
ဓမ္မာ၊ သောက၊ အင်းဝ၊ ရာဇာ နေ့နံမတည့်တဲ့ အိမ်ထောင်ဖက်များအတွက် ယတြာချေနည်းများ
ဗေဒင်ဆရာဘ၀ အတွေ့အကြုံများထဲတွင် အိမ်ထောင်ရေးကိစ္စများ အများဆုံး ကြုံတွေ့ရတတ်၏။ ရှေ့အခါတုန်းက ဆရာသမားများက ဗေဒင်ဆရာများ ဗေဒင်ကိန်းဂဏန်းများတွင် အသုံးပြုရန်အတွက် မှတ်ရလွယ်ကူစိမ့်သောငှာ ဓမ္မာသောက အင်း၀ ရာဇာ အိမ်ထောင်ဘက် အသက်မရှည်ရာ စသည်ဖြင့် လင်္ကာများ စပ်၍သင်ပေးထားခဲ့ကြပါတယ်
ထိုလင်္ကာများကို ဗေဒင်ပညာနှင့် မနီးစပ်သူများကယူ၍ စနေနှင့် ကြာသပတေး ၊ သောကြာနှင့် တနင်္လာ ၊ တနင်္ဂနွေနှင့် ဗုဒ္ဓဟူး ၊ ရာဟုနှင့် အင်္ဂါ လက်မထပ်ကောင်း၊ လက်ထပ်ပါက အိမ်ထောင်သက် မရှည် စသည်ဖြင့် ကောက်ယူကြ၏။
မည်သို့ ဖြစ်သည်မသိ ထိုအယူအဆသည် လူတော်တော်များများ အထူးသတိထားကြသော အယူအဆတစ်ခုသို့ ရောက်သွား၏။
ထို့ကြောင့် မကြာခနဆိုသလိုပင် ဓမ္မာသောကအင်းဝရာဇာ အိမ်ထောင်ပြုထားကြသော သူများက အိမ် ထောင် မမြဲ၊ ကွဲမည်ကို စိုးရိမ်သောကြောင့် ဗေဒင်လာမေးကြလေရာ လူတိုင်းကို နားလည်အောင် ရှင်းပြရသည်မှာလည်း တော်တော် များများ ရှိခဲ့ပြီဖြစ်လေသည်။
မည်သို့ပင် ဆိုစေကာမူ ထိုကဲ့သို့ စနေနှင့် ကြာသပတေး ၊ သောကြာနှင့် တနင်္လာ၊ တနင်္ဂနွေနှင့် ဗုဒ္ဓဟူး ၊ ရာဟုနှင့် အင်္ဂါ အိမ်ထောင်ပြုထားကြသူများ အတွက် အိမ်ထောင်ရေး အညံ့အခိုက် ကင်းဝေးစေ သော နည်းတစ်ခုကို ပြန်လည် တင်ပြပေးလိုက်ရပါတယ်ဗျာ..
“ဓမ္မာ” စနေသားသမီးနှင့် ကြာသပတေးသားသမီး အိမ်ထောင်ပြုထားသူများ အနေနှင့် ပိတောက်သားကို (၁၂)လက်မ အလျားဖြတ်ပါ။ သစ်သားချောင်း နှစ်ချောင်းဖြတ်ပါ။
ထိုသစ်သားချောင်းနှစ်ချောင်းကို ရွှေချပါ။ ထိပ်အသီးသီး၌ ဖဲကြိုးနီနှင့် ရစ်ပတ်ကာ လင်မယားနှစ်ဦးနေသော နေရာ၏ အမြင့်တစ်နေရာတွင် ချိတ်ဆွဲထားပါ။
“သောက” သောကြာသားသမီးနှင့် တနင်္လာသားသမီး အိမ်ထောင်ပြုထားပါက ရန်ဓာတ် ပျယ်စေရန် ကသစ်သားကို (၈)လက်မ အလျားဖြတ်ပါ။ သစ်သားချောင်း နှစ်ချောင်းဖြတ်ပါ။
ထိုသစ်သားချောင်းနှစ်ချောင်းကို ရွှေချပါ။ ထိပ်အသီးသီး၌ ဖဲကြိုး အဝါနှင့် ရစ်ပတ်ကာ လင်မယားနှစ်ဦးနေသော နေရာ၏ အမြင့်တစ်နေရာတွင် ချိတ်ဆွဲထားပါ။
“အင်းဝ” တနင်္ဂနွေသားသမီးနှင့်ဗုဒ္ဓဟူးသားသမီး အိမ်ထောင်ပြုထားသူများ ဝင်အူသားကို (၅)လက်မ အလျားဖြတ်ပါ။ သစ်သား ချောင်း နှစ်ချောင်းဖြတ်ပါ။
ထိုသစ်သားချောင်းနှစ်ချောင်းကို ရွှေချပါ။ ထိပ်အသီးသီး၌ အပြာရင့်ရောင် ဖဲကြိုးနှင့် ရစ်ပတ် ကာ လင်မယားနှစ်ဦးနေသော နေရာ၏ အမြင့်တစ်နေရာတွင် ချိတ်ဆွဲထားပါ။
“ရာဇာ” ရာဟုနှင့် အင်္ဂါသားသမီး ဇနီးမောင်နှံများအတွက် စောင်းလျှားသားကို (၁၁)လက်မ အလျားဖြတ်ပါ။ သစ်သားချောင်း နှစ်ချောင်းဖြတ်ပါ။ ထိုသစ်သားချော်းနှစ်ချောင်းကို ရွှေချပါ။ ထိပ်အသီးသီး၌ ဖဲကြိုးအစိမ်းရောင် နှင့် ရစ်ပတ်ကာ လင်မယားနှစ်ဦးနေသော နေရာ၏ အမြင့်တစ်နေရာတွင် ချိတ်ဆွဲထားပါ။
ထိုကဲ့သို့ ချိတ်ဆွဲရာတွင် အောက်ဖော်ပြပါ အချိန်အတိအကျ လိုက်နာ ချိတ်ဆွဲပါက ပိုမို၍ အကျိုးပေး ကောင်းမွန်မည် ဖြစ်ပါတယ်။
ဓမ္မာဇနီးမောင်နှံများအတွက် တနင်္ဂနွေနေ့ နေ့လည် (၁၁) နာရီ (၄၅) မိနစ်တွင် ချိတ်ဆွဲပါ။ သောကဇနီးမောင်နှံများအတွက် တနင်္လာနေ့ နံက် (၆) နာရီ မိနစ် (၂၀) တွင် ချိတ်ဆွဲပါ။
အင်းဝဇနီးမောင်နှံများအတွက် ဗုဒ္ဓူးနေ့ မွန်းလွဲ (၁) နာရီ (၄၅) မိနစ်တွင် ချိတ်ဆွဲပါ။ ရာဇာဇနီးမောင်နှံများအတွက် အင်္ဂါနေ့ (၉) နာရီ (၉) မိနစ်တွင် ချတ်ဆွဲပါ။ Credit to (ဆရာဟိန်းတင့်ဇော်)
Zawgyi
ဓမၼာ၊ ေသာက၊ အင္းဝ၊ ရာဇာ ေန႔နံမတည့္တဲ့ အိမ္ေထာင္ဖက္မ်ားအတြက္ ယၾတာေခ်နည္းမ်ား
ေဗဒင္ဆရာဘ၀ အေတြ႕အႀကဳံမ်ားထဲတြင္ အိမ္ေထာင္ေရးကိစၥမ်ား အမ်ားဆုံး ႀကဳံေတြ႕ရတတ္၏။ ေရွ႕အခါတုန္းက ဆရာသမားမ်ားက ေဗဒင္ဆရာမ်ား ေဗဒင္ကိန္းဂဏန္းမ်ားတြင္ အသုံးျပဳရန္အတြက္ မွတ္ရလြယ္ကူစိမ့္ေသာငွာ ဓမၼာေသာက အင္း၀ ရာဇာ အိမ္ေထာင္ဘက္ အသက္မရွည္ရာ စသည္ျဖင့္ လကၤာမ်ား စပ္၍သင္ေပးထားခဲ့ၾကပါတယ္
ထိုလကၤာမ်ားကို ေဗဒင္ပညာႏွင့္ မနီးစပ္သူမ်ားကယူ၍ စေနႏွင့္ ၾကာသပေတး ၊ ေသာၾကာႏွင့္ တနလၤာ ၊ တနဂၤေႏြႏွင့္ ဗုဒၶဟူး ၊ ရာဟုႏွင့္ အဂၤါ လက္မထပ္ေကာင္း၊ လက္ထပ္ပါက အိမ္ေထာင္သက္ မရွည္ စသည္ျဖင့္ ေကာက္ယူၾက၏။
မည္သို႔ ျဖစ္သည္မသိ ထိုအယူအဆသည္ လူေတာ္ေတာ္မ်ားမ်ား အထူးသတိထားၾကေသာ အယူအဆတစ္ခုသို႔ ေရာက္သြား၏။
ထို႔ေၾကာင့္ မၾကာခနဆိုသလိုပင္ ဓမၼာေသာကအင္းဝရာဇာ အိမ္ေထာင္ျပဳထားၾကေသာ သူမ်ားက အိမ္ ေထာင္ မၿမဲ၊ ကြဲမည္ကို စိုးရိမ္ေသာေၾကာင့္ ေဗဒင္လာေမးၾကေလရာ လူတိုင္းကို နားလည္ေအာင္ ရွင္းျပရသည္မွာလည္း ေတာ္ေတာ္ မ်ားမ်ား ရွိခဲ့ၿပီျဖစ္ေလသည္။
မည္သို႔ပင္ ဆိုေစကာမူ ထိုကဲ့သို႔ စေနႏွင့္ ၾကာသပေတး ၊ ေသာၾကာႏွင့္ တနလၤာ၊ တနဂၤေႏြႏွင့္ ဗုဒၶဟူး ၊ ရာဟုႏွင့္ အဂၤါ အိမ္ေထာင္ျပဳထားၾကသူမ်ား အတြက္ အိမ္ေထာင္ေရး အညံ့အခိုက္ ကင္းေဝးေစ ေသာ နည္းတစ္ခုကို ျပန္လည္ တင္ျပေပးလိုက္ရပါတယ္ဗ်ာ..
“ဓမၼာ” စေနသားသမီးႏွင့္ ၾကာသပေတးသားသမီး အိမ္ေထာင္ျပဳထားသူမ်ား အေနႏွင့္ ပိေတာက္သားကို (၁၂)လက္မ အလ်ားျဖတ္ပါ။ သစ္သားေခ်ာင္း ႏွစ္ေခ်ာင္းျဖတ္ပါ။
ထိုသစ္သားေခ်ာင္းႏွစ္ေခ်ာင္းကို ေ႐ႊခ်ပါ။ ထိပ္အသီးသီး၌ ဖဲႀကိဳးနီႏွင့္ ရစ္ပတ္ကာ လင္မယားႏွစ္ဦးေနေသာ ေနရာ၏ အျမင့္တစ္ေနရာတြင္ ခ်ိတ္ဆြဲထားပါ။
“ေသာက” ေသာၾကာသားသမီးႏွင့္ တနလၤာသားသမီး အိမ္ေထာင္ျပဳထားပါက ရန္ဓာတ္ ပ်ယ္ေစရန္ ကသစ္သားကို (၈)လက္မ အလ်ားျဖတ္ပါ။ သစ္သားေခ်ာင္း ႏွစ္ေခ်ာင္းျဖတ္ပါ။
ထိုသစ္သားေခ်ာင္းႏွစ္ေခ်ာင္းကို ေ႐ႊခ်ပါ။ ထိပ္အသီးသီး၌ ဖဲႀကိဳး အဝါႏွင့္ ရစ္ပတ္ကာ လင္မယားႏွစ္ဦးေနေသာ ေနရာ၏ အျမင့္တစ္ေနရာတြင္ ခ်ိတ္ဆြဲထားပါ။
“အင္းဝ” တနဂၤေႏြသားသမီးႏွင့္ဗုဒၶဟူးသားသမီး အိမ္ေထာင္ျပဳထားသူမ်ား ဝင္အူသားကို (၅)လက္မ အလ်ားျဖတ္ပါ။ သစ္သား ေခ်ာင္း ႏွစ္ေခ်ာင္းျဖတ္ပါ။
ထိုသစ္သားေခ်ာင္းႏွစ္ေခ်ာင္းကို ေ႐ႊခ်ပါ။ ထိပ္အသီးသီး၌ အျပာရင့္ေရာင္ ဖဲႀကိဳးႏွင့္ ရစ္ပတ္ ကာ လင္မယားႏွစ္ဦးေနေသာ ေနရာ၏ အျမင့္တစ္ေနရာတြင္ ခ်ိတ္ဆြဲထားပါ။
“ရာဇာ” ရာဟုႏွင့္ အဂၤါသားသမီး ဇနီးေမာင္ႏွံမ်ားအတြက္ ေစာင္းလွ်ားသားကို (၁၁)လက္မ အလ်ားျဖတ္ပါ။ သစ္သားေခ်ာင္း ႏွစ္ေခ်ာင္းျဖတ္ပါ။ ထိုသစ္သားေခ်ာ္းႏွစ္ေခ်ာင္းကို ေ႐ႊခ်ပါ။ ထိပ္အသီးသီး၌ ဖဲႀကိဳးအစိမ္းေရာင္ ႏွင့္ ရစ္ပတ္ကာ လင္မယားႏွစ္ဦးေနေသာ ေနရာ၏ အျမင့္တစ္ေနရာတြင္ ခ်ိတ္ဆြဲထားပါ။
ထိုကဲ့သို႔ ခ်ိတ္ဆြဲရာတြင္ ေအာက္ေဖာ္ျပပါ အခ်ိန္အတိအက် လိုက္နာ ခ်ိတ္ဆြဲပါက ပိုမို၍ အက်ိဳးေပး ေကာင္းမြန္မည္ ျဖစ္ပါတယ္။
ဓမၼာဇနီးေမာင္ႏွံမ်ားအတြက္ တနဂၤေႏြေန႔ ေန႔လည္ (၁၁) နာရီ (၄၅) မိနစ္တြင္ ခ်ိတ္ဆြဲပါ။ ေသာကဇနီးေမာင္ႏွံမ်ားအတြက္ တနလၤာေန႔ နံက္ (၆) နာရီ မိနစ္ (၂၀) တြင္ ခ်ိတ္ဆြဲပါ။
အင္းဝဇနီးေမာင္ႏွံမ်ားအတြက္ ဗုဒၶဴးေန႔ မြန္းလြဲ (၁) နာရီ (၄၅) မိနစ္တြင္ ခ်ိတ္ဆြဲပါ။ ရာဇာဇနီးေမာင္ႏွံမ်ားအတြက္ အဂၤါေန႔ (၉) နာရီ (၉) မိနစ္တြင္ ခ်တ္ဆြဲပါ။ Credit to (ဆရာဟိန္းတင့္ေဇာ္)
Leave a Reply