
ရန်ကုန်မြို့တစ်ဖက်ကမ်းကနေ နေ့တိုင်းအသွားအပြန် မော်တော်ဘုတ်လေးစီးပြီး ဈေးလာရောင်းနေတဲ့အဖွားတစ်ယောက်ရှိပါတယ်။
အဖွားကအသက် ၈၀ကျော်ပြီး နာမည်ကတော့ ဒေါ်ခင်မြင့်ဖြစ်ပါတယ်။အဖွားမှာ အတူနေသားနဲ့ချွေးမရှိပြီး နှစ်ယောက်လုံးလေဖြတ်ထားတဲ့အတွက်အဖွားကဘဲ ဈေးရောင်းပြီး ရှာဖွေကျွေးမွေးနေရပါတယ်။
အဖွားက မနက် ၅နာရီခွဲအိမ်ကထွက်ပြီး ရာသီပေါ်သီးနှံလေးတွေနဲ့ ကြက်ဥစတာလေးတွေကို လမ်းမတော် ၁၈ လမ်းကို သွားရောက်ရောင်းချပါတယ်။တစ်ခါတစ်လေလဲရောင်းရသလို တစ်ခါတစ်လေလဲ ရောင်းမကောင်းလို့ ညမိုးချုပ်မှ မော်တော်နဲ့ကမ်းကူးပြီး
အိမ်ပြန်ရတာတွေလဲရှိပါတယ်။အဖွားက စုမိသမျှပိုက်ဆံလေးတွေကို နေမကောင်းတဲအခါ ဆေးကုဖို့နဲ့ ဓါတ်စာလေးစားဖို
့ ကြိုးစားရှာနေတာလဲဖြစ်ပါတယ်။အဖွားဟာ အလှုအတန်းလဲရက်ရောသူဖြစ်ပြီး ရသမျှပိုက်ဆံလေးတွေကို ဘုန်းကြီးကျောင်းမှာလှုဒါန်းပါတယ်။
အဖွားဟာ ပထွေးဖြစ်သူရဲ့ရန်ကိုကြောက်လို့ အသက်၁၇နှစ်မှာအိမ်ထောင်ကျခဲ့ပါတယ်။ အဖွားက သားသမီး ၅ယောက်ရှိသော်လည်း သားသမီးကံမကောင်းတဲ့အတွက် အထောက်အပံ့မရပါဘူး။သားသမီးများနှင့်အတူနေခဲ့ဖူးသော်လည်း
အိမ်ပေါ်မှနှင်ချခံခဲ့ရတဲ့အတွက် အဖွားဟာ အသိမိတ်ဆွေများအိမ်မှာအတော်ကြာနေခဲ့ရပါသေးတယ်။ဒါပေမယ့်အဖွားဟာ စိတ်ဓါတ်မကျဘဲ တစ်ယောက်ထဲ ကြိုးစားရှာဖွေကာ ဘဝကိုရှေ့ဆက်နေသူလဲဖြစ်ပါတယ်။
“အဘွားသားသမီးတွေက တစ်ယောက်မှ အဘွားအပေါ်မကောင်းကြဘူး အဲ့တာတွေပြောရင် စိတ်နာတယ် အခုလည်း လေဖြတ်နေတဲ့
သားနဲ့ချွေးမကို အဘွားက လုပ်ကျွေးနေတာ ကိုယ့်အပေါ်မကောင်းခဲ့ပေမယ့် အဘွားပြစ်မထားရက်ပါဘူး တစ်ခါတစ်လေစိတ်ဓာတ်ကျရင် မြန်မြန်သေပါရစေလို့ ဆုတောင်းမိတယ် အဘွားဘဝကသိပ်ဆိုးပါတယ်”လို့ပြောပြပါတယ်
သားသမီးကံမကောင်းပေမယ့် စိတ်ကောင်းရှိတဲ့အဖွားဟာ ဈေးရောင်းရင်းမကျန်းမမာဖြစ်တဲ့အခါ ဘေးကလူတွေက ဝိုင်းဝန်းစောင့်ရှောက်ရင်း ဆေးရုံဆေးခန်းပို့ပေးကြပါတယ်။
ပရိတ်သတ်ကြီးလဲ လမ်းမတော် ၁၈လမ်းဘက်ရောက်တဲ့အခါ အဖွားကိုတွေ့ရင် အဖွားရောင်းချနေတာလေးတွေ အားပေးရင်း တစ်ဖက်တစ်လမ်းက ကုသိုလ်ယူနိုင်ကြပါတယ်နော်။
Crd
Zawgyi
ရန္ကုန္ၿမိဳ႕တစ္ဖက္ကမ္းကေန ေန႔တိုင္းအသြားအျပန္ ေမာ္ေတာ္ဘုတ္ေလးစီးၿပီး ေဈးလာေရာင္းေနတဲ့အဖြားတစ္ေယာက္ရွိပါတယ္။
အဖြားကအသက္ ၈၀ေက်ာ္ၿပီး နာမည္ကေတာ့ ေဒၚခင္ျမင့္ျဖစ္ပါတယ္။အဖြားမွာ အတူေနသားနဲ႔ေခြၽးမရွိၿပီး ႏွစ္ေယာက္လုံးေလျဖတ္ထားတဲ့အတြက္အဖြားကဘဲ ေဈးေရာင္းၿပီး ရွာေဖြေကြၽးေမြးေနရပါတယ္။
အဖြားက မနက္ ၅နာရီခြဲအိမ္ကထြက္ၿပီး ရာသီေပၚသီးႏွံေလးေတြနဲ႔ ၾကက္ဥစတာေလးေတြကို လမ္းမေတာ္ ၁၈ လမ္းကို သြားေရာက္ေရာင္းခ်ပါတယ္။တစ္ခါတစ္ေလလဲေရာင္းရသလို တစ္ခါတစ္ေလလဲ ေရာင္းမေကာင္းလို႔ ညမိုးခ်ဳပ္မွ ေမာ္ေတာ္နဲ႔ကမ္းကူးၿပီး
အိမ္ျပန္ရတာေတြလဲရွိပါတယ္။အဖြားက စုမိသမွ်ပိုက္ဆံေလးေတြကို ေနမေကာင္းတဲအခါ ေဆးကုဖို႔နဲ႔ ဓါတ္စာေလးစားဖို
့ ႀကိဳးစားရွာေနတာလဲျဖစ္ပါတယ္။အဖြားဟာ အလႈအတန္းလဲရက္ေရာသူျဖစ္ၿပီး ရသမွ်ပိုက္ဆံေလးေတြကို ဘုန္းႀကီးေက်ာင္းမွာလႈဒါန္းပါတယ္။
အဖြားဟာ ပေထြးျဖစ္သူရဲ႕ရန္ကိုေၾကာက္လို႔ အသက္၁၇ႏွစ္မွာအိမ္ေထာင္က်ခဲ့ပါတယ္။ အဖြားက သားသမီး ၅ေယာက္ရွိေသာ္လည္း သားသမီးကံမေကာင္းတဲ့အတြက္ အေထာက္အပံ့မရပါဘူး။သားသမီးမ်ားႏွင့္အတူေနခဲ့ဖူးေသာ္လည္း
အိမ္ေပၚမွႏွင္ခ်ခံခဲ့ရတဲ့အတြက္ အဖြားဟာ အသိမိတ္ေဆြမ်ားအိမ္မွာအေတာ္ၾကာေနခဲ့ရပါေသးတယ္။ဒါေပမယ့္အဖြားဟာ စိတ္ဓါတ္မက်ဘဲ တစ္ေယာက္ထဲ ႀကိဳးစားရွာေဖြကာ ဘဝကိုေရွ႕ဆက္ေနသူလဲျဖစ္ပါတယ္။
“အဘြားသားသမီးေတြက တစ္ေယာက္မွ အဘြားအေပၚမေကာင္းၾကဘူး အဲ့တာေတြေျပာရင္ စိတ္နာတယ္ အခုလည္း ေလျဖတ္ေနတဲ့
သားနဲ႔ေခြၽးမကို အဘြားက လုပ္ေကြၽးေနတာ ကိုယ့္အေပၚမေကာင္းခဲ့ေပမယ့္ အဘြားျပစ္မထားရက္ပါဘူး တစ္ခါတစ္ေလစိတ္ဓာတ္က်ရင္ ျမန္ျမန္ေသပါရေစလို႔ ဆုေတာင္းမိတယ္ အဘြားဘဝကသိပ္ဆိုးပါတယ္”လို႔ေျပာျပပါတယ္
သားသမီးကံမေကာင္းေပမယ့္ စိတ္ေကာင္းရွိတဲ့အဖြားဟာ ေဈးေရာင္းရင္းမက်န္းမမာျဖစ္တဲ့အခါ ေဘးကလူေတြက ဝိုင္းဝန္းေစာင့္ေရွာက္ရင္း ေဆး႐ုံေဆးခန္းပို႔ေပးၾကပါတယ္။
ပရိတ္သတ္ႀကီးလဲ လမ္းမေတာ္ ၁၈လမ္းဘက္ေရာက္တဲ့အခါ အဖြားကိုေတြ႕ရင္ အဖြားေရာင္းခ်ေနတာေလးေတြ အားေပးရင္း တစ္ဖက္တစ္လမ္းက ကုသိုလ္ယူႏိုင္ၾကပါတယ္ေနာ္။
Crd
Leave a Reply