
ဤဇာတ်လမ်းသည် ပထမ အင်းဝခေတ်ကို တည် ထောင်ခဲ့သော သတိုးမင်းဖျားလက်ထက်၌ သူခိုးကြီး ငတက်ဖျား၏ တပည့် ထိလတ် အကြောင်း ပင် ဖြစ်သည်။
ငတက်ပြားက လူကောင်းဖြစ်သွားတော့ ဆိုးတဲ့အလုပ် မလုပ်တော့ဘူး။ ထိလတ်က တစ်ဦးတည်းကျန်ခဲ့သတဲ့။ သူရဲ့”ရှိမ်းဆာယာပိုမောက် ကိုယ်ပျောက်”တဲ့အစွမ်းတွေ ကလည်း ပြယ်လာတော့ ခိုးရတာမအောင်မြင်ဘူးတဲ့။ ဒါနဲ့ ကိုယ်ဝန်ရင့်မာလာတဲ့ မပိုးအူတို့ မိဘများရှိရာ တောင်အင်းရွာသို့ ပြန်လာကြတယ်။
တစ်ညကျတော့ ကိုမင်းကျော်က အိပ်မက်ပေးတယ်။ ရွာအနောက်တောင်က ချောင်းဘေးသွားစောင့်တဲ့။ ထိလတ်က အဲဒီချောင်းဘေး နေ့တိုင်းသွားစောင့်တယ်။ ထိလတ်စောင့်ခဲ့တဲ့နေရာ ယခုထိရှိတယ်လို့ဆိုပါတယ်။ တနေ့တော့ မိကျောင်းပေါ်လာသတဲ့။ သူ့ပါးစပ်ထဲမှာ ကြေးပုရပိုက်ကြီး ကိုက်လို့တဲ့။ ထိလတ်လည်း ဘာမှ စဉ်းစားမနေနိုင်တော့ပဲ ရေထဲဒိုင်ဗင်ထိုးချပြီး မိကျောင်း ပါးစပ်ထဲက ပုရပိုက်ကိုရအောင်လုယူခဲ့သတဲ့။
ပုရပိုက်ကို ဖတ်ကြည့်လိုက်တော့ မပိုးအူရဲ့ သန္ဓေသားကိုေ-ာက် ပြီး ကင်စားရင် “ရှမ်းဆာယာ ပိုမောက်ပြီး ကိုယ်ပျောက်နိုင်သတဲ့”။ ဒါမှ သူခိုး အလုပ် ကို ပြန်လုပ်နိုင်မှာ။ ထိလတ်သည် အင်းနက္ခတ်မိ၍ အလွန်စွမ်းသော သူ့ ဆရာ ငတက်ဖျားကဲ့သို့ နာမည်ကျော် တစ်ဦးဖြစ်လိုခဲ့ သဖြင့် ကိုယ်ပျောက်ဆေးဖော်ရန် မပိုးအူဝမ်းဗိုက်ကို ေ-ာက်ပြီး သူ့သားငယ်ကို မီးကင်စားလေရာ ရပ်ရွာသားတို့က ထိလတ်ကို -တ်ပစ်ကြလေသည်။
ထိလတ်သေပြီး နတ်ဖြစ်သည်ဟု ယုံကြည်ကြပါသတဲ့။ ထိလတ်ကို အင်းဝခေတ် ၃၇မင်း နတ်စာရင်းမှာတွေ့နိုင် ပြီး၊ ကုန်း ဘောင်ခေတ် ၃၇မင်း နတ်စာရင်းမှာ မတွေ့ရ တော့ပါ။ ဒီရာဇဝင်ကိုအခြေခံ၍ ၁၉၀၀ ခုနှစ်ဝန်းကျင် ကိုလိုနီ ခေတ်တွင် စာရေးဆရာ ဆရာမိုး (တချို့ကဆရာဖိုး ဟု ဆိုကြပါတယ်၊ မျက်စိမမြင်ရှာဘူးလို့လည်း ဆိုပါတယ်) က ထိလတ်ပိုးအူဇာတ်ကို ရေးသားကာ ဇာတ်သဘင် ပညာရှင် ဦးဖိုးစိန်က ကပြဖျော်ဖြေခဲ့ရာ လူကြိုက်အလွန်များပြီး နာမည်ကြီးလာခဲ့လေသည်။
ဦးဖိုးစိန်ရောက်လေရာမှာ ထိလတ်-ပိုးအူဇာတ်ပဲကပါ လို့ အရပ်က တောင်းဆိုကြပါသတဲ့။ ထိလတ်-ပိုးအူ ပြဇာတ် ဘယ်လောက်ခေတ် စားသလဲဆိုရင် အင်္ကျီ ပိတ်ပါးစအုပ်တွေကို ထိလတ်-ပိုးအူတံဆိပ်နဲ့တောင် ရောင်းတယ်။ သောက်ရေခွက်ကြီးတွေမှာလည်း ထိလတ်-ပိုးအူပုံတွေ ရေးတယ်။
ယခု ပုဂံရွှေစည်းခုံ ဘုရား တန်ဆောင်းတစ်ခုရဲ့ လင်းနို့တောင်တွေမှာ ထိလတ်-ပိုးအူဇာတ်ရုပ်တွေ ထွင်းထားတယ်။ နောက်ဆုံး ကိုလိုနီအင်္ဂလိပ်ခေတ်ဦးက အင်းစာအုပ်၊ မန္တန်စာအုပ်တွေမှာ မန္တန်ရွတ်တာတောင်မှ ”ငထိလတ် ကဲ့သို့ စွမ်းစေသတည်း” လို့ပါတယ်။
ဂရိတ်ဖိုးစိန်လို့ နာမည်ကြီးတဲ့ ဇာတ်သဘင်ပညာရှင် ကြီး ဦးဖိုးစိန်နဲ့ ဇာတ် မင်းသမီး မငွေစိန်တို့ပုံနဲ့ ပို့စကတ် ကို ၁၉ဝဝ ခုနှစ်အလွန်မှာ ထုတ်ဝေရောင်းချခဲ့ပါ တယ်။ ပို့စကတ်ထဲမှာ ဦးဖိုးစိန်က မငွေစိန် ဗိုက်ကို ေ-ာက်ပြီး အထဲက သန္ဓေသားကို -င်စားဖို့ ကြံစည်နေပုံပါတယ်။
ဒါဟာ ထိလတ်နဲ့ ပိုးအူဇာတ်လမ်းပုံပါ။ ဒီဇာတ်လမ်းဟာ မြန်မာတစ်ပြည်လုံး ဟိုးဟိုးကျော်ခဲ့ တဲ့ ဇာတ်လမ်းပါ။ ဦးဖိုးစိန် ထိလတ်-ပိုးအူဇာတ်ကတော့ အစကမှ အင်းတွေ၊ မန္တန်တွေ၊ ကိုယ်ပျောက်ဆေးတွေ ယုံခဲ့ကြတဲ့ မြန်မာတွေ ပိုပြီး ယုံကြည်လာတယ်။
အဟုတ်တကယ် ဖြစ်လိမ့်မယ်လို့ ယုံပြီး ကျောက်တန်း မြို့က မြန်မာဆေးဆရာ တစ်ဦး သူ့ဇနီးဗိုက် ဒါးနဲ့ေ-ာက် လိုက်တာ ကိုယ်မပျောက်ဘဲ ထောင်ထဲ ရောက်သွားပါ လေရော။ ဦးဖိုးစိန်လည်း စိတ်မကောင်းဖြစ်ပြီး ဒီဇာတ်ကို လုံးဝ မကတော့ဘူး။ နောင်လည်း ဘယ်တော့မှ ဒီဇာတ်ကို မကတော့ဘူး။ ဦးဖိုးစိန်လက်ရေးနဲ့ ထိလတ်-ပိုးအူဇာတ် ရဲ့ စာတွေ မန္တလေးမှာရှိသတဲ့။
မပိုးအူနေတဲ့ရွာသွားချင်ရင် မန္တလေးမှ ၄၂ မိုင်ဝေးတဲ့ (ရွှေပြည်) ပြည်ဝင်၊ (ရွှေပြည်) ပြည်ဝင် မှ အနောက်သို့ ကားလမ်း ထုံးကြီးအထိပေါက်တယ်။ နေ့ချင်းပြန်နိုင်တယ် လို့ဆိုပါတယ်။ထိလတ်ရွာက ညောင်ဝန်းရွာ။ မပိုးအူရွာရဲ့ မြောက်ဘက်ကားလမ်း ဘေး မှာပဲရှိသတဲ့။ မှီငြမ်း – Friday Times News Journal အတွဲ (၁) အမှတ် (၄၄) ဇန်နဝါရီလ ၂၀၁၆၊ စွန့်စားဖွေရှာဘိုးတော်ကမ္ဘာ (ဆရာဝန်တင်မောင်ကြည်)၊ ၃၇မင်း (ဦးဖိုးကျား)
Zawgyi
ဤဇာတ္လမ္းသည္ ပထမ အင္းဝေခတ္ကို တည္ ေထာင္ခဲ့ေသာ သတိုးမင္းဖ်ားလက္ထက္၌ သူခိုးႀကီး ငတက္ဖ်ား၏ တပည့္ ထိလတ္ အေၾကာင္း ပင္ ျဖစ္သည္။
ငတက္ျပားက လူေကာင္းျဖစ္သြားေတာ့ ဆိုးတဲ့အလုပ္ မလုပ္ေတာ့ဘူး။ ထိလတ္က တစ္ဦးတည္းက်န္ခဲ့သတဲ့။ သူရဲ႕”ရွိမ္းဆာယာပိုေမာက္ ကိုယ္ေပ်ာက္”တဲ့အစြမ္းေတြ ကလည္း ျပယ္လာေတာ့ ခိုးရတာမေအာင္ျမင္ဘူးတဲ့။ ဒါနဲ႕ ကိုယ္ဝန္ရင့္မာလာတဲ့ မပိုးအူတို႔ မိဘမ်ားရွိရာ ေတာင္အင္း႐ြာသို႔ ျပန္လာၾကတယ္။
တစ္ညက်ေတာ့ ကိုမင္းေက်ာ္က အိပ္မက္ေပးတယ္။ ႐ြာအေနာက္ေတာင္က ေခ်ာင္းေဘးသြားေစာင့္တဲ့။ ထိလတ္က အဲဒီေခ်ာင္းေဘး ေန႕တိုင္းသြားေစာင့္တယ္။ ထိလတ္ေစာင့္ခဲ့တဲ့ေနရာ ယခုထိရွိတယ္လို႔ဆိုပါတယ္။ တေန႕ေတာ့ မိေက်ာင္းေပၚလာသတဲ့။ သူ႕ပါးစပ္ထဲမွာ ေၾကးပုရပိုက္ႀကီး ကိုက္လို႔တဲ့။ ထိလတ္လည္း ဘာမွ စဥ္းစားမေနနိုင္ေတာ့ပဲ ေရထဲဒိုင္ဗင္ထိုးခ်ၿပီး မိေက်ာင္း ပါးစပ္ထဲက ပုရပိုက္ကိုရေအာင္လုယူခဲ့သတဲ့။
ပုရပိုက္ကို ဖတ္ၾကည့္လိုက္ေတာ့ မပိုးအူရဲ႕ သေႏၶသားကိုေ-ာက္ ၿပီး ကင္စားရင္ “ရွမ္းဆာယာ ပိုေမာက္ၿပီး ကိုယ္ေပ်ာက္နိုင္သတဲ့”။ ဒါမွ သူခိုး အလုပ္ ကို ျပန္လုပ္နိုင္မွာ။ ထိလတ္သည္ အင္းနကၡတ္မိ၍ အလြန္စြမ္းေသာ သူ႕ ဆရာ ငတက္ဖ်ားကဲ့သို႔ နာမည္ေက်ာ္ တစ္ဦးျဖစ္လိုခဲ့ သျဖင့္ ကိုယ္ေပ်ာက္ေဆးေဖာ္ရန္ မပိုးအူဝမ္းဗိုက္ကို ေ-ာက္ၿပီး သူ႕သားငယ္ကို မီးကင္စားေလရာ ရပ္႐ြာသားတို႔က ထိလတ္ကို -တ္ပစ္ၾကေလသည္။
ထိလတ္ေသၿပီး နတ္ျဖစ္သည္ဟု ယုံၾကည္ၾကပါသတဲ့။ ထိလတ္ကို အင္းဝေခတ္ ၃၇မင္း နတ္စာရင္းမွာေတြ႕နိုင္ ၿပီး၊ ကုန္း ေဘာင္ေခတ္ ၃၇မင္း နတ္စာရင္းမွာ မေတြ႕ရ ေတာ့ပါ။ ဒီရာဇဝင္ကိုအေျခခံ၍ ၁၉၀၀ ခုႏွစ္ဝန္းက်င္ ကိုလိုနီ ေခတ္တြင္ စာေရးဆရာ ဆရာမိုး (တခ်ိဳ႕ကဆရာဖိုး ဟု ဆိုၾကပါတယ္၊ မ်က္စိမျမင္ရွာဘူးလို႔လည္း ဆိုပါတယ္) က ထိလတ္ပိုးအူဇာတ္ကို ေရးသားကာ ဇာတ္သဘင္ ပညာရွင္ ဦးဖိုးစိန္က ကျပေဖ်ာ္ေျဖခဲ့ရာ လူႀကိဳက္အလြန္မ်ားၿပီး နာမည္ႀကီးလာခဲ့ေလသည္။
ဦးဖိုးစိန္ေရာက္ေလရာမွာ ထိလတ္-ပိုးအူဇာတ္ပဲကပါ လို႔ အရပ္က ေတာင္းဆိုၾကပါသတဲ့။ ထိလတ္-ပိုးအူ ျပဇာတ္ ဘယ္ေလာက္ေခတ္ စားသလဲဆိုရင္ အကၤ်ီ ပိတ္ပါးစအုပ္ေတြကို ထိလတ္-ပိုးအူတံဆိပ္နဲ႕ေတာင္ ေရာင္းတယ္။ ေသာက္ေရခြက္ႀကီးေတြမွာလည္း ထိလတ္-ပိုးအူပုံေတြ ေရးတယ္။
ယခု ပုဂံေ႐ႊစည္းခုံ ဘုရား တန္ေဆာင္းတစ္ခုရဲ႕ လင္းနို႔ေတာင္ေတြမွာ ထိလတ္-ပိုးအူဇာတ္႐ုပ္ေတြ ထြင္းထားတယ္။ ေနာက္ဆုံး ကိုလိုနီအဂၤလိပ္ေခတ္ဦးက အင္းစာအုပ္၊ မႏၲန္စာအုပ္ေတြမွာ မႏၲန္႐ြတ္တာေတာင္မွ ”ငထိလတ္ ကဲ့သို႔ စြမ္းေစသတည္း” လို႔ပါတယ္။
ဂရိတ္ဖိုးစိန္လို႔ နာမည္ႀကီးတဲ့ ဇာတ္သဘင္ပညာရွင္ ႀကီး ဦးဖိုးစိန္နဲ႕ ဇာတ္ မင္းသမီး မေငြစိန္တို႔ပုံနဲ႕ ပို႔စကတ္ ကို ၁၉ဝဝ ခုႏွစ္အလြန္မွာ ထုတ္ေဝေရာင္းခ်ခဲ့ပါ တယ္။ ပို႔စကတ္ထဲမွာ ဦးဖိုးစိန္က မေငြစိန္ ဗိုက္ကို ေ-ာက္ၿပီး အထဲက သေႏၶသားကို -င္စားဖို႔ ႀကံစည္ေနပုံပါတယ္။
ဒါဟာ ထိလတ္နဲ႕ ပိုးအူဇာတ္လမ္းပုံပါ။ ဒီဇာတ္လမ္းဟာ ျမန္မာတစ္ျပည္လုံး ဟိုးဟိုးေက်ာ္ခဲ့ တဲ့ ဇာတ္လမ္းပါ။ ဦးဖိုးစိန္ ထိလတ္-ပိုးအူဇာတ္ကေတာ့ အစကမွ အင္းေတြ၊ မႏၲန္ေတြ၊ ကိုယ္ေပ်ာက္ေဆးေတြ ယုံခဲ့ၾကတဲ့ ျမန္မာေတြ ပိုၿပီး ယုံၾကည္လာတယ္။
အဟုတ္တကယ္ ျဖစ္လိမ့္မယ္လို႔ ယုံၿပီး ေက်ာက္တန္း ၿမိဳ႕က ျမန္မာေဆးဆရာ တစ္ဦး သူ႕ဇနီးဗိုက္ ဒါးနဲ႕ေ-ာက္ လိုက္တာ ကိုယ္မေပ်ာက္ဘဲ ေထာင္ထဲ ေရာက္သြားပါ ေလေရာ။ ဦးဖိုးစိန္လည္း စိတ္မေကာင္းျဖစ္ၿပီး ဒီဇာတ္ကို လုံးဝ မကေတာ့ဘူး။ ေနာင္လည္း ဘယ္ေတာ့မွ ဒီဇာတ္ကို မကေတာ့ဘူး။ ဦးဖိုးစိန္လက္ေရးနဲ႕ ထိလတ္-ပိုးအူဇာတ္ ရဲ႕ စာေတြ မႏၲေလးမွာရွိသတဲ့။
မပိုးအူေနတဲ့႐ြာသြားခ်င္ရင္ မႏၲေလးမွ ၄၂ မိုင္ေဝးတဲ့ (ေ႐ႊျပည္) ျပည္ဝင္၊ (ေ႐ႊျပည္) ျပည္ဝင္ မွ အေနာက္သို႔ ကားလမ္း ထုံးႀကီးအထိေပါက္တယ္။ ေန႕ခ်င္းျပန္နိုင္တယ္ လို႔ဆိုပါတယ္။ထိလတ္႐ြာက ေညာင္ဝန္း႐ြာ။ မပိုးအူ႐ြာရဲ႕ ေျမာက္ဘက္ကားလမ္း ေဘး မွာပဲရွိသတဲ့။ မွီျငမ္း – Friday Times News Journal အတြဲ (၁) အမွတ္ (၄၄) ဇန္နဝါရီလ ၂၀၁၆၊ စြန႔္စားေဖြရွာဘိုးေတာ္ကမာၻ (ဆရာဝန္တင္ေမာင္ၾကည္)၊ ၃၇မင္း (ဦးဖိုးက်ား)
Leave a Reply