စမူဆာ ဖြစ်ပေါ်လာပုံ
စမူဆာ ဖြစ်ပေါ်လာပုံ
ဘုရင် သတိုးမင်းဖျားက ” ငတက်ပြားကို ဖမ်းမဟဲ့ ” ဆိုပြီးထွက်ခွာခဲ့တာ တစ်ရက်လောက်နဲ့ မိအောင်ဖမ်းနိုင်မယ်ထင်ထားပေမဲ့မမိဘူး။ ထင်တာထက်ကြာနေခဲ့တယ်။
ရိက္ခာကလည်း အများကြီးယူမလာမိဘူးဆိုတော့ ဂျုံမှုန့်အနည်းငယ်ပဲ ကျန်တော့တယ်။
အဲ့ဒါနဲ့ နီးရာမှာလိုက်ရှာတော့တောင်ယာတဲတစ်ခုမှာ ဂေါ်ဖီ၊ ကြက်သွန်နဲ့ ဟင်းသီးဟင်းရွက်အချို့ကို တွေ့ရပါတယ်။
မင်းကြီးကလည်း ဘာလုပ်စားရကောင်းမလဲ စဉ်းစားနေတုန်း သူနဲ့အတူလိုက်ပါလာတဲ့ မိဖုရား စောဥမ္မာ အောက်စလွတ်နေတာမြင်လိုက်ရတာကြောင့်
” အဲ့ဒီပုံ လုပ်ကွာ ” ဆိုပြီးစားတော်ကဲကို ခိုင်းလိုက်ပါတယ်။
ဘုရင်က ငတက်ပြားကို ဖမ်းမမိလို့စိတ်ညစ်နေတာလေ။ ညစ်တွန်း တွန်းတာဖြစ်မယ်။ 😁😁
စားတော်ကဲက ” ကျွန်တော်မျိုးမှာ လူပျိုဖြစ်သည့်အတွက် အရှင်မင်းကြီးပြောတဲ့ဟာကို မမြင်ဖူးကြောင်းပါဖျာ့ “လို့ လျှောက်တင်တယ်။
ဘုရင် အကြပ်တွေ့ပါလေရော။
ဗိုက်ကလည်း အတော်ဆာနေပြီ။
ဒါနဲ့ သူ့မိဖုရားကို လှန်ပြခိုင်းတယ်။
မိဖုရားစောဥမ္မာက ဘယ်ပြမလဲ၊ ရှက်တာပေါ.။
နောက်တော့ ဘုရင်က ပြောလွန်းမကပြောလာလို့စိတ်တိုတိုနဲ့
” ဒီလောက်ဖြစ်လှတာ ၊ ကြည့်ဟဲ့ ” ဆိုပြီးလှန်ပြလိုက်တယ်။
စားတော်ကဲက ဘုရင့်မိန်းမကို
ဘယ်လိုလုပ် စေ့စေ့ကြည့်ရဲမှာလဲ။
မျက်လုံးထဲ တွေ့တဲ့ပုံကိုမှတ်ပြီး
ဂျုံကို အပြားဖြစ်အောင်တဖတ်ဖတ်ရိုက်၊
အဆာပလာအဖြစ် အသီးအရွက်တွေကိုလှီးထည့်၊
သူ့မျက်စိထဲ လှစ်ခနဲမြင်လိုက်ရတဲ့ပုံစံလေးလုပ်ပြီး ဆီနဲ့ တရှဲရှဲကြော်ပါတော့တယ်။
ကျက်သွားတော့ ဘုရင်နဲ့မိဖုရားကို ဆက်သလိုက်ပါတယ်။
ပွဲတော်တည်ရင်း အရမ်းစားကောင်းတာကြောင့် သတိုးမင်းဖျားက မိဖုရားစောဥမ္မာကို ကျီစယ်လိုက်တယ်။
” ဆွီတီရယ်၊ အစက ပြဆိုတုန်းကမပြဘူး မူနေတယ်။ နောက်ကျတော့လည်း ပြရတာပဲမဟုတ်လား ”
” အို… ဒါကတော့ ဆာတာကိုးဖျာ့ ”
စားတော်ကဲကြီးက ဘုရင်နဲ့ မိဖုရားတို့ပြောစကားကို အသေအချာ မှတ်သားထားလိုက်တယ်။
ဘုရင်ခိုင်းလို့သာ ဒီစားစရာကိုလုပ်ပေးရတာ၊ဘာနာမည်မှ မပေးရသေးဘူးလေ။
ဒါကြောင့် အစကတော့မူပြီး နောက်မှ ဆာလို့ပြတဲ့အတွက်
“စ ၊ မူ ၊ ဆာ ” လို့နာမည်ပေးလိုက်ပါတယ်။
မင်းနေပြည်တော်ကိုပြန်ရောက်တော့
အဲ့ဒီမုန့်ကို လုပ်ရောင်းပါတယ်။
လက်ဘက်ရည်ဆိုင်တွေကိုပို့ပါတယ်။
အားပေးသူတွေများလာလိုက်တာ
အိန္ဒိယနိုင်ငံက ဟူးရားဖြူညိုတွေကလည်း လက်ဘက်ရည်ဆိုင်ထိုင်ရင်း လက်ဘက်ရည်နဲ့တွဲဖက်စားသောက်ကြည့်ရာက အကြိုက်တွေ့ကုန်တော့တယ်။
ဒါနဲ့ သူတို့တိုင်းပြည်ကိုပြန်သွားတဲ့အခါ အဲ့သလို ပုံစံတူလုပ်စားရင်း
” စမူဆာ ” ဆိုတဲ့မုန့်တစ်မျိုးဟာ
ပျံ့နှံ့ခဲ့ရပါတော့တယ်။ ။
😁😁
#crd_to_owner
Zawgyi
စမူဆာ ဖြစ်ပေါ်လာပုံ