပ်ရအဆင်မပြေလို့ မစားဖြစ်ခဲ့ဘူး။ (မူရင်းရေးသားသူအား လေးစားမှုဖြင့် – credit)

Zawgyi

ေငြေဆာင္မွာ အစားအေသာက္နဲ႔ ပတ္သက္လို႔ ႀကဳံခဲ့တာေလးေတြ ျပန္ ရွဲပါရေစ။ ေကာင္းတာေရာ၊ ဆိုးတာေရာ ပါတာမို႔ ေကာင္းျခင္း၊ ဆိုးျခင္းေတြသည္ ကြၽန္ေတာ့္ ပါစင္နယ္ အျမင္သာ ျဖစ္ေၾကာင္းႀကိဳေျပာထားပါရေစ။

ေငြေဆာင္ကို အရင္အေခါက္ေတြေရာက္တုန္းက ေန႔လည္စာ၊ ညစာကို ၿမိဳ႕ထဲက ဆိုင္ေတြမွာပဲ စားျဖစ္တယ္။ အမ်ားဆုံးစားျဖစ္တာ ဆီးကင္း ဆိုတဲ့ဆိုင္။ ဒီတေခါက္ေတာ့ အေျပာင္းအလဲေလးျဖစ္သြားေအာင္ ခုေခတ္စားေနတဲ့ ေငြေဆာင္စကြဲကို ခ်ီတက္တယ္။ ေငြေဆာင္လိုေနရာမ်ိဳးမွာ ဒီလို nightlife မ်ိဳးေလးရွိလာေတာ့ အေတာ္ဝမ္းသာမိတယ္။

ေနရာေလးက လွလွေလးနဲ႔ ဓာတ္ဖမ္းလို႔ေကာင္းတယ္။ စားစရာဆိုင္ေတြလည္းအေတာ္စုံတာမို႔ ဒီမွာပဲ ညစာစားဖို႔ ဆုံးျဖတ္လိုက္တယ္။ ပင္လယ္စာရတဲ့ဆိုင္တဆိုင္ဝင္ေမးၾကည့္ေတာ့ ပုစြန္မီးဖုတ္သုတ္က ၁၅၀၀၀၊ စမ‌ေျခာက္သုတ္က ၇၀၀၀ တဲ့။ ေစ်းနည္းနည္းမ်ားေပမယ့္ လိုေကးရွင္းေလးက မိုက္ေနတာနဲ႔ အဲ့မွာပဲမွာစားျဖစ္တယ္။

ေငြေဆာင္မလာခင္ ဘာစားစား ေစ်းေမးၿပီးမွစားဆိုတဲ့ post ေတြ ဖတ္ထားဖူးေတာ့ ဘာစားစားေစ်းေမးၿပီးမွ စားရဲတယ္။ စားၿပီးလို႔ ေငြေခ်ေတာ့ ၂၆၀၀၀ က်တယ္။ ကိုယ္တြက္ထားတာနဲ႔ ေစ်းကြာေနလို႔ျပန္ေမးလိုက္ေတာ့ ပုစြန္မီးဖုတ္သုတ္ ၁၅၀၀၀၊ ထမင္း၂ ပြဲ ၂၀၀၀၊ စမ‌ေျခာက္သုတ္က ၉၀၀၀ ျဖစ္သြားတယ္။

ေသခ်ာျပန္ေမးပါအုံး ေစာေစာက ဟိုဦးေလး(ဆိုင္ရွင္ထင္တာပဲ) ကို ေမးထားတာ ၇၀၀၀ ဆိုလို႔ မွာလိုက္တာဆိုေတာ့ စားပြဲထိုးမေလးလည္း ျပန္သြားေမးတယ္။ ၿပီးေတာ့ ျပန္လာေျပာတယ္။ စားပြဲထိုးက မသိလို႔ေျပာလိုက္တာ မီႏူးထဲမွာ ၉၀၀၀ ေရးထားတယ္တဲ့။ (ေနာက္မွ ျပန္စဥ္းစားမိတာ ကြၽန္ေတာ္တို႔လည္း မီႏူး ၾကည့္မွာတာပဲ။ မီႏူးထဲမွာ ေစ်းမေရးထားလို႔ ေစ်းေမးၿပီးစားတာ။ ေရးထားတဲ့ေနာက္တခုရွိေနလားေတာ့ ေတာင္းယူမၾကည့္မိဘူး။)

ေစ်းေမးၿပီးစားတာေတာင္မွ ခံလိုက္ရတယ္။ ေနာက္ဆို ေစ်းေမး႐ုံတင္မကပဲ မီႏူးက ေစ်းႏႈန္းပါၾကည့္ၿပီး ဓာတ္ပုံ႐ိုက္ၿပီးမွစားၾကပါလို႔ အႀကံျပဳပါတယ္။ ေငြ ၂၀၀၀ ကို ႏွေျမာတာထက္ ေျပာတာတမ်ိဳး ေတာင္းတာတမ်ိဳး လုပ္ၿပီးဘာမွမေတာင္းပန္တာကို ခံျပင္းတာ။ ဆိုင္နာမည္က ခပ္ဆန္းဆန္းမို႔မွတ္မိေနတယ္။ ေမာင္က်န္တတို႔ တဲ့။

ေနာက္ရက္ေတြလည္း ေငြေဆာင္စကြဲက ဆိုင္ေတြမွာပဲစားဖို႔ အစက စိတ္ကူးထားေပမယ့္ အရင္ရက္က ခံလိုက္ရလို႔ ထပ္မသြားျဖစ္ေတာ့ဘူး။ ေနာက္ရက္ ေတဘယ္လ္ဖိုက္ မွာသြားစားျဖစ္တယ္။ လက္ရာေကာင္းတယ္။ ေစ်းကေတာ့ ၿမိဳ႕ထဲကဆိုင္ေတြထက္မ်ားတယ္။

ေနာက္ေန႔ေတြေတာ့ ပိုက္ဆံေခြၽတာမယ္ဆိုၿပီး ခ်က္ပို႔ေရာ၊ ဆိုင္စားေရာရတဲ့ ဇာဗီလာ (မဇာ) ကိုေ႐ြးလိုက္တယ္။ ခ်က္ပို႔မမွာခင္ ဆိုင္မွာ ညစာကို ျပည္ႀကီးငါးခ်ဥ္စပ္ နဲ႔ စားၾကည့္တာ လက္ရာအေတာ္ေကာင္းတယ္။ ဒါနဲ႔ေနာက္ေန႔အတြက္ ခ်က္ပို႔ ၂ေယာက္စာ package ကို မနက္ေရာ ညေရာမွာလိုက္တယ္။

သူ႔ package က အေတာ္တန္တယ္။ ၂ေယာက္စာ (ဂဏန္းမဆလာ၊ ပုစြန္ခ်ဥ္စပ္၊ ျပည္ႀကီးငါးသုပ္၊ ကိုတံငါဟင္းခ်ိဳ၊ ကြန္စြန္း႐ြက္ေၾကာ္၊ ငါးပိေထာင္းနဲ႔တို႔စရာအစုံ၊ ထမင္း) ကို ၁၅၀၀၀ ပဲေပးရတယ္။ ညစာအတြက္ ပင္လယ္စာဟင္း၃ပြဲကို (ဂဏန္းအသားခ်က္၊ ပုစြန္အစိမ္းသုတ္၊ ျပည္ႀကီးငါးခ်ဥ္စပ္) နဲ႔ အေျပာင္းအလဲလုပ္ေပးတယ္။

ညပိုင္းဟင္းလာပို႔တာ ဂဏန္းအသားခ်က္ အစား ျပည္ႀကီးငါးခ်ဥ္စပ္ပဲ ၂ပြဲပါလာလို႔ ဂဏန္းအသားခ်က္ေတာ့ မျမည္းလိုက္ရဘူး။ (ျပန္လာလဲေပးမယ္ေျပာေပမယ့္ ဗိုက္ဆာေနတာနဲ႔ ပါတာပဲစားပစ္လိုက္တယ္။) စားလိုက္ရတဲ့ဟင္းပြဲေတြေတာ့ လက္ရာအေတာ္ေကာင္းတယ္။ ေပးရတဲ့ေစ်းနဲ႔တန္တယ္။ ဒီလို အမ်ားအတြက္အဆင္ေျပတဲ့ ေစ်းႏႈန္းနဲ႔ အရသာေလးကိုဆက္ထိန္းထားေစခ်င္တယ္။

အျပန္ရက္ေန႔လည္စာကိုေတာ့ ပုသိမ္က သီတာ စားေသာက္ဆိုင္မွာဝင္စားခဲ့တယ္။ အလာတုန္းကလည္းအဲ့ဒီမွာပဲ စားခဲ့တယ္။ အဲ့ဆိုင္လည္း လက္ရာေကာင္းတယ္။ ကားရပ္ရလည္းအဆင္ေျပတယ္။ အရင္စားေနၾက ခခႀကီးဆိုင္က ကားရပ္ရအဆင္မေျပလို႔ မစားျဖစ္ခဲ့ဘူး။ (မူရင္းေရးသားသူအား ေလးစားမႈျဖင့္ – credit)

Be the first to comment

Leave a Reply

Your email address will not be published.


*