
သန်လျင်မြို့ သီလဝါ Zone B ရှိ ဖိုင်းလိုင်း ကျောပိုးအိတ်စက်ရုံ၌ ညနေ့ ၃နာရီခန့်က ပရိတ်တရားနာဖို့စီစဉ်ရင်းနဲ့ သရဲပူးသကဲ့သို့ ဖြစ်စဉ်မျိုး ဖြစ်ပွားတယ်လို့ သိရပါတယ်။
“စက်ရုံကတော့အသစ်ပါ မကြာမသေးခင်ကမှ စက်ရုံအသစ်ဖွင့်လူခေါ်နေတာပါ။ မနက်ဖြန် ပရိတ်တရားနာဖို့စီစဉ်ရင်းနဲ့ ဝန်ထမ်းတွေကို သရဲဝင်ပူးတာပါ။ တယောက်ပြီး တယောက်ဝင်ပူးကုန်ကြတာပါ။ စက်ရုံထဲမှာကြိတ်ပြီး လုပ်နေရင်းနဲ့မှ မနိုင်တော့မှ စစ်တပ်ကိုအကြောင်းကြားလိုက်ကြတာပါ။
အခုသတင်းကို အတင်းလိုက်ဖုံးနေတယ် မီဒီယာတွေကိုမပြောရဘူး ဖေ့ဘုတ် ပေါ်မတင်ရဘူးဆိုပြီး၊ အခုဝန်ထမ်းတွေကို တစ်ယောက်မှအိမ်ပေးမပြန်ပါဘူး” ဟု Zone B ရှိပြည်သူ့တစ်ဦးမှပြောပါတယ်။
သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ သီလဝါ ပြည်တွင်းစက်မှုဇုန်ရှိ စက်ရုံ(၁)ရုံတွင် အမျိုးသမီး (၅၀) ဦးခန့် သရဲဝင်ပူးသည်ဟူသော သတင်းမှာ သတင်းမှား ဖြစ်ပါကြောင်း ရန်ကုန်တိုင်းအစိုးရက ထုတ်ပြန်လိုက်တယ်လို့ သိရပါတယ်။
ဖြစ်စဉ်မှာ သီလဝါပြည်တွင်းစက်မှုဇုန်၊ မြေကွက်အမှတ် (၁၀၇)၊ ဖိုင်းလိုင်း အိတ်စက်ရုံတွင် ယနေ့ မတ်လ ၁ ရက် ညနေပိုင်းက အောက်ပါအတိုင်း ဖြစ်စဉ်ဖြစ်ပွားခဲ့ခြင်းကို သတင်းမှားများ ထုတ်လွှင့်ကြခြင်း ဖြစ်ကြောင်းလည်း အဆိုပါ ထုတ်ပြန်ချက်မှာ ပြောထားခဲ့ပါတယ်။
အမျိုးသမီးအလုပ်သမား (၁) ဦးမှာ နေမကောင်းဖြစ်၍ ဆေးခန်းသွားပြခဲ့ကြောင်း၊ဆေးခန်းမှ ပြန်လာပြီး ခေတ္တနားနေစဉ် ဝက်ရူးပြန်သကဲ့သို့ ဂယောင်ဂတမ်း ထယောင်ရာ ဘေးမှ အမျိုးသမီး (၂)ဦးကပါ လန့်၍ ကတုန်ကရင် ဖြစ်သွားကြောင်း၊
၎င်းတို့ (၃)ဦးအား ဘေးမှ အလုပ်သမားများမှ နှိပ်နယ်ခြင်း၊ ယပ်ခတ်ပေးခြင်း၊ ရေတိုက်ခြင်းများ ဆောင်ရွက်ခဲ့ရာ သတိပြန်လည် လာကြောင်း၊၎င်းတို့ (၃) ဦးမှာ လန့်နေကြသဖြင့် စိတ်ရှင်းစေရန် ဘုန်းကြီး (၃)ပါးပင့်၍ ပရိတ်ရွတ်ဖတ်ပေးခဲ့ရာ ထူးခြားမှု မရှိခဲ့ကြောင်း၊
၎င်းတို့(၃)ဦး အပါအဝင် အလုပ်သမား အားလုံးမှာလည်း အလုပ်ဆင်းချိန်တွင် အသီးသီး အိမ်ပြန် သွားကြသဖြင့် ယခုအချိန်တွင် စက်ရုံကို ပိတ်ထားကြောင်းလည်း ယင်း ထုတ်ပြန်ချက်တွင် ရေးသားထားပါတယ်။
ယခုအခါ သတင်းတုများ ပြန့်နှံ့နေသကဲ့သို့ ထူးခြားမှု မရှိခဲ့သော်လည်း အလုပ်သမားများ စိတ်ရှင်းစေရန် မတ်လ ၂ ရက်တွင်စက်ရုံ၌ ပရိတ်တရားတော်များ ထပ်မံ ရွတ်ဖတ်ပေးသွားမည် ဖြစ်ကြောင်းလည်း အစိုးရအဖွဲ့၏ သတင်းအရ သိရပါတယ်။
ထိုသို့ ထုတ်ပြန်ထားပေမယ့်လည်း စက်မှုဇုန်နဲ့ နီးစပ်တဲ့ မျက်မြင်သက်သေတွေကတော့ အယောက် (၅၀) ခန့် သရဲပူးသလို ဖြစ်နေတယ်လို့ ပြောကြပါတယ်။
ရန်ကုန်တိုင်း အစိုးရအဖွဲ့က ညတွင်းချင်း သတင်းထုတ်ပြန်တာကို ကြည့်ချင်းအားဖြင့် တခုခု ထူးခြားနေတာ ဖြစ်ကြောင်း၊ သတင်းဖုံးချင်လို့ ပြုလုပ်နေတာ ဖြစ်ကြောင်း ပြည်သူများက သုံးသပ်နေကြပါတယ်။
Credit
Zawgyi
သန္လ်င္ၿမိဳ႕ သီလဝါ Zone B ရွိ ဖိုင္းလိုင္း ေက်ာပိုးအိတ္စက္႐ုံ၌ ညေန႕ ၃နာရီခန့္က ပရိတ္တရားနာဖို႔စီစဥ္ရင္းနဲ႕ သရဲပူးသကဲ့သို႔ ျဖစ္စဥ္မ်ိဳး ျဖစ္ပြားတယ္လို႔ သိရပါတယ္။
“စက္႐ုံကေတာ့အသစ္ပါ မၾကာမေသးခင္ကမွ စက္႐ုံအသစ္ဖြင့္လူေခၚေနတာပါ။ မနက္ျဖန္ ပရိတ္တရားနာဖို႔စီစဥ္ရင္းနဲ႕ ဝန္ထမ္းေတြကို သရဲဝင္ပူးတာပါ။ တေယာက္ၿပီး တေယာက္ဝင္ပူးကုန္ၾကတာပါ။ စက္႐ုံထဲမွာႀကိတ္ၿပီး လုပ္ေနရင္းနဲ႕မွ မနိုင္ေတာ့မွ စစ္တပ္ကိုအေၾကာင္းၾကားလိုက္ၾကတာပါ။
အခုသတင္းကို အတင္းလိုက္ဖုံးေနတယ္ မီဒီယာေတြကိုမေျပာရဘူး ေဖ့ဘုတ္ ေပၚမတင္ရဘူးဆိုၿပီး၊ အခုဝန္ထမ္းေတြကို တစ္ေယာက္မွအိမ္ေပးမျပန္ပါဘူး” ဟု Zone B ရွိျပည္သူ႕တစ္ဦးမွေျပာပါတယ္။
သန္လ်င္ခရိုင္၊ ေက်ာက္တန္းၿမိဳ႕နယ္၊ သီလဝါ ျပည္တြင္းစက္မႈဇုန္ရွိ စက္႐ုံ(၁)႐ုံတြင္ အမ်ိဳးသမီး (၅၀) ဦးခန႔္ သရဲဝင္ပူးသည္ဟူေသာ သတင္းမွာ သတင္းမွား ျဖစ္ပါေၾကာင္း ရန္ကုန္တိုင္းအစိုးရက ထုတ္ျပန္လိုက္တယ္လို႔ သိရပါတယ္။
ျဖစ္စဥ္မွာ သီလဝါျပည္တြင္းစက္မႈဇုန္၊ ေျမကြက္အမွတ္ (၁၀၇)၊ ဖိုင္းလိုင္း အိတ္စက္႐ုံတြင္ ယေန႕ မတ္လ ၁ ရက္ ညေနပိုင္းက ေအာက္ပါအတိုင္း ျဖစ္စဥ္ျဖစ္ပြားခဲ့ျခင္းကို သတင္းမွားမ်ား ထုတ္လႊင့္ၾကျခင္း ျဖစ္ေၾကာင္းလည္း အဆိုပါ ထုတ္ျပန္ခ်က္မွာ ေျပာထားခဲ့ပါတယ္။
အမ်ိဳးသမီးအလုပ္သမား (၁) ဦးမွာ ေနမေကာင္းျဖစ္၍ ေဆးခန္းသြားျပခဲ့ေၾကာင္း၊ေဆးခန္းမွ ျပန္လာၿပီး ေခတၱနားေနစဥ္ ဝက္႐ူးျပန္သကဲ့သို႔ ဂေယာင္ဂတမ္း ထေယာင္ရာ ေဘးမွ အမ်ိဳးသမီး (၂)ဦးကပါ လန႔္၍ ကတုန္ကရင္ ျဖစ္သြားေၾကာင္း၊
၎တို႔ (၃)ဦးအား ေဘးမွ အလုပ္သမားမ်ားမွ ႏွိပ္နယ္ျခင္း၊ ယပ္ခတ္ေပးျခင္း၊ ေရတိုက္ျခင္းမ်ား ေဆာင္႐ြက္ခဲ့ရာ သတိျပန္လည္ လာေၾကာင္း၊၎တို႔ (၃) ဦးမွာ လန႔္ေနၾကသျဖင့္ စိတ္ရွင္းေစရန္ ဘုန္းႀကီး (၃)ပါးပင့္၍ ပရိတ္႐ြတ္ဖတ္ေပးခဲ့ရာ ထူးျခားမႈ မရွိခဲ့ေၾကာင္း၊
၎တို႔(၃)ဦး အပါအဝင္ အလုပ္သမား အားလုံးမွာလည္း အလုပ္ဆင္းခ်ိန္တြင္ အသီးသီး အိမ္ျပန္ သြားၾကသျဖင့္ ယခုအခ်ိန္တြင္ စက္႐ုံကို ပိတ္ထားေၾကာင္းလည္း ယင္း ထုတ္ျပန္ခ်က္တြင္ ေရးသားထားပါတယ္။
ယခုအခါ သတင္းတုမ်ား ျပန႔္ႏွံ႕ေနသကဲ့သို႔ ထူးျခားမႈ မရွိခဲ့ေသာ္လည္း အလုပ္သမားမ်ား စိတ္ရွင္းေစရန္ မတ္လ ၂ ရက္တြင္စက္႐ုံ၌ ပရိတ္တရားေတာ္မ်ား ထပ္မံ ႐ြတ္ဖတ္ေပးသြားမည္ ျဖစ္ေၾကာင္းလည္း အစိုးရအဖြဲ႕၏ သတင္းအရ သိရပါတယ္။
ထိုသို႔ ထုတ္ျပန္ထားေပမယ့္လည္း စက္မႈဇုန္နဲ႕ နီးစပ္တဲ့ မ်က္ျမင္သက္ေသေတြကေတာ့ အေယာက္ (၅၀) ခန႔္ သရဲပူးသလို ျဖစ္ေနတယ္လို႔ ေျပာၾကပါတယ္။
ရန္ကုန္တိုင္း အစိုးရအဖြဲ႕က ညတြင္းခ်င္း သတင္းထုတ္ျပန္တာကို ၾကည့္ခ်င္းအားျဖင့္ တခုခု ထူးျခားေနတာ ျဖစ္ေၾကာင္း၊ သတင္းဖုံးခ်င္လို႔ ျပဳလုပ္ေနတာ ျဖစ္ေၾကာင္း ျပည္သူမ်ားက သုံးသပ္ေနၾကပါတယ္။
Credit