
ဆရာကြီးစန္ဒြဆိုတာက မြန်မာပြည်ရဲ့ဗေဒင်နဲ့ လက္ခဏာပညာမှာ နိုင်ငံ့ခေါင်းဆောင်တွေ၊ သူဌေးတွေ၊ရုပ်ရှင်လောကသားတွေနဲ့ ပြည်သူတွေပါ လေးစား ဂုဏ်ပြုခြင်း ခံရတဲ့ တကယ့်
ပါရမီရှင်ပုဂ္ဂိုလ်တစ်ဦးပါ။ ဘယ်အသက်ရွယ်မှာ သေမယ်… ဘယ်အချိန်မှာ ဘာဖြစ်မယ်… ဘယ်အချိန်မှာ အောင်မြင်မယ်… ဘယ်အချိန်မှာ ပြည်ပကို ခရီးထွက်ရမယ်…ဆိုတာက
အစ အတတ်ဟောနိုင်တဲ့အအောင်မြင်ဆုံး မြန်မာ့ လက္ခဏာ ဗေဒင်ပညာရှင်ပါ။ ဒါပေမဲ့ သူ့ဟောခန်းမှာ “ရဟန်း သာမဏေများနဲ့ သီလရှင်များအား မဟောပါ” ဆိုပြီး ဆိုင်းဘုတ်
ချိတ်ထားသတဲ့။ ဒါနဲ့ ပတ်သက်ပြီး ဆရာစန္ဒြကို မေးမြန်းကြည့်တဲ့အခါ…တပည့်တော်က ရဟန်း သာမဏေများနဲ့ သီလရှင်များကို မကောင်းတဲ့ အတိတ် နိမိတ် မြင်လို့ ကြိုတင်နိမိတ်
ဖတ် ဟောတဲ့အခါ ..လွဲတာက များတယ်။ ရဟန်း သံဃာများဟာ..နေ့စဉ်အမြဲ ဘုရားကို သောက်တော်ရေ၊ ပန်းတော်၊ ဆွမ်းတော်စတဲ့ဘုရား ဝေယျာဝစ္စ..၊ ပရိတ် ပဋ္ဌာန်း ရွတ်ဖတ်
ပူဇော်တဲ့ ဓမ္မာနုဿတိ..၊ကျောင်း အိပ်ရာနေရာ တံမြက်လှည်းခြင်းစတဲ့ကုသိုလ်ကိစ္စတွေကို.. နေ့စဉ်မပြတ် ပြုလုပ်ကြတာ များတော့ နောင်ဖြစ်လာမဲ့ မကောင်းတဲ့ အတိတ် နိမိတ်တွေ
ဟာ မဖြစ်နိုင်ကြတော့ဘူး။ ကုသိုလ် စရဏတရားတွေ မပြတ်ပြုလုပ်နေသူတွေကို သူ ဟောရင် လွဲတာက များတယ်.. တဲ့။ ဒါကြောင့်.. ရဟန်း သံဃာများနဲ့ သီလရှင်များကို
တပည့်တော် ဗေဒင် မဟောခြင်းပါလို့.. ဆိုပါတယ်။ ဆရာကြီးဟာ… သူ့အသက် (၇၂)နှစ်မှာသေမယ်လို့..သူ့ပညာအရ သိတဲ့အခါ ဗေဒင် လက္ခဏာပညာကို ခဏ ရပ်နားကာ
ဆရာတော်ကြီးတွေရဲ့ အဆုံးအမကို ခံယူပြီး အညာဘက်ကိုသွား၊ နွားတွေဝယ်.. ဘေးမဲ့လွှတ်၊ ရေရှားတဲ့ ဒေသတွေမှာ ရေတွင်း ရေကန်တွေ တူး ..လှူ ..စတဲ့ ကုသိုလ်တွေကို
ပြုလုပ်ခဲ့ပါတယ်။ အသက် (၇၂)နှစ်မှာ မသေခဲ့တဲ့အတွက် သူ့ပညာတွေကို အပြီးအပိုင် စွန့်လွှတ်ပြီး ရဟန်းဝတ်ပါတယ်။ ရဟန်းဘဝနဲ့.. ဗုဒ္ဓတရားတော်များက လူတစ်ယောက်
ရဲ့ကံဇာတာကို ပြောင်းလဲ ပေးနိုင်ကြောင်း ဆောင်းပါးများကို ရေးသားခဲ့ပါတယ်။အသက်(၈၃)နှစ်မှ ရွှေပြည်သာက ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းမှာ လူကြီးရောဂါနဲ့ပျံလွန်တော်မူခဲ့ပါတယ်။
ဆရာကြီးရဲ့ဘဝအတွေ့အကြုံ သင်ခန်းစာတွေကို ကြည့်ခြင်းအားဖြင့် ကုသိုလ် အလုပ်တွေကို စဉ်ဆက်မပြတ် ပြုလုပ်နေသူတို့အဖို့ ကံဆိုး ကံညံ့တွေ
မကျရောက်နိုင်ဘူး။ မကောင်းတဲ့ အတိတ်တွေ နိမိတ်တွေဟာအကောင်းဘက်ကို ရောက်ရှိသွားနိုင်တယ်ဆိုတာ တွေ့ရပါတယ်။ ဒါ့ကြောင့်… ကိုယ့်ဘဝမှာ မကောင်းတဲ့ အတိုက်
အခိုက်တွေ ကြုံလာလို့ပဲ ဖြစ်ဖြစ်၊ အလုပ်အကိုင် အဆင်မပြေလို့ဘဲ ဖြစ်ဖြစ်၊ ဗေဒင်က ကိုယ့်ကို ကံဆိုးကံညံ့နေတယ်လို့ပြောရင်ပဲ ဖြစ်ဖြစ်၊ အဆင်မပြေမှုတွေ ကြုံလာတိုင်း.. ဘုရား
ဝေယျာဝစ္စတွေ ၊ပရိတ် ပဌာန်းရွတ်တာတွေ၊ရေအလှူ ၊ ဆေးအလှူ၊ လမ်းအလှူ စတဲ့ကုသိုလ်တွေကိုသာ အတတ်နိုင်ဆုံး စွဲစွဲမြဲမြဲ ကြိုးစားအားထုတ်လိုက်ပါ။ ဒါဟာ…ယတြာထက်
ကောင်းတဲ့ ဘုရားပေးတဲ့ ယတြာပါပဲ။ဖတ်ရှု့အားပေးကြသော ပရိသတ်ကြီး တစ်ဉီးချင်း တစ်ယောက်ချင်းစီတိုင်းအား ကျေးဇူး အထူးတင်ရှိပါသည်။စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်
းမာခြင်းတို့ဖြင့် ပြည့်စုံကာ မြန်မာပြည်သူပြည်သားများ လိုလားတောင့်တသော နေ့ရက်များ အမြန်ရောက်ရှိ ပိုင်ဆိုင်နိုင်ကြပါစေ။မြန်မာပြည်ကြီးလည်းရွှင်လန်း ချမ်းမြေ့ပါစေဗျ။ပြည်
သူများအားလုံးပဲ ရွှင်လန်းချမ်းမြေ့ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်
Crd
Zawgyi
ဆရာႀကီးစျႏၵဆိုတာက ျမန္မာျပည္ရဲ႕ေဗဒင္နဲ႔ လကၡဏာပညာမွာ ႏိုင္ငံ့ေခါင္းေဆာင္ေတြ၊ သူေဌးေတြ၊႐ုပ္ရွင္ေလာကသားေတြနဲ႔ ျပည္သူေတြပါ ေလးစား ဂုဏ္ျပဳျခင္း ခံရတဲ့ တကယ့္
ပါရမီရွင္ပုဂၢိဳလ္တစ္ဦးပါ။ ဘယ္အသက္႐ြယ္မွာ ေသမယ္… ဘယ္အခ်ိန္မွာ ဘာျဖစ္မယ္… ဘယ္အခ်ိန္မွာ ေအာင္ျမင္မယ္… ဘယ္အခ်ိန္မွာ ျပည္ပကို ခရီးထြက္ရမယ္…ဆိုတာက
အစ အတတ္ေဟာႏိုင္တဲ့အေအာင္ျမင္ဆုံး ျမန္မာ့ လကၡဏာ ေဗဒင္ပညာရွင္ပါ။ ဒါေပမဲ့ သူ႔ေဟာခန္းမွာ “ရဟန္း သာမေဏမ်ားနဲ႔ သီလရွင္မ်ားအား မေဟာပါ” ဆိုၿပီး ဆိုင္းဘုတ္
ခ်ိတ္ထားသတဲ့။ ဒါနဲ႔ ပတ္သက္ၿပီး ဆရာစျႏၵကို ေမးျမန္းၾကည့္တဲ့အခါ…တပည့္ေတာ္က ရဟန္း သာမေဏမ်ားနဲ႔ သီလရွင္မ်ားကို မေကာင္းတဲ့ အတိတ္ နိမိတ္ ျမင္လို႔ ႀကိဳတင္နိမိတ္
ဖတ္ ေဟာတဲ့အခါ ..လြဲတာက မ်ားတယ္။ ရဟန္း သံဃာမ်ားဟာ..ေန႔စဥ္အၿမဲ ဘုရားကို ေသာက္ေတာ္ေရ၊ ပန္းေတာ္၊ ဆြမ္းေတာ္စတဲ့ဘုရား ေဝယ်ာဝစၥ..၊ ပရိတ္ ပ႒ာန္း ႐ြတ္ဖတ္
ပူေဇာ္တဲ့ ဓမၼာႏုႆတိ..၊ေက်ာင္း အိပ္ရာေနရာ တံျမက္လွည္းျခင္းစတဲ့ကုသိုလ္ကိစၥေတြကို.. ေန႔စဥ္မျပတ္ ျပဳလုပ္ၾကတာ မ်ားေတာ့ ေနာင္ျဖစ္လာမဲ့ မေကာင္းတဲ့ အတိတ္ နိမိတ္ေတြ
ဟာ မျဖစ္ႏိုင္ၾကေတာ့ဘူး။ ကုသိုလ္ စရဏတရားေတြ မျပတ္ျပဳလုပ္ေနသူေတြကို သူ ေဟာရင္ လြဲတာက မ်ားတယ္.. တဲ့။ ဒါေၾကာင့္.. ရဟန္း သံဃာမ်ားနဲ႔ သီလရွင္မ်ားကို
တပည့္ေတာ္ ေဗဒင္ မေဟာျခင္းပါလို႔.. ဆိုပါတယ္။ ဆရာႀကီးဟာ… သူ႔အသက္ (၇၂)ႏွစ္မွာေသမယ္လို႔..သူ႔ပညာအရ သိတဲ့အခါ ေဗဒင္ လကၡဏာပညာကို ခဏ ရပ္နားကာ
ဆရာေတာ္ႀကီးေတြရဲ႕ အဆုံးအမကို ခံယူၿပီး အညာဘက္ကိုသြား၊ ႏြားေတြဝယ္.. ေဘးမဲ့လႊတ္၊ ေရရွားတဲ့ ေဒသေတြမွာ ေရတြင္း ေရကန္ေတြ တူး ..လႉ ..စတဲ့ ကုသိုလ္ေတြကို
ျပဳလုပ္ခဲ့ပါတယ္။ အသက္ (၇၂)ႏွစ္မွာ မေသခဲ့တဲ့အတြက္ သူ႔ပညာေတြကို အၿပီးအပိုင္ စြန႔္လႊတ္ၿပီး ရဟန္းဝတ္ပါတယ္။ ရဟန္းဘဝနဲ႔.. ဗုဒၶတရားေတာ္မ်ားက လူတစ္ေယာက္
ရဲ႕ကံဇာတာကို ေျပာင္းလဲ ေပးႏိုင္ေၾကာင္း ေဆာင္းပါးမ်ားကို ေရးသားခဲ့ပါတယ္။အသက္(၈၃)ႏွစ္မွ ေ႐ႊျပည္သာက ဘုန္းေတာ္ႀကီးေက်ာင္းတစ္ေက်ာင္းမွာ လူႀကီးေရာဂါနဲ႔ပ်ံလြန္ေတာ္မူခဲ့ပါတယ္။
ဆရာႀကီးရဲ႕ဘဝအေတြ႕အႀကဳံ သင္ခန္းစာေတြကို ၾကည့္ျခင္းအားျဖင့္ ကုသိုလ္ အလုပ္ေတြကို စဥ္ဆက္မျပတ္ ျပဳလုပ္ေနသူတို႔အဖို႔ ကံဆိုး ကံညံ့ေတြ
မက်ေရာက္ႏိုင္ဘူး။ မေကာင္းတဲ့ အတိတ္ေတြ နိမိတ္ေတြဟာအေကာင္းဘက္ကို ေရာက္ရွိသြားႏိုင္တယ္ဆိုတာ ေတြ႕ရပါတယ္။ ဒါ့ေၾကာင့္… ကိုယ့္ဘဝမွာ မေကာင္းတဲ့ အတိုက္
အခိုက္ေတြ ႀကဳံလာလို႔ပဲ ျဖစ္ျဖစ္၊ အလုပ္အကိုင္ အဆင္မေျပလို႔ဘဲ ျဖစ္ျဖစ္၊ ေဗဒင္က ကိုယ့္ကို ကံဆိုးကံညံ့ေနတယ္လို႔ေျပာရင္ပဲ ျဖစ္ျဖစ္၊ အဆင္မေျပမႈေတြ ႀကဳံလာတိုင္း.. ဘုရား
ေဝယ်ာဝစၥေတြ ၊ပရိတ္ ပဌာန္း႐ြတ္တာေတြ၊ေရအလႉ ၊ ေဆးအလႉ၊ လမ္းအလႉ စတဲ့ကုသိုလ္ေတြကိုသာ အတတ္ႏိုင္ဆုံး စြဲစြဲၿမဲၿမဲ ႀကိဳးစားအားထုတ္လိုက္ပါ။ ဒါဟာ…ယၾတာထက္
ေကာင္းတဲ့ ဘုရားေပးတဲ့ ယၾတာပါပဲ။ဖတ္ရႈ႕အားေပးၾကေသာ ပရိသတ္ႀကီး တစ္ဉီးခ်င္း တစ္ေယာက္ခ်င္းစီတိုင္းအား ေက်းဇူး အထူးတင္ရွိပါသည္။စိတ္၏ခ်မ္းသာျခင္း ကိုယ္၏က်န္
းမာျခင္းတို႔ျဖင့္ ျပည့္စုံကာ ျမန္မာျပည္သူျပည္သားမ်ား လိုလားေတာင့္တေသာ ေန႔ရက္မ်ား အျမန္ေရာက္ရွိ ပိုင္ဆိုင္ႏိုင္ၾကပါေစ။ျမန္မာျပည္ႀကီးလည္း႐ႊင္လန္း ခ်မ္းေျမ့ပါေစဗ်။ျပည္
သူမ်ားအားလုံးပဲ ႐ႊင္လန္းခ်မ္းေျမ့ၾကပါေစလို႔ ဆုမြန္ေကာင္းေတာင္းေပးလိုက္ပါတယ္ေနာ္
Crd
Leave a Reply