“အသက် ၈၀ အရွယ်ထိ ကျောင်းစောင့် လုပ်နေရတဲ့ အဘိုးအို .. အေးချမ်းစွာ အငြိမ်းစားယူနိုင်ရေးအတွက် ရန်ပုံငွေရှာပေးခဲ့ကြတဲ့ ကျောင်းသားများ”

အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်ရှိ ၊ Callisburg အထက်တန်းကျောင်းမှ ကျောင်းသားများက အခက်အခဲဖြစ်နေသည့်

အသက် ၈၀ အရွယ်ကျောင်းစောင့်ကြီး မစ္စတာဂျိမ်းကိုကူညီရန်အတွက် ရန်ပုံငွေရှာဖွေရေးကမ်ပိန်းတခုပြုလုပ်ခဲ့ရာ အမေရိကန်ဒေါ်လာ ၂ သိန်းကျော် ရရှိခဲ့သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၃ ရက်အထိ အလှူရှင် ၇၀၀၀ နီးပါးထံမှ အလှူငွေရန်ပုံငွေ ဒေါ်လာ ၂၁၇၀၀၀ စုဆောင်းရရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကျောင်းမှ ကျောင်းသားသုံးဦးက မစ္စတာဂျိမ်းအတွက် အိမ်လခ၊ အစားအသောက်နှင့် လစဉ်ပေးဆောင်ရန်ရှိသည်များကိုကာမိရန်အတွက်

ဒေါ်လာ ၁ သောင်းလောက်ရရှိရန် ကနဦးရည်ရွယ်ပြီး ဖေဖော်ဝါရီ ၁၅ ရက်မှစတင်ကာ GoFundMe တွင် ကမ်ပိန်းတခုပြုလုပ်ခဲ့ကြသည်။

“သူငယ်ချင်းတို့ရေ၊ အိမ်ငှားခပေးဖို့ ရုန်းကန်နေရတဲ့ ငါတို့ရဲ့ကျောင်းစောင့်ကြီးအတွက် ရန်ပုံငွေပွဲတခုရှိနေတယ်”ဟု Greyson Thurman အမည်ရှိ ကျောင်းသားတဦးက Follower နှစ်ထောင်ရှိသည့် ၎င်း၏ TikTok ပေါ်တွင် စတင်မျှဝေခဲ့သည်။

အဘိုးအို မစ္စတာဂျိမ်းသည် ကျောင်းစောင့်အလုပ်မှ အငြိမ်းစားယူထားရာမှ အိမ်လခ ဒေါ်လာ ၄၀၀ ခန့် ဈေးတက်သွားသည့်အတွက်

ပြီးခဲ့သည့် ဇန်နဝါရီလမှစတင်ပြီး ကျောင်းစောင့်အလုပ်ကို ပြန်လုပ်ကိုင်ခဲ့ရခြင်းဖြစ်သည်။

မစ္စတာဂျိမ်း၏အဖြစ်သနစ်ကို FOX သတင်းဌာန၏ လက်အောက်ရှိ KDFW က သတင်းဖော်ပြခဲ့သည်။

အဆိုပါ သတင်းကို Callisburg ကျောင်းသားများသိရှိပြီး GoFundMe ကမ်ပိန်းပြုလုပ်ရန်ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။

“Callisburg လို မြို့ငယ်လေးမှာ လူတွေက ကူညီချင်ကြသလို အထူးသဖြင့် ဒီလိုမျိုးကိစ္စမျိုးမှာ ကျွန်တော်တို့ကို ကူညီထောက်ပံ့ချင်ကြမယ်ဆိုတာ သိပါတယ်။

ဒါပေမယ့် ဒီလိုမျိုး သတင်းချန်နယ်တွေရှိမယ်လို့ မထင်ထားမိဘူး” ဟု Marti Yousko အမည်ရသည့် ကျောင်းသားက ဖေဖော်ဝါရီ ၂၂ ရက်နေ့က KDFW သတင်းဌာနသို့ ပြောသည်။

မစ္စတာဂျိမ်းသည် ရှက်တတ်သူတဦးဖြစ်ကာ KDFW Fox 4 နှင့်အင်တာဗျူးလုပ်ရန် ငြင်းဆိုခဲ့သည်။

၎င်းသည် ယခုကိစ္စနှင့်ပတ်သက်၍ နာမည်ကျော်ကြားလိုစိတ် စိုးစဉ်းမျှမရှိကြောင်း၊

သို့သော် ကျောင်းသားလေးများ၏လုပ်ရပ်အတွက် ဝမ်းသာပြီး ကျေးဇူးအထူးတင်လျက်ရှိကြောင်း Callisburg အထက်တန်းကျောင်းအုပ်ကြီး Jason Hooper က ပြောသည်။

နှစ်ပေါင်း ၇၀ တိုင်တိုင် အလုပ်လုပ်ခဲ့ရသည့် လူတယောက်၏ ဘဝနေဝင်ချိန်တွင် အေးချမ်းစွာ အငြိမ်းစားယူနိုင်ရန်အတွက် ကျောင်းသားလေးများက ဆန္ဒရှိကြသည်။

“တသက်တာလုံး လက်လှုပ်မှာ ပါးစပ်လှုပ်ရတဲ့ဘဝနဲ့ ဘယ်သူမှ မထိုက်တန်ပါဘူး။ လူတွေဟာ ကျေနပ်ပျော်ရွှင်တဲ့ဘဝမျိုး ရထိုက်ပါတယ်”ဟု ကျောင်းသား Greyson Thurman က ပြောသည်။

အမေရိကန်ပြည်ထောင်စုတွင်ပင် အေးအေးချမ်းချမ်းဖြင့် အငြိမ်းစားမယူနိုင်သည့် လုပ်သားပေါင်း သန်းနှင့်ချီရှိနေသည်။

Ref; The Insider

Credit

Zawgyi

အေမရိကန္ျပည္ေထာင္စု၊ တကၠဆက္ျပည္နယ္ရွိ ၊ Callisburg အထက္တန္းေက်ာင္းမွ ေက်ာင္းသားမ်ားက အခက္အခဲျဖစ္ေနသည့္

အသက္ ၈၀ အ႐ြယ္ေက်ာင္းေစာင့္ႀကီး မစၥတာဂ်ိမ္းကိုကူညီရန္အတြက္ ရန္ပုံေငြရွာေဖြေရးကမ္ပိန္းတခုျပဳလုပ္ခဲ့ရာ အေမရိကန္ေဒၚလာ ၂ သိန္းေက်ာ္ ရရွိခဲ့သည္။

ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီ ၂၃ ရက္အထိ အလႉရွင္ ၇၀၀၀ နီးပါးထံမွ အလႉေငြရန္ပုံေငြ ေဒၚလာ ၂၁၇၀၀၀ စုေဆာင္းရရွိခဲ့ျခင္းျဖစ္သည္။

အဆိုပါ ေက်ာင္းမွ ေက်ာင္းသားသုံးဦးက မစၥတာဂ်ိမ္းအတြက္ အိမ္လခ၊ အစားအေသာက္ႏွင့္ လစဥ္ေပးေဆာင္ရန္ရွိသည္မ်ားကိုကာမိရန္အတြက္

ေဒၚလာ ၁ ေသာင္းေလာက္ရရွိရန္ ကနဦးရည္႐ြယ္ၿပီး ေဖေဖာ္ဝါရီ ၁၅ ရက္မွစတင္ကာ GoFundMe တြင္ ကမ္ပိန္းတခုျပဳလုပ္ခဲ့ၾကသည္။

“သူငယ္ခ်င္းတို႔ေရ၊ အိမ္ငွားခေပးဖို႔ ႐ုန္းကန္ေနရတဲ့ ငါတို႔ရဲ႕ေက်ာင္းေစာင့္ႀကီးအတြက္ ရန္ပုံေငြပြဲတခုရွိေနတယ္”ဟု Greyson Thurman အမည္ရွိ ေက်ာင္းသားတဦးက Follower ႏွစ္ေထာင္ရွိသည့္ ၎၏ TikTok ေပၚတြင္ စတင္မွ်ေဝခဲ့သည္။

အဘိုးအို မစၥတာဂ်ိမ္းသည္ ေက်ာင္းေစာင့္အလုပ္မွ အၿငိမ္းစားယူထားရာမွ အိမ္လခ ေဒၚလာ ၄၀၀ ခန႔္ ေဈးတက္သြားသည့္အတြက္

ၿပီးခဲ့သည့္ ဇန္နဝါရီလမွစတင္ၿပီး ေက်ာင္းေစာင့္အလုပ္ကို ျပန္လုပ္ကိုင္ခဲ့ရျခင္းျဖစ္သည္။

မစၥတာဂ်ိမ္း၏အျဖစ္သနစ္ကို FOX သတင္းဌာန၏ လက္ေအာက္ရွိ KDFW က သတင္းေဖာ္ျပခဲ့သည္။

အဆိုပါ သတင္းကို Callisburg ေက်ာင္းသားမ်ားသိရွိၿပီး GoFundMe ကမ္ပိန္းျပဳလုပ္ရန္ဆုံးျဖတ္ခဲ့ၾကျခင္းျဖစ္သည္။

“Callisburg လို ၿမိဳ႕ငယ္ေလးမွာ လူေတြက ကူညီခ်င္ၾကသလို အထူးသျဖင့္ ဒီလိုမ်ိဳးကိစၥမ်ိဳးမွာ ကြၽန္ေတာ္တို႔ကို ကူညီေထာက္ပံ့ခ်င္ၾကမယ္ဆိုတာ သိပါတယ္။

ဒါေပမယ့္ ဒီလိုမ်ိဳး သတင္းခ်န္နယ္ေတြရွိမယ္လို႔ မထင္ထားမိဘူး” ဟု Marti Yousko အမည္ရသည့္ ေက်ာင္းသားက ေဖေဖာ္ဝါရီ ၂၂ ရက္ေန႔က KDFW သတင္းဌာနသို႔ ေျပာသည္။

မစၥတာဂ်ိမ္းသည္ ရွက္တတ္သူတဦးျဖစ္ကာ KDFW Fox 4 ႏွင့္အင္တာဗ်ဴးလုပ္ရန္ ျငင္းဆိုခဲ့သည္။

၎သည္ ယခုကိစၥႏွင့္ပတ္သက္၍ နာမည္ေက်ာ္ၾကားလိုစိတ္ စိုးစဥ္းမွ်မရွိေၾကာင္း၊

သို႔ေသာ္ ေက်ာင္းသားေလးမ်ား၏လုပ္ရပ္အတြက္ ဝမ္းသာၿပီး ေက်းဇူးအထူးတင္လ်က္ရွိေၾကာင္း Callisburg အထက္တန္းေက်ာင္းအုပ္ႀကီး Jason Hooper က ေျပာသည္။

ႏွစ္ေပါင္း ၇၀ တိုင္တိုင္ အလုပ္လုပ္ခဲ့ရသည့္ လူတေယာက္၏ ဘဝေနဝင္ခ်ိန္တြင္ ေအးခ်မ္းစြာ အၿငိမ္းစားယူႏိုင္ရန္အတြက္ ေက်ာင္းသားေလးမ်ားက ဆႏၵရွိၾကသည္။

“တသက္တာလုံး လက္လႈပ္မွာ ပါးစပ္လႈပ္ရတဲ့ဘဝနဲ႔ ဘယ္သူမွ မထိုက္တန္ပါဘူး။ လူေတြဟာ ေက်နပ္ေပ်ာ္႐ႊင္တဲ့ဘဝမ်ိဳး ရထိုက္ပါတယ္”ဟု ေက်ာင္းသား Greyson Thurman က ေျပာသည္။

အေမရိကန္ျပည္ေထာင္စုတြင္ပင္ ေအးေအးခ်မ္းခ်မ္းျဖင့္ အၿငိမ္းစားမယူႏိုင္သည့္ လုပ္သားေပါင္း သန္းႏွင့္ခ်ီရွိေနသည္။

Ref; The Insider

Credit