မြန်မာပရိသတ် အသည်းစွဲ မင်းသမီး မီရှဲလ်ယို အော်စကာဆု ရရှိပြီး စံချိန်တင် အောင်မြင်မှုရရှိ

၂၀၂၃ ခုနှစ် အော်စကာဆုပေးပွဲမှာ အော်စကာဆုပေးပွဲသမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် အာရှအနုပညာရှင်ဖြစ်သူ မီရှဲလ်ယိုကအမျိုးသမီး ဇာတ်ဆောင်ဆုကို ရရှိခဲ့တာဖြစ်ပါတယ်။

၂၀၂၃ ခုနှစ် အော်စကာဆုပေးပွဲကို မတ်လ ၁၂ ရက်နေ့က အမေရိကန်နိုင်ငံ လော့စ်အိန်ဂျယ်လိစ် မြို့မှာ ကျင်းပခဲ့ပါတယ်။၂၀၂၃ ခုနှစ်အတွက် အော်စကာဆုပေးပွဲမှာ Everything Everywhere All at Once ဇာတ်ကားက ဆုတွေအများကြီး ရရှိထားပါတယ်။ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကိုတော့ အော်စကာသမိုင်းမှာ ပထမဆုံး အာရှအနုပညာရှင်က ဆွတ်ခူးခဲ့တာပဲဖြစ်ပါတယ်။

မြန်မာပရိသတ်တွေကြား ထင်ရှားတဲ့ မလေးရှားနိုင်ငံဖွား မင်းသမီး မီရှဲလ်ယိုကတော့ ၉၅ ကြိမ်မြောက် အော်စကာဆုပေးပွဲမှာ အကောင်းဆုံး မင်းသမီးဆု ဆွတ်ခူးသွားခဲ့ပါတယ်။ မီရှဲလ်ယိုဟာ သိပ္ပံစိတ်ကူးယဉ် ဟာသဒရာမာဇာတ်ကား Everything Everywhere All at Once မှာ အဓိကဇာတ်ကောင် အီဗလင်းဝမ်အဖြစ် သရုပ်ဆောင်ခဲ့လို့ ဒီဆု ရခဲ့တာပါ။

အာရှတိုက်မှ သရုပ်ဆောင်တွေထဲမှာ မီရှဲလ်ယိုက အကောင်းဆုံး မင်းသမီးအဖြစ် အော်စကာဆုကို ပထမဆုံး ဆွတ်ခူးနိုင်ခဲ့တာပါ။ သူဟာ ပြီးခဲ့တဲ့လပိုင်းအတွင်းကလည်း ရွှေကမ္ဘာလုံးဆု ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဘတ်ဂျက် အမေရိကန်ဒေါ်လာ သန်း ၂၀ လောက်ပဲ သုံးခဲ့တဲ့ Everything Everywhere All at Once ဇာတ်ကားဟာ တဟုန်ထိုး အောင်မြင်မှု ရရှိခဲ့ပြီး ဒီနှစ်ဆုပေးပွဲမှာ အော်စကာဆု ၇ ဆု ဆွတ်ခူးခဲ့ပါတယ်။

ဇာတ်ကားထဲမှာ အီဗလင်းဝမ်ရဲ့ခင်ပွန်းအဖြစ် သရုပ်ဆောင်ခဲ့တဲ့ ဗီယက်နမ်ဖွား သရုပ်ဆောင်မင်းသား ကီဟွေးကွမ်ကလည်း ဇာတ်ပို့ဆု ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အော်စကာဆုပေးပွဲမှာ အာရှသရုပ်ဆောင်နှစ်ဦး ဆုရတဲ့ ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။ သရုပ်ဆောင် မီရှဲလ်ယိုဟာ ၂၀၁၁ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်အကြောင်း ရိုက်ကူးထားတဲ့ The Lady ဇာတ်ကားမှာ ဒေါ်အောင်ဆန်းစုကြည်နေရာက ပါဝင်သရုပ်ဆောင်ခဲ့တာကြောင့် မြန်မာပရိသတ် အသည်းစွဲ ဖြစ်ခဲ့ရပါတယ်။

Zawgyi

၂၀၂၃ ခုႏွစ္ ေအာ္စကာဆုေပးပြဲမွာ ေအာ္စကာဆုေပးပြဲသမိုင္းမွာ ပထမဆုံးအႀကိမ္အျဖစ္ အာရွအႏုပညာရွင္ျဖစ္သူ မီရွဲလ္ယိုကအမ်ိဳးသမီး ဇာတ္ေဆာင္ဆုကို ရရွိခဲ့တာျဖစ္ပါတယ္။

၂၀၂၃ ခုႏွစ္ ေအာ္စကာဆုေပးပြဲကို မတ္လ ၁၂ ရက္ေန႔က အေမရိကန္ႏိုင္ငံ ေလာ့စ္အိန္ဂ်ယ္လိစ္ ၿမိဳ႕မွာ က်င္းပခဲ့ပါတယ္။၂၀၂၃ ခုႏွစ္အတြက္ ေအာ္စကာဆုေပးပြဲမွာ Everything Everywhere All at Once ဇာတ္ကားက ဆုေတြအမ်ားႀကီး ရရွိထားပါတယ္။ အေကာင္းဆုံး အမ်ိဳးသမီးဇာတ္ေဆာင္ဆုကိုေတာ့ ေအာ္စကာသမိုင္းမွာ ပထမဆုံး အာရွအႏုပညာရွင္က ဆြတ္ခူးခဲ့တာပဲျဖစ္ပါတယ္။

ျမန္မာပရိသတ္ေတြၾကား ထင္ရွားတဲ့ မေလးရွားႏိုင္ငံဖြား မင္းသမီး မီရွဲလ္ယိုကေတာ့ ၉၅ ႀကိမ္ေျမာက္ ေအာ္စကာဆုေပးပြဲမွာ အေကာင္းဆုံး မင္းသမီးဆု ဆြတ္ခူးသြားခဲ့ပါတယ္။ မီရွဲလ္ယိုဟာ သိပၸံစိတ္ကူးယဥ္ ဟာသဒရာမာဇာတ္ကား Everything Everywhere All at Once မွာ အဓိကဇာတ္ေကာင္ အီဗလင္းဝမ္အျဖစ္ သ႐ုပ္ေဆာင္ခဲ့လို႔ ဒီဆု ရခဲ့တာပါ။

အာရွတိုက္မွ သ႐ုပ္ေဆာင္ေတြထဲမွာ မီရွဲလ္ယိုက အေကာင္းဆုံး မင္းသမီးအျဖစ္ ေအာ္စကာဆုကို ပထမဆုံး ဆြတ္ခူးႏိုင္ခဲ့တာပါ။ သူဟာ ၿပီးခဲ့တဲ့လပိုင္းအတြင္းကလည္း ေ႐ႊကမာၻလုံးဆု ဆြတ္ခူးႏိုင္ခဲ့ပါတယ္။ ဘတ္ဂ်က္ အေမရိကန္ေဒၚလာ သန္း ၂၀ ေလာက္ပဲ သုံးခဲ့တဲ့ Everything Everywhere All at Once ဇာတ္ကားဟာ တဟုန္ထိုး ေအာင္ျမင္မႈ ရရွိခဲ့ၿပီး ဒီႏွစ္ဆုေပးပြဲမွာ ေအာ္စကာဆု ၇ ဆု ဆြတ္ခူးခဲ့ပါတယ္။

ဇာတ္ကားထဲမွာ အီဗလင္းဝမ္ရဲ႕ခင္ပြန္းအျဖစ္ သ႐ုပ္ေဆာင္ခဲ့တဲ့ ဗီယက္နမ္ဖြား သ႐ုပ္ေဆာင္မင္းသား ကီေဟြးကြမ္ကလည္း ဇာတ္ပို႔ဆု ဆြတ္ခူးႏိုင္ခဲ့ပါတယ္။ ေအာ္စကာဆုေပးပြဲမွာ အာရွသ႐ုပ္ေဆာင္ႏွစ္ဦး ဆုရတဲ့ ပထမဆုံးအႀကိမ္လည္း ျဖစ္ပါတယ္။ သ႐ုပ္ေဆာင္ မီရွဲလ္ယိုဟာ ၂၀၁၁ ခုႏွစ္က ေဒၚေအာင္ဆန္းစုၾကည္အေၾကာင္း ႐ိုက္ကူးထားတဲ့ The Lady ဇာတ္ကားမွာ ေဒၚေအာင္ဆန္းစုၾကည္ေနရာက ပါဝင္သ႐ုပ္ေဆာင္ခဲ့တာေၾကာင့္ ျမန္မာပရိသတ္ အသည္းစြဲ ျဖစ္ခဲ့ရပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*