
ဘက်ထရီကိုအသုံးပြုပြီး နှစ်နာရီကျော်ကြာသွားလာနိုင်သည့် ဒိုင်နိုဆောစက်ရုပ်ကို မြန်မာတစ်ဦး ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြုလုပ်ခဲ့သူမှာ ပြင်ဦးလွင်မြို့နေ ကိုအောင်ကျော်လှိုင်ဆိုသူဖြစ်ပြီး အရုပ်ပြုလုပ်ချိန်မှာ နှစ်လ ကျော်ကြာမြင့်ခဲ့ကြောင်း ကိုအောင်ကျော်လှိုင်က ပြောကြားသည်။
“ လျှပ်စစ်မီးကမလာတော့ နှစ်လ ကျော်လောက်ကြာသွားတာ။ လုပ်နေတဲ့အချိန်တုန်းက မီးက တခါတလေ တစ်ရက်လုံး မလာတဲ့နေ့တွေရှိတယ်။ အဲ့ဒါကြောင့် ကြာသွားတာ။ ပြီးတော့ တချို့ နိုင်ငံခြားမှာ ပြုလုပ်ထားတာတွေလည်းရှိတယ်။ အဲဒီမှာက ခြေထောက်အကျက စီးတဲ့သူတွေအတွက် မညင်သာဘူး။ အဲ့ဒါကို ကျွန်တော်က စီးတဲ့ကလေးတွေလည်း အန္တရာယ်မဖြစ်အောင် လုပ်ရတာပေါ့” ဟု ကိုအောင်ကျော်လှိုင်က ပြောကြားသည်။
အဆိုပါအရုပ်ကို ပြုလုပ်ရာတွင် ပစ္စည်းဖိုး ကျပ် ၁၅ သိန်းခန့်ကုန်ကျခဲ့ကြောင်း၊ ဘက်ထရီကို အသုံးပြုထားပြီး အားအပြည့်ရှိပါက နှစ်နာရီအထိ စီးနင်းနိုင်ကြောင်း၊ အဆိုပါအရုပ်အား ပြင်ဦးလွင်ရှိ ဒိုင်နိုဆောဥယျာဉ်တွင် ထားရှိမည်ဖြစ်ကြောင်း သိရသည်။
“ မိတ်ဆွေတစ်ယောက်က အဲ့ဒီလိုအရုပ်မျိုးလုပ်နိုင်လားဆိုပြီး မေးတာနဲ့ လုပ်ဖြစ်သွားတာ” ဟု ကိုအောင်ကျော်လှိုင်က ပြောကြားသည်။ကိုအောင်ကျော်လှိုင်မှာ ယခင်က မန္တလေးမြို့ရှိ မော်တော်ယာဉ်ထုတ်လုပ်သည့်လုပ်ငန်းတွင် လုပ်ကိုင် ခဲ့ဖူးသူဖြစ်ပြီး လက်ရှိတွင် စတီးလ်လုပ်ငန်းကို လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။
မျိုးတုန်းပျောက်ကွယ်သွားသည့် ဒိုင်နိုဆောအမျိုးအစားထဲတွင် ပါဝင်သည့် ထရီကာတော့ သတ္တဝါ ပုံစံအတိုင်း ဘက်ထရီကိုအသုံးပြုကာ စက်ရုပ်ကို ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Credit
Zawgyi
ဘက္ထရီကိုအသုံးျပဳၿပီး ႏွစ္နာရီေက်ာ္ၾကာသြားလာႏိုင္သည့္ ဒိုင္ႏိုေဆာစက္႐ုပ္ကို ျမန္မာတစ္ဦး ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။
ျပဳလုပ္ခဲ့သူမွာ ျပင္ဦးလြင္ၿမိဳ႕ေန ကိုေအာင္ေက်ာ္လႈိင္ဆိုသူျဖစ္ၿပီး အ႐ုပ္ျပဳလုပ္ခ်ိန္မွာ ႏွစ္လ ေက်ာ္ၾကာျမင့္ခဲ့ေၾကာင္း ကိုေအာင္ေက်ာ္လႈိင္က ေျပာၾကားသည္။
“ လွ်ပ္စစ္မီးကမလာေတာ့ ႏွစ္လ ေက်ာ္ေလာက္ၾကာသြားတာ။ လုပ္ေနတဲ့အခ်ိန္တုန္းက မီးက တခါတေလ တစ္ရက္လုံး မလာတဲ့ေန႔ေတြရွိတယ္။ အဲ့ဒါေၾကာင့္ ၾကာသြားတာ။ ၿပီးေတာ့ တခ်ိဳ႕ ႏိုင္ငံျခားမွာ ျပဳလုပ္ထားတာေတြလည္းရွိတယ္။ အဲဒီမွာက ေျခေထာက္အက်က စီးတဲ့သူေတြအတြက္ မညင္သာဘူး။ အဲ့ဒါကို ကြၽန္ေတာ္က စီးတဲ့ကေလးေတြလည္း အႏၲရာယ္မျဖစ္ေအာင္ လုပ္ရတာေပါ့” ဟု ကိုေအာင္ေက်ာ္လႈိင္က ေျပာၾကားသည္။
အဆိုပါအ႐ုပ္ကို ျပဳလုပ္ရာတြင္ ပစၥည္းဖိုး က်ပ္ ၁၅ သိန္းခန႔္ကုန္က်ခဲ့ေၾကာင္း၊ ဘက္ထရီကို အသုံးျပဳထားၿပီး အားအျပည့္ရွိပါက ႏွစ္နာရီအထိ စီးနင္းႏိုင္ေၾကာင္း၊ အဆိုပါအ႐ုပ္အား ျပင္ဦးလြင္ရွိ ဒိုင္ႏိုေဆာဥယ်ာဥ္တြင္ ထားရွိမည္ျဖစ္ေၾကာင္း သိရသည္။
“ မိတ္ေဆြတစ္ေယာက္က အဲ့ဒီလိုအ႐ုပ္မ်ိဳးလုပ္ႏိုင္လားဆိုၿပီး ေမးတာနဲ႔ လုပ္ျဖစ္သြားတာ” ဟု ကိုေအာင္ေက်ာ္လႈိင္က ေျပာၾကားသည္။ကိုေအာင္ေက်ာ္လႈိင္မွာ ယခင္က မႏၲေလးၿမိဳ႕ရွိ ေမာ္ေတာ္ယာဥ္ထုတ္လုပ္သည့္လုပ္ငန္းတြင္ လုပ္ကိုင္ ခဲ့ဖူးသူျဖစ္ၿပီး လက္ရွိတြင္ စတီးလ္လုပ္ငန္းကို လုပ္ကိုင္လ်က္ရွိေၾကာင္း သိရသည္။
မ်ိဳးတုန္းေပ်ာက္ကြယ္သြားသည့္ ဒိုင္ႏိုေဆာအမ်ိဳးအစားထဲတြင္ ပါဝင္သည့္ ထရီကာေတာ့ သတၱဝါ ပုံစံအတိုင္း ဘက္ထရီကိုအသုံးျပဳကာ စက္႐ုပ္ကို ျပဳလုပ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
Credit
Leave a Reply