“မိန်းမယူရန် အသက်အရွယ် အပိုင်းအခြားအလိုက် မိန်းမတို့ရဲ့ ဈေးနှုန်းများ”

“မိန်းမယူရန် အသက်အရွယ် အပိုင်းအခြားအလိုက်မိန်းမတို့ရဲ့ ဈေးနှုန်းများ”

အသက် ၁၈နှစ်နဲ့ အောက် (ဝေလီဝေလင်းဈေး)

သူကတော့ မနက် ၅ နာရီလောက် ဈေးသွားဝယ်ရသလိုပါပဲ။ အဲ့အချိန်မှာ ဈေးသွားဆစ်လို့မရပါဘူး။ ရောင်းတဲ့လူက ကြိုက်ဈေးရမှ ရောင်းပါ့မယ်။ ဒါပေမယ့် အရမ်းကို လတ်ဆတ်တာမို့ စိတ်ကြိုက်ဝယ်ယူနိုင်ပါတယ်။

အသက် ၂၀ (မနက်ခင်းဈေး လူစည်စအချိန်)

ဒီအချိန်ကတော့ မနက် ၆ နာရီ အချိန်လောက်ပါ။ စောစောစီးစီး ဈေးထဝယ်ထားတဲ့ လူတချို့ကြောင့် အကောင်းတကာ့ အကောင်းဆုံးတွေ ပါသွားတာကလွဲလို့ ကျန်တာတွေအကုန်လုံးလည်း အကောင်းဆုံးတွေပါပဲ။ ဒီအချိန်မှာ ဈေးစဆစ်လို့ရပါပြီ။

အသက် ၂၅ ဝန်းကျင် (မနက်ခင်းဈေး လူစကွဲချိန်)

အချိန်အားဖြင့် မနက် ၈ နာရီလောက်ရှိပါပြီ။ ဝေလီဝေလင်းထဝယ်ထားတဲ့ လူတချို့ရယ်၊ ဈေးစည်စအချိန်မှာ ဝယ်ထားတဲ့ လူတွေရယ်ကြောင့် တော်တော်များများက ရွေးကျန်တွေဖြစ်ကုန်ပါပြီ။ ဒါပေမယ့် မျက်စိလျှမ်းတတ်တဲ့လူတွေကြောင့် ကောင်းတာလေးတွေ ရှိနေပါသေးတယ်။ အသေအချာလေးတော့ ရွေးဝယ်ဖို့ လိုနေပါပြီ။

အသက် ၂၇ ဝန်းကျင် (နေ့လယ်ဈေး)

ဒီအချိန်မှာတော့ မနက်ပိုင်းကကျန်ထားတာတွေကို စတင်ပြင်ဆင်ဖို့ လုပ်နေရပါပြီ။ ဥပမာ အစည်းပြေနေတာတွေကို ပြန်စည်းမယ်၊ မကောင်းတဲ့အပိုင်းတွေကို ဖယ်ထုတ်မယ့် ရှင်းလင်းပွဲကြီး စတဲ့အချိန်ပေါ့ခင်ဗျာ။ ဒီအချိန်ကတော့ ရောင်းသူ၊ ဝယ်သူ နှစ်ဦးညှိနှိုင်းပြီး ရောင်းလို့ ဝယ်လို့ ရပြီပေါ့ဗျာ။ အချိန်အားဖြင့်တော့ နေ့လယ် ၁၁ နာရီခန့် ရှိပါပြီ။

အသက် ၂၉ ဝန်းကျင် (ညနေစောင်းဈေး)

ဒီအချိန်မှာ… မနက်ဈေးမှာ ဈေးကြီးလို့ မဝယ်လိုက်ရတဲ့လူတွေက နောက်တကျော့ ပြန်လာဝယ်တဲ့အချိန်ပါ။ ဈေးဆစ်တဲ့လူက ကြိုက်တဲ့ဈေးကို စဆစ်နေပါပြီ။ အချိန်က ညနေ ၃ နာရီခန့်ပေါ့။ ဒီအချိန်မှာ လတ်ဆတ်အောင်ဆိုပြီး ရေဖြန်း၊ ရေတောက်တာတွေကို လုပ်ထားရပါပြီ။

အသက် ၃၀ ဝန်းကျင် (ညဈေး)

အခုဆို ညနေ ၅ နာရီခန့်လောက်ပေါ့ခင်ဗျာ။ ဝယ်မယ့်လူက သိပ်တောင် မဆစ်ရသေးဘူး၊ ရောင်းမယ့်လူက တအားလျှော့ချင်နေပါပြီ။ ဝယ်မယ်သာဆိုရင် ရောင်းသူက အဆစ်ကလေးပါ ပေးနေပြီခင်ဗျ။

အသက် ၃၀နှစ်နဲ့ အထက် (မီးခွက်ဈေး)

ဒီအချိန်က ည ၇ နာရီဝန်းကျင်။ ဒီအချိန်က စိတ်ဝင်စားစရာ အကောင်းဆုံးဗျ။ မှောင်နေပြီဆိုတော့ ရောင်းသူက မြင်ရဖို့ မီးအိမ်လေးထွန်းပြီးတော့ပေါ့။ ဝယ်တဲ့လူကလည်း မသဲမကွဲနဲ့ဆိုတော့ မတန်တဆ ဈေးဆစ်နေပြီပေါ့ခင်ဗျာ။ ရောင်းတဲ့လူက တစ်ချက်လောက်မူလိုက်ရင် ဝယ်မဲ့သူက ချာကနဲလှည့်ထွက်တတ်တာတော့ သတိထားပေါ့။ အဲ့လိုလှည့်ထွက်သွားတတ်တဲ့ဝယ်သူမျိုးကို ဈေးလည်းလျှော့ပေးပါ့မယ် အပိုလည်းပေးပါ့မယ်ဆိုပြီး ပြန်ခေါ်နေရတာလည်း ဒီအချိန်ပေါ့ဗျာ။

အသက် ၄၀နဲ့အထက် (ဥပုသ်နေ့)

ဥပုသ်နေ့မို့ဈေးအားလုံးပိတ်ပါတယ်😂 😂
.
Crd

Zawgyi












အသက် ၃၀ ဝန်းကျင် (ညဈေး)





.
Crd

Be the first to comment

Leave a Reply

Your email address will not be published.


*