
ကားပွဲစားတွေ ကားတစ်စီး ဝယ်ခါနီးရင်
(၁) ကာလာပျက်ကြီး၊ (၂) ကီလိုက များလိုက်တာ၊ (၃) အင်ဂျင်ပါဝါက ကွက်ပျောက်ကြီး၊ (၄) ဂရိတ်မပြည့်လိုက်တာ၊ (၅) နံပါတ်က အရည်ကြိုရတော့မယ်၊
(၆) နီနက်ကလည်းပါသေး၊ (၇) လိုင်စင်ကလည်းနီးနေပြီ၊
(၈) အင်ဂျင်ဂီယာဘောက်ကလည်း လုပ်ရဦးမယ်၊ (၉) ဘန်ဘာတွေ တံခါးတွေလည်း ဆေးပြန်လိုက်ရဦးမယ်
ကားပွဲစားတွေ ကားရောင်းမယ်ဆိုသောအခါ
(၁) ကာလာဆန်းလေး ဆက်စီ red တို့ sky blueတို့ဖြစ်ကုန်ရော၊ (၂) တစ်ခါမှ ကီလိုကတစ်သိန်းမပြည့်ဘူး(၅၀၀၀ အကုန်ခံပြီးလျှော့ထားတာ)၊
(၃) နင်းချင်တိုင်းနင်း စိတ်သွားတိုင်းကိုယ်ပါတဲ့ အင်ဂျင်ပါဝါနဲ့ကားရှယ်ကြီး၊
(၄)ကျန်းမာရေးဂရိတ်၊ (၅) နံပါတ်မစီး ကားရှယ်စီးမယ့် အစ်ကိုတွေအတွက် ရှယ်ကြီးလာပြီ၊ (၆) ခိုင်းကောင်းလွန်းလို့ လုပ်ငန်းလိုင်စင်လေး လုပ်ထားမိတာ၊
(၇) နာမည်ပေါက် စိတ်တိုင်းကျအခွန်ဆောင်ပြီးသက်တမ်းတိုးလို့ ရအောင် လိုင်စင်မဝင်ပဲထားတာ၊
(၈) အင်ဂျင် ဂီယာလှည့်ကြည့်စရာမလိုဘူး အကုန်စစ်ပြီး၊ (၉) အော်ဆေးပျက်မှာစိုးလို့ ဒီအတိုင်းထားတာ
မောင်မင်းကြီး
Zawgyi
မောင်မင်းကြီး