မကွေးတိုင်းလို အလွန်ပူပြင်းခြောက်သွေ့တဲ့ ဒေသကို စိမ်းလန်းစိုပြေလာအောင် တစ်ကိုယ်တော် ဆောင်ရွက်နေတဲ့ ကိုဒင်္ဂါး

ရေနံချောင်းမြို့၊ ဂျုပ္ပင်ကျေးရွာက ကိုဒင်းဂါးကို မကွေးမြို့မှာ မသိတဲ့သူ အလွန်ရှားပါလိမ့်မယ်။ကိုဒင်းဂါးဟာ သစ်ပင်ပန်းမန်တွေကင်းမဲ့ပြီး ကျေးငှက်သံတွေ ဆိတ်သုဉ်းနေတဲ့ ရေနံချောင်းမြို့က တောင်ကုန်းတွေနဲ့ မြို့ရှောင်လမ်းမှာ လွန်ခဲ့တဲ့ငါးနှစ်ကစလို့ အရိပ်ရပင်တွေ တစ်ကိုယ်တော် စိုက်ပျိုးနေသူတစ်ယောက် ဖြစ်နေလို့ပါ။

သူစိုက်ပျိုးလာတဲ့ အရိပ်ရပင်တွေဟာ အခုဆို အပင် ၂၃၀၀ကျော်ရှိလာပြီဖြစ်ပြီး နောင်ငါးနှစ်အကြာမှာတော့ သစ်ပင်ကြီးတွေရဲ့ အကျိုးကျေးဇူးတွေကို ရေနံချောင်းကဒေသခံတွေနဲ့ ကျေးငှက်တွေ စတင်ခံစားရတော့မှာဖြစ်လို့ သူကပီတိဖြစ်လို့နေပါတယ်။တစ် ကိုယ်တော် သစ်ပင်စိုက်ပျိုးသူဖြစ်လာရတဲ့ အကြောင်းအရင်းက မကွေးမြို့ကနေ ယခင်အလုပ်လုပ်ကိုင်ရာ ရေနံချောင်းကို ဆိုင်ကယ်နဲ့လာရတိုင်း သစ်ပင်တွေကင်းမဲ့နေတဲ့ မြို့ရှောင်လမ်းကို ဖြတ်သန်းသွားရတဲ့အခါ ပူပြင်းလှတဲ့ဒဏ်ကို ခံစားခဲ့ရလို့ပါပဲ။

၁၄ကီလိုမီတာ(ရှစ်မိုင်ကျော်) ရှည်လျားတဲ့ ရေနံချောင်း ၊ မြို့ရှောင်လမ်းတစ်လျောက်မှာ အရိပ်ရပင်ဆိုလို့ ထ နောင်းပင် သုံးလေးပင်သာရှိပါတယ်။ဒါကြောင့် လွန်ခဲ့တဲ့ငါးနှစ်ကစလို့ သူ့ကိုယ်ပိုင်ဝင်ငွေနဲ့ပဲ အပင်အ နည်းငယ် စိုက်ပျိုးခဲ့ရာကနေ အစပြုခဲ့တာဖြစ်ပါတယ်။“မကွေးနဲ့ ရေနံချောင်းကို ဆိုင်ကယ်နဲ့ အသွားအပြန်လုပ်နေတော့ ဒီလမ်းပေါ်မှာ အရိပ်ရပင်လိုအပ်နေတယ်ဆိုတာ သူများတွေထက် ပိုသတိထားမိတယ်။

သီးပင်စားပင်လည်းမရှိ၊သစ်ပင်လည်းမရှိတော့နောက် ဆုံးငှက်သံတောင် မကြားရတော့ဘူး” လို့ ကိုဒင်းဂါးကပြောပါတယ်။အပင်မရှိတဲ့ တောင်ကုန်းတွေပေါ်မှာ တောအုပ်ဖြစ်လာတဲ့အထိ သစ်ပင်တွေ ပြုစုပျိုးထောင်ဖို့ တွန်းအားဖြစ်လာစေတာက ချောက်မြို့နယ်က အောင်မင်္ဂလာဆရာတော်ကြောင့်လည်း ဖြစ်ပါတယ်။အောင်မင်္ဂလာဆရာတော်ဟာ ပူပြင်းခြောက်ကပ်နေတဲ့ ချောက်မြို့နယ်က တောင်ကုန်းတွေကို တောအုပ်သ ဖွယ် စိမ်းစိုလာအောင် သစ်ပင်တွေစိုက်ပျိုးရင်း တောင် ကုန်းတွေကို ကန္ဒာရရဲ့ အိုအေစစ်ဖြစ်လာဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

ဆရာတော်ကို အားကျပြီး ကိုဒင်းဂါးလည်းပဲ သူ့ဇာတိဖြစ်တဲ့ ဂျုပ္ပင်ရွာကနေ သုံးကီလိုမီတာလောက်ဝေးတဲ့ ရေနံချောင်းမြို့ရှောင်လမ်းအဝင် ဗိုလ်တစ်ထောင် ဘုန်းကြီးကျောင်းတစ်ဖက်က တောင်ကုန်းတွေပေါ်မှာ အရိပ်သြဝါသကောင်းကောင်းပေးမယ့် တမာပင်၊ ညောင်ပင်၊ ညောင်ခြေထောက်၊ ကုက္ကိုပင်၊ ပိတောက်နဲ့ ဖျောက်ဆိတ်ပင်တွေကို စိုက်ပျိုးလာခဲ့တာ အခုချိန်မှာ အပင်ပေါင်း၂၀၀၀ကျော် စိုက်ပျိုးပြီး ဖြစ်ပါတယ်။

စစိုက်ခါစက တစ်ခါစိုက်ပျိုးလျင် ၁၀ပင်၊ ၁၅ပင်သာ စိုက်ပျိုးနိုင်ခဲ့ပေမယ့် ၂၀၂၂ခုနှစ်မှာတော့ တစ်နိုင်ငံလုံးက အလှုရှင်တွေရဲ့ လှုဒါန်းမှုနဲ့ အပင်၂၀၀၀ကျော်ထိ စိုက်ပျိုးနိုင်ခဲ့ပါတယ်။“ပထမပိုင်းမှာတော့ အပင်ငယ်လေးတွေစိုက်တော့ ဆိတ်နဲ့နွားစားတာနဲ့ အပင်တွေမရှင်ခဲ့ဘူး။ အခုနောက်ပိုင်းတော့ အတော်လေး အတွေ့အကြုံရခဲ့ပါတယ်။

စိုက်တဲ့အပင်အရေအတွက်များဖို့ထက် ရှင်မယ့်အပင်ကိုပဲ ရွေးချယ် စိုက်တော့တယ်။ အလှုရှင်တစ်ယောက်က ၂၀၀၀၀ကျပ်လှုရင်၊ ကျွန်တော်က ခြောက်ပေလောက်မြင့်တဲ့ ညောင်ခြေထောက် သုံးနှစ်သားပျိုးပင်တစ်ပင် ဝယ်စိုက်လိုက်တယ်။အများကြီးစိုက်ပြီး အများကြီးသေသွားမှာထက် တစ်ပင်စိုက်ပြီး တစ်ပင်ရှင်အောင်ပဲ ကျွန်တော်ခုရာသီကစလို့ လုပ်နေပါတယ်” လို့ ကိုဒင်းဂါးက ပြောပါတယ်။

အရိပ်ရပင်တွေထဲမှာ ညောင်ခြေထောက်ပင်ကို အများဆုံးစိုက်ပျိုးဖြစ်ပြီး သူ့မှာ အားသာချက်တွေအများကြီးရှိလို့ပဲ ဖြစ်ပါတယ်။လူတွေကသာမဖျက်ဆီးရင် ညောင်ခြေထောက် သက်တမ်းကနှစ်ပေါင်း ရာထောင်ချီ ရှည်နိုင်ပြီးသစ်ပင်တွေထဲမှာ အရိပ်အကောင်းဆုံးအပင် ဖြစ်ပါတယ်။ညောင်ခြေထောက်အသီးကို ကျေးငှက်တွေကလည်း ကြိုက်နှစ်သက်ကြပါတယ်။ကိုဒင်းဂါးဟာ စက်မှုလက်မှုသိပ္ပံကျောင်းဆင်းတစ်ဦးဖြစ်ပြီး သစ်ပင်စိုက်ပျိုးတာကို ဝါသနာပါသူတစ်ယောက် ဖြစ်ပါတယ်။

၂၀၀၉ ခုနှစ်လောက်ကတည်းက ပုပ္ပါးတောင်မကြီးနဲ့ ကျိုက်ထီးရိုးတောင်ကို တက်တဲ့အခါတိုင်း သစ်ပင်မျိုးစေ့တွေယူသွားပြီး တောင်ပေါ်ကနေကျဲချပြီး ပတ်ဝန်းကျင် စိမ်းလန်းစိုပြေဖို့ ကြိုးစားနေသူလည်း ဖြစ်ပါတယ်။ကိုဒင်းဂါးဟာ မကွေးမှာနေထိုင်ပြီး အိမ်ကနေ ရေနံချောင်းကို ဆိုက်ကယ်တစ်စီးနဲ့ နေ့တိုင်းသွားပြီး အပင်တွေကို စိုက်ပျိုးပြုစုနေတာဖြစ်ပါတယ်။ အသွားအပြန်မိုင်၈၀ခန့်ဝေးတဲ့ခရီးကို နေ့စဉ်သွားလာ စိုက်ပျိုးနေတာဖြစ်ပါတယ်။

ရေနံချောင်းလမ်းခရီးတလျောက် ရေချမ်းစင်၁၉လုံးခန့်ကိုလည်း အလှုရှင်တွေရဲ့အလှုငွေနဲ့ ဆောက်လုပ်နိုင်ခဲ့ပြီး ရေအိုးထဲမှာ ရေရှိမရှိ နေ့စဉ်စစ်ဆေးကြည့်ရှုရတာလည်း သူနှစ်သက်တဲ့ အလုပ်တစ်ခုပါပဲ။ခရီးသည်တွေအတွက် နားခိုစရာ ဇရပ်တွေကိုလည်း ဆောက် လုပ်ထားပြီးတောမီးလောင်တဲ့အခါဇရပ်နဲ့လွတ်အောင် ပတ်ဝန်းကျင် မြတ်ရှင်းရတဲ့အလုပ်ကိုလည်း လုပ်ကိုင်ရပါသေးတယ်။

နွားသောက်ဖို့ရေကန်၂၀ကျော်ကိုလည်း ရေမရှိတဲ့ကျေးရွာတွေမှာ တူးထားပြီး အလှုရှင်တွေရဲ့ငွေကြေးနဲ့ပဲ ရေကားဝယ်ပြီး ရေဖြည့်ပေးရပါတယ်။“ရေတစ်ခါဖြည့်ထားရင် တစ်ချို့ကန်တွေက ၁၀ရက်လောက်ခံတယ်။ တစ်ချို့ကန်တွေကလည်း လေးရက်လောက်ပဲခံတယ်။ နွားအကောင်များတဲ့ကန်က မြန်မြန်ကုန်တာပဲ။ကျွန်တော်ဒါတွေ လုပ်နေတဲ့အတွက် အမြဲတမ်းကု သိုလ်တွေ မြင်နေရပါတယ်” လို့ သူကပြောပါတယ်။

သူစိုက်ပျိုးထားတဲ့အပင်တွေက နောင်ငါးနှစ်ရောက်ရင် အရိပ်လည်းပေးတော့မှာဖြစ်သလို ညောင်ပင်နဲ့ မယ်ဇယ်ပင်တွေက အသီးတွေက ငှက်တွေအတွက် အစာ ရေစာလည်း ဖြစ်တော့မှာပါ။အဲဒီအခါကျရင် ရေနံချောင်းမြို့ခံတွေနဲ့ သားငှက်၊ တိရစ္ဆာန်တွေအတွက် စိမ်းလန်းတဲ့ဒေသသစ်တစ်ခု မွေးဖွားလာဦးမှာ ဖြစ်ပါတယ်။

Zawgyi

ေရနံေခ်ာင္းၿမိဳ႕၊ ဂ်ဳပၸင္ေက်း႐ြာက ကိုဒင္းဂါးကို မေကြးၿမိဳ႕မွာ မသိတဲ့သူ အလြန္ရွားပါလိမ့္မယ္။ကိုဒင္းဂါးဟာ သစ္ပင္ပန္းမန္ေတြကင္းမဲ့ၿပီး ေက်းငွက္သံေတြ ဆိတ္သုဥ္းေနတဲ့ ေရနံေခ်ာင္းၿမိဳ႕က ေတာင္ကုန္းေတြနဲ႔ ၿမိဳ႕ေရွာင္လမ္းမွာ လြန္ခဲ့တဲ့ငါးႏွစ္ကစလို႔ အရိပ္ရပင္ေတြ တစ္ကိုယ္ေတာ္ စိုက္ပ်ိဳးေနသူတစ္ေယာက္ ျဖစ္ေနလို႔ပါ။

သူစိုက္ပ်ိဳးလာတဲ့ အရိပ္ရပင္ေတြဟာ အခုဆို အပင္ ၂၃၀၀ေက်ာ္ရွိလာၿပီျဖစ္ၿပီး ေနာင္ငါးႏွစ္အၾကာမွာေတာ့ သစ္ပင္ႀကီးေတြရဲ႕ အက်ိဳးေက်းဇူးေတြကို ေရနံေခ်ာင္းကေဒသခံေတြနဲ႔ ေက်းငွက္ေတြ စတင္ခံစားရေတာ့မွာျဖစ္လို႔ သူကပီတိျဖစ္လို႔ေနပါတယ္။တစ္ ကိုယ္ေတာ္ သစ္ပင္စိုက္ပ်ိဳးသူျဖစ္လာရတဲ့ အေၾကာင္းအရင္းက မေကြးၿမိဳ႕ကေန ယခင္အလုပ္လုပ္ကိုင္ရာ ေရနံေခ်ာင္းကို ဆိုင္ကယ္နဲ႔လာရတိုင္း သစ္ပင္ေတြကင္းမဲ့ေနတဲ့ ၿမိဳ႕ေရွာင္လမ္းကို ျဖတ္သန္းသြားရတဲ့အခါ ပူျပင္းလွတဲ့ဒဏ္ကို ခံစားခဲ့ရလို႔ပါပဲ။

၁၄ကီလိုမီတာ(ရွစ္မိုင္ေက်ာ္) ရွည္လ်ားတဲ့ ေရနံေခ်ာင္း ၊ ၿမိဳ႕ေရွာင္လမ္းတစ္ေလ်ာက္မွာ အရိပ္ရပင္ဆိုလို႔ ထ ေနာင္းပင္ သုံးေလးပင္သာရွိပါတယ္။ဒါေၾကာင့္ လြန္ခဲ့တဲ့ငါးႏွစ္ကစလို႔ သူ႔ကိုယ္ပိုင္ဝင္ေငြနဲ႔ပဲ အပင္အ နည္းငယ္ စိုက္ပ်ိဳးခဲ့ရာကေန အစျပဳခဲ့တာျဖစ္ပါတယ္။“မေကြးနဲ႔ ေရနံေခ်ာင္းကို ဆိုင္ကယ္နဲ႔ အသြားအျပန္လုပ္ေနေတာ့ ဒီလမ္းေပၚမွာ အရိပ္ရပင္လိုအပ္ေနတယ္ဆိုတာ သူမ်ားေတြထက္ ပိုသတိထားမိတယ္။

သီးပင္စားပင္လည္းမရွိ၊သစ္ပင္လည္းမရွိေတာ့ေနာက္ ဆုံးငွက္သံေတာင္ မၾကားရေတာ့ဘူး” လို႔ ကိုဒင္းဂါးကေျပာပါတယ္။အပင္မရွိတဲ့ ေတာင္ကုန္းေတြေပၚမွာ ေတာအုပ္ျဖစ္လာတဲ့အထိ သစ္ပင္ေတြ ျပဳစုပ်ိဳးေထာင္ဖို႔ တြန္းအားျဖစ္လာေစတာက ေခ်ာက္ၿမိဳ႕နယ္က ေအာင္မဂၤလာဆရာေတာ္ေၾကာင့္လည္း ျဖစ္ပါတယ္။ေအာင္မဂၤလာဆရာေတာ္ဟာ ပူျပင္းေျခာက္ကပ္ေနတဲ့ ေခ်ာက္ၿမိဳ႕နယ္က ေတာင္ကုန္းေတြကို ေတာအုပ္သ ဖြယ္ စိမ္းစိုလာေအာင္ သစ္ပင္ေတြစိုက္ပ်ိဳးရင္း ေတာင္ ကုန္းေတြကို ကႏၵာရရဲ႕ အိုေအစစ္ျဖစ္လာဖို႔ ႀကိဳးစားေနတာ ျဖစ္ပါတယ္။

ဆရာေတာ္ကို အားက်ၿပီး ကိုဒင္းဂါးလည္းပဲ သူ႔ဇာတိျဖစ္တဲ့ ဂ်ဳပၸင္႐ြာကေန သုံးကီလိုမီတာေလာက္ေဝးတဲ့ ေရနံေခ်ာင္းၿမိဳ႕ေရွာင္လမ္းအဝင္ ဗိုလ္တစ္ေထာင္ ဘုန္းႀကီးေက်ာင္းတစ္ဖက္က ေတာင္ကုန္းေတြေပၚမွာ အရိပ္ၾသဝါသေကာင္းေကာင္းေပးမယ့္ တမာပင္၊ ေညာင္ပင္၊ ေညာင္ေျခေထာက္၊ ကုကၠိဳပင္၊ ပိေတာက္နဲ႔ ေဖ်ာက္ဆိတ္ပင္ေတြကို စိုက္ပ်ိဳးလာခဲ့တာ အခုခ်ိန္မွာ အပင္ေပါင္း၂၀၀၀ေက်ာ္ စိုက္ပ်ိဳးၿပီး ျဖစ္ပါတယ္။

စစိုက္ခါစက တစ္ခါစိုက္ပ်ိဳးလ်င္ ၁၀ပင္၊ ၁၅ပင္သာ စိုက္ပ်ိဳးႏိုင္ခဲ့ေပမယ့္ ၂၀၂၂ခုႏွစ္မွာေတာ့ တစ္ႏိုင္ငံလုံးက အလႈရွင္ေတြရဲ႕ လႈဒါန္းမႈနဲ႔ အပင္၂၀၀၀ေက်ာ္ထိ စိုက္ပ်ိဳးႏိုင္ခဲ့ပါတယ္။“ပထမပိုင္းမွာေတာ့ အပင္ငယ္ေလးေတြစိုက္ေတာ့ ဆိတ္နဲ႔ႏြားစားတာနဲ႔ အပင္ေတြမရွင္ခဲ့ဘူး။ အခုေနာက္ပိုင္းေတာ့ အေတာ္ေလး အေတြ႕အႀကဳံရခဲ့ပါတယ္။

စိုက္တဲ့အပင္အေရအတြက္မ်ားဖို႔ထက္ ရွင္မယ့္အပင္ကိုပဲ ေ႐ြးခ်ယ္ စိုက္ေတာ့တယ္။ အလႈရွင္တစ္ေယာက္က ၂၀၀၀၀က်ပ္လႈရင္၊ ကြၽန္ေတာ္က ေျခာက္ေပေလာက္ျမင့္တဲ့ ေညာင္ေျခေထာက္ သုံးႏွစ္သားပ်ိဳးပင္တစ္ပင္ ဝယ္စိုက္လိုက္တယ္။အမ်ားႀကီးစိုက္ၿပီး အမ်ားႀကီးေသသြားမွာထက္ တစ္ပင္စိုက္ၿပီး တစ္ပင္ရွင္ေအာင္ပဲ ကြၽန္ေတာ္ခုရာသီကစလို႔ လုပ္ေနပါတယ္” လို႔ ကိုဒင္းဂါးက ေျပာပါတယ္။

အရိပ္ရပင္ေတြထဲမွာ ေညာင္ေျခေထာက္ပင္ကို အမ်ားဆုံးစိုက္ပ်ိဳးျဖစ္ၿပီး သူ႔မွာ အားသာခ်က္ေတြအမ်ားႀကီးရွိလို႔ပဲ ျဖစ္ပါတယ္။လူေတြကသာမဖ်က္ဆီးရင္ ေညာင္ေျခေထာက္ သက္တမ္းကႏွစ္ေပါင္း ရာေထာင္ခ်ီ ရွည္ႏိုင္ၿပီးသစ္ပင္ေတြထဲမွာ အရိပ္အေကာင္းဆုံးအပင္ ျဖစ္ပါတယ္။ေညာင္ေျခေထာက္အသီးကို ေက်းငွက္ေတြကလည္း ႀကိဳက္ႏွစ္သက္ၾကပါတယ္။ကိုဒင္းဂါးဟာ စက္မႈလက္မႈသိပၸံေက်ာင္းဆင္းတစ္ဦးျဖစ္ၿပီး သစ္ပင္စိုက္ပ်ိဳးတာကို ဝါသနာပါသူတစ္ေယာက္ ျဖစ္ပါတယ္။

၂၀၀၉ ခုႏွစ္ေလာက္ကတည္းက ပုပၸါးေတာင္မႀကီးနဲ႔ က်ိဳက္ထီး႐ိုးေတာင္ကို တက္တဲ့အခါတိုင္း သစ္ပင္မ်ိဳးေစ့ေတြယူသြားၿပီး ေတာင္ေပၚကေနက်ဲခ်ၿပီး ပတ္ဝန္းက်င္ စိမ္းလန္းစိုေျပဖို႔ ႀကိဳးစားေနသူလည္း ျဖစ္ပါတယ္။ကိုဒင္းဂါးဟာ မေကြးမွာေနထိုင္ၿပီး အိမ္ကေန ေရနံေခ်ာင္းကို ဆိုက္ကယ္တစ္စီးနဲ႔ ေန႔တိုင္းသြားၿပီး အပင္ေတြကို စိုက္ပ်ိဳးျပဳစုေနတာျဖစ္ပါတယ္။ အသြားအျပန္မိုင္၈၀ခန႔္ေဝးတဲ့ခရီးကို ေန႔စဥ္သြားလာ စိုက္ပ်ိဳးေနတာျဖစ္ပါတယ္။

ေရနံေခ်ာင္းလမ္းခရီးတေလ်ာက္ ေရခ်မ္းစင္၁၉လုံးခန႔္ကိုလည္း အလႈရွင္ေတြရဲ႕အလႈေငြနဲ႔ ေဆာက္လုပ္ႏိုင္ခဲ့ၿပီး ေရအိုးထဲမွာ ေရရွိမရွိ ေန႔စဥ္စစ္ေဆးၾကည့္ရႈရတာလည္း သူႏွစ္သက္တဲ့ အလုပ္တစ္ခုပါပဲ။ခရီးသည္ေတြအတြက္ နားခိုစရာ ဇရပ္ေတြကိုလည္း ေဆာက္ လုပ္ထားၿပီးေတာမီးေလာင္တဲ့အခါဇရပ္နဲ႔လြတ္ေအာင္ ပတ္ဝန္းက်င္ ျမတ္ရွင္းရတဲ့အလုပ္ကိုလည္း လုပ္ကိုင္ရပါေသးတယ္။

ႏြားေသာက္ဖို႔ေရကန္၂၀ေက်ာ္ကိုလည္း ေရမရွိတဲ့ေက်း႐ြာေတြမွာ တူးထားၿပီး အလႈရွင္ေတြရဲ႕ေငြေၾကးနဲ႔ပဲ ေရကားဝယ္ၿပီး ေရျဖည့္ေပးရပါတယ္။“ေရတစ္ခါျဖည့္ထားရင္ တစ္ခ်ိဳ႕ကန္ေတြက ၁၀ရက္ေလာက္ခံတယ္။ တစ္ခ်ိဳ႕ကန္ေတြကလည္း ေလးရက္ေလာက္ပဲခံတယ္။ ႏြားအေကာင္မ်ားတဲ့ကန္က ျမန္ျမန္ကုန္တာပဲ။ကြၽန္ေတာ္ဒါေတြ လုပ္ေနတဲ့အတြက္ အၿမဲတမ္းကု သိုလ္ေတြ ျမင္ေနရပါတယ္” လို႔ သူကေျပာပါတယ္။

သူစိုက္ပ်ိဳးထားတဲ့အပင္ေတြက ေနာင္ငါးႏွစ္ေရာက္ရင္ အရိပ္လည္းေပးေတာ့မွာျဖစ္သလို ေညာင္ပင္နဲ႔ မယ္ဇယ္ပင္ေတြက အသီးေတြက ငွက္ေတြအတြက္ အစာ ေရစာလည္း ျဖစ္ေတာ့မွာပါ။အဲဒီအခါက်ရင္ ေရနံေခ်ာင္းၿမိဳ႕ခံေတြနဲ႔ သားငွက္၊ တိရစာၦန္ေတြအတြက္ စိမ္းလန္းတဲ့ေဒသသစ္တစ္ခု ေမြးဖြားလာဦးမွာ ျဖစ္ပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*