Visa နဲ့Passport ဘာကွာသလဲ 🤔🤔🙄🙄 .? မြန်မာနိုင်ငံသားတွေအနေနဲ့ ဘယ်နိုင်ငံတွေကို Visa Free နဲ့သွားနိုင်သလဲဆိုတာ …..

Visa နဲ့Passport ဘာကွာသလဲ .🤔🤔🙄🙄 .?

Passport ဆိုတာကို နိုင်ငံကူးလက်မှတ်ရယ်လို့ မြန်မာလို ဘာသာပြန်ကြပါတယ်.။

Passport ဆိုတဲ့ စကားလုံးလေး ဖြစ်ပေါ်လာပုံကတော့ … ဟိုးအရင်အချိန်က တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ခရီးသွားလာရေးမှာ ရေကြောင်းခရီးတစ်ခုထဲကိုသာ အသုံးပြုကြရပါတယ်..။ ( လေယာဉ်ပျံတွေမှ မပေါ်သေးတာကိုး .)

အဲဒီအခါမှာ ခရီးသည်က ရောက်တဲ့နိုင်ငံမှာ အလည်အပတ်ထွက်တဲ့အခါ သင်္ဘောဆိပ်ကမ်းကို ဖြတ်ဖို့အတွက် ဆိပ်ကမ်းဖြတ်သန်းခွင့်လက်မှတ်ကို ပြရပါတယ်.။ ဖြတ်သန်းခွင့် Pass နဲ့ ဆိပ်ကမ်း Port ဆိုတဲ့ စကားလုံးလေးတွေကတစ်ဆင့် ယနေ့နိုင်ငံတိုင်းမှာ တရားဝင် အသုံးပြုနေတဲ့ Passport ရယ်လို့ဖြစ်လာတာပါ.။

နိုင်ငံတစ်နိုင်ငံရဲ့ နိုင်ငံသားတိုင်း Passport လျှောက်ထားခွင့် ရှိပါတယ်.။ အဲဒါဆို Passport ရှိရုံနဲ့ နိုင်ငံခြားသွားလို့ရပြီလား ဆိုရင်တော့ ရပါပြီ..။ လေယာဉ်လက်မှတ်ဝယ်ပြီးတာနဲ့ ကြိုက်တဲ့နိုင်ငံကို သွားလို့ရပါပြီ.။

ဒါပေမယ့် သက်ဆိုင်ရာ နိုင်ငံရဲ့ လေဆိပ်အထိပဲ သွားလို့ရနိုင်မှာပါ.။ လေဆိပ်ကိုကျောလွန်ပြီး နိုင်ငံအတွင်းကို ဝင်ချင်တယ် ဆိုရင်တော့ ပြည်ဝင်ခွင့် ( Visa ) လိုအပ်ပါပြီ.။

Visa လျှောက်ရာမှာ သက်ဆိုင်ရာ သံရုံးမှာ ကြိုတင်လျှောက်ထားရတဲ့ visa မျိုး ရှိသလို ဟိုဘက်နိုင်ငံရဲ့လေဆိပ်ရောက်မှ ချက်ချင်းလျှောက်လို့ရတဲ့ ဆိုက်ရောက် Visa (Visa on Arrival) ဆိုတာမျိုးလဲ ရှိပါတယ်.။ ဒါ့အပြင် visa လုံးဝယူစရာမလိုပဲ Passport စာအုပ် ရှိရုံနဲ့ သွားလို့ရတဲ့ Visa Free နိုင်ငံတွေလဲ ရှိပါသေးတယ် 👍👍.။

မြန်မာနိုင်ငံသားတွေအတွက်ကတော့ ယခုအချိန်မှာ visa မလိုပဲ passport တစ်ခုထဲနဲ့ သွားလို့ရတဲ့ visa free နိုင်ငံပေါင်း ၁၄ နိုင်ငံရှိပါတယ်.( အောက်ပါ ပုံလေးတွေမှာ နိုင်ငံအမည်တွေကို ကြည့်ရှုနိုင်ပါတယ်. ).။

………… ကဲ .. Passport နဲ့ Visa အကြောင်းလေး ရှင်းသွားပြီ ဆိုရင် လျှောက်ထားပုံလေးတွေ ပြောပြပေးချင်ပါတယ် .။

👉 Passport လျှောက်ထားမယ် ဆိုရင် ရန်ကင်းက မြန်မာနိုင်ငံ ဗဟိုဘဏ်ရှေ့က လဝက ရုံးမှာ လျှောက်ထားရမှာ ဖြစ်ပါတယ်.။

👉 Visa လျှောက်ထားမယ် ဆိုရင်တော့ နီးစပ်ရာ Travel Agency များမှာ ကျွမ်းကျင်သူများနဲ့တိုင်ပင်ပြီး အလွယ်တကူ လျှောက်ထားနိုင်ပါတယ်။


crd

Zawgyi

Visa နဲ႔Passport ဘာကြာသလဲ .🤔🤔🙄🙄 .?

Passport ဆိုတာကို ႏိုင္ငံကူးလက္မွတ္ရယ္လို႔ ျမန္မာလို ဘာသာျပန္ၾကပါတယ္.။

Passport ဆိုတဲ့ စကားလုံးေလး ျဖစ္ေပၚလာပုံကေတာ့ … ဟိုးအရင္အခ်ိန္က တစ္ႏိုင္ငံနဲ႔ တစ္ႏိုင္ငံ ခရီးသြားလာေရးမွာ ေရေၾကာင္းခရီးတစ္ခုထဲကိုသာ အသုံးျပဳၾကရပါတယ္..။ ( ေလယာဥ္ပ်ံေတြမွ မေပၚေသးတာကိုး .)

အဲဒီအခါမွာ ခရီးသည္က ေရာက္တဲ့ႏိုင္ငံမွာ အလည္အပတ္ထြက္တဲ့အခါ သေဘၤာဆိပ္ကမ္းကို ျဖတ္ဖို႔အတြက္ ဆိပ္ကမ္းျဖတ္သန္းခြင့္လက္မွတ္ကို ျပရပါတယ္.။ ျဖတ္သန္းခြင့္ Pass နဲ႔ ဆိပ္ကမ္း Port ဆိုတဲ့ စကားလုံးေလးေတြကတစ္ဆင့္ ယေန႔ႏိုင္ငံတိုင္းမွာ တရား၀င္ အသုံးျပဳေနတဲ့ Passport ရယ္လို႔ျဖစ္လာတာပါ.။

ႏိုင္ငံတစ္ႏိုင္ငံရဲ႕ ႏိုင္ငံသားတိုင္း Passport ေလွ်ာက္ထားခြင့္ ရွိပါတယ္.။ အဲဒါဆို Passport ရွိ႐ုံနဲ႔ ႏိုင္ငံျခားသြားလို႔ရၿပီလား ဆိုရင္ေတာ့ ရပါၿပီ..။ ေလယာဥ္လက္မွတ္၀ယ္ၿပီးတာနဲ႔ ႀကိဳက္တဲ့ႏိုင္ငံကို သြားလို႔ရပါၿပီ.။

ဒါေပမယ့္ သက္ဆိုင္ရာ ႏိုင္ငံရဲ႕ ေလဆိပ္အထိပဲ သြားလို႔ရႏိုင္မွာပါ.။ ေလဆိပ္ကိုေက်ာလြန္ၿပီး ႏိုင္ငံအတြင္းကို ၀င္ခ်င္တယ္ ဆိုရင္ေတာ့ ျပည္၀င္ခြင့္ ( Visa ) လိုအပ္ပါၿပီ.။

Visa ေလွ်ာက္ရာမွာ သက္ဆိုင္ရာ သံ႐ုံးမွာ ႀကိဳတင္ေလွ်ာက္ထားရတဲ့ visa မ်ိဳး ရွိသလို ဟိုဘက္ႏိုင္ငံရဲ႕ေလဆိပ္ေရာက္မွ ခ်က္ခ်င္းေလွ်ာက္လို႔ရတဲ့ ဆိုက္ေရာက္ Visa (Visa on Arrival) ဆိုတာမ်ိဳးလဲ ရွိပါတယ္.။ ဒါ့အျပင္ visa လုံး၀ယူစရာမလိုပဲ Passport စာအုပ္ ရွိ႐ုံနဲ႔ သြားလို႔ရတဲ့ Visa Free ႏိုင္ငံေတြလဲ ရွိပါေသးတယ္ 👍👍.။

ျမန္မာႏိုင္ငံသားေတြအတြက္ကေတာ့ ယခုအခ်ိန္မွာ visa မလိုပဲ passport တစ္ခုထဲနဲ႔ သြားလို႔ရတဲ့ visa free ႏိုင္ငံေပါင္း ၁၄ ႏိုင္ငံရွိပါတယ္.( ေအာက္ပါ ပုံေလးေတြမွာ ႏိုင္ငံအမည္ေတြကို ၾကည့္ရႈႏိုင္ပါတယ္. ).။

………… ကဲ .. Passport နဲ႔ Visa အေၾကာင္းေလး ရွင္းသြားၿပီ ဆိုရင္ ေလွ်ာက္ထားပုံေလးေတြ ေျပာျပေပးခ်င္ပါတယ္ .။

👉 Passport ေလွ်ာက္ထားမယ္ ဆိုရင္ ရန္ကင္းက ျမန္မာႏိုင္ငံ ဗဟိုဘဏ္ေရွ႕က လ၀က ႐ုံးမွာ ေလွ်ာက္ထားရမွာ ျဖစ္ပါတယ္.။

👉 Visa ေလွ်ာက္ထားမယ္ ဆိုရင္ေတာ့ နီးစပ္ရာ Travel Agency မ်ားမွာ ကြၽမ္းက်င္သူမ်ားနဲ႔တိုင္ပင္ၿပီး အလြယ္တကူ ေလွ်ာက္ထားႏိုင္ပါတယ္။
crd

Be the first to comment

Leave a Reply

Your email address will not be published.


*