အိမ်ငှါး က နေထိုင်တာ ၁၂ နှစ်ကျော်သွားပါက ဥပဒေ အရ နှင်ချခွင့် မရှိတော့ပါဘူးဆိုတဲ့ ပြဿနာက ဒီလိုပါ…(မသိသေးသူများအတွက်မျှဝေပေးလိုက်ပါတယ်)

အိမ်ငှါး က နေထိုင်တာ ၁၂ နှစ်ကျော်သွားပါက ဥပဒေ အရ နှင်ချခွင့် မရှိတော့ပါဘူးတဲ့ သတိထားနိုင်စေဖို့ပါ

အိမ်ငှါး က နေထိုင်တာ ၁၂ နှစ်ကျော်သွားပါက ဥပဒေ အရ နှင်ချခွင့် မရှိတော့ပါဘူးတဲ့…
တရားစွဲဖို့ ကန့်သတ်ထားတဲ့ ကာလအပိုင်းအခြား ကုန်ဆုံးသွားလို့ ဖြစ်ပါတယ်တဲ့… ဈေးကွက်ဂျာနယ်မှာ ပါသော ဆောင်းပါးပါ….

“၁၂ နှစ်ကျော် နေထိုင်လာသူထံမှ မြေနှင့်အိမ်ကို ဝယ်လျှင်”
”ရောင်းမယ့် အိမ်နဲ့ မြေက ပိုင်ရှင်အစစ်မဟုတ်လို့ ဝယ်ဖို့ အဆင်ပြေပါ့မလား ဆရာ” ဟု တပည့်တစ်ဦး က လာရောက်ဆွေးနွေး ပါသည်။

”ပိုင်ရှင်အစစ်မဟုတ်ဘူးဆိုတာက ဘာကို ပြောတာလဲ၊ မြေပိုင်ရှင်က သေဆုံးသွားလို့လား”
”အဲဒီလိုတော့ မဟုတ်ဘူး ဆရာ၊ ဘယ်လိုပြောရမလဲ”

”ဘယ်လိုမှ မပြောနဲ့တော့၊ သေချာလေ့လာခဲ့မှပေါ့ကွယ်၊ ကဲ- ဆရာမေးတာပဲ ဖြေတော့”
”ဟုတ်ကဲ့ ဆရာ”

”မြေနဲ့ အိမ်အမည်ပေါက်ပိုင်ရှင်က တစ်ယောက်၊ အခု ရောင်းမယ်ဆိုတဲ့ သူက တစ်ယောက်ဖြစ်နေတာပေါ့”
”ဟုတ်တယ် ဆရာ”

”ရောင်းမယ်ဆိုတဲ့ သူက အဲဒီ အိမ်နဲ့ မြေကို ဝယ်ထား တာလား၊ ဘယ်လို ပိုင်ဆိုင်လာတာလဲ”
”ရောင်းမယ်ဆိုတဲ့ သူရဲ့ပြောစကားအရတော့…အခုအိမ် နဲ့ မြေ ပေါ်မှာနေတာ အနှစ် ၂ဝ နီးပါး ရှိပြီလို့ပြောတယ်”

”ဒါဆိုရင် မြေပိုင်ရှင် က သူတို့ကို ခွင့်ပြုချက်နဲ့ ထားတာလား”
”အိမ်မြေပိုင်ရှင် က သူ့ကို ကျူး ကျော်နေထိုင်တယ် ဆိုပြီး တရား စွဲခဲ့တယ်”
”အဲဒီတော့ အမှုကောပြီးသွား ပြီလား”

”အိမ်မြေပိုင်ရှင်ရဲ့တရားစွဲဆိုမှုက ကာလစည်းကမ်း သတ် ၁၂ နှစ်ကျော်သွားလို့ တရားစွဲတာ ရှုံး သွားတယ် ပြောတယ်”

”သူတို့က အနိုင်ရတယ်ပေါ့၊ ၁၂ နှစ်ကျော်လို့ ပိုင်ရှင်ကို ဆန့် ကျင်နေထိုင်ခွင့် ရသွားတာဖြစ်မယ်”
”ဟုတ်တယ် ဆရာ၊ အခု သူတို့က အိမ်နဲ့ မြေကိုရောင်း မှာ ဆရာ”

”ဒါမျိုးကတော့ ဂရုစိုက်ပြီး ဝယ်ဖို့လိုတယ်၊ ရောင်းတဲ့သူ က လည်း နောက်ထပ်အမှုအခင်း အရှုပ်အရှင်း ကင်းအောင်ဆိုပြီး သင့်တဲ့ဈေးနဲ့ လွယ်လွယ်ကူကူ ရောင်းသွားမယ့် သဘော ဖြစ်မယ်”
”ဟုတ်တယ်ဆရာ၊ဈေးသင့်လို့ ဝယ်မယ့်သူ က သမီးဆီ လာပြီး စာရွက်စာတမ်းစစ်ဆေးပေးပါလို့ ပြောတယ်။

သမီးလည်းမေးကြည့်လိုက်တော့ ရှုပ်ထွေးနေတာနဲ့ ဆရာ့ဆီ အကြံလာတောင်းတာ ဆရာ” ဟုတပည့်ဖြစ်သူ မိန်းကလေးက ရှင်းပြ ပါသည်။

”ဘယ်လိုနည်းနဲ့ ကျူးကျော် နေထိုင်လာကြတယ် ဆိုတာတော့မသိဘူးပေါ့ကွယ်၊
အဲဒီလို နေထိုင် လာခဲ့ တာ ၁၂ နှစ် ကာလကျော်ခဲ့ရင် ကာလ စည်းကမ်း သတ် အက် ဥပဒေအရ ပိုင်ရှင်ဆိုသူက တရားစွဲဆိုဖယ်ရှား ပိုင်ခွင့် မရှိတော့ဘူး။

အချင်းဖြစ်မြေနဲ့ အိမ်မှာနေတဲ့ သူတွေ က ပိုင်ရှင်အပေါ် ဆန့်ကျင်နေထိုင်ခွင့် ရသွားပြီ ဖြစ်တယ်၊
တချို့က လည်း အဲဒီအခြေအနေကို ပစ္စည်း အပေါ်ဆန့်ကျင် ပိုင်ဆိုင်ခွင့် ရသွားပြီဆိုပြီး သတ်မှတ် ခေါ်ဝေါ် ကြတယ်။

အဲဒီမြေအိမ်၊ တိုက်ခန်း စတဲ့ မိမိ နေထိုင် တဲ့ အဆောက်အအုံဥပစာကို မိမိတို့ ပိုင်သွားပြီ လို့ ယူဆကြတယ်။

ဒါနဲ့ပဲ ထပ်ဆင့် ရောင်းချတာတွေ ဖြစ်လာတာပေါ့”
”အဲဒီလိုရခဲ့တဲ့ အဆောက်အအုံ ဥပစာကို ဝယ်ရင်တရားဝင် ပါ့မလား ဆရာ”

”တိုက်ခန်း မှာ အမည်ပြောင်းဖို့ ကိစ္စ အခက်အခဲ ရှိနိုင် သလို၊မြေ နဲ့အိမ်ဆိုရင်လည်း အရောင်းအဝယ် မြေပုံကူး ယူဖို့အရောင်းအဝယ် မှတ်ပုံတင် စာချုပ်ချုပ်ဆိုဖို့

ဂရန်မြေ အမည်ပြောင်းဖို့စတဲ့ ကိစ္စတွေမှာ အမည်ပေါက်သူက တာဝန်ယူမှာ မဟုတ်တဲ့အတွက် အခက်အခဲတွေ့မှာ ဖြစ်တယ်””ဆရာပြောတော့ ဆန့်ကျင် ပိုင်ဆိုင်တယ်ဆို”

ဒါက အားလုံးက လွယ်လွယ် ပြောနေကြတာ၊ တရားရုံး က ပိုင်ဆိုင်သွားပြီလို့ ဆုံးဖြတ်တာ မဟုတ်ဘူး။ တရား စွဲဆိုခွင့် ကာလကျော်လွန်သွားပြီ လို့ ဆုံးဖြတ်ပေး လိုက်တာဖြစ်တယ်။

ဒါပေမယ့် ကာလစည်းကမ်းသတ် အက်ဥပဒေပုဒ်မ ၂၈ မှာ*** တရားစွဲဆိုဖို့ ကန့်သတ်ထားတဲ့ ကာလ အပိုင်း အခြား ကုန်ဆုံးသွားရင် အချင်းဖြစ်ပစ္စည်း ပိုင်ဆိုင် ခွင့်သည်လည်းကုန်ဆုံးပြတ်စဲသွားပြီလို့
ပြဋ္ဌာန်းထားတဲ့ အတွက်နေထိုင်နေသူက ပစ္စည်းကို ပိုင်ဆိုင်သွားပြီလို့ ယူဆကြတာဖြစ်တယ် ***
”ဒါဆိုရင် ပိုင်ရှင်က ပိုင်ဆိုင် ခွင့်ဆုံးရှုံးသွားပြီ ပေါ့နော်”

”ငါ့ တပည့် ကို ရှင်းအောင် ပြောရရင် တရားရုံးချုပ် က ဆုံးဖြတ်ထားတဲ့ စီရင်ထုံးတစ်ခုကို ဖတ်ပြမယ်”စာရေးသူက စာအုပ်စင်ပေါ် က စီရင်ထုံးစာအုပ်ကိုဆွဲယူလိုက် ပြီး ဖတ်ပြလိုက်ပါသည်။

ဒေါ်ငန်လွယ်ပါ ရှစ်ဦးနှင့် ဒေါ်တွဲလျန်ပါ သုံးဦး ၊၁၉၈၃ ခုနှစ် မြန်မာနိုင်ငံ တရားစီရင်ထုံး စာမျက်နှာ ၉၂ အမှုတွင်“ဒေါ်တွဲလျန် တို့က အချင်းဖြစ် မြေနှင့်အိမ်ကို တရား မစွဲဆိုမီ ၅၅ နှစ်ခန့်မှစ၍ ဆန့်ကျင်လက်ရှိ ထားခဲ့ သဖြင့် ယင်း မြေနှင့်အိမ်ကို ပိုင်ဆိုင်ကြောင်း မြွက်ဟကြေညာ ပေးရန်တရားရုံး တွင် ဒေါ်ငန်လွယ် တို့အပေါ်တရားစွဲဆို လျှောက်ထားခဲ့ခြင်းဖြစ်သည်။”

တရားရုံးချုပ်က ဆုံးဖြတ်သည်မှာ

– ဒေါ်တွဲလျန် အဆိုပြုသည့်အတိုင်း အချင်းဖြစ် မြေနှင့် အိမ်ကို ပိုင်ရှင်တို့အား ဆန့်ကျင်၍ ၁၂ နှစ် ကျော် လက်ရှိ ထားခဲ့ပါမူ၊

ဆိုင်ရာပိုင်ရှင်တို့အနေ ဖြင့် ယင်းပစ္စည်းများ တွင် ပိုင်ဆိုင်ခွင့်မှာ ကာလ စည်းကမ်းသတ် အက်ဥပဒေ ပုဒ်မ ၂၈ အရကုန်ဆုံး ပြတ်စဲသွားပေမည်။

– ပိုင်ရှင်တို့အနေဖြင့် ကာလ စည်းကမ်းသတ် အက်ဥပဒေ ပုဒ်မ ၂၈ အရ ပိုင်ဆိုင်ခွင့် ကုန်ဆုံး ပြတ်စဲ စေကာမူ၊ ဒေါ်တွဲလျန်တို့သည် ယင်းသို့ ဆန့်ကျင် လက်ရှိ ထားခြင်းဖြင့် အချင်းဖြစ် မြေနှင့် အိမ် ၏ ပိုင်ရှင် အဖြစ်သို့ ရောက်စေရမည်ဟု…

အဆိုပါ ပုဒ်မ ၂၈ တွင် ပြဋ္ဌာန်း ထားခြင်းမရှိပေ။
– အချင်းဖြစ်ပစ္စည်းများ၏ ပိုင်ရှင် တို့က ဒေါ်တွဲလျန် တို့ အပေါ် ယင်းပစ္စည်းများကို လက်ရောက်ရလို ကြောင်း တရားစွဲဆိုခွင့် မရှိတော့ခြင်းမှာ အချင်းဖြစ် ပစ္စည်းများနှင့် စပ်လျဉ်း၍ ဒေါ်တွဲလျန်တို့၏ ပိုင်ရေး ပိုင်ခွင့်နှင့် သက်ဆိုင်သည်ဟုမဆိုနိုင်ပေ။

– ထို့ကြောင့် ဒေါ်တွဲလျန် တို့စွဲဆိုသော အချင်းဖြစ် မြေနှင့် အိမ်ပိုင်ဆိုင်ကြောင်း ကြေညာပေးရန် စွဲဆိုမှု အား ပလပ်ကြောင်း အမိန့်ချမှတ်ခဲ့သည်လို့ ဖော်ပြထားတယ်။

” * ဒါကြောင့် ၁၂ နှစ်ကျော် ဆန့်ကျင်နေထိုင် လာ ရုံနဲ့ အဆိုပါ ပစ္စည်းကို အလိုအလျောက် ပိုင်ဆိုင်ခွင့် ရပြီး ပိုင်ရှင်ဖြစ်လာမှာ မဟုတ်ဘူး။ နေပိုင်ခွင့် ဆက်လက် ရှိနေခြင်းကို ဆိုလိုတာဖြစ်တယ်။

ပိုင်ရှင်က မိမိကို အဆိုပါ အဆောက်အအုံမှဖယ်ရှား ပေးရန် တရားစွဲဆိုခွင့် မရှိခြင်းသာ ဖြစ်တယ်၊
ဥပဒေ အရ ပိုင်ရှင်ဖြစ်လာမှာ မဟုတ်ဘူး * ”

”ဒါဆို ရောင်းလိ့ုမရဘူးပေါ့”

”အရောင်းအဝယ် လုပ်လို့ မရ ဘူးတော့ မဟုတ်ဘူး။

ပစ္စည်းတစ်ခုကို ရောင်းသူဝယ်သူ သဘောတူ ရင်အရောင်းအဝယ်ဖြစ်ကြတာပဲ။

ဒါပေမယ့် အခုလို အခြေအနေမျိုး က ဥပဒေ နဲ့အညီတရားဝင်ပိုင်ရှင် မဟုတ်တဲ့အတွက် ရောင်းမယ် ဆိုရင် ကန့်ကွက်တာ၊ တရားစွဲဆိုတာတွေဖြစ်နိုင်တဲ့ အတွက် ဒီအချက်တွေကို ရင်ဆိုင်နိုင်မှသာ ဝယ် ပါ”လို့အကြံပြု ပြောကြားလိုက်ပါ သည်။
ထီယု (ဥပဒေအတိုင်ပင်ခံ)

Zawgyi

အိမ္ငွါး က ေနထိုင္တာ ၁၂ ႏွစ္ေက်ာ္သြားပါက ဥပေဒ အရ ႏွင္ခ်ခြင့္ မရွိေတာ့ပါဘူးတဲ့ သတိထားႏိုင္ေစဖို႔ပါ

အိမ္ငွါး က ေနထိုင္တာ ၁၂ ႏွစ္ေက်ာ္သြားပါက ဥပေဒ အရ ႏွင္ခ်ခြင့္ မရွိေတာ့ပါဘူးတဲ့…
တရားစြဲဖို႔ ကန႔္သတ္ထားတဲ့ ကာလအပိုင္းအျခား ကုန္ဆုံးသြားလို႔ ျဖစ္ပါတယ္တဲ့… ေဈးကြက္ဂ်ာနယ္မွာ ပါေသာ ေဆာင္းပါးပါ….

“၁၂ ႏွစ္ေက်ာ္ ေနထိုင္လာသူထံမွ ေျမႏွင့္အိမ္ကို ဝယ္လွ်င္”
”ေရာင္းမယ့္ အိမ္နဲ႔ ေျမက ပိုင္ရွင္အစစ္မဟုတ္လို႔ ဝယ္ဖို႔ အဆင္ေျပပါ့မလား ဆရာ” ဟု တပည့္တစ္ဦး က လာေရာက္ေဆြးေႏြး ပါသည္။

”ပိုင္ရွင္အစစ္မဟုတ္ဘူးဆိုတာက ဘာကို ေျပာတာလဲ၊ ေျမပိုင္ရွင္က ေသဆုံးသြားလို႔လား”
”အဲဒီလိုေတာ့ မဟုတ္ဘူး ဆရာ၊ ဘယ္လိုေျပာရမလဲ”

”ဘယ္လိုမွ မေျပာနဲ႔ေတာ့၊ ေသခ်ာေလ့လာခဲ့မွေပါ့ကြယ္၊ ကဲ- ဆရာေမးတာပဲ ေျဖေတာ့”
”ဟုတ္ကဲ့ ဆရာ”

”ေျမနဲ႔ အိမ္အမည္ေပါက္ပိုင္ရွင္က တစ္ေယာက္၊ အခု ေရာင္းမယ္ဆိုတဲ့ သူက တစ္ေယာက္ျဖစ္ေနတာေပါ့”
”ဟုတ္တယ္ ဆရာ”

”ေရာင္းမယ္ဆိုတဲ့ သူက အဲဒီ အိမ္နဲ႔ ေျမကို ဝယ္ထား တာလား၊ ဘယ္လို ပိုင္ဆိုင္လာတာလဲ”
”ေရာင္းမယ္ဆိုတဲ့ သူရဲ႕ေျပာစကားအရေတာ့…အခုအိမ္ နဲ႔ ေျမ ေပၚမွာေနတာ အႏွစ္ ၂ဝ နီးပါး ရွိၿပီလို႔ေျပာတယ္”

”ဒါဆိုရင္ ေျမပိုင္ရွင္ က သူတို႔ကို ခြင့္ျပဳခ်က္နဲ႔ ထားတာလား”
”အိမ္ေျမပိုင္ရွင္ က သူ႔ကို က်ဴး ေက်ာ္ေနထိုင္တယ္ ဆိုၿပီး တရား စြဲခဲ့တယ္”
”အဲဒီေတာ့ အမႈေကာၿပီးသြား ၿပီလား”

”အိမ္ေျမပိုင္ရွင္ရဲ႕တရားစြဲဆိုမႈက ကာလစည္းကမ္း သတ္ ၁၂ ႏွစ္ေက်ာ္သြားလို႔ တရားစြဲတာ ရႈံး သြားတယ္ ေျပာတယ္”

”သူတို႔က အႏိုင္ရတယ္ေပါ့၊ ၁၂ ႏွစ္ေက်ာ္လို႔ ပိုင္ရွင္ကို ဆန႔္ က်င္ေနထိုင္ခြင့္ ရသြားတာျဖစ္မယ္”
”ဟုတ္တယ္ ဆရာ၊ အခု သူတို႔က အိမ္နဲ႔ ေျမကိုေရာင္း မွာ ဆရာ”

”ဒါမ်ိဳးကေတာ့ ဂ႐ုစိုက္ၿပီး ဝယ္ဖို႔လိုတယ္၊ ေရာင္းတဲ့သူ က လည္း ေနာက္ထပ္အမႈအခင္း အရႈပ္အရွင္း ကင္းေအာင္ဆိုၿပီး သင့္တဲ့ေဈးနဲ႔ လြယ္လြယ္ကူကူ ေရာင္းသြားမယ့္ သေဘာ ျဖစ္မယ္”
”ဟုတ္တယ္ဆရာ၊ေဈးသင့္လို႔ ဝယ္မယ့္သူ က သမီးဆီ လာၿပီး စာ႐ြက္စာတမ္းစစ္ေဆးေပးပါလို႔ ေျပာတယ္။

သမီးလည္းေမးၾကည့္လိုက္ေတာ့ ရႈပ္ေထြးေနတာနဲ႔ ဆရာ့ဆီ အႀကံလာေတာင္းတာ ဆရာ” ဟုတပည့္ျဖစ္သူ မိန္းကေလးက ရွင္းျပ ပါသည္။

”ဘယ္လိုနည္းနဲ႔ က်ဴးေက်ာ္ ေနထိုင္လာၾကတယ္ ဆိုတာေတာ့မသိဘူးေပါ့ကြယ္၊
အဲဒီလို ေနထိုင္ လာခဲ့ တာ ၁၂ ႏွစ္ ကာလေက်ာ္ခဲ့ရင္ ကာလ စည္းကမ္း သတ္ အက္ ဥပေဒအရ ပိုင္ရွင္ဆိုသူက တရားစြဲဆိုဖယ္ရွား ပိုင္ခြင့္ မရွိေတာ့ဘူး။

အခ်င္းျဖစ္ေျမနဲ႔ အိမ္မွာေနတဲ့ သူေတြ က ပိုင္ရွင္အေပၚ ဆန႔္က်င္ေနထိုင္ခြင့္ ရသြားၿပီ ျဖစ္တယ္၊
တခ်ိဳ႕က လည္း အဲဒီအေျခအေနကို ပစၥည္း အေပၚဆန႔္က်င္ ပိုင္ဆိုင္ခြင့္ ရသြားၿပီဆိုၿပီး သတ္မွတ္ ေခၚေဝၚ ၾကတယ္။

အဲဒီေျမအိမ္၊ တိုက္ခန္း စတဲ့ မိမိ ေနထိုင္ တဲ့ အေဆာက္အအုံဥပစာကို မိမိတို႔ ပိုင္သြားၿပီ လို႔ ယူဆၾကတယ္။

ဒါနဲ႔ပဲ ထပ္ဆင့္ ေရာင္းခ်တာေတြ ျဖစ္လာတာေပါ့”
”အဲဒီလိုရခဲ့တဲ့ အေဆာက္အအုံ ဥပစာကို ဝယ္ရင္တရားဝင္ ပါ့မလား ဆရာ”

”တိုက္ခန္း မွာ အမည္ေျပာင္းဖို႔ ကိစၥ အခက္အခဲ ရွိႏိုင္ သလို၊ေျမ နဲ႔အိမ္ဆိုရင္လည္း အေရာင္းအဝယ္ ေျမပုံကူး ယူဖို႔အေရာင္းအဝယ္ မွတ္ပုံတင္ စာခ်ဳပ္ခ်ဳပ္ဆိုဖို႔

ဂရန္ေျမ အမည္ေျပာင္းဖို႔စတဲ့ ကိစၥေတြမွာ အမည္ေပါက္သူက တာဝန္ယူမွာ မဟုတ္တဲ့အတြက္ အခက္အခဲေတြ႕မွာ ျဖစ္တယ္””ဆရာေျပာေတာ့ ဆန႔္က်င္ ပိုင္ဆိုင္တယ္ဆို”

ဒါက အားလုံးက လြယ္လြယ္ ေျပာေနၾကတာ၊ တရား႐ုံး က ပိုင္ဆိုင္သြားၿပီလို႔ ဆုံးျဖတ္တာ မဟုတ္ဘူး။ တရား စြဲဆိုခြင့္ ကာလေက်ာ္လြန္သြားၿပီ လို႔ ဆုံးျဖတ္ေပး လိုက္တာျဖစ္တယ္။

ဒါေပမယ့္ ကာလစည္းကမ္းသတ္ အက္ဥပေဒပုဒ္မ ၂၈ မွာ*** တရားစြဲဆိုဖို႔ ကန႔္သတ္ထားတဲ့ ကာလ အပိုင္း အျခား ကုန္ဆုံးသြားရင္ အခ်င္းျဖစ္ပစၥည္း ပိုင္ဆိုင္ ခြင့္သည္လည္းကုန္ဆုံးျပတ္စဲသြားၿပီလို႔
ျပ႒ာန္းထားတဲ့ အတြက္ေနထိုင္ေနသူက ပစၥည္းကို ပိုင္ဆိုင္သြားၿပီလို႔ ယူဆၾကတာျဖစ္တယ္ ***
”ဒါဆိုရင္ ပိုင္ရွင္က ပိုင္ဆိုင္ ခြင့္ဆုံးရႈံးသြားၿပီ ေပါ့ေနာ္”

”ငါ့ တပည့္ ကို ရွင္းေအာင္ ေျပာရရင္ တရား႐ုံးခ်ဳပ္ က ဆုံးျဖတ္ထားတဲ့ စီရင္ထုံးတစ္ခုကို ဖတ္ျပမယ္”စာေရးသူက စာအုပ္စင္ေပၚ က စီရင္ထုံးစာအုပ္ကိုဆြဲယူလိုက္ ၿပီး ဖတ္ျပလိုက္ပါသည္။

ေဒၚငန္လြယ္ပါ ရွစ္ဦးႏွင့္ ေဒၚတြဲလ်န္ပါ သုံးဦး ၊၁၉၈၃ ခုႏွစ္ ျမန္မာႏိုင္ငံ တရားစီရင္ထုံး စာမ်က္ႏွာ ၉၂ အမႈတြင္“ေဒၚတြဲလ်န္ တို႔က အခ်င္းျဖစ္ ေျမႏွင့္အိမ္ကို တရား မစြဲဆိုမီ ၅၅ ႏွစ္ခန႔္မွစ၍ ဆန႔္က်င္လက္ရွိ ထားခဲ့ သျဖင့္ ယင္း ေျမႏွင့္အိမ္ကို ပိုင္ဆိုင္ေၾကာင္း ႁမြက္ဟေၾကညာ ေပးရန္တရား႐ုံး တြင္ ေဒၚငန္လြယ္ တို႔အေပၚတရားစြဲဆို ေလွ်ာက္ထားခဲ့ျခင္းျဖစ္သည္။”

တရား႐ုံးခ်ဳပ္က ဆုံးျဖတ္သည္မွာ

– ေဒၚတြဲလ်န္ အဆိုျပဳသည့္အတိုင္း အခ်င္းျဖစ္ ေျမႏွင့္ အိမ္ကို ပိုင္ရွင္တို႔အား ဆန႔္က်င္၍ ၁၂ ႏွစ္ ေက်ာ္ လက္ရွိ ထားခဲ့ပါမူ၊

ဆိုင္ရာပိုင္ရွင္တို႔အေန ျဖင့္ ယင္းပစၥည္းမ်ား တြင္ ပိုင္ဆိုင္ခြင့္မွာ ကာလ စည္းကမ္းသတ္ အက္ဥပေဒ ပုဒ္မ ၂၈ အရကုန္ဆုံး ျပတ္စဲသြားေပမည္။

– ပိုင္ရွင္တို႔အေနျဖင့္ ကာလ စည္းကမ္းသတ္ အက္ဥပေဒ ပုဒ္မ ၂၈ အရ ပိုင္ဆိုင္ခြင့္ ကုန္ဆုံး ျပတ္စဲ ေစကာမူ၊ ေဒၚတြဲလ်န္တို႔သည္ ယင္းသို႔ ဆန႔္က်င္ လက္ရွိ ထားျခင္းျဖင့္ အခ်င္းျဖစ္ ေျမႏွင့္ အိမ္ ၏ ပိုင္ရွင္ အျဖစ္သို႔ ေရာက္ေစရမည္ဟု…

အဆိုပါ ပုဒ္မ ၂၈ တြင္ ျပ႒ာန္း ထားျခင္းမရွိေပ။
– အခ်င္းျဖစ္ပစၥည္းမ်ား၏ ပိုင္ရွင္ တို႔က ေဒၚတြဲလ်န္ တို႔ အေပၚ ယင္းပစၥည္းမ်ားကို လက္ေရာက္ရလို ေၾကာင္း တရားစြဲဆိုခြင့္ မရွိေတာ့ျခင္းမွာ အခ်င္းျဖစ္ ပစၥည္းမ်ားႏွင့္ စပ္လ်ဥ္း၍ ေဒၚတြဲလ်န္တို႔၏ ပိုင္ေရး ပိုင္ခြင့္ႏွင့္ သက္ဆိုင္သည္ဟုမဆိုႏိုင္ေပ။

– ထို႔ေၾကာင့္ ေဒၚတြဲလ်န္ တို႔စြဲဆိုေသာ အခ်င္းျဖစ္ ေျမႏွင့္ အိမ္ပိုင္ဆိုင္ေၾကာင္း ေၾကညာေပးရန္ စြဲဆိုမႈ အား ပလပ္ေၾကာင္း အမိန႔္ခ်မွတ္ခဲ့သည္လို႔ ေဖာ္ျပထားတယ္။

” * ဒါေၾကာင့္ ၁၂ ႏွစ္ေက်ာ္ ဆန႔္က်င္ေနထိုင္ လာ ႐ုံနဲ႔ အဆိုပါ ပစၥည္းကို အလိုအေလ်ာက္ ပိုင္ဆိုင္ခြင့္ ရၿပီး ပိုင္ရွင္ျဖစ္လာမွာ မဟုတ္ဘူး။ ေနပိုင္ခြင့္ ဆက္လက္ ရွိေနျခင္းကို ဆိုလိုတာျဖစ္တယ္။

ပိုင္ရွင္က မိမိကို အဆိုပါ အေဆာက္အအုံမွဖယ္ရွား ေပးရန္ တရားစြဲဆိုခြင့္ မရွိျခင္းသာ ျဖစ္တယ္၊
ဥပေဒ အရ ပိုင္ရွင္ျဖစ္လာမွာ မဟုတ္ဘူး * ”

”ဒါဆို ေရာင္းလိ့ုမရဘူးေပါ့”

”အေရာင္းအဝယ္ လုပ္လို႔ မရ ဘူးေတာ့ မဟုတ္ဘူး။

ပစၥည္းတစ္ခုကို ေရာင္းသူဝယ္သူ သေဘာတူ ရင္အေရာင္းအဝယ္ျဖစ္ၾကတာပဲ။

ဒါေပမယ့္ အခုလို အေျခအေနမ်ိဳး က ဥပေဒ နဲ႔အညီတရားဝင္ပိုင္ရွင္ မဟုတ္တဲ့အတြက္ ေရာင္းမယ္ ဆိုရင္ ကန႔္ကြက္တာ၊ တရားစြဲဆိုတာေတြျဖစ္ႏိုင္တဲ့ အတြက္ ဒီအခ်က္ေတြကို ရင္ဆိုင္ႏိုင္မွသာ ဝယ္ ပါ”လို႔အႀကံျပဳ ေျပာၾကားလိုက္ပါ သည္။
ထီယု (ဥပေဒအတိုင္ပင္ခံ)

Be the first to comment

Leave a Reply

Your email address will not be published.


*