ယနေ့အချိန်ကစပြီး ဂီတလောကကို လုံးဝအပြီးတိုင် နှုတ်ဆက်လိုက်ကြောင်း ကြေညာလိုက်တဲ့ အဆိုတော် ရိန်မိုး

သီချင်းအေးအေးလေးတွေနဲ့ ပရိတ်သတ်တွေရဲ့ရင်ကို ညှို့ယူဖမ်းစားနိုင်လွန်းတဲ့သူ ၊ သရုပ်ဆောင်ကိုနေတိုးတို့ ညီအကိုတွေရဲ့ နောက်ခံဇာတ်ဝင်သီချင်းလေးတွေမှာ ငြိမ့်ငြိမ့်ညောင်းညောင်းလေးတွေနဲ့အတူ အားလုံးရဲ့ရင်ကို ဆွဲယူသိမ်းပိုက်နိုင်အောင် သီဆိုနိုင်သူ .. ဆိုရင် အဆိုတော် ရိန်မိုးဆိုတာ အားလုံးသိကြမှာပါနော်။

ပရိသတ်ကြိုက်နှစ်သက်လက်ခံအားပေးတဲ့အဆိုတော်ရိန်မိုး က ဒီနှစ်ထဲမှာကြီးကျယ်ခမ်းနားတဲ့ One man Show live သီဆိုရင်းနှုတ်ဆက်ပွဲလုပ်ဖိုစီစဉ်ထားပေမယ့် ဒီနေ့မှာတော့ဂီတလောကထဲမှအပြီးတိုင် နှုတ်ဆက်လိုက်ကြောင်းစာကို ရေးသားလာခဲ့ပါတယ်။

” ဘဝမှာ ကျတော် ဘယ်တော့မှ မစွန့်လွတ်ဘူး ဘယ်တော့မှ နောက်မဆုတ်ဘူးလို့ ဘဝနဲ့ရင်းလို့ ချော်လဲလို့ပြုတ်ကျလို့ ဒါဏ်ရာတွေအများကြီးနဲ့ရှိနေခဲ့အချိန်များတောင် ကျတော်ဆိုတာ ဘယ်တော့မှ နောက်မဆုတ်ခဲ့ဘူး သို့ပေမယ့်လည်း ကနေ့ အခြေအနေ အချိန်ခါတစ်ခုမှာ စွန့်လွတ်လိုက်ရပါပီး😪

အမှန်က ကျတော့ကိုချစ်သော ကျတော်ကချစ်သော အမျိုးများအတွက် (2021) ဒီနှစ်ထဲမှာ ကျတော့ရဲ့ကြီးကျယ်ခန်းနားတဲ့ One man show live တစ်ခုကို နုတ်ဆက်ပွဲနဲ့အတူကျင်းပဖို့ ရည်ရွယ်ခဲ့ပေမယ့်လည်း ခုတော့ မဖြစ်နိုင်တော့လို့24/6/2021 ဒီနေ့ ဒီရက် ဒီအချိန်ကနေပီး ကျတော် ရိန်မိုး သည် ဂီတလောကထဲကနေပီး လုံးဝအပီးအပိုင် နုတ်ဆက်လိုက်ပါကြောင်းကို

ကျတော့ရဲ့ ချစ်တဲ့ ပရိတ်သတ်များ အမျိုးများ မိတ်ဆွေများ အပေါင်းသင်းများ အားလုံးကို အပီးတိုင် နုတ်ဆက်လိုက်ပါတယ်ခင်ဗျား🙏🙏🙏ကျတော်သေသည့်တိုင်အောင် ဂီတက ကျတော့နှလုံးသားထဲမှာ “ထာဝရသေဆုံးမသွားဘူး “ထာဝရ ကျတော့အပေါ်သစ္စာရှိတဲ့ဂီတကို ကျတော် သစ္စာဖောက်လိုက်ပါပြီး ခွင့်လွတ်ပါ ကျတော်ချစ်သော” ဂီတ”❤️❤️❤️ ”

အခုလို အဆိုတော်ရိန်မိုးရဲ့ ဖေ့ဘွတ်စာမျက်နာမှာ ပရိသတ်တွေအတွက် နှမြောစရာ ဝမ်းနည်းစရာ အကြောင်းအရာတစ်ခု ရေးသားလာတာကို ပရိတ်သတ်ကြီးအတွက် စိတ်မကောင်းစွာနဲ့ပဲ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။အောက်မှာ အဆိုတော်ရိန်မိုးရဲ့ ပရိတ်သတ်တွေအတွက် သူ့ရဲ့ သီချင်းလေးတစ်ပုဒ်ကို ပြန်လည် ဖော်ပြပေးရင်း…..😪။

Crd – YaungChi