လွန်ခဲ့သော နှစ်ပေါင်းတစ်ရာကျော်က ပြုလုပ်ခဲ့တဲ့ မြန်မာနိုင်ငံက နေနာရီ

လွန်ခဲ့သော နှစ်ပေါင်းတစ်ရာကျော်က ပြုလုပ်ခဲ့တဲ့ မြန်မာနိုင်ငံက နေနာရီ

အရင်ဆုံး နေနာရီအကြောင်းလေး အကျဉ်းပြောပြပါမယ်။နေနာရီသည် နေ့တစ်နေ့၏အချိန်ကာလကို နေမှအရိပ်ကျရာ အရပ်မျက်နှာပေါ်မူတည်၍တိုင်းတာပြီး ရှေးဟောင်းခေတ်များက ကျယ်ပြန့်စွာအသုံးပြုခဲ့သည်။

ကောင်းမွန်စွာဒီဇိုင်းပြုလုပ်ထားသော နေနာရီသည် ဒေသတစ်ခု အတွင်းရှိ နေနှင့်ပတ်သတ်သောအချိန်ကို လက်ခံနိုင်လောက် သော တိကျမှုအထိ တိုင်းတာပေးနိုင်သည်။

ခေတ်သစ်အချိန်ကာလထိတိုင်အောင်ပင် နေနာရီကိုအသုံးပြု၍ နာရီတို့၏ကောင်းမွန်မှုကို တိုင်းတာနိုင်သည်။သို့သော်နေနာရီတွင် နေ၏အလင်းရောင်လိုအပ်ခြင်းနှင့် ညဖက် တွင် လုံးဝအလုပ်မလုပ်ခြင်း စသည့်အကန့်အသတ်များရှိသည်။

ထို့အတွက်ကြောင့် အချိန်ကိုတိုင်းတာရန်အတွက် အခြားနည်းလမ်းများကိုအသုံးပြုရန် တွန်းအားပေးသည့် ပမာပင်ဖြစ်လာခဲ့သည်အခုစာဖတ်သူ မိဘပြည်သူများအတွက် ဖော်ပြပေးချင်တာကတော့ မြန်မာနိုင်ငံမှာတွေ့ရှိနိုင်မည့် နှစ်ပေါင်း ၁၀၀ ကျော်က ရှေးကျလှတဲ့ သမိုင်းဝင်နေနာရီလေးပါ။

သထုံခရိုင် ၊ အထွေထွေအုပ်ချုပ်ရေးရုံးရှေ့မှာ အမှတ်မထင် နေနာရီကြီးတစ်လုံး တွေ့ရပါတယ်ဆိုပြီး မျှေဝထားတာပါ။အချိန်တိုက်ကြည့်တော့ မှန်နေတာထူးခြားစွာတွေ့ရပါတယ်။

၁၉၀၄ ခုနှစ်က ပြုလုပ်ခဲ့တာဖြစ်လို့ အခုဆိုနှစ်ပေါင်း ၁၁၃ နှစ်ရှိပါပြီ ။ နှစ်ပေါင်းရာကျော်တိုင်း မပျက်စီးသေးတဲ့ ကောင်းမွန်တဲ့သတ္တုကိုလဲ တွေ့ရပါတယ်။

မပျက်စီးသေးတဲ့အပြင် ခုထိအချိန်မှန်နေသေးတဲ့အတွက် သမိုင်းဝင်ပစ္စည်းကို ဗဟုသုတအဖြစ်မျှေဝရင်း ဆက်လက် ထိန်းသိမ်းသင့်ကြပါကြောင်း ဖော်ပြပေးလိုက်ရပါသည်။

Crd

Zawgyi









Crd

Be the first to comment

Leave a Reply

Your email address will not be published.


*