မလေးရှားသွားပြီး အလုပ်လုပ်မယ့်သူတွေ မဖြစ်မနေ သိထားသင့်တဲ့ ကိုယ် တစ်လ ဘယ်လောက်ရတယ်သိအောင် အလုပ်ချိန်နှင့် လစာတွက်ချက်နည်း

မလေးရှားသွားပြီး အလုပ်လုပ်မယ့်သူတွေ ကိုယ် တစ်လ ဘယ်လောက်ရတယ်သိအောင် အလုပ်ချိန်နှင့် လစာတွက်ချက်နည်း

မလေးရှားမှာ နေတာကြာပြီး ကိုယ့်လစာကိုယ်မတွက်တတ်သေးတဲ့သူတွေအတွက်ရော ခုမှလာမဲ့လူသစ်တွေအတွက်ရော ကိုယ့်လစာကိုယ်တွက်တတ်အောင် သင်ပေးမယ်နော်

သိပြီးသားလူတွေကတော့ ကျော်သွားပေးပါ မလေးရှားကအလုပ်သမားတွေအတွက် ခုလကုန် အခြေခံလစာ၁၅၀၀အတည်ပြုလိုက်တာကြောင့် ၁၅၀၀ ကိုပဲဦးတည်ပြီးတွက်ပြပေးမယ်နော်

၁၅၀၀ ကျော်တဲ့သူတွေကလည်း ယခုတွက်ပြတဲ့နည်းအတိုင်း တွက်ကြည့်လို့ရပါတယ်

ဒီနိုင်ငံရဲ့Law အရ အိုတီကိုအခြေခံလစာ၂၀၀၀ ထိပဲတွက်ပေးပါတယ် ဆိုလိုတာက ၂၀၀၀ ကျော်သွားရင်လည်း အိုတီကြေးက၂၀၀၀ ထက်ပိုပြီးမရတော့ပါဘူး

တစ်ချို့စက်ရုံတွေက ၂၀၀၀ကျော်လည်း အခြေခံလစာအတိုင်းအိုတီကိုတွက်ပေးပါတယ်

ရှိတော့ရှိတယ်ရှားတယ်ပေါ့ ဒါဆို ၁၅၀၀ နဲ့ပဲတွက်ပြမယ်နော်

အလုပ်သမားတစ်ယောက်ရဲ့ ၁လလုပ်ရက်က ၂၆ရက်ပါ၊ ၁ရက်တာအတွက်အလုပ်ချိန်က ၉နာရီပါ

ထမင်းစားချိန်နဲ့လက်ဖက်ရည်သောက်ချိန် ၁နာရီနားတဲ့အတွက် အလုပ်ချိန်၈နာရီက၈နာရီကျန်တယ်

(တစ်ချို့စက်ရုံတွေ၁နာရီခွဲပေးနားတာရှိသလို တစ်ချို့စက်ရုံတွေက နာရီဝက်ထမင်းစားချိန် လက်ဖက်ရည်သောက်ချိန်မနက်၁၅မိနစ် ညနေ၁၅မိနစ် အမျိုးမျိုးရှိကြတယ်)

ပုံမှန်အားဖြင့် နားချိန်က၁နာရီပဲအလွယ်မှတ်ကြတာပေါ့၊ Sunday /Public Holiday မပါဝင်သေးပဲ ရိုးရိုးအိုတီနဲ့ပဲလစာကိုတွက်ကြည့်ရအောင်

အခြေခံလစာက ၁၅၀၀ပေါ့ ဒါဆိုရင် ၁၅၀၀ ကို ၂၆နဲ့စားလိုက်ပါ။ 1500÷26=57.69( ၁ရက်တာရဲ့အခြေခံလစာအလုပ်ချိန်၈နာရီအတွက်)

57.69က အလုပ်ချိန်၈ နာရီအတွက်၁ရက်တာ Basic ကြေးပေါ့။ အလုပ်ချိန်၈နာရီကျော်တာနဲ့ ပုံမှန်အလုပ်ဆင်းတဲ့ရက်တွေမို့ ၁နာရီကို ၁ဆခွဲရပါတယ်

အဲဒီ ၁ဆခွဲကိုဘယ်လိုရသလည်းဆိုတာက ခုန ၁ရက်တာBasic ကြေးကို အလုပ်ချိန် ၈နာရီနဲ့ပြန်စား 57.69÷8=7.21 (၁နာရီပုံမှန်လုပ်အားခ) ၁ဆခွဲဖြစ်တာကြောင့် ၁နာရီရဲ့လုပ်အားခကို 1.5နဲ့ပြန်မြှောက်ပေးရတယ်

7.21×1.5=10.82(အိုတီ၁ဆခွဲဖြစ်တာကြောင့်ပုံမှန်အလုပ်ချိန်၈နာရီကျော်တာနဲ့၁နာရီကိုဒီလောက်ရမယ်)

ဒါဆို မနက်၈ခွဲကနေ ည၈ခွဲထိဆင်းရမယ်ဆိုရင် ပုံမှန်အလုပ်ချိန်က မနက်၈ခွဲကနေ နေ၅နာရီထိ ၅ခွဲကနေ၈ခွဲထိက ၁ဆခွဲ အိုတီ ၃နာရီရမယ်

အလုပ်ဆင်းရက်26ရက်ဖြစ်တာကြောင့် နေ့တိုင်း၃နာရီရမယ်ဆိုရင် 26×3=78နာရီ78×10.82=843.96(အိုတီ၃နာရီနေ့တိုင်းဆင်းရရင် 26ရက်ဆင်းရတာကြောင့် 78နာရီအတွက် ရလာမဲ့ ၁ဆခွဲက ရင်းဂစ် 843.96)

ဒါဆို အခြေခံလစာနဲ့အိုတီ၇၈နာရီ၂ခု ပေါင်းလိုက်ရင် ၁လကိုလစာက 1500+843.96=2343.96 2343×600=1405800(၁၄သိန်း၅ထောင်၈ရာကျပ်)

၁လကိုဒီလောက်ရမယ်၊ တနင်္ဂနွေမဟုတ်တဲ့ အစိုးရရုံးပိတ်ရက်တွေကတော့ မဆင်းရရင်အခြေခံလစာရပါတယ်

ကံကောင်းလို့ တနင်္ဂနွေ (သို့မဟုတ်) တရားဝင်အစိုးရအလုပ်ပိတ်ရက် ၁ရက်လောက်ဆင်းရရင်လစာကပိုထွက်လာမှာ

တနင်္ဂနွေနေ့၁ရက်ဆင်းရတဲ့ဝင်ငွေကိုတွက်ပြမယ်၊ 57.69÷26=7.21(၁နာရီပုံမှန်လုပ်အားခ) အစိုးရရုံးပိတ်ရက်တွေက ၂ဆဖြစ်တာကြောင့် 7.21×2=14.42( ၁နာရီလုပ်အားခ)

အကယ်၍ မနက်၈ခွဲကနေ ၅ခွဲထိဆင်းရရင် အလုပ်ချိန်က ၉နာရီဖြစ်တယ် ထမင်းစားချိန်အတွက်ပါထည့်တွက်ပေးတယ်

ဒါကြောင့် 9×14.42=129.78 (တနင်္ဂနွေ မနက်၈ခွဲကနေ၅ခွဲထိရတဲ့လစာ) နေ့တိုင်းအိုတီ၃နာရီရမယ် တနင်္ဂနွေ၁ရက်ဆင်းရမယ်ဆိုရင် လစာက 2343.96+129.78=2473.74

လက်ရှိငွေဈေးက600 ဝန်းကျင်နဲ့မြှောက်ကြည့်ရအောင်၊ 2473×600=1483800 (၁၄သိန်း၈သောင်း၃ထောင်၈ရာကျပ်)

ကျန်တဲ့ရက်မှန်ကြေးတို့ တခြားဘာကြေးညာကြေးတို့ပါရင် (စက်ရုံတိုင်းမတူလို့မတွက်ပြတော့ဘူး)

လစာကဒီထက်ပိုကောင်းဖို့ပဲရှိတာပေါ့၊ ဒါကြောင့်ခုချိန်လာတဲ့လူသစ်တွေအတွက်လစာ
၁၀သိန်းကျော်ရမယ်ဆိုတာရောက်မဲ့ စက်ရုံနဲ့ ဆင်းရတဲ့အိုတီပေါ်မူတည်ပြီးရနိုင်ပါတယ်လို့ပြောပါရစေ

အခြေခံလစာ 1500 ကိုပဲလက်ရှိငွေဈေး 600နဲ့ဆို ၉သိန်းနီးပါးရနေပြီလေ။ မှတ်ချက်
တစ်ခုရှိတာလစာတွေတိုးသလိုပဲ ကုန်ဈေးနှုန်းကလည်းတက်နေပါပြီ

ဒါကြောင့်ပြောချင်တာက မလေးရှားကိုရောက်လာပြီဆိုရင် ငါ၁လကိုဒီလောက်ရှာလို့ရနေတာပဲဆိုပြီး ဘဝမမေ့ပါနဲ့ ဘဝင်မမြင့်ပါနဲ့

အထူးသဖြင့် အသောက်အစား လောင်းကစားတွေနဲ့မပျော်ပါးမိပါစေနဲ့။ ဖြတ်လမ်းကမလိုက်ပါနဲ့ သမာအာဇီဝကျတဲ့အလုပ်နဲ့ရလာတဲ့ ငွေကိုတန်ဖိုးထားကြပါ

အလုပ်ကိုမှန်မှန်ဆင်း ကြိုးစားပြီးလုပ် စေတနာထားပြီးလုပ် စေတနာအကျိုးတကယ်ပေးတယ် သုံးသင့်တာကိုသုံးပါ စုသင့်တာကိုစုပါ

ပို့သင့်တာကိုပို့ပါ ကိုယ်နိုင်ငံမှာ အလုပ်တွေ ဘယ်လိုရှားပါးပြီး ပိုက်ဆံကိုဘယ်လိုရှာရတယ်ဆိုတာ လုံးဝမမေ့ပါနဲ့ ရည်မှန်းချက်ပန်းတိုင်တွေထားပါ

ဘဝကိုမြှင့်တင်ပါ မိသားစုကိုထောက်ပံ့ပါ နောက်ကမိသားစုတွေကလည်း ပို့တဲ့ငွေတွေကို စီးတဲ့ရေ ဆည်တဲ့ကန်သင်း ဖြစ်အောင် ထိန်းသိမ်းကြပါ

ငါ့သားလေးပို့နေတာပဲ ငါ့ယောကျာ်းပို့နေတာပဲ ရှာနိုင်နေတာပဲဆိုပြီး အောက်ခြေမလွတ်ကြပါတဲ့ နိုင်ငံခြားမှာပိုက်ဆံရှာရတာလည်း မလွယ်ပါဘူး

ဖျားနာရင်တောင် ပြုစုမဲ့သူစောင့်ရှောက်မဲ့သူရှိရင်တောင် ကိုယ့်သွေးသားရင်းချာတွေလောက် ဘယ်သူကကောင်းနိုင်မှာလည်း ဖျားနာတဲ့အချိန် ဘယ်လောက်အားငယ်ရသလည်းဆိုတာ နိုင်ငံခြားမှာလုပ်နေသူတွေပဲသိတယ်
😔😔😔
စေတနာဖြင့်

မူရင်း 𝗞𝗼 𝗡𝘄𝗮𝘆 𝗢𝗼 ❤️𝗠𝗮 𝗛𝗮𝘆 𝗠𝗮𝗿 အားလေးစားစွာ ခရက်ဒစ်

Zawgyi

မေလးရွားသြားၿပီး အလုပ္လုပ္မယ့္သူေတြ ကိုယ္ တစ္လ ဘယ္ေလာက္ရတယ္သိေအာင္ အလုပ္ခ်ိန္ႏွင့္ လစာတြက္ခ်က္နည္း

မေလးရွားမွာ ေနတာၾကာၿပီး ကိုယ့္လစာကိုယ္မတြက္တတ္ေသးတဲ့သူေတြအတြက္ေရာ ခုမွလာမဲ့လူသစ္ေတြအတြက္ေရာ ကိုယ့္လစာကိုယ္တြက္တတ္ေအာင္ သင္ေပးမယ္ေနာ္

သိၿပီးသားလူေတြကေတာ့ ေက်ာ္သြားေပးပါ မေလးရွားကအလုပ္သမားေတြအတြက္ ခုလကုန္ အေျခခံလစာ၁၅၀၀အတည္ျပဳလိုက္တာေၾကာင့္ ၁၅၀၀ ကိုပဲဦးတည္ၿပီးတြက္ျပေပးမယ္ေနာ္

၁၅၀၀ ေက်ာ္တဲ့သူေတြကလည္း ယခုတြက္ျပတဲ့နည္းအတိုင္း တြက္ၾကည့္လို႔ရပါတယ္

ဒီႏိုင္ငံရဲ႕Law အရ အိုတီကိုအေျခခံလစာ၂၀၀၀ ထိပဲတြက္ေပးပါတယ္ ဆိုလိုတာက ၂၀၀၀ ေက်ာ္သြားရင္လည္း အိုတီေၾကးက၂၀၀၀ ထက္ပိုၿပီးမရေတာ့ပါဘူး

တစ္ခ်ိဳ႕စက္႐ုံေတြက ၂၀၀၀ေက်ာ္လည္း အေျခခံလစာအတိုင္းအိုတီကိုတြက္ေပးပါတယ္

ရွိေတာ့ရွိတယ္ရွားတယ္ေပါ့ ဒါဆို ၁၅၀၀ နဲ႔ပဲတြက္ျပမယ္ေနာ္

အလုပ္သမားတစ္ေယာက္ရဲ႕ ၁လလုပ္ရက္က ၂၆ရက္ပါ၊ ၁ရက္တာအတြက္အလုပ္ခ်ိန္က ၉နာရီပါ

ထမင္းစားခ်ိန္နဲ႔လက္ဖက္ရည္ေသာက္ခ်ိန္ ၁နာရီနားတဲ့အတြက္ အလုပ္ခ်ိန္၈နာရီက၈နာရီက်န္တယ္

(တစ္ခ်ိဳ႕စက္႐ုံေတြ၁နာရီခြဲေပးနားတာရွိသလို တစ္ခ်ိဳ႕စက္႐ုံေတြက နာရီဝက္ထမင္းစားခ်ိန္ လက္ဖက္ရည္ေသာက္ခ်ိန္မနက္၁၅မိနစ္ ညေန၁၅မိနစ္ အမ်ိဳးမ်ိဳးရွိၾကတယ္)

ပုံမွန္အားျဖင့္ နားခ်ိန္က၁နာရီပဲအလြယ္မွတ္ၾကတာေပါ့၊ Sunday /Public Holiday မပါဝင္ေသးပဲ ႐ိုး႐ိုးအိုတီနဲ႔ပဲလစာကိုတြက္ၾကည့္ရေအာင္

အေျခခံလစာက ၁၅၀၀ေပါ့ ဒါဆိုရင္ ၁၅၀၀ ကို ၂၆နဲ႔စားလိုက္ပါ။ 1500÷26=57.69( ၁ရက္တာရဲ႕အေျခခံလစာအလုပ္ခ်ိန္၈နာရီအတြက္)

57.69က အလုပ္ခ်ိန္၈ နာရီအတြက္၁ရက္တာ Basic ေၾကးေပါ့။ အလုပ္ခ်ိန္၈နာရီေက်ာ္တာနဲ႔ ပုံမွန္အလုပ္ဆင္းတဲ့ရက္ေတြမို႔ ၁နာရီကို ၁ဆခြဲရပါတယ္

အဲဒီ ၁ဆခြဲကိုဘယ္လိုရသလည္းဆိုတာက ခုန ၁ရက္တာBasic ေၾကးကို အလုပ္ခ်ိန္ ၈နာရီနဲ႔ျပန္စား 57.69÷8=7.21 (၁နာရီပုံမွန္လုပ္အားခ) ၁ဆခြဲျဖစ္တာေၾကာင့္ ၁နာရီရဲ႕လုပ္အားခကို 1.5နဲ႔ျပန္ေျမႇာက္ေပးရတယ္

7.21×1.5=10.82(အိုတီ၁ဆခြဲျဖစ္တာေၾကာင့္ပုံမွန္အလုပ္ခ်ိန္၈နာရီေက်ာ္တာနဲ႔၁နာရီကိုဒီေလာက္ရမယ္)

ဒါဆို မနက္၈ခြဲကေန ည၈ခြဲထိဆင္းရမယ္ဆိုရင္ ပုံမွန္အလုပ္ခ်ိန္က မနက္၈ခြဲကေန ေန၅နာရီထိ ၅ခြဲကေန၈ခြဲထိက ၁ဆခြဲ အိုတီ ၃နာရီရမယ္

အလုပ္ဆင္းရက္26ရက္ျဖစ္တာေၾကာင့္ ေန႔တိုင္း၃နာရီရမယ္ဆိုရင္ 26×3=78နာရီ78×10.82=843.96(အိုတီ၃နာရီေန႔တိုင္းဆင္းရရင္ 26ရက္ဆင္းရတာေၾကာင့္ 78နာရီအတြက္ ရလာမဲ့ ၁ဆခြဲက ရင္းဂစ္ 843.96)

ဒါဆို အေျခခံလစာနဲ႔အိုတီ၇၈နာရီ၂ခု ေပါင္းလိုက္ရင္ ၁လကိုလစာက 1500+843.96=2343.96 2343×600=1405800(၁၄သိန္း၅ေထာင္၈ရာက်ပ္)

၁လကိုဒီေလာက္ရမယ္၊ တနဂၤေႏြမဟုတ္တဲ့ အစိုးရ႐ုံးပိတ္ရက္ေတြကေတာ့ မဆင္းရရင္အေျခခံလစာရပါတယ္

ကံေကာင္းလို႔ တနဂၤေႏြ (သို႔မဟုတ္) တရားဝင္အစိုးရအလုပ္ပိတ္ရက္ ၁ရက္ေလာက္ဆင္းရရင္လစာကပိုထြက္လာမွာ

တနဂၤေႏြေန႔၁ရက္ဆင္းရတဲ့ဝင္ေငြကိုတြက္ျပမယ္၊ 57.69÷26=7.21(၁နာရီပုံမွန္လုပ္အားခ) အစိုးရ႐ုံးပိတ္ရက္ေတြက ၂ဆျဖစ္တာေၾကာင့္ 7.21×2=14.42( ၁နာရီလုပ္အားခ)

အကယ္၍ မနက္၈ခြဲကေန ၅ခြဲထိဆင္းရရင္ အလုပ္ခ်ိန္က ၉နာရီျဖစ္တယ္ ထမင္းစားခ်ိန္အတြက္ပါထည့္တြက္ေပးတယ္

ဒါေၾကာင့္ 9×14.42=129.78 (တနဂၤေႏြ မနက္၈ခြဲကေန၅ခြဲထိရတဲ့လစာ) ေန႔တိုင္းအိုတီ၃နာရီရမယ္ တနဂၤေႏြ၁ရက္ဆင္းရမယ္ဆိုရင္ လစာက 2343.96+129.78=2473.74

လက္ရွိေငြေဈးက600 ဝန္းက်င္နဲ႔ေျမႇာက္ၾကည့္ရေအာင္၊ 2473×600=1483800 (၁၄သိန္း၈ေသာင္း၃ေထာင္၈ရာက်ပ္)

က်န္တဲ့ရက္မွန္ေၾကးတို႔ တျခားဘာေၾကးညာေၾကးတို႔ပါရင္ (စက္႐ုံတိုင္းမတူလို႔မတြက္ျပေတာ့ဘူး)

လစာကဒီထက္ပိုေကာင္းဖို႔ပဲရွိတာေပါ့၊ ဒါေၾကာင့္ခုခ်ိန္လာတဲ့လူသစ္ေတြအတြက္လစာ
၁၀သိန္းေက်ာ္ရမယ္ဆိုတာေရာက္မဲ့ စက္႐ုံနဲ႔ ဆင္းရတဲ့အိုတီေပၚမူတည္ၿပီးရႏိုင္ပါတယ္လို႔ေျပာပါရေစ

အေျခခံလစာ 1500 ကိုပဲလက္ရွိေငြေဈး 600နဲ႔ဆို ၉သိန္းနီးပါးရေနၿပီေလ။ မွတ္ခ်က္
တစ္ခုရွိတာလစာေတြတိုးသလိုပဲ ကုန္ေဈးႏႈန္းကလည္းတက္ေနပါၿပီ

ဒါေၾကာင့္ေျပာခ်င္တာက မေလးရွားကိုေရာက္လာၿပီဆိုရင္ ငါ၁လကိုဒီေလာက္ရွာလို႔ရေနတာပဲဆိုၿပီး ဘဝမေမ့ပါနဲ႔ ဘဝင္မျမင့္ပါနဲ႔

အထူးသျဖင့္ အေသာက္အစား ေလာင္းကစားေတြနဲ႔မေပ်ာ္ပါးမိပါေစနဲ႔။ ျဖတ္လမ္းကမလိုက္ပါနဲ႔ သမာအာဇီဝက်တဲ့အလုပ္နဲ႔ရလာတဲ့ ေငြကိုတန္ဖိုးထားၾကပါ

အလုပ္ကိုမွန္မွန္ဆင္း ႀကိဳးစားၿပီးလုပ္ ေစတနာထားၿပီးလုပ္ ေစတနာအက်ိဳးတကယ္ေပးတယ္ သုံးသင့္တာကိုသုံးပါ စုသင့္တာကိုစုပါ

ပို႔သင့္တာကိုပို႔ပါ ကိုယ္ႏိုင္ငံမွာ အလုပ္ေတြ ဘယ္လိုရွားပါးၿပီး ပိုက္ဆံကိုဘယ္လိုရွာရတယ္ဆိုတာ လုံးဝမေမ့ပါနဲ႔ ရည္မွန္းခ်က္ပန္းတိုင္ေတြထားပါ

ဘဝကိုျမႇင့္တင္ပါ မိသားစုကိုေထာက္ပံ့ပါ ေနာက္ကမိသားစုေတြကလည္း ပို႔တဲ့ေငြေတြကို စီးတဲ့ေရ ဆည္တဲ့ကန္သင္း ျဖစ္ေအာင္ ထိန္းသိမ္းၾကပါ

ငါ့သားေလးပို႔ေနတာပဲ ငါ့ေယာက်ာ္းပို႔ေနတာပဲ ရွာႏိုင္ေနတာပဲဆိုၿပီး ေအာက္ေျခမလြတ္ၾကပါတဲ့ ႏိုင္ငံျခားမွာပိုက္ဆံရွာရတာလည္း မလြယ္ပါဘူး

ဖ်ားနာရင္ေတာင္ ျပဳစုမဲ့သူေစာင့္ေရွာက္မဲ့သူရွိရင္ေတာင္ ကိုယ့္ေသြးသားရင္းခ်ာေတြေလာက္ ဘယ္သူကေကာင္းႏိုင္မွာလည္း ဖ်ားနာတဲ့အခ်ိန္ ဘယ္ေလာက္အားငယ္ရသလည္းဆိုတာ ႏိုင္ငံျခားမွာလုပ္ေနသူေတြပဲသိတယ္
😔😔😔
ေစတနာျဖင့္

မူရင္း 𝗞𝗼 𝗡𝘄𝗮𝘆 𝗢𝗼 ❤️𝗠𝗮 𝗛𝗮𝘆 𝗠𝗮𝗿 အားေလးစားစြာ ခရက္ဒစ္

Be the first to comment

Leave a Reply

Your email address will not be published.


*