
စွယ်တော်လေးဆူကို နေ့မကူးအောင်ဖူး လိုရာဆုတောင်း ပြည့်တယ်နှင့် လွဲနေတဲ့ နေ့မကူး အဓိပ္ပါယ်
စွယ်တော်လေးဆူကို နေ့မကူးအောင်ဖူး လိုရာတစ်ဆုတောင်း ဆုတောင်းပြည့်တယ်တဲ့။ နေ့မကူးဆိုတော့ နေ့လည် ၁၂ မထိုးခင်ပေါက်ဆိန်ပေါက်ဘုရားဖူးပြီး ဒုန်းဆိုင်းပြေးလွှားကြတော့တာပဲ။
ဒုန်းဆိုင်းဖူးတော့ဘာဖြစ်လဲဆို စွယ်တော်လေးဆူကို ဘာရည်ရွယ်ချက်နဲ့တည်လဲဆိုတာ ခများတို့ မတွေးမိတော့ဘူး။ ဘုရားတစ်ဆူစီရဲ့ သိမှတ်ဖွယ်ရာတွေ၊ အလေးထားလေ့လာစရာတွေ၊ ရှုခင်းတွေ၊ အလှအပတွေ ခများတို့ မခံစားနိုင်တော့ဘူး။
အမှန်ကနေ့မကူးခင်ဆိုတာ မနက်နေထွက်ကနေ နောက်တစ်နေ့ နေမထွက်ခင်အထိ အဲ့ဒါမြန်မာနေ့တွက်ပဲ။ ခများတို့ စိတ်ကြိုက်ဖူးလို့ရတယ်။ ဒီလိုဖူးတော့ဘာဖြစ်လဲဆို စွယ်တော်လေးဆူ ဖူးရတာပင်ပန်းတယ်။
နောက်မဖူးတော့ဘူးဆိုတာ ဖြစ်လာကော။ ခများတို့ ခုလိုလွယ်လွယ်ကူကူအခြေနေတောင် ပင်ပန်းတာ ပုဂံခေတ် ဒီဘုရားတွေ တည်တဲ့အချိန်ဘယ်လို ခက်ခဲမလဲဆိုတာ တွေးကြည့်ပါလား။
စွယ်တော်လေးဆူက ဆုတစ်ခုတည်းတောင်းပြီးပြန်လာတာမျိုး၊ အလှပုံလေးတွေပဲရိုက်လာတာမျိုး သွားရတာပင်ပန်းလိုက်တာဆိုပြီး ငြိုငြင်ရတာမျိုးနဲ့တော့ လမ်းမဆုံးသင့်ဘူးဗျ
အနော်ရထာလိုစိတ်ကူးကောင်းတဲ့ တိုင်းပြုပြည်ပြုမင်းက ဘာလို့စွယ်တော်ဘုရားတွေကို ဒီလိုတောင်တွေပေါ်၊ ကမ်းနားပေါ်၊ လှေဆိပ်ပေါ်တည်လဲဆိုတာ စဉ်းစားကြည့်ပါ။ လေ့လာကြည့်ပါ။ ဆုတောင်းပြည့်တယ်ဆိုတာထက် အများကြီးပိုပါတယ်။
“နောက်နေ့မကူး နေ့ချင်းဖူး၏။ လှူသည့်ကုသိုလ် မပိုတူ၏။ တောင်းဆိုစကား မမှားတူ၏။ သီလငါးချက် မပျက်လုံ၏။
ထိုသည့်သူအား မကြာချက်ချင်း လက်ငင်းကောင်းကျိုးပေးစေသတည်းလို့ အနော်ရထာဘုရင်က သစ္စာအဓိဋ္ဌာန်ပြုခဲ့ပါတယ်”
ပုဂံစွယ်တော်မြတ်စေတီတော်လေးဆူကို တစ်နေရာတည်းမှ ဖူးမြော်ခွင့်ရမည့် နေရာတစ်ခုရှိပါတယ်။
အဆိုပါနေရာမှာ ပခုက္ကူမြို့မှ မြစ်ခြေထိ ၁၉ မိုင်ခရီး၊ ထိုမှတစ်ဆင့် အရာတော်ရေနံမြေသို့ ၈ မိုင်ခန့်၊ စုစုပေါင်း ၂၇ မိုင်ခန့်ခရီးရှိပြီး အရာတော်ရေနံမြေ၊ အရာရှိ ဧည့်ရိပ်သာဘေးရှိ တောင်ကုန်းလေးပေါ်တွင် တည်ရှိသည်။ Credit to နန်းယု
Zawgyi
စြယ္ေတာ္ေလးဆူကို ေန႔မကူးေအာင္ဖူး လိုရာဆုေတာင္း ျပည့္တယ္ႏွင့္ လြဲေနတဲ့ ေန႔မကူး အဓိပၸါယ္
စြယ္ေတာ္ေလးဆူကို ေန႔မကူးေအာင္ဖူး လိုရာတစ္ဆုေတာင္း ဆုေတာင္းျပည့္တယ္တဲ့။ ေန႔မကူးဆိုေတာ့ ေန႔လည္ ၁၂ မထိုးခင္ေပါက္ဆိန္ေပါက္ဘုရားဖူးၿပီး ဒုန္းဆိုင္းေျပးလႊားၾကေတာ့တာပဲ။
ဒုန္းဆိုင္းဖူးေတာ့ဘာျဖစ္လဲဆို စြယ္ေတာ္ေလးဆူကို ဘာရည္႐ြယ္ခ်က္နဲ႔တည္လဲဆိုတာ ခမ်ားတို႔ မေတြးမိေတာ့ဘူး။ ဘုရားတစ္ဆူစီရဲ႕ သိမွတ္ဖြယ္ရာေတြ၊ အေလးထားေလ့လာစရာေတြ၊ ရႈခင္းေတြ၊ အလွအပေတြ ခမ်ားတို႔ မခံစားႏိုင္ေတာ့ဘူး။
အမွန္ကေန႔မကူးခင္ဆိုတာ မနက္ေနထြက္ကေန ေနာက္တစ္ေန႔ ေနမထြက္ခင္အထိ အဲ့ဒါျမန္မာေန႔တြက္ပဲ။ ခမ်ားတို႔ စိတ္ႀကိဳက္ဖူးလို႔ရတယ္။ ဒီလိုဖူးေတာ့ဘာျဖစ္လဲဆို စြယ္ေတာ္ေလးဆူ ဖူးရတာပင္ပန္းတယ္။
ေနာက္မဖူးေတာ့ဘူးဆိုတာ ျဖစ္လာေကာ။ ခမ်ားတို႔ ခုလိုလြယ္လြယ္ကူကူအေျခေနေတာင္ ပင္ပန္းတာ ပုဂံေခတ္ ဒီဘုရားေတြ တည္တဲ့အခ်ိန္ဘယ္လို ခက္ခဲမလဲဆိုတာ ေတြးၾကည့္ပါလား။
စြယ္ေတာ္ေလးဆူက ဆုတစ္ခုတည္းေတာင္းၿပီးျပန္လာတာမ်ိဳး၊ အလွပုံေလးေတြပဲ႐ိုက္လာတာမ်ိဳး သြားရတာပင္ပန္းလိုက္တာဆိုၿပီး ၿငိဳျငင္ရတာမ်ိဳးနဲ႔ေတာ့ လမ္းမဆုံးသင့္ဘူးဗ်
အေနာ္ရထာလိုစိတ္ကူးေကာင္းတဲ့ တိုင္းျပဳျပည္ျပဳမင္းက ဘာလို႔စြယ္ေတာ္ဘုရားေတြကို ဒီလိုေတာင္ေတြေပၚ၊ ကမ္းနားေပၚ၊ ေလွဆိပ္ေပၚတည္လဲဆိုတာ စဥ္းစားၾကည့္ပါ။ ေလ့လာၾကည့္ပါ။ ဆုေတာင္းျပည့္တယ္ဆိုတာထက္ အမ်ားႀကီးပိုပါတယ္။
“ေနာက္ေန႔မကူး ေန႔ခ်င္းဖူး၏။ လႉသည့္ကုသိုလ္ မပိုတူ၏။ ေတာင္းဆိုစကား မမွားတူ၏။ သီလငါးခ်က္ မပ်က္လုံ၏။
ထိုသည့္သူအား မၾကာခ်က္ခ်င္း လက္ငင္းေကာင္းက်ိဳးေပးေစသတည္းလို႔ အေနာ္ရထာဘုရင္က သစၥာအဓိ႒ာန္ျပဳခဲ့ပါတယ္”
ပုဂံစြယ္ေတာ္ျမတ္ေစတီေတာ္ေလးဆူကို တစ္ေနရာတည္းမွ ဖူးေျမာ္ခြင့္ရမည့္ ေနရာတစ္ခုရွိပါတယ္။
အဆိုပါေနရာမွာ ပခုကၠဴၿမိဳ႕မွ ျမစ္ေျခထိ ၁၉ မိုင္ခရီး၊ ထိုမွတစ္ဆင့္ အရာေတာ္ေရနံေျမသို႔ ၈ မိုင္ခန႔္၊ စုစုေပါင္း ၂၇ မိုင္ခန႔္ခရီးရွိၿပီး အရာေတာ္ေရနံေျမ၊ အရာရွိ ဧည့္ရိပ္သာေဘးရွိ ေတာင္ကုန္းေလးေပၚတြင္ တည္ရွိသည္။ Credit to နန္းယု
Leave a Reply