
တကြောင်းစွဲ စွဲတဲ့အထဲ ထိပ်ဆုံးက ဘယ်သူတွေလဲပြပါဆို ရန်ကုန်သားတွေပဲ။ ကျော်တို့ဆို ဆိုင်မှာ ထမင်းပေါင်းစားချင်ရင် ရန်ကုန်ပေါင်းလား၊ မန္တလေးပေါင်းလားမေးလိုက်တာပဲ၊ ရန်ကုန်သားတွေက မရဘူး၊
မန္တလေး ထမင်းပေါင်းနဲ့ ထမင်းသုတ် မတူပါဘူးဆိုပြီး လုပ်ပုံလုပ်နည်းနဲ့ ရှင်းပြလည်း အတူတူပဲ မှတ်တာ။ တုံးတာလည်း မဟုတ်၊ ညံ့တာလည်း မဟုတ်။ ထမင်းပေါင်းဆိုရင် ရန်ကုန်တမျိုးပဲလို့ ဇွတ်ခံယူချင်တဲ့ အတ္တ။ ဟော၊ ပလာတာနဲ့ ထပ်တရာ ရိုက်ပုံ၊ ကြော်ပုံ မတူပါဘူးဆိုလည်း မရဘူး၊ ထပ်တရာ ဆိုတာ မရှိဘူး။ သကြားပလာတာပဲတဲ့။
သကြားဆိုတာ ကြံပင်က လုပ်တဲ့ ဖြူဖြူ အမှုန့်လေးတွေ ဖြစ်ပြီး ရှေ့မှာ သကြားဆိုတဲ့ နာမ်ထည့်လိုက်တာဟာ `သကြားဖြူးထားသော ပလာတာ’ကိုပဲ ဆိုလိုတာ ဖြစ်ကြောင်း၊ ထပ်တရာ ဆိုတဲ့ တကယ်တမ်းအထပ်တရာပြည့်အောင်မရှိသော်လည်း အထပ်အထပ်လေးတွေနဲ့မို့ တင်စားခေါ်ကြသော စားစရာနဲ့ ဘယ်လိုမှ မတူကြောင်း ရှင်းပြလို့မရတာ ဘယ်သူတွေလဲ ရန်ကုန်သားတွေပဲ။ တနိုင်ငံလုံးက အမှား။ သူတို့ပဲ ကွက်မှန်နေတာ။ (သက္ကမိုးညို)
လတ်တလော လူမှုကွန်ရက်မှာ လူပြော များနေကြတာက ရန်ကုန်ထမင်းပေါင်းနဲ့ မန္တလေး ထမင်းပေါင်း ကွာခြားမှု ကိစ္စပဲဖြစ်ပါတယ်။ ရန်ကုန်ထမင်းပေါင်းနဲ့ မန္တလေး ထမင်းပေါင်းတို့ ဘယ်လို ကွာခြားသွားတယ်ဆိုတာ ဆက်လက် ဖော်ပြလိုက်ပါတယ်-
ရန်ကုန်ထမင်းပေါင်းဆိုတာ ထမင်းဖြူပေါ်မှာ အသီးအရွက်စုံနဲ့ ပေါင်းပြီးချက်ထားတဲ့ ကော်ရည်ပူပူကို စမ်းကာ အသားကင် ၊ အခေါက်ကင်၊ ငုံးဥ စတဲ့ အဆာပလာတွေနဲ့ တွဲဖက်စားသောက်ရတဲ့ အစားအစာ ဖြစ်ပါတယ်။ ဘိတ်ချဉ်၊ ကြက်သွန်ချဉ်တို့နဲ့ တွဲစားလေ့ ရှိပါတယ်။ ဝက်သား မစားတဲ့သူတွေကတော့ ကြက်သား၊ ကြက်ပေါင် အစရှိတာတွေနဲ့ ထည့်ပြီး စားသောက်လေ့ ရှိပါတယ်။
မန္တလေးထမင်းပေါင်းကတော့ ထမင်းကို ငရုတ်ဆီနဲ့ နယ်ပြီး ဝက်သားကင်၊ နံရိုးကင်တို့နဲ့ တွဲဖက်စားသောက်ရတဲ့ အစားအစာ တမျိုး ဖြစ်ပါတယ်။ ရုတ်တရက်ကြည့်ရင် ထမင်းသုပ်နဲ့ တူပေမယ့် ထမင်းသုပ်လို ပဲမှုန့်၊ ဆီချက်နဲ့ အနှစ်တို့ မပါဝင်ပါဘူး။ မန္တလေးထမင်းပေါင်းဟာ အရသာ ချိုချိုလေးနဲ့ အမြင် နီနီရဲရဲလေး ဖြစ်ပြီး တွေ့တာနဲ့ စားချင်စရာ အစားအစာ တမျိုး ဖြစ်ပါတယ်။ ဘဲဥ၊ ကြက်ဥ အပြုတ်အကြော်များနဲ့လည်း တွဲဖက် စားလေ့ ရှိပါတယ်။ ဟင်းချို၊ ပဲပင်ပေါက်ချဉ် စတာတွေနဲ့ တွဲစားလေ့ ရှိပါတယ်။
တကျောင်း တဂါထာ၊ တရွာ တပုဒ်ဆန်းဆိုသလို သူ့အရပ်နဲ့ သူ့ဓလေ့လိုက်ပြီး အစားအသောက်ပြုလုပ်နည်းနဲ့ အခေါ်အဝေါ်တွေ အနည်းငယ် ပြောင်းလဲလေ့ ရှိကြပါတယ်။ ထိုးမုန့်နဲ့ ဂျေဒိုးနပ်တွေကတော့ ဒီလို အငြင်းအခုန်လေးတွေ ရှိကြပေမယ့် အရေးကြီးရင် စည်းလုံးကြတာကတော့ လက်တွေ့မျက်မြင်ပဲ ဖြစ်ပါတယ်။ အမည်နာမ၊ ပြုလုပ်ပုံနည်းတွေ ဘယ်လိုပဲ ကွဲကွဲ သေချာတာကတော့ ကိုယ့်ဒေသရဲ့ မူလအစားအ သောက်တွေကို ပိုကြိုက်နှစ်သက်ကြတာကတော့ လူ့သဘာဝပဲ ဖြစ်ပါတော့တယ် ခင်ဗျာ။ (ဖော်ပြပါ ပုံများသည် မန္တလေး ထမင်းပေါင်းနဲ့ ထပ်တရာ ပုံများ ဖြစ်ပါသည်)
Zawgyi
တေၾကာင္းစြဲ စြဲတဲ့အထဲ ထိပ္ဆုံးက ဘယ္သူေတြလဲျပပါဆို ရန္ကုန္သားေတြပဲ။ ေက်ာ္တို႔ဆို ဆိုင္မွာ ထမင္းေပါင္းစားခ်င္ရင္ ရန္ကုန္ေပါင္းလား၊ မႏၲေလးေပါင္းလားေမးလိုက္တာပဲ၊ ရန္ကုန္သားေတြက မရဘူး၊
မႏၲေလး ထမင္းေပါင္းနဲ႕ ထမင္းသုတ္ မတူပါဘူးဆိုၿပီး လုပ္ပုံလုပ္နည္းနဲ႕ ရွင္းျပလည္း အတူတူပဲ မွတ္တာ။ တုံးတာလည္း မဟုတ္၊ ညံ့တာလည္း မဟုတ္။ ထမင္းေပါင္းဆိုရင္ ရန္ကုန္တမ်ိဳးပဲလို႔ ဇြတ္ခံယူခ်င္တဲ့ အတၱ။ ေဟာ၊ ပလာတာနဲ႕ ထပ္တရာ ရိုက္ပုံ၊ ေၾကာ္ပုံ မတူပါဘူးဆိုလည္း မရဘူး၊ ထပ္တရာ ဆိုတာ မရွိဘူး။ သၾကားပလာတာပဲတဲ့။
သၾကားဆိုတာ ႀကံပင္က လုပ္တဲ့ ျဖဴျဖဴ အမႈန႔္ေလးေတြ ျဖစ္ၿပီး ေရွ႕မွာ သၾကားဆိုတဲ့ နာမ္ထည့္လိုက္တာဟာ `သၾကားျဖဴးထားေသာ ပလာတာ’ကိုပဲ ဆိုလိုတာ ျဖစ္ေၾကာင္း၊ ထပ္တရာ ဆိုတဲ့ တကယ္တမ္းအထပ္တရာျပည့္ေအာင္မရွိေသာ္လည္း အထပ္အထပ္ေလးေတြနဲ႕မို႔ တင္စားေခၚၾကေသာ စားစရာနဲ႕ ဘယ္လိုမွ မတူေၾကာင္း ရွင္းျပလို႔မရတာ ဘယ္သူေတြလဲ ရန္ကုန္သားေတြပဲ။ တနိုင္ငံလုံးက အမွား။ သူတို႔ပဲ ကြက္မွန္ေနတာ။ (သကၠမိုးညို)
လတ္တေလာ လူမႈကြန္ရက္မွာ လူေျပာ မ်ားေနၾကတာက ရန္ကုန္ထမင္းေပါင္းနဲ႕ မႏၲေလး ထမင္းေပါင္း ကြာျခားမႈ ကိစၥပဲျဖစ္ပါတယ္။ ရန္ကုန္ထမင္းေပါင္းနဲ႕ မႏၲေလး ထမင္းေပါင္းတို႔ ဘယ္လို ကြာျခားသြားတယ္ဆိုတာ ဆက္လက္ ေဖာ္ျပလိုက္ပါတယ္-
ရန္ကုန္ထမင္းေပါင္းဆိုတာ ထမင္းျဖဴေပၚမွာ အသီးအ႐ြက္စုံနဲ႕ ေပါင္းၿပီးခ်က္ထားတဲ့ ေကာ္ရည္ပူပူကို စမ္းကာ အသားကင္ ၊ အေခါက္ကင္၊ ငုံးဥ စတဲ့ အဆာပလာေတြနဲ႕ တြဲဖက္စားေသာက္ရတဲ့ အစားအစာ ျဖစ္ပါတယ္။ ဘိတ္ခ်ဥ္၊ ၾကက္သြန္ခ်ဥ္တို႔နဲ႕ တြဲစားေလ့ ရွိပါတယ္။ ဝက္သား မစားတဲ့သူေတြကေတာ့ ၾကက္သား၊ ၾကက္ေပါင္ အစရွိတာေတြနဲ႕ ထည့္ၿပီး စားေသာက္ေလ့ ရွိပါတယ္။
မႏၲေလးထမင္းေပါင္းကေတာ့ ထမင္းကို င႐ုတ္ဆီနဲ႕ နယ္ၿပီး ဝက္သားကင္၊ နံရိုးကင္တို႔နဲ႕ တြဲဖက္စားေသာက္ရတဲ့ အစားအစာ တမ်ိဳး ျဖစ္ပါတယ္။ ႐ုတ္တရက္ၾကည့္ရင္ ထမင္းသုပ္နဲ႕ တူေပမယ့္ ထမင္းသုပ္လို ပဲမႈန႔္၊ ဆီခ်က္နဲ႕ အႏွစ္တို႔ မပါဝင္ပါဘူး။ မႏၲေလးထမင္းေပါင္းဟာ အရသာ ခ်ိဳခ်ိဳေလးနဲ႕ အျမင္ နီနီရဲရဲေလး ျဖစ္ၿပီး ေတြ႕တာနဲ႕ စားခ်င္စရာ အစားအစာ တမ်ိဳး ျဖစ္ပါတယ္။ ဘဲဥ၊ ၾကက္ဥ အျပဳတ္အေၾကာ္မ်ားနဲ႕လည္း တြဲဖက္ စားေလ့ ရွိပါတယ္။ ဟင္းခ်ိဳ၊ ပဲပင္ေပါက္ခ်ဥ္ စတာေတြနဲ႕ တြဲစားေလ့ ရွိပါတယ္။
တေက်ာင္း တဂါထာ၊ တ႐ြာ တပုဒ္ဆန္းဆိုသလို သူ႕အရပ္နဲ႕ သူ႕ဓေလ့လိုက္ၿပီး အစားအေသာက္ျပဳလုပ္နည္းနဲ႕ အေခၚအေဝၚေတြ အနည္းငယ္ ေျပာင္းလဲေလ့ ရွိၾကပါတယ္။ ထိုးမုန႔္နဲ႕ ေဂ်ဒိဳးနပ္ေတြကေတာ့ ဒီလို အျငင္းအခုန္ေလးေတြ ရွိၾကေပမယ့္ အေရးႀကီးရင္ စည္းလုံးၾကတာကေတာ့ လက္ေတြ႕မ်က္ျမင္ပဲ ျဖစ္ပါတယ္။ အမည္နာမ၊ ျပဳလုပ္ပုံနည္းေတြ ဘယ္လိုပဲ ကြဲကြဲ ေသခ်ာတာကေတာ့ ကိုယ့္ေဒသရဲ႕ မူလအစားအ ေသာက္ေတြကို ပိုႀကိဳက္ႏွစ္သက္ၾကတာကေတာ့ လူ႕သဘာဝပဲ ျဖစ္ပါေတာ့တယ္ ခင္ဗ်ာ။ (ေဖာ္ျပပါ ပုံမ်ားသည္ မႏၲေလး ထမင္းေပါင္းနဲ႕ ထပ္တရာ ပုံမ်ား ျဖစ္ပါသည္)
Leave a Reply