“၁၉၈၀ ဝန်းကျင်က ကျနော်တို့ရဲ့ မုန့်ဖိုး တစ်ကျပ်တန်နဲ့ ဘာတွေ ဝယ်လို့ ရခဲ့လဲ”

“၁၉၈၀ ဝန်းကျင်က ကျနော်တို့ရဲ့ မုန့်ဖိုး တစ်ကျပ်တန်နဲ့ ဘာတွေ ဝယ်လို့ ရခဲ့လဲ”

ကျနော်တို့ အဖွား (အင်္ဂလိပ် ကိုလိုနီခေတ်) အမေတို့ (ပါလီမန်ခေတ်) မဟုတ်၊ ကျနော်တို့ရဲ့ မဆလ ခေတ်ပါ။

ကျနော်တို့ခေတ်က မုန့်ဖိုးက တမတ်၊ ငါးမူး အကြွေပဲ ရတာ။ ၉ တန်း ၁၀ တန်းကျမှ ကျပ်တန် ရခဲ့တာ။

ကျနော်တို့ အထက ကျောင်းတက်နေတဲ့ ၁၉၈၀ – ၈၁ ခုနှစ်မှာ ပိုက်ဆံတစ်ကျပ်နဲ့ ဝယ်လို့ ရခဲ့တာ …

• လက်ဘက်ရည်တခွက် • မုန့်ဟင်းခါးအကြော်နဲ့ (ဗဟန်းနဲ့ မြို့လည် မဟုတ်တဲ့ နေရာများ)

• ဆန်ပြုတ်၊ အရိုးသုတ် (ဗဟန်း ၃ လမ်း) • အအေး ကျောက်ကျော တစ်ခွက်

• ဒူးယားညစီးကရက် ၃ လိပ် • ဘတ်စ်ကား မြို့ထဲစီး အသွားအပြန် • သီချင်းစာအုပ် – ၂ အုပ်

• ဇီးထုတ် ၄ ထုတ်၊ ရှယ် ရွှေမြ တစ်ထုတ် • ဘိလပ်ရည် ကရင်ဆိုဒါ • ရေခဲရည် ၁၀ ခွက်

• ရေခဲချောင်း အကောင်းစား ၂ ချောင်း • ရေခဲခြစ် နို့ဆီဆမ်း၊ မြေပဲထောင်း • ကောက်ညှင်းပေါင်းနဲ့ အကျော်

• ဝက်သားထုတ်ထိုး – ဆယ်ပြားတန် ၁၀ ချောင်း၊ ရှယ် တစ်မတ်တန် ၄ ချောင်း

• ကက်ဆက်ခွေ တစ်ရက်ငှားခ (တေးပုလဲ ၈၁၊ မိုင်ပေါင်းကုဋေ၊ ရွှေသီချင်း၊ အမြန်ယာဉ်၊ သီချင်းရှင်ကို ကြင်နာပါ)

• ဝတ္ထု မဂ္ဂဇင်း တစ်ရက်ငှားခ (သပြေ၊ မဟေသီ၊ ပေဖူးလွှာ၊ ငြိမ်းကျော်၊ နွမ်ဂျာသိုင်း)

ကျောင်းက ကြိုက်နေတဲ့ ကောင်မလေးကို ပေးဖို့ မောင်ပန်းမွှေးကဗျာလေး၊ ကာတွန်းဆန်းထွန်းညဆွဲတဲ့ပုံနဲ့ ပို့စ်ကဒ်လေးက ၇၅ ပြား၊

မပေးရဲလို့ စာတိုက်ကပို့ရင် ငှက်ခါးပုံ တံဆိပ်ခေါင်းက ၁၅ ပြား။

ရင်ခုန်ပြီး ပျော်ခဲ့ရတာက တစ်သက်တာ တန်ဖိုးမဖြတ်နိုင် (Priceless !!!!!)

မူရင်း ဆရာ Kyaw Lion ရေးသားသည်ကို ပြန်လည် မျှဝေပါသည်။

လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။

Zawgyi

“၁၉၈၀ ဝန္းက်င္က က်ေနာ္တို႔ရဲ႕ မုန႔္ဖိုး တစ္က်ပ္တန္နဲ႔ ဘာေတြ ဝယ္လို႔ ရခဲ့လဲ”

က်ေနာ္တို႔ အဖြား (အဂၤလိပ္ ကိုလိုနီေခတ္) အေမတို႔ (ပါလီမန္ေခတ္) မဟုတ္၊ က်ေနာ္တို႔ရဲ႕ မဆလ ေခတ္ပါ။

က်ေနာ္တို႔ေခတ္က မုန႔္ဖိုးက တမတ္၊ ငါးမူး အေႂကြပဲ ရတာ။ ၉ တန္း ၁၀ တန္းက်မွ က်ပ္တန္ ရခဲ့တာ။

က်ေနာ္တို႔ အထက ေက်ာင္းတက္ေနတဲ့ ၁၉၈၀ – ၈၁ ခုႏွစ္မွာ ပိုက္ဆံတစ္က်ပ္နဲ႔ ဝယ္လို႔ ရခဲ့တာ …

• လက္ဘက္ရည္တခြက္ • မုန႔္ဟင္းခါးအေၾကာ္နဲ႔ (ဗဟန္းနဲ႔ ၿမိဳ႕လည္ မဟုတ္တဲ့ ေနရာမ်ား)

• ဆန္ျပဳတ္၊ အ႐ိုးသုတ္ (ဗဟန္း ၃ လမ္း) • အေအး ေက်ာက္ေက်ာ တစ္ခြက္

• ဒူးယားညစီးကရက္ ၃ လိပ္ • ဘတ္စ္ကား ၿမိဳ႕ထဲစီး အသြားအျပန္ • သီခ်င္းစာအုပ္ – ၂ အုပ္

• ဇီးထုတ္ ၄ ထုတ္၊ ရွယ္ ေ႐ႊျမ တစ္ထုတ္ • ဘိလပ္ရည္ ကရင္ဆိုဒါ • ေရခဲရည္ ၁၀ ခြက္

• ေရခဲေခ်ာင္း အေကာင္းစား ၂ ေခ်ာင္း • ေရခဲျခစ္ ႏို႔ဆီဆမ္း၊ ေျမပဲေထာင္း • ေကာက္ညႇင္းေပါင္းနဲ႔ အေက်ာ္

• ဝက္သားထုတ္ထိုး – ဆယ္ျပားတန္ ၁၀ ေခ်ာင္း၊ ရွယ္ တစ္မတ္တန္ ၄ ေခ်ာင္း

• ကက္ဆက္ေခြ တစ္ရက္ငွားခ (ေတးပုလဲ ၈၁၊ မိုင္ေပါင္းကုေဋ၊ ေ႐ႊသီခ်င္း၊ အျမန္ယာဥ္၊ သီခ်င္းရွင္ကို ၾကင္နာပါ)

• ဝတၳဳ မဂၢဇင္း တစ္ရက္ငွားခ (သေျပ၊ မေဟသီ၊ ေပဖူးလႊာ၊ ၿငိမ္းေက်ာ္၊ ႏြမ္ဂ်ာသိုင္း)

ေက်ာင္းက ႀကိဳက္ေနတဲ့ ေကာင္မေလးကို ေပးဖို႔ ေမာင္ပန္းေမႊးကဗ်ာေလး၊ ကာတြန္းဆန္းထြန္းညဆြဲတဲ့ပုံနဲ႔ ပို႔စ္ကဒ္ေလးက ၇၅ ျပား၊

မေပးရဲလို႔ စာတိုက္ကပို႔ရင္ ငွက္ခါးပုံ တံဆိပ္ေခါင္းက ၁၅ ျပား။

ရင္ခုန္ၿပီး ေပ်ာ္ခဲ့ရတာက တစ္သက္တာ တန္ဖိုးမျဖတ္ႏိုင္ (Priceless !!!!!)

မူရင္း ဆရာ Kyaw Lion ေရးသားသည္ကို ျပန္လည္ မွ်ေဝပါသည္။

ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။

Be the first to comment

Leave a Reply

Your email address will not be published.


*